Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

ရေနွေးညသိပ် မြွေအဆိပ်တဲ့

$
0
0
မမှန်တာ မဟုတ်တာ အတုဆိုရင် အတော်မေးကြတယ်။ ကြိမ်ဖန်များစွာမေးကြတယ်။

၁။ မင်္ဂလာပါဆရာ ညသိပ်ရေနွေးကြမ်းဟာ ပြင်းထန်တဲ့အဆိပ်ဖြစ်လို့ ညကျန်သောရေနွေးကြမ်းကို မသောက်သင့်ဘူးဆိုတာ ဟုတ်ပါသလား ဆရာခင်မျ ရိုသေစွာဖြင့် ဂါရဝပြုပါ၏။

၂။ ဆရာရှင် မသိလို့  မေးပါရစေ။ တခါက စာထဲမှာ ဘတ်မိဘူးတယ်။ မည်သူ့အဆိုလဲတော့ မမှတ်မိတော့ပါ။ ညက လက်ဖက်ရေကြမ်းကို မသောက်သင့်ဘူးတဲ့။ မြွေဆိပ်လောက် အဆိပ်ရှိတယ်လို့တင်စား ဆိုမိန့်ထားတယ်။ နောက်ပြီး ညက ဓါတ်ဗူးထဲက ရေနွေးကိုလည်း မသုံးတင့်တော့ဘူးလဲ။ ကြးသိရတယ် အဲဒါဟုတ်ရဲ့လား။ ကျွန်မက ရေနွေးကြမ်း အမြဲသောက်တဲ့သူတယောက်ဖြစ်လို့ မှန် မမှန် သိချင်ပါတယ်။ ကျေးဇူး အထူးတင်။

၃။ ညသိပ်ရေနွေးကြမ်းသောက်ရင် အဆိပ်သောက်နေသလိုပဲတဲ့ ဖက်ဖူးတာပါ။

၎။ လက်ဖက်ရေကြမ်းက ၆ နာရီကျော်ကြာရင်အဆိပ်ဖြစ်တယ်လို့သတင်းစာမှာ ဖတ်ဖူးတယ်ဆရာ။ ညသိပ်ရေနွေးကို မသောက်သင့်ဘူးလို့ပြောပါတယ်ဆရာ။ ဟုတ်ပါသလားဆရာ။

၅။ ညသိပ်ရေနွေးအဆိပ်ပြင်းသည်လို့ ကြားဘူးပါသည်ဆရာ။

အဲလိုသာဆို ကျွန်တော့်ကိုယ်ထဲမှာ အဆိပ်တပီပါ (တပေပါ) လောက် ရှိနေလောက်ပြီ။ ပီပါဆိုတာ ဟင်ဒီစကားဖြစ်တယ်။ ပီပါ ကိုင်းတပ်သောက်လို့ ပြောကြတယ်။

ညသိပ်ရေးနွေး ဆေးသုတေသန မတွေ့သေးပါ။ ကျွန်တော့်ကိုသာကြည့်ပါ။ အိန္ဒိယကမထွက်ခင် တကိုယ်လုံး ဆေးစစ်ရတယ်။ ယူအက်စ်ရောက်တော့လည်း ခြေစခေါင်းဆုံးဆေးစစ်တယ်။ အဆိပ်ဆိုတာ ခုထိတော့ မတွေ့သေးပါ။

ကျွန်တော်တို့လူမျိုးတွေက မပျောက်နိုင်တာတွေကို ၉၆ ပါးပျောက်သတဲ့။ ဘာမှ မဖြစ်နိုင်တာကို အဆိပ်တဲ့။

မနက်ထတော့ ညကကျန်သေးတဲ့ရေနွေးကြမ်းကိုသောက်ပါတယ်။ ကုန်တော့ အသစ်ခပ်တယ်။ တနေ့ ၃ လီတာ နီးပါးကုန်တယ်။ အဲတာနေ့တိုင်းပါ။ ဆေးထပ်စစ်ရမလားမသိ။

မမှန်တာ မဟုတ်တာ အတုဆိုရင် အတော်မေးကြတယ်။ ကြိမ်ဖန်များစွာမေးကြတယ်။ ထပ်မေးကြဦးမှာသေချာတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၆-၂ဝ၁၇
၃ဝ-၇-၂ဝ၁၈

