Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

$
0
0
သမီးသိချင်တာလေးရှိလို့ပါ အသက်က 30 ထဲမှာပါ သားဦးကိုယ်ဝန်က ခုဆို ငါးပတ်ထဲမှာပါ ကိုယ်ဝန်က အထွေထွေရောဂါကု ဆရာဝန်နဲ့ ပြရသေးတယ်ဆရာ သမီးက သားဖွားမီးယပ်အထူးကုနဲ့ ပြချင်နေတာပါ ဒါပေမဲ့ ယောက္ခမတွေက ကိုယ်ဝန် သုံးလလောက်ရှိမှ ပြခိုင်းနေလို့ပါ ပြီးတော့ ဖောလစ်အက်ဆစ်လည်း မသောက်စေချင်သေးဘူးပြောနေလို့ ကလေး အသားတို့ နှုတ်ခမ်းတို့ ပြာမှာဆိုးလို့တဲ့ အဲ့ဒါ ဟုတ်လားဆရာ သားဖွားမီးယပ် ဘယ်အချိန် ပြသင့်တယ်ဆိုတာလေးပါ အကြံပေးပေးပါလားဆရာ

စိုးလို့လို့ ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်တယ်။ အဲလိုမှာရေးသူတွေ အတော်ကိုများတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေအများကြီးရှိတယ်။ ကိုယ်ဝန်ကိုအပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာအပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေးမစိတ်နိုင်ရင်လဲ အစိုးရိမ်မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ ကိုယ်ဝန်ဆောင်တယောက်နဲ့တယောက် အတော်တော့ မတူကြဘူး။ တယောက်တည်းမှာ အရင်ကိုယ်ဝန်၊ နောက်ကိုယ်ဝန် မတူတတ်ပါ။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်းဖြစ်နေပြီဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံးရာသီလာခဲ့တဲ့လက ပဌမဆုံးသွေးဆင်းတဲ့ရက်ကို မှတ်ပါ။ (LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ (EDD) မွေးမဲ့ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ (အာလ်ထွာဆောင်း) အဖြေမှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက် ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန်ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာစမ်းသလိုဘဲ။ သူတို့ခမြာ အတော်ခေါင်းရှုတ်ကြရှာတယ်။

ကိုယ့်မှတ်ရက် LMP နဲ့ တွက်တာက (အာလ်ထွာ-ဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၇၉ ယောက် မွေးတဲ့ အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၇ ယောက်ပဲရှိတယ်။

ကိုယ်ဝန်အပ်ပြီး မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင် အချိန်မရွေးလာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင်အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင်ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။

ဆေးကုမ္ပဏီတွေကလဲ ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံးဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်ကကောင်းပါတယ်။ ထောပတ်ကောင်း စလောင်းနဲ့တည် ဆိုသလို အကောင်းကို ဘာနဲ့ထည့်ထည့်ကောင်းတာပဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ ထည့်ရောင်းတော့ ဈေးကြီးသွားရော။ Prenatal capsule ဆိုပြီးထုတ်တယ်။

သံဓါတ်က ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ဝမ်းပျော့ဆေးမျိုး ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရက်ကြာကြာ မသင့်ပါ။ ရေ၊ အရည် များများသောက်ပါ။ အသီးအရွက်၊ အသီးအနှံများများစားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။

မိခင်လောင်းတဦးချင်း မတူတာတွေလဲရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါတခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်။ သံဓါတ်နည်းလွန်းနေရင် ပါးစပ်က မသောက်ချင်ရင် သံဓါတ်ထိုးဆေးထိုးပါ။

ဗိုက်လာအပ်ရင် အထွေထွေစစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေလုပ်ပါမယ်။ အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေရှိပါတယ်။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့သားအိမ်ကို ဆီးစပ်ရိုးအထက်မှာ စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်။ ချက်အောက်နားဆို ၂ဝ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။ တချို့ ၁၃-၁၆ ပါတ်ကတည်းက အထဲက ကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ သိတယ်။ အဲလို ပဌမဦးဆုံးကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင် အဲဒီပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh (-)ဖြစ်နေရင် ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL ဆစ်ဖလစ်၊ ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ ဂျာမန်ဝက်သက်ကိုလည်းစစ်တယ်။ ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲမှာ (အယ်လ်ဗျူမင်) ပါနေတတ်တယ်။ ဆီးလမ်း ပိုးဝင်ရင်လဲပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

(အာလ်ထွာဆောင်း) ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်းအဝတ်အစား ချွတ်လို့လွယ်တာဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းကသိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာသေချာပြီ။ ၂ဝ ပါတ်ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာကောင်းတယ်။ နောက်သိချင်တာက သားအိမ်ထဲမဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ် ကတည်းကသိမယ်။ အမွှာဆိုတာသိမယ်။ ရေမွှာရည်အနည်းအများ၊ ကလေး ဒေါင်လိုက်လား၊ ကန့်လန့်လား။

ကိုယ်ဝန်နောက်ပိုင်းမှရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက Breech ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစော ရိုက်ထားရင် နောက်ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြားပြီး ထိုးထားပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲ ရှိတယ်။

အောက်မှာရေးတာတွေက ဆေးခန်းဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေဖတ်ကြည့်ပါ။ အထဲက ရင်သွေးလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန် ဖြစ်ချင်ဖြစ်လာမှာပေါ့။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။

ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
မိခင်လောင်းတိုင်းကို သာမန်အားဖြင့် ရက်သတ္တ ၄-၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈-၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ်ကနေ မွေးတဲ့အထိ တပါတ်တကြိမ်၊ ANC လုပ်ပေးရမယ်။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အသိပညာပေးရမယ်။ အလေးချိန်၊ သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနဲ့ ထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင်အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း
ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G လို့မှတ်ပါ၊ အရှင်မွေးသမျှကို P လို့မှတ်ပါ။ Primigravida သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0 မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမယ်။ ပျက်တတ်တယ်။ ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။ ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။
နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းတဲ့လက ပဌမဆုံး စလာတဲ့နေ့ကို ယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနဲ့ ၇ ရက် ပေါင်းထည့်ရင် EDD ရတယ်။ EDD ရဲ့ ရှေ့နောက် ၂ ပါတ်အတွင်းမွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်တယ်။ ဒါပေမဲ့ (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်မှတ်တမ်း ရေးမှတ်ရာမှာ ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်နဲ့သာ တထစ်ချတွက်ရပါမယ်။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေးတင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများစားပါ။ လေ့ကျင့်ခန်း လုပ်ပါ။ လမ်းလျှောက်ပါ။ ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာ လုပ်ပါ။ အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။ အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။ ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။ Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာ မရပ်-မသွားရ။ ခြေအိတ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။ ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။ ရင်သားထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျားအရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံးအကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ။
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• လာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်
ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ = (ATT) ကာကွယ်ဆေးတလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ သံဓါတ်၊ ဖေါလစ်အက်စစ်၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယမ်၊ ဗီတာမင် B 12 တွေလိုတယ်။

ကိုယ်ဝန်ဆောင်စဉ် အန်တာ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေအသုံးမကျဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။ အန်တာ သက်သာစေဘို့ Pyridoxine ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။ ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။ Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။ Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။ Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။ ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။ တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံ အန်ခြင်း
ကိုယ်ဝန်ရှိစဉ် ဆိုးဆိုးရွားရွား အန်တာကို ခေါ်တယ်။ ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။ ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။ အန်တာကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကျွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။ Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။

