Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

AIDS မေးခွန်း

$
0
0
ဆရာ တခုလောက်မေးခွင့်ပြုပါ aids ရောဂါက စဖြစ်ပြီဆို ဘယ်လိုပုံစံတွေ စဖြစ်တာလဲသိချင်ပါတယ် ဆရာ မဖြစ်သေးရင်ရော ကာကွယ်ဖို့ ဆေးတွေရှိလားသိချင်ပါတယ်ဆရာ

HIV/AIDS ဟာ ကပ်ရောဂါ
HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ Pandemic diseases တွေထဲက တမျိုး ဖြစ်တယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး နှစ်မျိုးရှိတယ်။ HIV-1 ဟာ ပိုမို ပြင်းထန်တယ်၊ ကူးစက်လွယ်တယ်။ ကူးစက်ခံရရင် လူ့ခန္ဓာကိုယ်တွင်းက ခုခံမှုစနစ် Immune System မှာရှိတဲ့ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီးတယ်။ ကူးစက်ခံရတဲ့ CD4 Cell တွေကို CD8 Cell တွေက ရန်သူပိုးမွှားလို့ ထင်မှတ်ပြီး မှားယွင်း တိုက်ခိုက်လို့ CD4 Cell တွေ လျော့နည်းစေတယ်။ ကျန်းမာတဲ့လူမှာ CD4 Cell အရေအတွက် 1200 cells/μl ရှိတယ်။

HIV ဆိုတာ ဘာလဲ
HIV (Human Immunodeficiency Virus) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့ Virus ပိုး ဖြစ်တယ်။

AIDS ဆိုတာ ဘာလဲ
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး ကူးစက်ခံရလို့ ရလာရတဲ့ ရောဂါလက္ခဏာ အစုအပေါင်းဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ် မရှိဘူး။ Opportunistic infections အခွင့်သာလို့ ဝင်လာတဲ့ ကူးစက်ရောဂါတွေကြောင့် အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။

HIV ကူးစက်နိုင်တဲ့ နည်းလမ်းများ
၁။ ပိုးရှိသူ နှင့် လိင်တူ-လိင်ကွဲ ဆက်ဆံခြင်း၊ လူနာ ၉ဝ% က လိင်ဆက်ဆံရာက ကူးတယ်။ ၆ဝ-၇ဝ% က လိင်တူဆက်ဆံလို့ ကူးတယ်။
၂။ ပိုးပါတဲ့ သွေးသွင်းခြင်း (၉ဝ% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ တကတူး ဆေးမင်ကြောင် ထိုးခြင်း၊ ဓါတ်အပ် စိုက်ခြင်း၊ ကွင်းတွေတပ်ဆင် အလှပြင်ခြင်း၊
၃။ ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း (၁၅-၃ဝ%) တို့ ဖြစ်တယ်။

ဘယ်တော့ AIDS ဖြစ်လာသလဲ
HIV ပိုးဝင်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁ဝ နှစ်ကြာမှ AIDS ဖြစ်လာတယ်။

အဆင့်များ
(၁) ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
(၂) သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
(၃) ဝမ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုးဝင်တာ၊ နူမိုးနီးယား၊ အဆုပ်တီဘီ ဖြစ်လာတာ။
(၄) ဦးနှောက်မှာ Toxoplasmosis ရောဂါ၊ အစာမြိုပြွန်-လေပြွန်-အဆုပ်မှာ Candidiasis မှိုရောဂါ၊ Kaposi's Sarcoma ရောဂါ ဝင်လာတာ။ ဒီလိုရောဂါတွေက လူကောင်းတွေဆိုရင် ကုသရတာလွယ်တယ်။ CD4 positive T cell count အရေအတွက်က 200 per mm3 of blood ထက်နည်းမယ်။ WHO ကနေ Antiretroviral (ARV) therapy ဆေးကုဘို့ ညွှန်းတယ်။

ဆေးကုသခြင်း
 HIV ကို လုံးဝ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။
 ဗိုင်းရပ်စ် ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့ ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ဆေးတွေသာ ရှိတယ်။
 HIV ပိုးကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဘို့၊
 ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဘို့၊
 လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဘို့၊
 လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။

HIV ကူးစက်မှု ရှိ-မရှိ၊ အကောင်း-အဆိုး စစ်ဆေးခြင်း
HIV antibody ကို အလျှင်အမြန် စစ်ဆေးပေးတဲ့ ကိရိယာ (Rapid HIV test) ကို အလွယ်တကူ ရနိုင်တယ်။ အခြား စစ်ဆေးနိုင်တဲ့ စမ်းသပ်နည်းတွေကတော့ ELISA, Western Blot နည်းတွေ ဖြစ်တယ်။ ပိုးဝင် ပြီးချိန်က HIV antibody စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window period လို့ ခေါ်တယ်။ ဒီကာလမှာ HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး အခြားသူတွေကိုတော့ ကူးစက်နိုင်စွမ်း ရှိတယ်။ ၉၉% သော HIV ကူးစက် ခံရသူများဟာ ၃ လ အကြာမှာ HIV antibody စစ်ဆေး တွေ့ရှိနိုင်တယ်။

ရောဂါပိုး ဝင်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ဘူး။ HIV antibody test ကို စစ်ရင် လွန်ခဲ့တဲ့ (၃) လ မတိုင်ခင်က အခြေအနေကိုပဲ ပြတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံးက သွေးစစ် သင့်ကြတယ်။

HIV/AIDS ရောဂါ အကောင်း-အဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်တယ်။

CD4 Count
လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတဲ့ထဲမှာ Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ပါတယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို တာဝန် ယူသလို ဖြစ်တယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအားကျလေဘဲ။ နောက်ဆုံး ဘာဆိုဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါတည်း စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

ပုံမှန် CD4 counts 500-1500/mm3 အတွင်းရှိတယ်။ ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200 x 106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ARV ဆေးကို တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်သေးတယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ဆိုတာ ပိုသေခြာတယ်။ CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ရင် ဆေးကုပါ။