Water Questions ရေနွေးကြမ်း ဘလာ ဘလာ ဘလာ

ရေနွေးညသိပ် မြွေအဆိပ်တဲ့ အောက်မှာ ကွန်မင့်တွေ အမျိုးမျိုးရေးလာကြတယ်။

ဆူပြီးသားရေနွေး ပြန်ကြိုတာနှင့် ရေသန့်ကိုကြိုတာ မကောင်းဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ
ဘယ်သုတေသနကို ကိုးကားထားပါလဲ။
အိုဇုန်းလွှာကိုဖြတ်ထားပြီးသားရေသန့်ကို ရေနွေးပြန်မကြိုရဘူးလို့ ဖတ်ဘူးလို့ပါဆရာ။
ကမ္ဘာဂြိုဟ်ပေါ်မှာ အိုဇုန်းနဲ့ လွတ်တာ မရှိပါ။ ရေသန့်ဆိုတာ အဲတာကိုပြောတာမဟုတ်။
မကောင်းဘူးလေ အရသာလေ အရသာပဲ မကောင်းတာ
ရေနွေးကြမ်းအရသာဆိုတာ လက်ဖက်ခြောက်အမျိုးအစားနဲ့ ရေအပေါ်မူတည်တယ်။ မသန့်လို့ပြောနိုင်တဲ့ မြစ်ရေဟာ ရေနွေးတည်သောက်ရင် အရသာကောင်းတယ်။ မိုးရေလည်းကောင်းတယ်။
တိုင်းရင်းဆေးဆရာများသာသိနိုင်ပါတယ် ရေအမျိုးမျိုးမှာဂုဏ်သတ္တိတွေရှိပါတယ်
တိုင်းရင်းဆေးဆရာမဟုတ်တဲ့ ဆရာဝန်တွေက သောက်ရေသုံးရေအကြောင်း လူတွေအတွက် ကောင်းမကောင်းသိကြတယ်။ ရေအမျိုးမျိုးအကြောင်း အများကြီးရေးထားတယ်။
အစာအိမ်ထဲမှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။
ကျွန်တော်တော့ ရေနွေးကြမ်းသောက်တာ နှစ်မနည်းတော့ပါ။ ရေနွေးကြမ်းသောက်ပြီးအန်တာ မဖြစ်ဖူးသေးပါ။
ဓါတ်ဘူးထဲမှာ သုတ်လိမ်းထားတဲ့ ပြဒါးတွေဟာ ကြာရင် ပျက်ပြီး ကွက်မည်းလာတာ တွေ့ရပါတယ်။
ဓါတ်ဗူးဆိုတာ တခြားအရာတွေလိုပဲ အိုမင်းပျက်စီးခြင်းရှိတယ်။ အသုံးများခြင်းကြောင့် ပြဒါးသာမက အရာရာ ပျက်လာကြတယ်။ ပြဒါးဆိပ်သင့်ခြင်းစာ ရေးထားတယ်။ အဲတာက ရေနွေးကြမ်းနဲ့မဆိုင်ပါ။

ပြဒါးဆိပ်သင့်သူတွေမှာ အာရုံခံမှုအားနည်းလာမယ်။ အမြင်-အကြားနဲ့ စကားပြောတာတွေဖြစ်တယ်။ ထိန်းညှိပြီး လုပ်ရတာတွေမှာလည်း အားနည်းလာမယ်။ ထုံကျင်တာ၊ ယားယံတာ၊ ပူလောင်တာ၊ နာတာ၊ အင်းဆက်ကောင် ကိုက်ခံရသလိုနေတာတွေဖြစ်မယ်။ အရေပြားအရောင်ပြောင်းမယ်။ ပါးတွေ၊ လက်ထိပ်-ခြေထိပ်တွေ ပန်းရောင်သန်းလာမယ်။ ရောင်နေမယ်။ တံတွေးများမယ်။ ချွေးများမယ်။ သွေးတက်မယ်။ နှလုံးခုန်မြန်မယ်။ ကလေးတွေမှာဖြစ်ရင် ကျောက်ကပ်ထိခိုက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်လှုတ်ရှားမှုထိခိုက်မယ်။