ကိုယ်ဝန်စာ တရာကျော်ရေးထားတယ်။ ကိုယ်နဲ့မဆိုင်တဲ့ မူမမှန်တာတွေကို နားမထောင်သင့်။ မမေးသင့်။ ကျွန်တော်ရေးတာလည်း မဆိုင်တာ မဖတ်သင့်။ ဆိုင်တာတော့ မဖြစ်မနေဖတ်ပြီး လိုက်တာပါ။

Dr. တင့်ဆွေ



ဟိုတခါက လေးနွယ်နှမ

$
0
0
ကျွန်တော်တို့ သူငယ်တန်းကတည်းက တခါတရံလို့သာရေးကြပါတယ်။ မြန်မာ့စွယ်စုံကျမ်းနဲ့ သတ်ပုံကျမ်းတိုင်းမှာ တခါတရံလို့သာရေးပါတယ်။

အခုတော့ တစ်ခါတစ်ရံ၊ တစ်ခါတရီနဲ့ တခါတစ်ရံလို့ ဂိုဏ်းသုံးဂိုဏ်ပေါ်နေတယ်။

ကမ္ဘာမှာ နိုင်ငံရေးစနစ်ပြောင်းလို့ ဘာသာစကား သတ်ပုံပြောင်းတာ မြန်မာတနိုင်ငံတည်းသာရှိတယ်။ တအမှန်တွေကို တစ်အလုပ်ခိုင်းတယ်။ တစ်ရင်ပြီးရော ကျန်တာတွေ ဘယ်လိုရေးရေး အမှတ်ပေးတယ်။

တခဏတိုင်း၊
တခါတရံ၊
တခါတခေါက်၊
တခါတလေ၊
တခဲနက်၊
တချက်တည်း၊
တစတစ၊
တစိမ့်စိမ့်၊
တစိုးတစိ၊
တစုတဝေး၊
တဆိတ်ရှိ၊
တညီတညွတ်၊
တနံတလျား၊
တဖက်သတ်၊
တဖက်သား၊
တမှုံမွှားမွှား၊
တမဂ်တဖိုလ်၊
တမလွန်၊
တမ်းတမ်းတတ၊
တယူသန်၊
တပြုံးပြုံး၊
တဖြည်းဖြည်း၊
တရံတဆစ်၊
တရံရောအခါ၊
တရင်းတနှီး၊
တရှက်ကနှစ်ရှက်ရ၊
တရားခံ၊
တရားတဘောင်၊
တရုပ်စကားပန်း၊
တလပတ်၊
တသင်းတဖွဲ့၊
တသီးတခြား၊
တသုန်သုန်၊
တိုင်းပြည်တလွှား၊
တကောင်းမြို့၊
တစေ့တစောင်း၊
တယောက် တလက်တအား၊
တယောထိုး၊
တပြေးတည်း၊
တပြေးတည်း၊
တပြောင်းတပြန်၊
တရွေ့ရွေ့၊
တရော်ကင်ပွန်း၊
တသွေ့သွေ့၊
တအောက်မေ့မေ့၊
ဟိုတခါက လေးနွယ်နှမ။

မူလသတ်ပုံမှန် တခါတရံကတော့ သစ်ကိုင်းလွတ်တဲ့ဘဝမှာ။ ဟိုတခါက လေးနွယ်နှမကို မေ့လိုက်ကြပြီ။

တွံတေးသိန်းတန် လေးနွယ် https://www.youtube.com/watch?v=CeGUfh_xYdk

ဒေါက်တာတင့်ဆွေ

Hiroshima ဟီရိုရှီးမားနေ့

$
0
0
သြဂုတ်လ (၆) ရက်နေ့ဟာ ဟီရိုရှီးမားနေ့ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကနေ ဂျပန်ဟီရိုရှီးမားမြို့ပေါ်မှာ ပဌမဆုံး အနုမြူဗုံးချခဲ့တဲ့နေ့ဖြစ်တယ်။ စုစုပေါင်း လူ ၇ သောင်းသေတယ်။

ဂျပန်တွေက သြဂုတ်လ (၆) ရက်နေ့တိုင်း အထိမ်းအမှတ်နေ့ လုပ်ကြတယ်။ သင်္ခန်းစာယူကြတယ်။ ဟီရိုရှီးမားမြို့ပေါ်ချခဲ့တဲ့ အနုမြူဗုံးကြောင့် သေဆုံးရတဲ့လူအရေအတွက်ထက် မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့တဲ့ အရေအတွက်က တသိန်းသုံးသောင်းဖြစ်လို့ ပိုများတယ်။ ကျွန်တော်တို့လူမျိုးတွေမှာ သင်ခန်းစာမယူတတ်ကြတာက ဆိုးလှတယ်။

နာဂစ်မှာ နိုင်ငံတကာကတော့ အကူအညီတွေတော့လာပါရဲ့ အာဏာရပါတီတံဆိပ်၊ အစိုးရတံဆိပ်ကပ်ပြီးမှ လူထုလက်ထဲ ရောက်ခဲ့ရတယ်။ ကျွန်တော်တို့လူမျိုးကက ပြီးပြီးပျောက်ပျောက်များတယ်။

ဗီယက်နမ်စစ်တုန်းက အန်ကယ်ဆမ် ခေါ် အမေရကန်ပို့ပေးတဲ့ဆန်အိတ်တွေမှာ ဆိုဗီယက်ယူနီယန် တံဆိပ်ကပ်တယ်လို့ အားဂလီးအမေရိကန်စာအုပ်ထဲမှာ ဖတ်ရတယ်။ အားဂလီးဗာမားစာအုပ် ရှိရင်ဖတ်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၅
၆-၈-၂ဝ၁၈

ကိုယ်တော်အတွက် မှတ်နေတာ

$
0
0
ကျွန်တော် မြန်မာစာသတ်ပုံအကြောင်း အမြင်ကတ်လောက်အောင် ရေးနေမိတယ်။

လှတောသားတော မဟုတ်။ လှတောနားကလာသူတွေပြောတဲ့ သူတို့ရွာဆရာတော်နဲ့ တူနေမှန်းသိပါတယ်။

ဆရာတော်က ဘုန်းကြီးကျောင်းသားတွေကို စာအံခိုင်းတယ်။ ငယ်ရွယ်သူတွေဖြစ်တော့ ပျင်းကြတာပေါ့။
ဘုန်းကြီးက စိတ်မရှည်
ဟေ့ကောင်တွေ စာကျက်ခိုင်းတာ မင်းတို့အတွက်ကွလို့ ငေါက်ငမ်းပါသတဲ့။
အဲတော့ ကျောင်းသားတွေက ပြန်လျှောက်ပါတယ်။
ဆရာတော်အတွက် မှတ်နေတာ။ တပည့်တော်တို့အတွက်ဆို နေပါစေတော့ဘုရားတဲ့။

ကျွန်တော့်အတွက် မဟုတ်ပါ။ မေးခွန်းကို သတ်ပုံပြင်ပေးပြီး ဖြေပါတယ်။

ကိုယ့်တိုင်းပြည်ကစာအတွက်ဆို နေပါစေတော့သမား များနေသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆
၆-၈-၂ဝ၁၈