HIV ရှိရင် CD4 အရေအတွက် ကျဆင်းတယ်။ ARV ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ Viral load (VL) ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) က CD4 လောက်တော့ မတိကျပါ။ အခြေခံ အကျဆုံးအချက်ကို ပြောရရင် ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။ ဆောရီး။

သံမဏိ စည်းမျဉ်း ၅ ချက်
၁။ အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ်ပြီး ဆုံးဖြတ်ချက် မချပါနဲ့။

၂။ အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။

၃။ HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားကြပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်း ကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။

၎။ သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည် လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့ သဘောနဲ့ မပြောပါနဲ့။

၅။ စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။

ဒီလိုရောဂါအတွက် အင်မတန် စိတ်ထားမြင့်တဲ့ ဆိုရှယ်-ဝပ်ကားတွေ ဖြစ်နိုင်ကြပါတယ်။ ဆရာဝန်တွေမှ မဟုတ်ပါ၊ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းပါ။

HIV/AIDS လင့်တွေ အများကြီးရှိတယ်။ ဘလော့မှာ ဖတ်ပါရန်။

Dr. တင့်ဆွေ


Osteoporosis အရိုးပွရောဂါ

$
0
0
၁။ ဆရာ ခင်ဗျာ ကျတော် အသက် ၂၅နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း တဦးပါ အရိုးပွရောဂါအကြောင်းသိချင်ပါတယ် ဖြေကြားပေးပါ ခင်ဗျာ

၁။ အရိုးပွတာကိုကော ဘယ်လိုသိနိုင်ပါသလဲရှင့်။ ကုသနည်းလေးပါသိပါရစေ။ (အသက် စတာ မသိ)

၃။ ကျမ၏အမေပါ။ အသက်ကတော့ ၅၈ နစ်ပါ။ အသွားအလာမရှိပါ။ အထိုင်များပါသည်။ သွေးဆုံးပြီး ကတည်းက ဒူးခေါင်းအကွေးအဆန့် ခက်ခဲလာပါ တယ်ရှင့်။ အိမ်သာအတက်အဆင်းလည်း အဆင်မပြေပါ။ ဓါတ်မှန် ရိုက်သော်လည်း ဘာရောဂါမှမရှိပါ။ ဒူးခေါင်းပြန်ကောင်းလာအောင် ဘယ်လိုပြုမူနေထိုင်ရမည်ကို ညွှန်ကြားစေလိုပါတယ်။

၎။ ဆရာရှင့် မေးစရာရှိလို့မေးခွင့်ပြုပါ အမေအသက်က ၆၅ နှစ် ရှိပါပြီ။ အခုမိုးတွင်းမှာ ချော်လဲသွားလို့ လက်ကောက်ဝတ်နှင့် တင်ပဆုံရိုးအက်သွားပါတယ်။ အရိုးသိပ်သည်းဆတိုင်းတော့ အရိုးပွနေတယ်ပြောပါတယ်။ ဆေးထိုးလို့ရတယ်ပြောပါတယ်။ တနှစ်ခံသောဆေးကို တခါထိုးတာနှင့် နေ့တိုင်း တနေ့တလုံးနှုံးနှင့် တနှစ်ထိုးတာ ဘယ်နည်းမှာ အကျိုးအာနိသင် ကွာခြားမှုနှင့်ဆိုးကျိုးရှိမရှိသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

၎။ ကျွန်တော့်အမေက ရန်ကုန်မှာနေပါတယ်။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါဖြစ်တာက အောက်ပိုင်း ပူတဲ့ရောဂါ ဖြစ်ပါတယ်။ ခြေထောက်တွေပူတယ်။ ဆေးထိုးဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့တဲ့တပတ်ခန့်က အရိုးကိုစစ်တဲ့ စက်ဆိုလား အခမဲ့စစ်ပေးတယ်ဆိုလို့ စစ်ကြည့်တာ အရိုးပါးတာ အဆင့် ၃ ကိုရောက်နေပြီပြောပါတယ်။ အဲတာနဲ့ ဆေပေးလိုက်ပါတယ်တဲ့။ တပတ်ကို တလုံးသောက်ရတဲ့ဆေး။ အရိုးပါးရောဂါ ဖြစ်တဲ့သူ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိချင်ပါတယ်ဆရာ။ ကျွန်တော်က နိုင်ငံခြားမှာဆိုတော့ အဝေးကပဲဂရုစိုက် နိုင်ပါတယ်။

၆။ ဆရာခင်ဗျာ။ osteoporosis နဲ့ osteomalacia မှာ ဘယ်ဒင်းက အရိုးပွပြီး ဘယ်ဟာက အရိုးပါးတာပါလဲခင်ဗျာ။ Porosis ကို ပွတယ်လို့ မှတ်သားထားနေမိလို့ပါ။

Osteomalacia ဟာ အရိုးတွေပျော့တာလို့ဆိုပါတယ်။ အရိုးတည်ဆောက်ဘို့ လိုအပ်တဲ့ ဖေါ့စ်ဖါးရပ်စ်နဲ့ ကယ်လ်စီယမ်တွေ နည်းလို့ဖြစ်တယ်။ ဒါမှမဟုတ် ကယ်လ်စီယမ်တွေကို ပြန်လည်စုပ်ယူတာက လိုတာထက် များလို့ ဖြစ်တယ်။ ဒုတိယနည်းကို ပါရာသိုင်းရွိုက်အလုပ်ပိုလုပ်တာကနေ ဆက်ဖြစ်တယ်။ ကလေးတွေမှာ Osteomalacia ဖြစ်တာကို Rickets လို့ခေါ်တယ်။ Rickets ကို အရိုးပျော့ရောဂါလို့ အစဉ်အလာ ဘာသာပြန်တယ်။ Osteoporosis ဆိုတာက အရိုးထုထည်နဲ့ သိပ်သည်းဆနည်းနည်းလာတာဖြစ်တယ်။ ကျိုးလွယ်စေတယ်။ Bone mineral density (BMD) တိုင်းရင် နည်းနေမယ်။ ဒါကြောင့် Osteomalacia ကို အရိုးပျော့ရောဂါနဲ့ Osteoporosis ကို အရိုးအားနည်းရောဂါ၊ ဒါမှမဟုတ် အရိုးပွရောဂါလို့ ဘာသာပြန်တာ သင့်မယ်ထင်ပါတယ်။ အရိုးအတူးကုဆရာဝန်တွေက တိတိကျကျ ပြောနိုင်မှာပါ။ မေးခွန်းမေးလို့ ကျေးဇူးတင်တယ်ဗျာ။