1.A glass of water ရေတစ်ဖန်ခွက်ဟာ http://doctortintswe.blogspot.com/2015/04/a-glass-of-water.html
2.Alkaline water အယ်လ်ကာလိုင်းရေ http://doctortintswe.blogspot.com/2015/05/alkaline-water.html
3.Aquatabs water purification tablets ရေသန့်ဆေးပြား http://doctortintswe.blogspot.com/2016/08/aquatabs-water-purification-tablets.html
4.Chindwin River and Mercury ချင်းတွင်းမြစ်ရေ ပြဒါးပါဝင်မှုများနေ https://doctortintswe.blogspot.com/2015/10/chindwin-river-and-mercury.html
5.Detox Water လူကြီးမင်းကိုယ်ထဲမှာ အဆိပ်တွေရှိနေသတဲ့ http://doctortintswe.blogspot.com/2016/05/detox-water.html
6.Drinking water ရေကုသိုလ် http://doctortintswe.blogspot.com/2015/05/water-please.html
7.Earth Day and Water Day ကမ္ဘာ့မြေ ကမ္ဘာ့ရေ မြန်မာ့မြေ မြန်မာ့ရေ http://doctortintswe.blogspot.com/2016/04/earth-day-and-water-day.html
8.Emergency Disinfection of Drinking Water အရေးပေါ်ရေသန့်နည်း http://doctortintswe.blogspot.com/2015/08/emergency-disinfection-of-drinking-water.html
9.How much water ရေဘယ်လောက်သောက်ရမလဲ http://doctortintswe.blogspot.com/2017/02/how-much-water.html
10.Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
11.Pollution in Yangon, Myanmar မြန်မာနိုင်ငံ၊ ရန်ကုန် ညစ်ညမ်းမှု http://doctortintswe.blogspot.com/2015/04/pollution-in-yangon-myanmar.html
12.Rainwater မိုးချမ်းတပေါက် https://doctortintswe.blogspot.com/2015/05/rainwater.htmlဒေါက်တာတင့်ဆွေ
13.The Rainwater မိုးရေ https://doctortintswe.blogspot.com/2016/05/the-rainwater.html
14.Water and Energy 2014 ရေနှင့်စွမ်းအင် ၂ဝ၁၄ http://doctortintswe.blogspot.com/2015/04/water-and-energy-2014.html
15.Water and pH ရေသန့်ဆိုတာ https://doctortintswe.blogspot.com/2017/09/water-and-ph.html
16.Water breaks ရေသောက်ချိန် http://doctortintswe.blogspot.com/2015/07/water-breaks.html
17.Water cooler ဝါတာကူလာ http://doctortintswe.blogspot.com/2016/05/water-cooler.html
18.Water for babies ကလေးနဲ့ရေ http://doctortintswe.blogspot.com/2016/03/water-for-babies.html
19.Water Please ရေလှူကြပါဗျာ http://doctortintswe.blogspot.com/2015/05/water-please.html
20.Water poisoning ရေအဆိပ်သင့်ခြင်း http://doctortintswe.blogspot.com/2014/11/ter-poisoning.html
21.Water requirements ရေဘယ်လောက်သောက်ရမလဲ http://doctortintswe.blogspot.com/2015/04/water-requirements.html
22.Water, water everywhere and not a drop to drink စေတနာတစက် http://doctortintswe.blogspot.com/2016/08/water-water-everywhere-and-not-drop-to.html
23.Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ http://doctortintswe.blogspot.com/2014/11/waterborne-diseases.html
24.World Water Day ကမ္ဘာ့ရေနေ့ http://doctortintswe.blogspot.com/2016/03/world-water-day.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

လူမတူ လျှာမတူ

မနေ့က နိုင်ငံရေးအမြင်မတူကြတာလေး ရေးခဲ့တယ်။ ဒီတခါ လျှာ။

ကွန်မင့်တခုက ဟုတ်တယ်ဆရာ ရေသန့်နဲ့က ဘယ်လိုမှ သောက်မကောင်းပါ အဲ့ဒါပြောတာတဲ့။

ကျွန်တော်က ဒီနိုင်ငံရောက်တာ ၄ နှစ်ရှိပြီ။ ပိုက်ကရေကို ထမင်းစားပြီး တခွက်သောက်တယ်။ ကျန်တဲ့အချိန်တွေ ရေနွေးကြမ်းကို ရေသန့်နဲ့သာတည်တယ်။ တနေ့ ၃ လီတာနီးပါးကုန်တယ်။