တသန်းကြယ်ရောင် ပြူလတ်ယောင်သို့

$
0
0
ရှင်မဟာသီလဝံသ စပ်ဆိုတဲ့ ဆုတောင်းခန်းပျို့ကို ပါမောက္ခ ဦးဧမောင်နဲ့ ဒေါ်သန်းဆွေ (မဟာဝိဇ္ဇာ) ရန်ကုန်တက္ကသိုလ်တို့က တည်းဖြစ်ပြီး ၁၉၆၉ ခုနှစ်နိုဝင်္ဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အပုဒ် (၈) မြန်မာစာသတ်ပုံကို တင်ပြလိုက်ပါတယ်။

တသန်းကြယ်ရောင်၊ ပြူလတ်ယောင်သို့၊ ကုန်အောင်စုံစေ့၊ ရွာဓလေ့ဟု၊ ချစ်ပြွေ့ထွေငေါ်၊ ဆင်လတ်သော်တည့်၊ ရိုက်ကြော်ပင်လယ်၊ မြစ်ဝှမ်းနှယ်လျှင်၊ တဆယ်မည်ပြား၊ စံတိကြားသည်၊   ၊ ပြည်ဖျား ရပ်ကြီးပီပီတည်း။

တစ်သန်း မဟုတ်။ တစ်ဆယ် မဟုတ်။ ရှင်မဟာသီလဝံသထက် တော်တဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာဆရာတွေကသာ့

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၈

Fentanyl and cocaine drug deaths rise

$
0
0
ဖင်တနိုင်းနှင့် ကိုကိန်းကြောင့် သေဆုံးမှု များလာ

ကနေ့ထွက်လာတဲ့ အင်္ဂလန်ကသတင်းဖြစ်ပါတယ်။ ဖင်တနိုင်းလ်နှင့် ကိုကိန်းကို အနာသက်သာဆေးအဖြစ်သုံးတယ်။ ကင်ဆာလို ဆိုးဆိုးဝါးဝါးနာတာအတွက်ပေးပါတယ်။

အင်္ဂလန်နိုင်ငံမှာ ၂ဝ၁၇ ခုနှစ်အတွင်း အဲလိုသေဆုံးမှု ၂၉% မြင့်တက်ခဲ့တယ်။ Spice ခေါ် Mephedrone စိတ်ကြွဆေးကြောင့်သေရတာက တဝက်သာရှိတယ်။

Heroin ဟီးရိုးအင်း ခေါ် ဘိန်ဖြူနဲ့ Morphine အနာသက်သာဆေး မောဖိန်းကြောင့် သေဆုံးရမှုကတော့ ၂ဝ၁၂ ထက်လျော့နည်းလာတယ်။

တချို့က စွဲနေကြတယ်။ သေဆုံးသူ ၃ ပုံ၂ ပုံက ဆေးတလွဲသုံးကြလို့ဖြစ်တယ်။ တရုပ်ပြည်ကနေ တရားမဝင်သွင်းတယ်။
တချို့က ဟီးရိုးအင်းထဲ ရောထားတယ်။

Carfentanyl ဆေးက အန္တရာယ်အများဆုံးပေးတယ်။ သူတို့ဆီမှာ ဒီနှစ်ထဲ အဲဒီဆေးကြောင့် ၂၇ ယောက်သေခဲ့တယ်။

ကျွန်တော်တို့နိုင်ငံမှာ စာရင်းမရှိအင်းမရှိတာကနေရာတကာ။ ဘယ်လောက်ဆိုးသလဲ မသိနိုင်။ ဖေ့စ်ဘွတ်ကနေ ဘယ်ဟာဖြစ်ဖြစ် တခုနှစ်ခုလောက်သိတာနဲ့ အလွန်များနေပြီပြောတာ မမှန်နိုင်။ နေ့တိုင်းမေးကြတယ်။ ခုတလော နာမည်ကြီးနေတဲ့ဆိုတာတွေ။ အဲတာတွေက အမှားတွေသာ။

ဆေးစွဲ အရက်စွဲတွေ နည်းပါး ပပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၈

တပါတီစနစ် အလိုမရှိ

$
0
0
ဆရာမောင်စွမ်းရည်က ပို့ပေးတဲ့ကဗျာ။ ပုံက နည်းနည်းလေးတော့ ဝါးတယ်ဆရာ။ ဖတ်လို့ရပါတယ်။ ကျေးဇူး။

ရှစ်လေးလုံးကာလမှာ တပါတီစနစ် အလိုမရှိ၊ ဒီမိုကရေးရရှိရေး ဒို့အရေးလို့ အော်ခဲ့ကြတယ်။ ကျွန်တော်တို့အရပ်မှာတော့ လူ့အခွင့်ရေး ဘာမှန်းမသိကြသေးပါ။

ရှစ်လေးလုံးမျိုးဆက်ဆိုသူတွေက တစ်ပါတီစနစ်လို့ရေးနေကြတယ်။ သခင်ကိုယ်တော်မှိုင်းကို ဂုဏ်ပြုသူတွေကလည်း သခင်ကိုယ်တော်မှိုင်းလေးချိုးတွေကို ပေါ်လစီသတ်ပုံ ပြောင်းရေးနေကြတယ်။

တစ်ပါတီသတ်ပုံ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၈

၇ ကို ခုနစ်လို့သာရေးရတယ်

$
0
0
အဲလိုဟာတွေ နောင် မပို့ပါရန်။ ခုနစ်ရက် သတ်ပုံကလည်း မှားနေတယ်။

ဂဏန်း ၇ ကို ခုနစ်လို့သာရေးရတယ်။

ခိုးလိုးခုလု
ခု ဆယ် ရာ ထောင်
ခုခံ
ခုတုံးလုပ်သည်
ခုနစ် (၇)
ခုနှစ်သက္ကရာဇ်
ခုနှိမ်ပါ
ယခု
ယခုပင်
ယခုအခါ
ယခုနေ့
အခုအခံ

No Wishes ဆုတွေ မလိုချင်ပါ https://doctortintswe.blogspot.com/2017/12/no-wishes-messages.html
Fed Up With Wishes ဆုတောင်းစာတွေ မလာပါစေနဲ့လို့ ဆုတောင်းပါတယ် https://doctortintswe.blogspot.com/2018/04/fed-up-with-wishes.html

ဒေါက်တာတင့်ဆွေ


Menstruation Question ရာသီမေးခွန်း

$
0
0
(ကန်တော့ပါ)

ဆရာရှင့် ကျွန်မအခု 28 လုံးပါ တားဆေးကို သောက်နေပါတယ်ရှင့် ရာသီမမှန်လို့ပါ ကျွန်မသိချင်တာလေးရှိလို့ပါဆရာ အဲဒီဆေးက ၂၁လုံးကဟော်မုန်းဆေး ၇လုံးကအားဆေးဆိုတော့ ကျွန်မသောက်နေတုန်း ရာသီလာရင် မသောက်ပဲ ရပ်ထားရမှာပါလား ဆရာ ၃ - ၄လစွဲသောက်ရမယ်ဆိုတာက ရာသီလာရက်တွေလည်း သောက်ရမှာပါလား နားမလည်လို့ပါ ဆရာရှင့်