အမျိုးသမီးအသက်ကြီးသူတွေမှာ အဲလိုဖြစ်တာကို Osteoporosis အော်စတီယို ပိုရိုးဆစ်လို့ခေါ်တယ်။ တခြား နာမည်တွေရှိတယ်၊ Thin bones အရိုးပါးခြင်းနဲ့ Low bone density အရိုးသိပ်သည်းဆနည်းခြင်း။ အရိုးအားနည်းတာ ပြောလည်း မှန်တယ်။ အားနည်းတော့ ကျိုးလွယ်မယ်။ အရိုးရောဂါထဲမှာ အများဆုံးဖြစ်တာလို့ ပြောနိုင်တယ်။

Calcium ကယ်လ်စီယမ်နဲ့ တခြားဓါတ်တွေကို စစ်ဆေးရင် နည်းနေတာတွေ့ရမယ်။ ကယ်လ်စီယမ်က လူကြီးပုံမှန် 9.0 to 10.5 mg/dL နဲ့ ဒါမှမဟုတ် 2.25 to 2.75 mmol/L လို့ အဖြေထွက်မယ်။ ကလေးဆိုရင် 7.6 and 10.8 mg/dL ဒါမှမဟုတ် 1.9 to 2.7 mmol/L လို့ အဖြေထွက်မယ်။

အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် တဝက်လောက်မှာဖြစ်တယ်။ အရိုးတခုခုကျိုးပြီး ဆေးရုံ ရောက်လာကြတယ်။ အရိုးဆိုတာ အသက်ရှိနေသ၍ အသစ်ဖြစ်လိုက်၊ အိုဟောင်းလိုက်၊ သေသွားလို့ အစားထိုးလိုက်နဲ့ သံသရာ လည်နေတယ်။ အသစ်အစားမထိုးနိုင်လာရင် ဒီရောဂါဖြစ်လာမယ်။ ကယ်လ်စီယမ်နဲ့အတူ ဗီတာမင် (ဒီ) လဲ အတူတူ လိုတယ်။ တချို့လူမျိုးတွေမှာ၊ တချို့မိသားစုတွေမှာ ပိုဖြစ်ကြတယ်။ အမျိုးသမီးတွေမှာ အီစထိုဂျင်ဟော်မုန်း၊ အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်း နည်းလာချိန်ဖြစ်တဲ့ တချို့ရောဂါတွေအတွက်ပေးနေရတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။ အိပ်ယာထဲ အကြာကြီးလဲနေရသူတွေ၊ အရက်သောက်များသူတွေ၊ ပိန်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတယ်။

ရောဂါရှိနေပေမဲ့ ဘာမှ မခံစားရတာကများတယ်။ အရိုးကျိုးမှ စစ်တော့သိလာရတတ်တယ်။ ခါးရိုးထဲက နာတာကြာသူတွေ စစ်သင့်တယ်။ ရောဂါဖြစ်လို့ကြာရင် တချို့က အရပ်ပုသွားကြတယ်။

Bone mineral density testing စစ်ဆေးနည်းလုပ်ရတယ်။ DEXA scan နည်းလုပ်တာများတယ်။ အရိုးတွေကို ဓါတ်မှန်လဲရိုက်တယ်။ မကျိုးဘဲရိုက်ကြည်တာနဲ့တော့ မသိနိုင်ပါ။

အမျိုးသမီးတွေ ၄၅-၅ဝ နှစ်ဝန်းကျင် သွေးဆုံးချိန်မှာ ဒီရောဂါဖြစ်လာတယ်။
• အသက် အသက် ၅ဝ ကျော်အမျိုးသမီးများ ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။
• အသက် ၅၁ ကနေ ၇ဝ ဆိုရင် ကယ်လ်စီယမ် 1,200 mg of calcium နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။
• ယောက်ျား အသက် ၅၁ ကနေ ၇ဝ အတွက် ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU လိုတယ်။
• အသက် ၇ဝ ကျော်သူတိုင်း ကယ်လ်စီယမ် 1,200 mg နဲ့ ဗီတာမင် (ဒီ) 800 IU နေ့စဉ်လိုတယ်။

လူနေမှုပုံစံပြောင်းရတော့မယ်။ အစားအသောက်ပြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ ကယ်လ်စီယမ် နဲ့ ဗီတာမင် (ဒီ) သောက်ပါ။ Bisphosphonates ဆေးကို အများဆုံးပေးတယ်။ Estrogens, Teriparatide, Raloxifene, and Calcitonin တွေလဲ ပေးနိုင်တယ်။ ဆေးလိပ်၊ အရက် လျှော့ပါ-ဖြတ်ပါ။ ချော်လဲမှာမှန်သမျှ သိထားပါ။ ပင်လယ်ငါးများ၊ အရိုးပါစားလို့ရတဲ့ငါးတွေ၊ နွားနို့၊ ဒိန်ခဲ၊ တို့ဖူး၊ ဘဂီကူလီ ခေါ်တဲ့မုံလာပွင့်အစိမ်းရောင်တွေမှာ ကယ်လ်စီယမ် ပါတယ်။ ခွဲစိတ်ကုသဘို့လိုသူတွေကို Kyphoplasty နည်းနဲ့ Spinal fusion နည်းလုပ်ရတယ်။

Calcium blood test ကယ်လ်စီယမ် စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.in/2009/08/vitamin-d.html

ဒေါက်တာတင့်ဆွေ

မီ နဲ့ မှီ

$
0
0
၁။ ကျွန်တော် မြန်မာစာအသုံးမှာ မီနဲ့မှီ အသုံးကို သိချင်လို့ပါဆရာ ဖြေပေးနိုင်မလားဗျ