လူမတူ အမြင် မတူ။ လျှာမတူ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

ရေနှမြောလို့

ရေနွေး ရေးရတာ တော်လောက်ပြီထင်တယ်။ တချို့ကွန်မင့်တွေက ပြန်ပြောရမှာ အားနာနေရတယ်။

စာရေးဆရာတယောက်ရေးတာတဲ့။ ဆရာတော်တပါးရေးတာတဲ့။

လူဦးရေ သန်း ၅ဝ ကျော်ထဲက တယောက်ပြောရင် မှန်ရောလား။

ညသိပ်ဆိုတာဘာလဲ မေးရဦးမယ်။

မအိပ်မီနဲ့ အိပ်ရာထတာ ဘယ်လောက်ကြာသလဲ။ ကျွန်တော်ဆို တခါတလေ ည ၂ နာရီလောက်မှသာ အိပ်ပြီး၊ မနက် ၈ နာရီ၊ ၉ နာရီ၊ ၁ဝ နာရီလောက်ထတယ်။ တအိမ်တည်းနေသူတွေ အိပ်ချိန် ထချိန် မတူကြပါ။ လူကြီးမင်းကိုတော့ မသိ။

ဓါတ်ဗူးထဲကရေနွေး မအေးသေးရင် သောက်လို့ရပါသလားတဲ့။

ဓါတ်ဗူးက အစကတည်း မသန့်တာ မဟုတ်ရင်၊ သောက်မဲ့သူက အဲဒီလောက်အပူခံနိုင်ရင်၊ ဆရာဝန်က ရေမသောက်နဲ့လို့ တားခံထားရသူမဟုတ်ရင့့်

တော်လောက်ပြီထင်တယ်။ တကယ်နေမကောင်းလို့မေးတာတွေ ဖြေရဦးမယ်။ အရေးပါတယ်ထင်တာလေးတွေ ရေးရဦးမယ်။ ရေနွေးကြမ်း ဒုတိယဓါတ်ဗူးကုန်ပြီ။ တတိယကိုတော့ ကနေ့ည မကုန်လောက်။ နောက်နေ့မနက် ဆက်သောက်မယ်။ ရေနှမြောလို့။ ကျွန်တော်က စာအုပ်ဟောင်းတွေ၊ ယဉ်ကျေးမှုဟောင်းတွေလည်း တန်ဖိုးထားတယ်။ သိုးတယ်မရှိ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈


နားမလည်တဲ့ သတ်ပုံတွေ

$
0
0
၁။ ဖျာတွေဆုတ်ကုန်ပါ့မယ်

ဖျာဆုတ်မှာ အဓိပ္ပါယ်မရှိပါ။ နောက်ဆုတ်၊ ဆုတ်ယုတ်၊ စုတ်ပြတ်၊ စုပ်ပြဲ နဲ့ ဆုပ်ကိုင် တခုခုဖြစ်ပါမယ်။

၂။ တလကိုတခါထဲးစုပေါင်းပြီသောက်ရဒယ်

ထဲမှာ (း) မလိုပါ။ တခါတည်းက ပိုမှန်တယ်။ သောက်ရတယ်လို့သာရေးသင့်ပါတယ်။ ဒယ်ကို ဒယ်အိုး တမျိုးတည်းသာ သုံးတယ်။

၃။ ကျွန်မက အသက်၂၇ နှစ်ပါ သားဦးကိုယ်ဝန်ပါ og နဲ့အပ်ထားပါတေ folic acid, Omega3 သောက်နေပါတေ့

တေလို့ မသုံးရပါ။ အပ်ထားပါတယ်၊ သောက်နေပါတယ်၊ ပြန်ကောင်းသွားတယ်၊ သွားပြပါတယ်၊ ရှိတယ်ပြောပါတယ်၊ ရှိတယ်၊ သက်သာပါတယ်၊ ယားပါတယ်၊ လိမ်းပါတယ်၊ စိုးရိမ်ပါတယ်၊ စိတ်ညစ်ပါတယ်လို့ ရေးရမယ်။

တယ်လို့ရေးပြီး၊ ဖတ်တော့ ဒယ်လို့ဖတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၄

ရှစ်လေးလုံး နဲ့ ကျွန်တော်

$
0
0
သဘိ-သဘိ မှောက်မှောက်၊ သဘိ-သဘိ မှောက်မှောက် ဆိုတဲ့သံပြိုင် ဟစ်ကြွေးသံတွေနဲ့အတူ ကျွန်တော်အိပ်ယာက နိုးလာခဲ့တာဟာ ၈-၈-၁၉၈၈ မနက်မှာဖြစ်ပါတယ်။ ကျွန်တော့်အကြီးဆုံးသားနဲ့အတူ ထားဝယ်သတ္တုတွင်း တည်းခိုရိပ်သာမှာ တည်းခိုနေကြရချိန်ဖြစ်ပါတယ်။ အစိုးရဆရာဝန် ဖြစ်ကတည်းက စစ်ကိုင်းတိုင်းထဲမှာသာ တောက်လျှောက် တာဝန်ကျနေရာကနေ ထားဝယ်မြို့နယ်၊ ဟိန်းဇဲသတ္တုတွင်းဆရာဝန်အဖြစ် ရွေ့ပြောင်းခံရလို့ တာဝန်ထမ်းနေခဲ့တာ တပါတ်တိတိသာရှိပါသေးတယ်။