Pills Q and A https://doctortintswe.blogspot.com/2014/12/pills-q-and-1.html စာ ဘလော့မှာဖတ်နိုင်။

ဆရာရှင့် ဘလော့မှာ အိမ်ထောင်သည်တွေမေးထားတာတွေပဲ တွေ့ရပါတယ် ကျွန်မက ရာသီမလာတာ ၃လလောက် ရှိနေပါတယ် Marvelon သောက်နေပါတယ်ရှင့်ဆရာ့ blog ထဲမှာဖတ်ကြည့်တာ နားမလည်ဖြစ်နေလို့ပါ ဆရာ ကျွန်မက ရာသီလာရင် ရပ်ထားရမှာလား သိချင်တာပါရှင့် ကျေးဇူးတင်ပါတယ် ဆရာရှင့်

လင့်တွေတချို့ကဟောင်းလို့ ပို့မရတာနဲ့ အသစ်တွေနဲ့ အစားထိုးလိုက်ပြီ။

1.Amenorrhea (2) ရာသီမလာရင် (၂) https://doctortintswe.blogspot.com/2016/06/amenorrhea.html
2.Amenorrhea ရာသီမလာရင် http://doctortintswe.blogspot.com/2016/06/amenorrhea.html
3.Antidepressant and premenstrual syndrome http://doctortintswe.blogspot.com/2014/12/antidepressant-and-premenstrual-syndrome.html
4.Birth Control pills 25 FAQs ကိုယ်ဝန်တားစားဆေး အမေး-အဖြေ ၂၅ ခု https://doctortintswe.blogspot.com/2015/03/birth-control-pills-25-faqs.html
5.Contraceptive pills ကိုယ်ဝန်တားဆေး https://doctortintswe.blogspot.com/2016/05/contraceptive-pills.html
6.DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html
7.medicaleducation.blogspot.in/2011/04/menstruation_25.html
8.Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု https://doctortintswe.blogspot.com/2014/11/menstrual-mood-swings.html 0
9.Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း https://doctortintswe.blogspot.com/2014/11/menstrual-suppression.html
10.Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
11.Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) https://doctortintswe.blogspot.com/2014/11/menstruation-3.html
12.Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) https://doctortintswe.blogspot.com/2014/11/menstruation-4.html
13.Menstruation (5) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၅) http://doctortintswe.blogspot.com/2014/11/menstruation-5.html
14.Menstruation after having baby ကလေးမွေးဖွါးပြီးနောက် ဘယ်တော့မှာရာသီပြန်ပေါ်မလည်း http://doctortintswe.blogspot.com/2015/04/menstruation-after-having-baby.html
15.Menstruation and athlete http://doctortintswe.blogspot.com/2015/01/menstruation-and-athlete.html
16.Menstruation and athlete ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား http://doctortintswe.blogspot.com/2015/01/menstruation-and-athlete.html
17.Menstruation Questions ရာသီအကြောင်း
18.Museum of Menstruation ရာသီပြတိုက် http://doctortintswe.blogspot.com/2014/12/museum-of-menstruation.html
19.Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ http://doctortintswe.blogspot.com/2014/11/myths-about-menstrual-cycle.html
20.Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ http://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html

ဒေါက်တာတင့်ဆွေ

Sleeping Question မအိပ်ဘဲနေ အသက်ရှည်မလား

$
0
0
ကျွန်တော်အသက်က ၃၂ပါအိမ်ထောင်မရှိလူပျိုပါ။ ညအိပ်ရင် ၅နာရီထက်ပိုအိပ်မရပါ။ ည ၁၁နာရီအိပ်ပျော်ရင် မနက် ၄နာရီကျော်ကျော်နိုးပါတယ်။ ပြန်အိပ်မရပါဘူး။ ၆နာရီနဲ့ ၇နာရီကြားဆို အိပ်ရေးမ၀သလို ငြီးစိစိခံစားရပါတယ်။ အဲ့နောက်ကျပုံမှန်ပါပဲ။ စောစောအိပ်ရင်စောစောနိုးပြီး နောက်ကျရင်လည်း ၅နာရီခွဲထပ်ပိုအိပ်မရပါဘူး။ လူတယောက်ရဲ့အိပ်ချိန်က ဘယ်လောက်ဆိုလုံလောက်ပါသလည်းဆရာ။ အဝေးပြေးကုန်ကားမောင်းတာပါဆရာ။ ကျေးဇူးတင်ပါတယ်။

1.Insomnia အိပ်မရခြင်း https://doctortintswe.blogspot.com/2017/03/insomnia.html
2.Melatonin မယ်လာတိုနင် https://doctortintswe.blogspot.com/2016/03/melatonin.html
3.Sleeping မအိပ်ဘဲနေ အသက်မရှည် http://doctortintswe.blogspot.com/2014/11/sleeping.html
4.Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-sleeping-pills.html
5.Sleeping pills အိပ်ဆေး http://doctortintswe.blogspot.com/2014/11/sleeping-pills.html
6.Sleeping positions during pregnancy ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအိပ်သင့်သလဲ http://doctortintswe.blogspot.com/2016/09/sleeping-positions-during-pregnancy.html

ဒေါက်တာတင့်ဆွေ

Never Send နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ

$
0
0
Kyaw Pwint Moe သီတဂူ့
အဲလိုဟာတွေ နောင်တသက်လုံး မပို့ပါရန်။

ငယ် ငယ်ချစ် True facts
အဲလိုဟာတွေ နောင်တသက်လုံး မပို့ပါရန်။

• Fed Up With Wishes ဆုတောင်းစာတွေ မလာပါစေနဲ့လို့ ဆုတောင်းပါတယ် https://doctortintswe.blogspot.com/2018/04/fed-up-with-wishes.html
• Do Not Send ဆုတောင်းတာတွေ မရလိုပါပြီ https://doctortintswe.blogspot.com/2018/01/do-not-send.html
• GIF Files နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ https://doctortintswe.blogspot.com/2017/09/no-video-files.html
• Powerlessness ကျွန်တော့်သြဇာ ဘယ်လောက်ညောင်းသလဲ https://doctortintswe.blogspot.com/2017/12/powerlessness.html
• Stickers အရုပ်သည်တွေ https://doctortintswe.blogspot.com/2018/01/stickers.html
• Unfriended လူညံ့တွေများတာ စိတ်မကောင်းပါ https://doctortintswe.blogspot.com/2017/05/unfriended.html

ဒေါက်တာတင့်ဆွေ

ကဗျာရယ်တော့ မဟုတ်ပါ

$
0
0
တူတော်မောင် ညောင်ကန်သားက ပန်းပျိုးပင်တွေယူလာပြီး ရွာစာသင်ကျောင်းမှာ လှူတယ်ဆိုလို့။

ပုပ္ပါး တောင်တော်သာ
ပန်း စကားဝါ
ညောင်ကန်မှာ ယူလာစိုက်။

စကားဖြူလည်းပါ
ပွင့်ချိန်မှာ နောက်တခါ
အလည်သာ ရောက်ချင်လိုက်။

သူ့အန်တီလည်း ပုပ္ပါးကို အလည်သွားခဲ့သေးတယ်။

ပုပ္ပါးမှာ နေပူပူ
ညောင်ကန်သူ ပန်းဝယ်တုန်း။

သူ့ခေါင်းမှာ ပန်လို့လာ
ဖြူဖွေးတဲ့ စပယ်ပါ
သည်တခါ စကားဝါနဲ့ နှစ်နှစ်ကာပြုံး။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈

Skineal Cream လိမ်းဆေး

$
0
0
မင်္ဂလာပါဆရာ အသက်၂၉နှစ်ပါ မျက်နှာကို စကင်နယ်လ်သုံးမိလို့ အခုဖျက်လိုက်တိုင်း မျက်နှာတစ်ခုလုံးယားပြီး ဖုတေပေါက်လာတယ် အလုပ်သွားနေရတာဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်ဆရာ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါ
လေးစားစွာဖြင့်

ကျား-မ မသိ။

မင်္ဂလာပါဆရာ အသက်၂၉နှစ်ပါ အမျိုးသမီးပါ မျက်နှာကို စကင်နယ်လ်သုံးမိလို့ အခုဖျက်လိုက်တိုင်း မျက်နှာတစ်ခုလုံးယားပြီး ဖုတေပေါက်လာတယ် အလုပ်သွားနေရတာဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်ဆရာ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါ လေးစားစွာဖြင့်

အမျိုးသမီးနဲ့ အသက်တော့ ထပ်မေးလို့သိလာတယ်။ အရွယ်ရောက်အမျိုးသမီးဆိုရင် မေးနည်းစည်းကမ်းမှာ ပြောစရာတွေပါတယ်။ အဲဒီဆေးကို ဘာ့ကြောင့်သုံးရသလဲ မသိ။ ဈေးဆစ်သလို ဖြေနေရတာ အချိန်ကုန်စေတယ်။ မပြောလိုသူတွေအတွက် ဘလော့ ပေးထားတယ်။

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/02/beauty-product-dangers.html

Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

Skineal Cream 15g လိမ်းဆေးထဲမှာ Ketoconazole 10mg, Clobetasol Propionate 0.25mg and Neomycin Sulfate 5000IU ဆေးတွေပါတယ်။ ဖန်းဂတ်းစ် ခေါ် မှိုပိုးအတွက် ထိရောက်တယ်။ ဗက်တီးရီးယားပိုးင်ြတာလည်းရတယ်။ ရောင်ရမ်းဖြစ်စဉ်ကိုလည်း သက်သာစေမယ်။ tinea manus, tinea pedis, tinea corporis နဲ့ tinea cruris ခေါ် အရေပြားရောဂါတွေကို သက်သာစေမယ်။

ရောဂါရှိသူတွေ တနေ့ ၂ ကြိမ်လိမ်းရတယ်။ tinea corporis နဲ့ tinea cruris ကို ၂ ပါတ်လိမ်းရတယ်။ tinea pedis နဲ့ tinea manus ရောဂါတွေကို ၄ ပါတ်လိမ်းရတယ်။

မျက်နှာအတွက် ဆရာဝန်ညွှန်မှသာ လိမ်းရမယ်။ တခြားနေရာတွေမှာ အနာကျယ်တာအတွက်လည်း အဲလိုပဲ။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈

Khmer Rouge ခမာရု

$
0
0
ခမာရုခေါင်းဆောင်နှစ်ယောက် ထောက်ဒဏ်တသက် ချမှတ်ခံရဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်တိတိကသတင်းပါ။ ကမ္ဘောဒီယားပို့စ်မှာ ထည့်မရေးလိုက်ရပါ။ ပုံအတွက် ကန်တော့ပါ။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ညွန်ချေးနဲ့ ၈၃ နှစ်ရှိသူ ခီယူဆန်ဖန်တို့ဟာ ကွန်မြူနစ်မော်ဝါဒီအစိုးရက အသက်မသေကြသေးတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်တယ်။ ခမာရု မော်ဝါဒီ အစိုးရလက်ထက်မှာ ငတ်မွတ်လို့ရော၊ သေအောင်အလုပ်လုပ်ခိုင်းခံရလိုရောနဲ့ အစိုးရကနေ သတ်ပြစ်လို့ ကမ္ဘောဒီယားပြည်သူပြည်သား စုစုပေါင်း ၂ သန်းသေခဲ့ပါတယ်။ ခမာရုကွန်မြူနစ် အစိုးရက တနိုင်ငံလုံးကို စိုက်ပျိုးရေးတိုင်ပြည်ဖြစ်အောင် အတင်းအဓမ္မ ပုံသွင်းဘို့ ကြိုးစားခဲ့ပါတယ်။ ဆိုရှယ်လစ် တော်လှန်ရေးလုပ်ကြတာ ဖြစ်တယ်။ မြို့တွေမှန်သမျှမှာ လူမနေရ၊ မြို့သူမြို့သားတွေအကုန် တောသွားပြီး ကျေးလက် သမဝါယဆိုတာထဲမှာ ခိုင်းတာ အကုန်လုပ်ကြရတယ်။ ကွန်မြူနစ် အစိုးရဟာ လေးနှစ်တာအတွင်း နိုင်ငံတော်ရန်သူလို့ သမုတ်ခံရသူတွေကို သတ်ပြစ်ပါတယ်။ ပညာတတ်တွေ၊ လူနည်းစုတွေ၊ အစိုးရအရာရှိတွေ မိသားစုအားလုံးပါ အဆုံးစီရင်တယ်။ ညွန်ချေးဟာ အိုင်ဒီယော်လော်ဂျီတာဝန်ယူရတယ်။ ခီယူ ဆန်ဖန်က လူ့ရှေ့ထွက်ရသူ ဖြစ်တယ်။ ဒီအမှုစစ်နေခဲ့တာ ၃ နှစ်ကြာပါတယ်။ စွဲဆိုချက်ကို တနာရီခွဲကြာတင်သွင်းတယ်။ လူသားမျိုးတုံးတဲ့ပြစ်မှုမြောက်တာ တွေ့ရလို့ ထောင်ဒဏ် တသက်ချလိုက်တာ ဖြစ်ပါတယ်။ အဓိကလူဆိုးကြီး ညွန်ချေးဟာ တရားသူကြီးက အမိန့်ဖတ်တော့ တုန်လှုတ်မှုမပြပါ။ ကမ္ဘောဒီယားပြည်သူတွေရဲ့ဒေါသ မပြေကြသေးပါ။

ခမာရုဆိုတာဘာလဲ
၁၉၇၅-၁၉၇၉ အတွင်း ကမ္ဘောဒီယားမှာ Saloth Sar ဆလော့သ် ဆာခေါ်ပြီး Pol Pot ပိုးလ်ပေါ့လို့ နာမည်ဆိုး တွင်ခဲ့သူရဲ့ အစိုးရဖြစ်ပါတယ်။ ဘာသာရေးမှန်သမျှ ဖျက်ပြစ်တယ်။ စာသင်ကျောင်းတွေဖျက်တယ်။ ငွေကြေးဖျက်တယ်။ စိုက်ပျိုးရေးနဲ့ လောကနိဗ္ဗာန် ထူထောင်ဘို့ဆိုပြီး၊ အတင်းအကြပ်လုပ်ခဲ့တယ်။ ၁၉၇၉ မှာ ဗီယက်နမ်က ကျူးကျော် ဝင်ရောက်တဲ့အခါ ပိုးလ်ပေါ့က ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး၊ ၁၉၉၇ မှာ သေသွားတယ်။