၂။ ဆရာခဗျား ခါတော်မှီ နှင့် ခါတော်မီ မှာဘယ်ဟာကစာလုံးပေါင်းအမှန်လဲခဗျား။ လေးစားစွာဖြင့်။

၃။ အပမီ၊ အပမှီ။ ဘယ်ဟာ အမှန်လဲဆရာ။

၎။ ဆရာရှင့် စာလုံးပေါင်းလေးတွေ အမှားပြင်ပေးတာဖတ်ရတာ ကျေးဇူးတင်ပါတယ်။ မီ/မှီ သုံးတာအရမ်းမှားနေလို့ ရှင်းပြပေးပါရှင့်။ မမီမကမ်း၊ လှတာလိုက်လို့မမီ၊ သူ့အလှမမီ၊ တိုင်မှီ။ မှီခိုဆိုတာ မှန်လားရှင့်။ ဘယ်ပန်းချီရေးလို့မမီ၊ မကြာမီတွေမှာ ဟထိုးလိုလားရှင့်။ လူတွေ အရမ်းရေးကြတာ လှတာလိုက်လို့မမှီဘူးလို့ ဒါလဲဟထိုးပါရင် မှန်လားရှင့်။

မီ ဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီးသုံးတယ်။
မတိုင်မီ၊
မကြာမီ၊
မလာမီ၊
မသွားမီ၊
မပြောမီ၊
အချိန်မစေ့မီ။

နိုင်သည်သဘောလည်းသုံးတယ်။ လှမ်းယူလို့ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။
မီအောင်လိုက်ပါ၊
မီအောင်ဆိုပါ။

မှီ ကို အားကိုးအားထားပြုသည်မှာသုံးတယ်။
တိုင်ကိုမှီနေသည်၊
မှီကပ်နေသည်၊
မှီတင်းနေထိုင်ကြသည်၊
မှီငြမ်းပြုသည်၊
မှီဝဲပါ၊
မှီအုံး၊
မှီခိုသူ။

လှတာလိုက်လို့မမှီဘူးလို့ရေးတာ မမှန်ပါ။ လှတာလိုက်လို့မမီဘူးဆိုတာ သူတပါးလှတာကို လိုက်လို့မမီဘူးလို့ ရေးချင်တာ ထင်တယ်။ လှတာက နာမဝိသေသန (သို့) နာမ်။ မမီဘူးဆိုတာက ကြိယာဝိသေသန။ သဒ္ဒါအရ မှားတယ်။ လှတာကို မှီခိုတာဆိုရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ သူ့အလှကို လိုက်မမီဆိုရင် မှန်တယ်။

အပမှီအသုံးက သတ်ပုံစာအုပ်တွေမှာမပါ။ အပ ပယောဂဝင်တာကိုဆိုချင်တာဆိုရင် အပမှီသာသုံးသင့်တယ်ထင်ပါတယ်။ သတ်ပုံကိုသာပြောတာ၊ တကယ်တော့ အဲလိုဖြစ်တာ မရှိပါ။ စိတ်အခြေအနေတခုကိုပြောကြတာဖြစ်တယ်။

မကြာမီလာမည် မျှော်။ ကြီးရင် ချီ ငယ်ရင်မှီ။

ဘယ်ပန်းချီရေးလို့  မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0

ဒေါက်တာတင့်ဆွေ

Weed မူးယစ်အထူးကုဆရာဝန်က အကောင်းဆုံးလုပ်ပေးနိုင်

$
0
0
အသက် ၁၉ ပါ ကျားပါ မူးယစ်ဆေး ရာမ နဲ့ weed ကို အချိန်ကြာကြာသုံးစွဲးခဲ့ပါတယ် ဆေးသုံးရင် စိတ်ဖောက် ချင်သလိုဖြစ်တာနဲ့  အားလုံးကို ဖြတ်လိုက်တာ ၄လရှိပီးအခုအခြေနေက စိတ်က တခါခါဆိုလွတ်သွားချင်တယ် အသိနဲ့ပြန်ထိန်းနေရတယ် နောက်ပီးအမြင်အာရုံတွေမကောင်းတောဘူး ခဏခဏသန်းနေတယ်ဆရာ ကားမောင်းလို့တောင် အဆင်မပြေတော့ဘူး မနက်အိပ်ယာနိုးလည်းမလန်းဆန်းဘူး တနေ့လုံး နုံးနုံးနဲ့ကိုယ်စိတ်ကိုယ် ကြည့်နေရတယ် အထူးကုဆရာနဲ့ပြကြည့်တော့ Depres-x sertraline 50mg တနေ့တခြမ်း၆ လသောက်ခိုင်းပါတယ် အခုဆို သောက်လာတာ ၃လရှိပီး ခုထိမကောင်းသေးပါဘူးဆရာ ကျေးဇူပြုပီး ဆရာဘယ်လိုကုသရမလဲ ပြောပြပေးပါနော် တကယ်အနေခက်ဒုက္ခရောက်နေပါတယ်ဆရာ