သားအဖနှစ်ယောက် ထားဝယ်မြို့ထဲ လျှောက်ကြည့်ကြတယ်။ လူပေါင်းထောင်ချည်တဲ့ ဆန္ဒပြနေသူတွေထဲ ရောက်သွားလိုက်ကြ၊ ဘေးကနေလိုက်လိုက်ကြ။ ထားဝယ်စကားကိုနားမလည်ပေမဲ့ ဖြစ်နေတာတွေမှန်သမျှ ဘာသာပြန်စရာမလိုဘဲ သိပါတယ်။ တနေရာမှာတော့ အလှူခံလူငယ်တယောက်ရဲ့ ခွက်ဖလားထဲကို အကြီးဆုံး ပိုက်ဆံစက္ကူတရွက် ထည့်လှူလိုက်ပါတယ်။

ကျွန်တော့ ရှစ်လေးလုံးအတွေ့အကြုံဆိုတာ ဒီလောက်သာရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုတခုလုံးကိုတော့ ရှစ်လေးလုံးအဖြစ်သနစ်ကြီးကနေ မထင်မှတ်တာတွေ၊ မမျှော်မှန်းတာတွေဟာ တသက်တာအတွက် ဆက်တိုက် ဖြစ်လာစေဘို့ သန္ဓေပေးလိုက်ပါတော့တယ်။

တိုင်းပြည်အခြေအနေတွေက အကြီးအကျယ်ပြောင်းလဲလာနေပါပြီ။ မဆလ အစိုးရဘယ်လိုမှ လုပ်မရတော့ပါ။ ထားဝယ်လူထုကိုကြည့်ပြီး၊ အလုပ်ခွင်ရှိရာ ဟိန်းဇဲသတ္တုတွင်းကို ပြန်မသွားတော့ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ပိုင် ပစ္စည်းလေးတွေ ဒီအတိုင်းထားခဲ့တယ်။ အစိုးရအလုပ်ဆိုတာလည်း ကမ္မသကာ။ လစာ၊ ပြောင်းရွေ့ခရီးစရိတ်လည်း နောင်ခါလာ နောင်ခါဈေး။ ကိုယ်လိုပဲ ရှစ်လေးလုံးကနေ ဘဝတွေကို သွက်သွက်ခါ အပြောင်းခံရသူတွေ ထုနဲ့ဒေး ရှိခဲ့ပါတယ်။

ထားဝယ်ကနေ မိသားစုရှိရာ မုံရွာ-ပုလဲပြန်ဖို့ရာ ရန်ကုန်ကိုလေယာဉ်စီးပြီးမှ မီးရထားနဲ့ သွားရမယ်။ ထားဝယ်ကနေ လေယာဉ်မထွက်တော့ပါ။ လေဆိပ်ကို ၃-၄ ရက် သွားသွားစောင့်ကြရတယ်။ လေယာဉ်ကို လှမ်းမြင်နေရပေမဲ့ အောက်မဆင်းလို့ ပြန်လာရတယ်။ နောက်ဆုံးတော့ ထိုင်ခုံနှစ်နေရာရလို့ မြန်မာ့လေကြောင်းကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ မြို့ထဲသွားဘို့ တက်စီမရှိပြန်ပါ။ ဟိုမေးသည်မေး၊ နောက်ဆုံး ကားကြုံတစီးရပါတယ်။ အလွန်ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးမှာ ဘယ်သူဘယ်ဝါတွေကနေ ကိုယ့်ကိုကျေးဇူးပြုခဲ့သလဲလို့ မသိနိုင်တာ စိတ်မကောင်းပါ။ စစ်ထောက်လှမ်းရေးက လူမသိအောင်နှိပ်စက်သတ်ဖြတ်တဲ့အချိန်မှာ ရိုးစင်းတဲ့လူတွေကလဲ လူမသိအောင် အချင်ချင်းရိုင်းပင်း ကူညီခဲ့ကြတယ်။