Cambodia ကမ္ဘောဒီးယား https://doctortintswe.blogspot.com/2018/08/cambodia.html

ဒေါက်တာတင့်ဆွေ

Dust in the wind ကမ္ဘာမကြေဘူး

$
0
0
ကမ္ဘာမကျေဘူးလို့ ရေးကြတာတွေ့တယ်။ နိုင်ငံတော်သီချင်းစားသားမှာ ကမ္ဘာမကြေ ဗမာပြည်လို့ ရေးပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနဲ့အတူ ရင်နင့်အောင် စပ်ဆို သီဆိုတဲ့သီချင်းတွေ အမြောက်အမြားပေါ်ပေါက်ခဲ့ပါတယ်။ သီချင်းတပုဒ်ကတော့ ကမ္ဘာမကျေဘူ့း့။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုကြီးထဲမှာ တိုက်ဆိုင်မှုရှိတိုင်း ကျောင်းသားတွေက သီဆိုခဲ့ကြပါတယ်။ အလွန်အောင်မြင်တဲ့သီချင်းဖြစ်ပါတယ်။

ကျွန်တော်တို့ မနှစ်က ဖို့ဒ်ဝန်းမြို့ စာပေဟောပြောပွဲကအပြန် ကားပေါ်မှာ အက်ဖ်အင်မ်ရေဒီယိုကနေ အဲဒီသီချင်းရဲ့ မူလအင်္ဂလိပ်သီချင်းလာတယ်။ ကျွန်တော်တို့ရွယ်စဉ်ခေတ်ကတည်းက ကော်ပီချင်းတွေ ခေတ်စားခဲ့တာ အမှတ်ရတယ်။

Dust in the wind

I close my eyes, only for a moment
And the moment's gone
All my dreams pass before my eyes, a curiosity
Dust in the wind
All they are is dust in the wind
Same old song, just a drop of water
In an endless sea
All we do crumbles to the ground
Though we refuse to see
Dust in the wind
All we are is dust in the wind
Oh, ho, ho
Now, don't hang on, nothing lasts forever but the earth and sky
It…

Dust in the wind lyrics - Kansas https://www.youtube.com/watch?v=g0zSB2WEtwU
Kansas - Dust In The Wind ...with Lyrics https://www.youtube.com/watch?v=_Vl3lydJy9s

မင်းသမီးဒိုင်ယာနာကွယ်လွန်တော့ အယ်လ်တန်ဂျွန်က Candle in the Wind သီချင်းစပ်ဆိုခဲ့တာလည်း နာမည်ကြီးတယ်။

ဒေါက်တာတင့်ဆွေ


စိတ်ကျန်းညံ့လျော့ ကျွန်ကန်တော့၏

$
0
0
ရှင်မဟာရဋ္ဌသာရ ရေးသားစီရင်တဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ဟာ ဘုရားဟော ဝီသတိနိပါတ် ဟတ္ထိပါဇာတ်တော်ကို ပြန်ဆို ဖွဲ့နွဲ့တာဖြစ်ပါတယ်။ မူကွဲနှစ်ခု တွေ့ထားတယ်။ အများစု ရေးသားကြတာကတော့

ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကျန်းမာန်လျှော့ ငါကန်တော့၏၊ မပေါ့ချစ်ခင်၊ သားနှယ်ကြင်။

မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ အရှင်ကုမာရရဲ့ စာပေအမှတ် - ၁၊ အလင်္ကာပန်းကုံး၊ စာမျက်နှာ ၁၆၅ မှာ တမျိုးတွေ့တယ်။ မူရင်းသတ်ပုံအတိုင်း ကူးယူဖေါ်ပြပါတယ်။

ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကျန်းညံ့လျော့ ငါကန်တော့၏။ ဟူသောလင်္ကာကို ရေးသားပြီးလျှင် ကန်တော့ပူဇော်လေသည်။ မိမိ၏အမှားကိုသိ၍ လူသိရှင်ကြား ကန်တော့ဝန်ခံခြင်းဖြင့်ပင် ထိုအရှင်၏ ပညာရှိလက္ခဏာပြည့်စုံပုံကို စံတင်လောက်ပေ၏။ ယခုအခါ၌မူ ကိုယ့်အမှားကို ဝန်မခံရဲသော သူတော်ကောင်းယောင် ဆောင်သူတို့ ပေါများနေသောကြောင့် လောကကြီးတခုလုံး ကမောက်ကမဖြစ်နေချေသည်။

နောင်ပြီးတစ်ခါ လို့ မရေးပါ။ လောကကြီးတစ်ခုလုံးလို့ မရေးသားပါ။

ကျွန်ုပ်၏ မြန်မာစာအရေးအသား ထောက်ပြချက်များ မှားယွင်းချွတ်ချော်နေခဲ့ပါလျှင် စိတ်ကျန်းညံ့လျော့ ကျွန်ကန်တော့၏။ စိတ်ကျန်းမာန်လျှော့ ကျွန်ကန်တော့၏၊

ဒေါက်တာတင့်ဆွေ

ဘူရိဒတ် လင်္ကာ

$
0
0
ဘူရိဒတ်နဂါးမင်းမယ်တော်သည် သားတော်ကို မမြင်မတွေ့ရသဖြင့် လွမ်းမှိုင်တွေဝေပုံကို ဖွဲ့ဆိုခြင်း

တရှိုက်မက်မက်၊ တသက်သက်လျှင်၊ စက်လက်မျက်ရည်၊ ဆည်လည်းမတတ်၊ မိန်းသေပြတ်မျှ၊ ကြင်ဆွတ်လေလေ၊ အောက်မေ့ချေသော်၊ မပြေတို့နိုင်၊ ကမ်းနယ်ယိုင်လျက်၊ ရိပ်မြိုင်နန်းထဲ၊ နေစမြဲသား၊ သွေးခဲဘုန်းခေါင်၊ မယ်တော့်မောင်ကို၊ ပြောင်ပြောင်ဝင်းဝင်း၊ ဗိမာန်တွင်း၌၊ ဟင်းလင်းအချည်း၊ မြင်ကတည်းက၊ အူသည်းငြိမ့်ငြိမ့်၊ ကြောခြင်စိမ့်မျှ၊ နှစ်သိမ့်လွမ်းရူး၊ ပက်လက်မူးလျက်၊ အထူးရှေ့နောက်၊ တောင်မြောက်မသိ၊ မျက်စိမိုက်မိုက်၊ မှောင်တိုက်အသွင်၊ ယခုထင်ခဲ့၊ တိုင်ပင်နှိုင်းချက်၊ သားဝမ်းထွက်နှင့်၊ ဆိုတတ်မနီး၊ တဖျင်ကြီးသို့၊ ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန့်၊ မသန့်စန်းလဂ်၊ ရှေးဝိပါတ်ကြောင့်၊ ရေငှက်ဟင်္သာ၊ ရေမဲ့ရာ၌၊ မျက်နှာအောက်ချ၊ မှိုင်လည်တသို့၊ သားလှလုလင်၊ မျိုးလွန်းကြင်ကို၊ ဖူးချင်တောင့်တ၊ မတွေ့ရ၍၊ ကြောင့်ကြညှိုးချုံး၊ မရွှင်ပြုံးသည်၊ ကိုယ်လုံးသမ်းတို့စွတကား။