ဆောရီး။ မူးယစ်အထူးကုဆရာဝန်က အကောင်းဆုံးလုပ်ပေးနိုင်။ စာတွေ ဘလော့မှာရှိတယ်။

1.Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
2.Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
3.Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
4.Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
5.Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
6.Burundanga ပဒိုင်းပွင့်လိုဆေး https://doctortintswe.blogspot.com/2014/10/burundanga.html
7.California nuns fight ban on marijuana businesses ဆေးခြောက်နှင့် သီလရင် https://doctortintswe.blogspot.com/2016/02/california-nuns-fight-ban-on-marijuana.html
8.Carfentanyl ဆင်ဖြူတော် မူးယစ်ဆေး http://doctortintswe.blogspot.com/2017/02/carfentanyl.html
9.Common Medicines you really shouldn’t mix with Alcohol အရက်နဲ့တွဲရန်မသင့်သောဆေးများ
10.Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း http://doctortintswe.blogspot.com/2014/11/cough-syrup-addiction.html
11.Drug Abuse ဆေးဝါးတလွဲသုံးခြင်း https://doctortintswe.blogspot.com/2014/10/drug-abuse.html
12.Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/02/drugs-and-politics.html
13.Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/10/amphetamines-2.html
14.Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
15.Ecstasy စိတ်ကြွဆေးများ https://doctortintswe.blogspot.com/2014/10/ecstasy.html
16.High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
17.Ice ဆိုတာ ရေခဲမဟုတ်ပါ https://doctortintswe.blogspot.com/2014/10/ice.html
18.Inhalant abuse လမ်းဘေးဆေးရှူ https://doctortintswe.blogspot.com/2015/01/inhalant-abuse.html
19.Marijuana addiction ဆေးခြောက်က စွဲသလား https://doctortintswe.blogspot.com/2017/09/marijuana-addiction.html
20.Marijuana ဆေးခြောက် https://doctortintswe.blogspot.com/2016/05/marijuana.html
21.Methadone မက်သဒုံး https://doctortintswe.blogspot.com/2015/02/methadone.html
22.Methamphetamine (မက်သမ်ဖတမင်း) http://doctortintswe.blogspot.com/2017/03/methamphetamine.html
23.Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/military-and-crystal-meth.html
24.Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
25.Opium ဘိန်း https://doctortintswe.blogspot.com/2015/02/opium.html
26.Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
27.Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html

Dr. တင့်ဆွေ

Prayer ဆုတောင်းခြင်းအမှု

$
0
0
မက်ဆေ့ခ်ျတခုရတယ်။ ဆုမတောင်းလင့် အမှောင်ထုသည် လင်းလာမည်မဟုတ် Pray not, the darkness will not be brighten. လို့ Sir Edwin Arnold က ပြောထားပေမဲ့ ဆုတောင်းပေးလို့ ဘယ်သူနစ်နာသွားသလဲလို့ တခါတခါ စဉ်းစားနေမိတယ်။ Happy Birthday! ဆရာ။

ကျွန်တော်ကတော့ စိတ်ထဲမှာနှစ်နှစ်ကာကာ ဆုတောင်းတာဖြစ်ဖြစ် ဖြစ်စေချင်တာကိုပြောတာဖြစ်ဖြစ် အကျိုးရနိုင်တယ်လို့ ယုံကြည်တယ်။ ဘယ်သူကလာကန်တော့ကန်တော့ ပါးစပ်ကတော့ သာဓုမခေါ်ဘူးပါ။ အန်တီကပဲ ဆုတောင်းပေးပါတယ်။ အဲဒီအကြောင်း ရေးထားတယ်။

ကျွန်တော် ညတိုင်းလိုလို အိပ်ကာနီးတိုင်း ဆုတောင်းတယ်။ အထူးအာရုံပြစရာတခုခုရှိရင် အဲတာကိုအရင်နဲ့ အမြဲမပြတ်တာကတော့ နေမကောင်းလို့မေးသူတွေအတွက် ဖြစ်ပါတယ်။

ကျွန်တော်ရတဲ့ မင်္ဂလသုတ်ထဲက တပိုဒ်ကို တခါခါ ပါဠိတမျိုးတည်း တခါခါမြန်မာဘာသာပြန်ပါ ရွတ်ဆိုပြီးမှ ဆုတောင်းတယ်။

၁၉၉ဝ ခုနှစ်နိုဝင်္ဘာလထဲမှာ ထောက်လှမ်းရေးက လာဖမ်းလို့ ထွက်မပြေးခင် မြန်မာပြည်ထဲမှာ ပုန်းနေရတုန်းက ဇာတိရွာဆရာတော်ကနေ ဗလာစာအုပ်ထဲက ဆုတ်ယူထားတဲ့စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ခဲတံနဲ့ ရေးပေးထားတဲ့ မင်္ဂလသုတ်ထဲကတပိုဒ်ဖြစ်ပါတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်၊ လာဘ်မရခြင်၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား (၈) ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့့် ရပါလို၏။

အခုဆို ၂၇ နှစ်နဲ့ ငါးလရှိပြီ။ ရက်ပျက်တာတွေလည်း အမှန်ကယ်ရှိပါတယ်။ အကျိုးရှိတယ်လို့ အခုစာရေးနေချိန်အထိ ထင်သေးတယ်။ စာရေးဖြစ်သွားလို့ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

$
0
0
ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။ 

ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။

တယောက်က မေးဖူးတယ်။ အခုမှ အမေရိကားရောက်တဲ့သူတွေအတွက် ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲ။ စာအုပ်မရွေးတတ်လို့ ဖတ်ရင်းနဲ့ စိတ်ရှုပ်၊ စိတ်ရှုပ်တော့ ခေါင်းကုတ်၊ စာအုပ်ဘေးပုတ် ဖြစ်နေတယ်ဆရာ။ smile!

အင်္ဂလိပ်စာ ပိုတတ်ချင်တာကိုက လမ်းမပေါ်ရောက်ပါပြီ။ လက်တွေ့ကျတာပြောပါရစေ။ စကားပြောပါ။ မရှက်ပါနဲ့။ ဒီမှာက ဖတ်စရာများတယ်။ စာတိုက်ပုံးဖွင့်တိုင်း အခမဲ့ပို့ပေးနေတဲ့ ကြော်ငြာတွေကိုလည်းဖတ်ပါ။ ကလေးတွေဖတ်တဲ့ စာအုပ်တွေကနေ စသင့်တယ်။ ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ ဘယ်သူမဆို စာအုပ် ၂-၃-၄ အုပ် အခမဲ့ ယူသွားခိုင်းတယ်။ ကိုယ့်စိတ်ဝင်စားတဲ့ စာအုပ်တွေ ယူလာခဲ့ပါ။ ဖတ်ပါ။ (အခုတော့ အဲတာမရှိတော့ပါ။) စာကြည့်တိုက်ကတော့ အကောင်းဆုံး။ အဲတာလည်း စာကြည့်ကိုက်ကဒ်ပြားပေးချင်လွန်းလို့ နောက်ကနေ လိုက်လုပ်ပေးနေတယ်။ အဖွဲ့ဝင်လိုက်ပါ။ စာအုပ်တွေငှားဖတ်ပါ။

တီဗွီကြည့်ပါ။ ကာတွန်းဖြစ်ဖြစ်၊ မိုးလေဝသသတင်းဖြစ်ဖြစ်၊ ကြောငြာတွေဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ ရုပ်ရှင်၊ အားကစား၊ စိတ်ဝင်စားတာကို ကြည့်ပါ။

အမေရိကန်တွေ အင်္ဂလိပ်စာသင်ပေးနည်းက ကျွန်တော်တို့ဆီမှာနဲ့ မတူတာတွေရှိတယ်။ စာလုံးတိုင်းကို နားလည်ဘို့မလို၊ ခြုံငုံသိရင် ဖြီးဖြန်းဖြေရတာမျိုး။ ဒီမှာ အဲတာကနေစတယ်။ ဘဏ်သွားမယ်။ ငွေသွင်းချင်တာနဲ့ ငွေထုတ်ချင်တာကို မှန်အောင်ပြောတတ်ရင် ရပြီ။ မေးဘို့ ဘယ်နေရာမှ ဝန်မလေးပါနဲ့။ ဆေးရုံဆေးခန်းသွားသွား၊ ဘယ်ရုံးသွားသွား အဆုံးမှာ သူတို့ကနေ ဘာမေးချင်သေးလဲနဲ့ စကားပြောခန်းကို နိဂုံးချုပ်တယ်။

အလုပ်အားချိန်မှာ အချိန်ပိုင်းကျောင်းတခုခုတက်ပါ။ အမျိုးမျိုးရှိတယ်။ ဥပမာ အင်ဒီယာနာပိုးလစ်မြို့က ကျွန်တော် ကူသင်နေတဲ့ Christel House ညနေကျောင်း။ ESL Schools and Programs လို့ အင်တာနက်မှာရိုက်ရှာရင် ကိုယ်နေတဲ့နေရာ၊ ကိုယ့်အလုပ်ချိန်နဲ့ အံကိုက်တာရွေးလို့ရတယ်။ အားလုံး အခမဲ့သာဖြစ်တယ်။ ကလေးပါရင် ထိန်းပေးအုံးမယ်။

နောက်တယောက်လည်း မေးတယ်။ ဆရာရှင့် Story reading ကို ဘယ်လိုသင်ကြားပေးပါသလဲ။ နည်းလမ်းလေး မျှဝေပေးလို့ရနိုင်မလားရှင့်။

၉ တန်း၊ ၁ဝ တန်းအဆင့် အင်္ဂလိပ်စာသင်တာမှာ ထုံးစံအတိုင်း သဒ္ဒါ၊ အဖတ်နဲ့ အရေးသင်တယ်။ ကြားထဲမှာ အပြောလည်းပါတယ်။ ကျွန်တော်တို့ကျောင်းမှာ စတိုရီ ခေါ် ဖတ်စရာတခုခုကို အင်တာနက်သတင်းဖြစ်ဖြစ်၊ သတင်းစာထဲကဖြစ်ဖြစ်၊ ရွေးပြီး ကျောင်းသားတယောက်ကို ကော်ပီတခုစီဝေတယ်။ တိုတိုလေးတွေပါ။ အဲတာနဲ့အတူ Squeepers worksheet ဆိုတာ တရွက်စီပေးတယ်။ စတိုရီမှာ ပုံတပုံပါတယ်။ အရင်ဆုံး ဆာဗေးဆိုတဲ့အကွက်မှာ ဘာတွေမြင်သလည်း သိတာတွေ ချရေးရတယ်။ လူ၊ ယောက်ျား၊ မိန်းမ၊ ကလေး၊ သစ်ပင်၊ ပင်လယ် စသဖြင့်။ နောက် မေးခွန်း (၃) ခုကြိုက်တာမေး။ ဘယ်မှာလည်း၊ ဘယ်တုံးကလည်း၊ ဘာလုပ်နေတာလည်း။ နောက် မှန်းဆချက် (၃) ခု။ သစ်တွေခုတ်နေတယ်။ ခိုးထုတ်နေတယ်။ သစ်တောပြုန်းတီးမယ်။

စတိုရီဖတ်မယ်။ နှေးနှေးဖတ်ပြမယ်။ မှန်မှန်ဖတ်ပြမယ်။ မသိတဲ့ စာလုံး (၅) လုံးမှတ်ထားစေမယ်။ ဖြေပေးတယ်။ နောက် ရှေ့မှာ မဖတ်ခင်က ကိုယ်မေးတာတွေကို ဖတ်ပြီးသိလာတဲ့အကြောင်းအချက်အရ ကိုယ်တိုင် ပြန်ဖြေမယ်။ နောက်ဆုံး စတိုရီကို ဆမ်မာရီရေးစေတယ်။

အင်္ဂလိပ်သဒ္ဒါသင်နည်းကတော့ မြန်မာပြည်နဲ့ အတော်မတူပါ။ ဝါစင်္ဂရှစ်ပါး၊ အက်တစ်-ပက်ဆစ်၊ ဒါရိုက်-အင်ဒါရိုက်၊ အနည်း-အများ၊ မေးခွန်းလုပ်နည်းဆိုပြီး ကဏ္ဍခွဲမသင်ပါ။ သဒ္ဒါ၊ အဖတ်၊ အပြော၊ အရေးကိုသင်နေရင်း သိစေတယ်။ တချို့ရက်တွေမှာ လက်ပ်တော့တလုံးစီပေးပြီး ဗီဒီယိုဖိုင်ထဲကပြောတာတွေကို သင်တယ်။ မြန်မာကျောင်းသားတွေ တဖြည်းဖြည်းနဲ့ တိုးတက်တတ်မြောက်လာကြတယ်။

ဒီစာရေးခဲ့စဉ်က ကျောင်းဆရာက တယောက်။ နောက်ထပ် ၂ ယောက်ပြောင်းသွားပြီ။ စာသင်နည်းက မတူကြပါ။ ဒီနှစ် နောက်တယောက် နက်ဖြန်ကစသင်လိမ့်မယ်။ တူမှာမဟုတ်။ အဆင်သင့်တော့ ရေးဦးမယ်။