ရှင်မဟာရဋ္ဌသာရ ရေးသာတဲ့စာမှာ တစ်ရှိုက်မက်မက်၊ တစ်သက်သက်လျှင် မဟုတ်ပါ။ တစ်ဖျင်ကြီးသို့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Facebook Statistics ဖေ့စ်ဘွတ် စတက်

$
0
0
အသစ်ပေါ်လာတဲ့ အီးမေးလ်၊ တွစ်တာ၊ အင်စတက်ဂရမ်၊ စတဲ့ ဆက်သွယ်နည်းတွေက အမျိုးမျိုးရှိတာ။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်ကို အများဆုံးသုံးကြတယ်။

၂၉-၇-၂ဝ၁၈ နေ့က စာရင်းဇယားတွေအရ
ကမ္ဘာမှာ လူပေါင်း ၂့၂၃ ဘီလီယန် ဖေ့စ်ဘွတ်ကို သုံးနေကြတယ်။ မနှစ်ကထက် ၁၁% တိုးလာတာ။
နေ့စဉ်သုံးစွဲနေသူပေါင်းက ၁့၄၇ ဘီလီယန်ရှိတယ်။ အက်တစ်ဖြစ်သူတွေလို့ ခေါ်တယ်။
နေ့စဉ် Like နဲ့ Share Buttons ကိုသုံးသူပေါင်း ၁ဝ သန်းရှိတယ်။ အဲတာတောင် ၂ဝ၁၄ စာရင်းအရသာရှိသေးတယ်။
စက္ကန့်တိုင်းမှာ ပရိုဖိုင်းအသစ် ၅ ခုတိုးတိုးလာနေတယ်။
နေ့အချိန် ၁ နာရီနဲ့ ၃ နာရီကြားမှာ အများဆုံးသုံးကြတယ်။
ဓါတ်ပုံတင်နေသူပေါင်း နေ့စဉ် သန်း ၃ဝဝ ရှိတယ်။
ပျမ်းမျှ လူတယောက်ဟာ မိနစ် ၂ဝ ကြာသုံးတယ်။
မိနစ်တိုင်းမှာ ကွန်မင့်ရေးတာ ၅ သိန်း ၁ သောင်းရှိတယ်။ စတေးတပ်တင်နေသူပေါင်း ၂ သိန်း ၉ သောင်း ၃ ထောင်။ ဓါတ်ပုံပေါင်း ၁ သိန်း ၃ ယောင်း ၆ ထောင်။
၂ဝ၁၃ စာရင်းအရ သူများတွေတင်ထားတာကို ရှယ်နေတဲ့ အပိုင်းအစပေါင်း ၄့၇၅ သန်းရှိတယ်။
အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အရွယ်တွေ ၅ဝ% က အိပ်ရာထတာနဲ့ ဖေ့စ်ဘွတ်ကိုင်ကြတယ်။
အသက် ၂၅ ကနေ ၃၄ အရွယ်ရှိသူတွေက ၂၉့၇% ပါတယ်။
စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဘသာရေးအကျိုးအတွက် သူတို့ကို ပစ်မှတ်ထားပြီးလုပ်ကြတယ်။ အဲဒီစာရင်းထဲမှာ  အမျိုးသမီးတွေက ၇၆% ရှိတယ်။ ယောက်ျားတွေက ၆၆% ပါဝင်ကြတယ်။
ပရိုဖိုင်းလ်အတုပေါင်းကလည်း ၈၃ သန်းရှိတယ်။

ကျွန်တော့်သုံးသပ်ချက်
ဖေ့စ်ဘွတ်ကို ဖတ်နေ သုံးနေတာ ပေါ်ကာစကတည်းကပါ။ သုတေသနတော့ မလုပ်အားပါ။ ကိုယ်တိုင်စာရေးသူတွေ ကွန်မင့်ရေးသူတွေက ကိုယ့်ဘာသာစကားကိုယ် မကျွမ်းကျင်ကြတာ ရာခိုင်နှုန်းအလွန့်အလွန် များတယ်လို့ ယူဆတယ်။

ကျွန်တော့်ဆီ အများဆုံးက ကျန်းမာရေး မေးကြတာ ၉ဝ% ရှိမယ်။ သတ်ပုံပြင်စရာမလိုတာက ၁ဝ% ထက်နည်းတယ်။

အပျော်အပျက်ရေးကြတာကလည်း ၂ဝ% လောက်ရှိမယ်။ ရီသလိုနောက်သလို ခေတ်ဆန်ဆန်ရေးတာပါလို့ ဘယ်လို ဆင်ခြေပေးပေး သူတို့လည်း မြန်မာစာမှန်အောင်ရေးသူတွေမဟုတ်ပါ။ သူတို့ထဲက မှန်လှ ၁% လောက်သာရှိမယ်။

သူများရေးထားတာကို ရှယ်တာတွေ တဂ်လုပ်တာတွေထဲက အမှားလွတ်တာ အတော်ကိုရှားတယ်။ ဆုတောင်းစာတွေ တရားစာတွေမှာ သတ်ပုံမှားကြတာ ၅ဝ% လောက်ရှိမယ်။

မမှန်တဲ့ မှားတဲ့ လိမ်တဲ့ သတင်းတွေ သတိပေးချက်တွေကို လျှောက်ဝေနေသူတွေလည်း မနည်းပါ။ မိတ်ဆွေပျက်ရခြင်းအကြောင်းပို့ကို ခဏခဏ (ခဏခဏ) တင်ရပေါင်းများလှပြီ။ ဘီလ်ပေးပြီး အလိမ်ခံကြသူတွေ။

ထိုင်နေအကောင်းသားလို့ ဆိုစကားရှိတယ်။ ထိုင်မနေချင်ကြ။ လူပုံအလယ်ထွက်ထွက်ပြကြတယ်။ ကန်တော့ပါ။ ပုဆိုး ဖင်ပေါက်။ ထဘီ စုတ်ပြဲ။ စကပ် မလုံ။ တချို့က့
ကိုယ်ရေးးတာကိုယ် မှားနေမှန်းမသိသူတွေ ရာခိုင်နှုန်းအလွန်များတာသိတယ်။ ကိန်းဂဏန် မသိပါ။ ဆောရီး။

ကောက်ချက်
ဖေ့စ်ဘွတ်သုံးသူတွေ ကိုယ့်ဘာသာစကားတော့ ကြိုးစားသင်ယူသင့်ကြတယ်။ သင်ရင် တတ်တယ်။ အသက်ကြီးမှသင်လည်း တတ်တာပဲ။ ကျွန်တော်ထက် အသက်ကြီးသူ မပါလောက်။ ကျွန်တော်လည်း မှားတတ်တယ်။ သိတာနဲ့ ပြင်တယ်။ ပြင်ပေးလာသူတွေကို ကျေးဇူး။

ငယ်ငယ်က ဆိုကြတယ်။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုလည်။ ဖိနပ်ခိုးတတ်တယ်။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင်။ ဖိနပ်ခိုးတာမြင်။ စာမတတ်တာကို ပြောတာ။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈

ရွှေနဲ့ယိုးမှား ပန်းစကား

$
0
0
ဆင်တူရိုးမား နဲ့ ဆင်တူယိုးမှား၊ ဘယ်ဟာက မှန်ပါသလဲဆရာ။

ဆင်တူယိုးမှားက မှန်မယ်ထင်ပါတယ်။ မားမားမတ်မတ်နဲ့ ကီးမား ခေါ် အသားစဉ်းကောမှာသာ မားကိုသုံးတယ်။ လူအမည်တွေရှိတယ်။ မားမားလို့ခေါ်တာရှိတယ်။

မှားကိုတော့ မှားယွင်း၊ အမှား၊ အယောင်ယောင်အမှားမှား၊ အမှတ်မှား၊ လမ်းမှား၊ အယူမှား၊ သတ်ပုံမှား။

ယိုး
ယိုးဒယားသီချင်း
ယိုးမယ်ဖွဲ့သည်
ယိုးယား = ရှောင်ရှားသည်
ယိုးစွပ်သည်
ယိုးစွဲ (စွပ်စွဲ)
ယိုးစွဲလိုက်
ယိုးမယ်ဖွဲ့သည်
ယိုးမှားကြော်
ပြယိုးကျောက်
သူခိုးဟုယိုးသည်

ရိုး
ကမ်းရိုးတန်း
ကျိုက်ထီးရိုး
ခံနိုင်ရိုးလား
ငဖေါင်ရိုး
စုပ်ပါရိုးလား
တူနိုင်ရိုးလား
ဓါးရိုးလှံရိုး
ကြိရိုင်းပင်
မုရိုးစည်
မြစ်ကမ်းရိုး
ရိုးကူးတံတား
ရိုးတွင်းခြင်ဆီ
ရိုးဖြတ်ကောက်
ရိုးရာစရိုက်
ရိုးရာစရိုက်
ရိုးကျပင်
ရိုးခနဲရိပ်ခနဲ
ရိုးတိုးရွတ
ရိုးတိုးရိပ်တိတ် (အွန်လိုင်းသတ်ပုံမှာ ရိုးတိုးရိပ်တိပ်ုဖြစ်နေ)
ရိုးပိန်ဆံမာ
ရိုးပြတ် (ကောက်ပင်)
ရိုးရင်း
ရိုးရာဓလေ့
ရိုးရိုးကုပ်ကုပ်
ရိုးရိုးတန်းတန်း
ရိုးရိုးရွရွ
ရိုးရဲသောအရောင်
ရိုးသားဖြောင့်မတ်
ချောင်းရိုး မြောင်းရိုး
ပြောရိုးဆိုရိုး

ဆင်တူရိုးမား နဲ့ ဆင်တူယိုးမှား၊ ဘယ်ဟာက မှန်ပါသလဲဆရာ။

ဆင်တူယိုးမှားက မှန်မယ်ထင်ပါတယ်။ မားမားမတ်မတ်နဲ့ ကီးမား ခေါ် အသားစဉ်းကောမှာသာ မားကိုသုံးတယ်။ လူအမည်တွေရှိတယ်။ မားမားလို့ခေါ်တာရှိတယ်။

မှားကိုတော့ မှားယွင်း၊ အမှား၊ အယောင်ယောင်အမှားမှား၊ အမှတ်မှား၊ လမ်းမှား၊ အယူမှား၊ သတ်ပုံမှား။

ယိုး
ယိုးဒယားသီချင်း
ယိုးမယ်ဖွဲ့သည်
ယိုးယား = ရှောင်ရှားသည်
ယိုးစွပ်သည်
ယိုးစွဲ (စွပ်စွဲ)
ယိုးစွဲလိုက်
ယိုးမယ်ဖွဲ့သည်
ယိုးမှားကြော်
ပြယိုးကျောက်
သူခိုးဟုယိုးသည်

ရိုး
ကမ်းရိုးတန်း
ကျိုက်ထီးရိုး
ခံနိုင်ရိုးလား
ငဖေါင်ရိုး
စုပ်ပါရိုးလား
တူနိုင်ရိုးလား
ဓါးရိုးလှံရိုး
ကြိရိုင်းပင်
မုရိုးစည်
မြစ်ကမ်းရိုး
ရိုးကူးတံတား
ရိုးတွင်းခြင်ဆီ
ရိုးဖြတ်ကောက်
ရိုးရာစရိုက်
ရိုးရာစရိုက်
ရိုးကျပင်
ရိုးခနဲရိပ်ခနဲ
ရိုးတိုးရွတ
ရိုးတိုးရိပ်တိတ် (အွန်လိုင်းသတ်ပုံမှာ ရိုးတိုးရိပ်တိပ်ုဖြစ်နေ)
ရိုးပိန်ဆံမာ
ရိုးပြတ် (ကောက်ပင်)
ရိုးရင်း
ရိုးရာဓလေ့
ရိုးရိုးကုပ်ကုပ်
ရိုးရိုးတန်းတန်း
ရိုးရိုးရွရွ
ရိုးရဲသောအရောင်
ရိုးသားဖြောင့်မတ်
ချောင်းရိုး မြောင်းရိုး
ပြောရိုးဆိုရိုး

ပုပ္ပါးနတ်တောင်

သိုးကလေး
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ရိုးမှား ပန်စကား။

သိုးကလေး
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မယ့်သည်ပင်သည်ခရီးသား။

သိုးကလေး
မြိတ်လွတ်စုလည်း
အငယ်တည်းက
ကျွမ်းဝင်ကြသည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြားစောင့်တရား။

ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမရှိ။

ပုဂံခေတ်၊ အမည်မသိရှေးစာဆို။

ဒေါက်တာတင့်ဆွေ

Filtered Message ရေးထားတာကို အခုမှသာတွေ့ရ

$
0
0
ဖရင်းမဖြစ်သေးသူတွေကနေစာရေးရင် ကျွန်တော်က တခါတည်း မသိနိုင်။ အဲတာကို ဖစ်လ်တာမက်ဆေ့ခ်ျခေါ်သတဲ့။ သိတဲ့သူကပြောမှ လိုက်ရှာရတယ်။ တွေ့တဲ့အခါ အဆက်ပ် လုပ်မှ အပြန်အလှန် စာရေးလို့ရသတဲ့။

ဒီအကြောင်းသိတော့ အဲလိုလုပ်ရတာ တထောင်ကျော်တယ်။ တချို့ဆို ၁-၂ နှစ်ကြာနေပြီ။ ခုထိ မကုန်သေးပါ။

အခုပဲ ဖုန်းကနေ တွေ့တာတွေကို အဆက်ပ်လုပ်တယ်။ လက်ပတော့ကနေပြန်ဖွင့်တော့ ဖစ်လ်တာမက်ဆေ့ခ်ျ ၂ဝ-၃ဝ လောက်ပါတယ်။ ဆောရီး။ ရေးထားတာကို အခုမှသာတွေ့ရလို့ အကုန်ပြန်ရေးရတယ်။ အဲတာဆို နောင်မှာ သူတို့ရေးရင် တန်းသိနိုင်ပြီ။ နေ့တိုင်းအဲလိုဟာတွေ သိသိလာတယ်။

ဖုန်းရော ကွန်ပြူတာပါသုံးနေရတာ မလွယ်ဘူး။ မောတယ်။ ကနေ့ဟာတွေက ဇွန် တတိယပါတ်ကလာထားတာတွေ။ တချို့ကအထင်လွဲကြမယ်။ ဆောရီး။

Dr. တင့်ဆွေ
၈-၈-၂ဝ၁၈

Viewing all 656 articles
Browse latest View live