အိန္ဒိယမှာကတည်းက ခင်မင်ရင်းနှီးတဲ့ ဆရာတော်တပါး တမြန်နှစ်က ကြွလာတယ်။ ဆရာတော်က ပြည်တွင်းမှာ ကလေးတွေကို အင်္ဂလိပ်စာလည်းသင်ပေးနေလို့ ယူအက်စ်အေမှာ ESL ခေါ် အင်္ဂလိပ်စာကို ဒုတိယဘာသာအဖြစ်သင်တဲ့ ကျောင်းတွေမှာ အသုံးပြုတဲ့စာအုပ်လေးနှစ်အုပ်ကို လှူလိုက်ပါတယ်။ စိတ်ထဲကနေ တောင်းတဲ့ဆုကတော့ မြန်မာပြည်သားတွေ စာတတ်တွေ ဖြစ်ကြပါစေ။

ESL = English as a second language
English လူသစ်များသို့ပေးစာ (၃) https://doctortintswe.blogspot.com/2015/12/english.html

ကနေ့ညနေ ကျောင်းအပြင်ဘက်ကပုံ

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၈

ညီမလေးရယ် စိုးရိမ်မိတယ်

$
0
0
(ကန်တော့)

မိန်းကလေးဖြစ်သူက အခု ၁၉.၁၁.၁၉ ထိ ရာသီမလာသေးလို့ စိုးရိန်မိတာပါဆရာ။

စိုးရိမ်လို့ ရေးရ။

ရိမ်
စိုးစံသည်
စိုးစဉ်းမျှမရှိ
စိုးမြန်းသည်
စိုးရွံ့သည်
စိုးရိမ်သည်
စိုးအုပ်သည်
မစိုးရိမ်ကျောင်း
မရိမ္မအရပ် (ပရိမ္မ)
ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)

ရိန်
စရွံပုသိန်၊ လှူခန့်ချိန်လျက်၊ ပရိန်မြို့ထက်
စန္ဒာသီရန်
တသီရန် (တစ်သီရိန် မဟုတ်)
တာရိန်
နာရရိန်
ပရိန်မြို့
အရိန္ဒမာလှံစကြာ
အသူရိန်နတ်
နေသူရန်
မောင်သူရိန်

မြန်မာစာကို သတ်ပုံဂရုမထားပဲ ရေးသေားနေကြတာကို စိုးရိမ်မိတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

မြသီလာ နံ့သာတောမှာ

$
0
0
သူငယ်ချင်းက တင်ထားတာ။

မြသီလာ နံ့သာတောမှာ
မမေ့နိုင်စရာ အဖြစ်ဟောင်းတွေ ရှိခဲ့လေတာ
မလှ တွေးစကား တိမ်လှိုင်းဂယက်ပမာ
ဘဝလေးများ ချိန်နှိုင်းစက်စရာ
အမျက်မုန်း ရှသမျှ တမင်ဝေး သွေခွာ
တသက်လုံး တသသ ရင်ဆွေး မပြေပါ
ပျောက်ဆုံးသွားတဲ့ ကန့်ကော်ပွင့်လေး ဘယ်ဆီဘယ်မှာ

မြသီလာသို့  အလွမ်းပြေ
တေးရေး - တက္ကသိုလ်မောင်တင့်နွယ်
တေးဆို - ကိုမြသိန်း

https://my.pcloud.com/publink/show?code=XZ6IYYkZAF0AfWv9BWpYfSnUiBHGN0D0TezV
https://youtu.be/tndNxckBgrk

သူငယ်ချင်းရေ တေးဂီတမှာရော ရသနဲ့သုတစာတွေမှာပါ မြန်မာစာကို မှန်ကန်အောင်ရေးခဲ့ကြတဲ့ခေတ်ကို  တသက်လုံး တသသ ရင်ဆွေး မပြေပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉


စစ်ပွဲတရာ နွှဲလိုက်ချင်ရဲ့

$
0
0
အပြင်ထွက်တော့ မဲမပေးချင်ဘူး ဟူး ဟူးကွယ်

တပ်မတော်သားများ သတ်ပုံမှန်ကြသည်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ

$
0
0
ငါးစင်ရိုင်းကို ငါးစဉ်ရိုင်းဆီပြန်လို့ သတ်ပုံမှားရေးထာတာတွေလို့။ ကျွန်တော်လည်း စာရေးတာ စာရိုက်တာ မကြာခဏ ပြင်ရတယ်။ ပြင်လိုက်ရင် မှန်ရော။

မြန်မာ့စွယ်စုံကျမ်းမှာ ငါးကြောင်းရေးထားတယ်။ သတ်ပုံတွေကိုပါ လေ့လာကြစေလိုပါတယ်။
တခါတည်းပင်
တကောင်နှင့် တကောင်
ပါးဟက်တခုနှင့် တခုအကြား
တမျိုးနှင့်တမျိုးမှာ

ဇွဲသီချင်း
ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည်
ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

လုံ့ဝီရိယဇွဲကို မြဲအောင်ပဲအတည် အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည်

ဗမာပြီပြီ စွမ်းဆောင်ကြဘို့တလီ ယောက်ျားအာဇာနည် ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့အတည် အထက်ပါစကားသည် မြွက်ကာကြားသည် ကြံကာစည် အဖန်ဖန်ကြားလို့ ပန်ကြားရပြန်သည်

ပင်လယ်ပြင် ကူးခပ်သည် တကယ်ပင် ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော်ဇနက ပြုမူခဲ့သည် ယောက်ျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည် အဲဒီပမာထုံးကို အစဉ်သုံးဘို့ ကျွန်တော်နှိုးဆော်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

ဇွဲသီချင်း၊ ရေး မြကလောင်၊ ဆို ပြည်လှဖေ
https://www.youtube.com/watch?v=vytRoh8CSbA&feature=player_embedded

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၈
၁၉-၁၁-၂၀၁၉

ဤလော ကျွဲလော

$
0
0
အများညီနေကြပါပြီဆရာ

ဒီလိုမှတ်ချက်မျိုး မကြာမကြာရပါတယ်။ ကျေးဇူး။ ကွန်မင့်ပေးသူက အများညီ ဤ ကျွဲဖတ်စကားပုံကို ပြောတာပါ။

တမှန်သမျှ တစ်ကြတယ်။ စကားပုံက ကြာပြီ။ ရိုးသွားပြီ။ အခုခေတ်နဲ့လိုက်အောင် ပြင်ချင်တယ်။

အများလွဲ ကျွဲ ဤဖတ်

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

တတန်းမှ မအောင်

$
0
0
မြန်မာစာမှာ အရင်ကမရှိခဲ့ဖူးတဲ့ ဖေါ်မြူနည်းနဲ့ သင်ကြတယ်။ ရေတွက်လိုရရင် တစ်ပါတဲ့။ အဲတာ နေရာတိုင်းမှာတော့ မမှန်ကြောင်း သက်သေနမူနာတွေ အများကြီးပေးထားတယ်။ ပဲ နဲ့ ဘဲလည်း သက်သေးတွေတင်ပြထားပါတယ်။

တတန်းမှ မအောင်တာနဲ့ တစ်တန်းမှ မအောင်တာ မတူပါ။ တစ်တန်းမှ မအောင်ဆိုတာ တစ်တန်း ခေါ် ပဌမတန်း ခေါ် ဂရိတ်ဝမ်းကို မအောင်တာ။ ကေဂျီ ခေါ် သူငယ်တန်းတော့ အောင်မယ်။ တတန်းမှ မအောင်ဆိုတာ ဘယ်တန်းမှ မအောင်တာ။

ကာတွန်းထဲပါ ယင်ကို အရင်ကရေးကြတာတွေရှိတယ်။ အခုမရေးကြတော့ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

ဖစ်

$
0
0

(ကန်တော့)

အသက် ၂၂ ကျား ဖစ်တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်နေလို့ပါ

ဆီးပူနာဆိုတာ ဘာလဲ။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေ ဘယ်လောက်ကြာ မသိ။ ဖြစ်လို့ ရေးရတယ်။

ဖစ်
ဖစ်လမ်း
ဖစ်သခင်
ဖစ်ရှားလမ်း
ဝါဖစ်လေး
ဦးဖစ်
ဒေါ်ဖစ်
မောင်ဖစ်
မဖစ်

ဒေါက်တာတင့်ဆွေ

Two Pence နှစ်ပဲနိ

$
0
0
အရင်က ၅ ပြား ၁၀ ပြား၊ တကျပ်တပြားလို့ သုံးခဲ့ကြတယ်။ ဗြိတိသျှတွေက Two Pence နှစ်ပဲနိလို့သုံးတယ်။ တန်ဖိုးအနည်းဆုံးတွေ။

ကျွန်တော်မေးခွန်းတွေ ဖြေနေတာလည်း ၂ ပဲနိတန် ညောင်စေ့လေးဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ပံသုကူစွန့်သလို နေ့စဉ်လှူပါတယ်။ ပံသုကူပစ္စည်းကို ဘယ်သူဘယ်ဝါအတွက် မရည်ရွယ်။ ကြိုက်တဲ့သူယူ။ ကိုက်တဲ့သူယူ။ ထိုက်တဲ့သူယူ။ မယူဘဲ ဆုတ်ဖြဲသွားလည်းရတယ်။

ကနေ့ကစားတဲ့ ATP Finals တင်းနစ်ပြိုင်ပွဲကြီး နောက်ဆုံးဗိုလ်ပွဲမှာ Stefanos Tsitsipas က Dominic Thiem ကို အနိုင်ရသွားပါတယ်။ ဆုကြေးက ပေါင် ၂ သန်းတဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၉

စိုင်းထီးဆိုင် နှင့် မစ္စတာပရက်စလေ

$
0
0
လူငယ်ခြေကျသီချင်းကို တင်ထားတာတခုတွေ့တယ်။ ကျေးဇူး။

တချိန်က ကျောင်းပညာရေးနှင့်ပတ်သက်ပြီး သရော်ထားတဲ့ သီချင်းလေးပါ။ ထိုအချိန်က ဒီသချင်းလေးကို ဖြန့်ဝေခွင့် မရခဲ့ပါဘူး။ ဒီသီချင်းလေးကို တေးရေးဆရာကြီး ဦးစိုင်းခမ်းလိတ်ကရေးသားထားပြီး အဆိုတော်ကြီး ဦးစိုင်းထီးစိုင်က သီဆိုထားခဲ့တာပါ တဲ့။

ဒီနေရာမှာက စာရေးတာရော သီချင်းစာတန်းထိုးသတ်ပုံတွေပါ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကြွားစရာ ဂုဏ်ယူစရာ ပုံတချပ်ပဲလေ

ဒါပေမဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေရဲ့ အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ မောင် ကို ဦး ဒေါ် ဒေါက်တာ ဘဘ အမေ စသည် မထည့်အပ်ပါ။ လူကိုယ်တိုင်တွေ့လို့ လေးစားမှုနဲ့ခေါ်ရင်သာ သင့်သလို ထည့်ရပါတယ်။

လူငယ်ခြေကျ https://chartake.com/archives/2937?unapproved=7&moderation-hash=27542f20e168b31dd4d735b54c774d48#comment-7

တခြားသူတွေတင်ထားတာမှာ ပေါ်လစီသတ်ပုံတွေနဲ့။ မလုပ်ကောင်းပါ။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်တာ ဖြစ်တယ်။ Intellectual property rights ခေါ်တယ်။ မြန်မာပြည်မှာ မသုံးနိုင်သလောက် အားနည်းလွန်းသေးတယ်။ အနုပညာရှင်တွေ စာပေပညာရှင်တွေကို လေးစားရင် ကိုယ်တိုင်က လိုက်နာသင့်ကြပါတယ်။

သူများတွေဆီမှာ ပရက်စလေကို လေးစားလို့ မစ္စတာပရက်စလေလို့ ဘယ်သူကမှ မခေါ်ပါ၊ မရေးသားပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၉


တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏

$
0
0






တခါက
တခါတုန်းက
တခါက တဘဝ
တခေတ် တခါက
တခါက မွေးဌာနီ
တခါက မကြေးစည်

တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂၀၁၉

Viewing all 656 articles
Browse latest View live