တည်းခိုမဲ့ စမ်းချောင်းရောက်အောင် သစ်ပင်တွေ၊ အတားအဆီးတွေ အများကြီးကို ကျော်လွှားကြရတယ်။ တည်းမဲ့အိမ်က မိတ်ဆွေဖြစ်သူ ဗိုလ်မှူးတဦးအိမ်။ တခြားအဆင်ပြေတာက မရှိပါ။ ကျွန်တော်က မနက်နဲ့ ညနေတိုင်း အိမ်ရှေ့ဝရန်တာ ထွက်ပြီး နေရှင်နယ် ဓါတ်ခဲ ၂ လုံးသုံးရေဒီယိုကို လက်ကမချအောင် သတင်းနားထောင်တယ်။ BBC နဲ့ AIR က အဲဒီကာလမှာ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ရေဒီယိုနားထောင်တာမှန်ပေမဲ့ စစ်ဗိုလ်အိမ်မှာတည်းနေတာမို့ လမ်းပေါ်ကလူတွေက ထောက်လှမ်းရေးလား အထင်မှားကြတာကိုသိလာတော့မှ ဆင်ခြင်ရပါတော့တယ်။

ရန်ကုန်-မန္တလေးမီးရထားလည်းမပြေးပါ။ ၄-၅ ရက်စောင့်ရပြီးမှ ရတယ်။ နောက်ဆုံးမှာတော့ ၁၅ နှစ်တိတိတာဝန်ထမ်းခဲ့တဲ့ အစိုးရအလုပ်ကို တကယ့်ဖေါင်ဖျက်သလို နောက်ကြောင်းမကြည့်တော့ပဲ မိသားစုရှိရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ပြန်ရောက်ပါတော့တယ်။ ခေတ်ပျက်ကြီးထဲမှာ မိသားစုပြန်လည်ပေါင်းဆုံနိုင်တာပါ။ အဲလိုပြန်လည်ပေါင်းဆုံးမှုမျိုးတွေကို နောင်မှာ ထပ်ခါထပ်ခါကြုံရပြန်ပါတယ်။ အဲလိုဖေါင်ဖျက်ရတာ သည်တခါတည်းသာမဟုတ်တာကို နောက်မှသိရပါတယ်။

မြို့က သေးပေမဲ့ ပုလဲမှာလည်း ရှစ်လေးလုံးလှုပ်ရှားမှုတွေဖြစ်ပါတယ်။ လူဦးရေကနည်းတော့ ဘယ်သူဘယ်ဝါ မသိမရှိပါ။ အစိုးရဝန်ထမ်းတွေပါ လမ်းပေါ်ထွက်အော်တယ်။ ကျွန်တော်က အစိုးရအလုပ်က မထွက်ရသေး။ ဆန္ဒပြသူတွေအတွက် ကိုယ့်ဖါကိုယ် ကြက်ခြေနီအဖွဲ့လုပ်ပြီး ကူညီရပါတယ်။ နောက်တက်လာတဲ့ စစ်အစိုးရကနေ ကြက်ခြေနီအဖွဲ့ကို သူတို့ရဲ့ အရံအင်အားအဖြစ် အသုံးချခဲ့တာကို တွေ့မြင်ရတော့ အတော်စိတ်နာပါတယ်။

သားတွေကလည်း သူတို့နည်းသူတို့ဟန်တွေနဲ့ လုပ်ကြတာ။ မခိုင်းရပါ။ ကျွန်တော့်ကိုလည်း ဘယ်သူကမှ လာမခိုင်းပါ။ စစ်အစိုးရကနေဝါဒဖြန့်တဲ့ ရှစ်လေးလုံးဖြစ်အောင် နောက်ကနေသွေးထိုးသူဆိုတဲ့ ဗကပ ဆိုတာကို ကျွန်တော် တစွန်းတစမှ မသိသေးချိန်ကပါ။

၁၉၈၈ ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါပြီ။ NLD ဖွဲ့ပါပြီ။ ဆရာမောင်သော်က ပုလဲအထိရောက်လာပါတယ်။ ကျွန်တော် အစိုးရဆရာဝန်အလုပ်က မထွက်ရသေးလို့ သူ့စကားဝိုင်းမှာ မပါနိုင်ခဲ့ပါ။ ဒါပေမဲ့ ပုလဲမှာ NLD ဖွဲ့ဘို့လုပ်ကြတော့ ကျွန်တော့်အိမ်က လူမသိစေတဲ့ဌာနချုပ် ဖြစ်လာပါတယ်။ ၂ဝ၁၄ ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့မှာတော့ ကျွန်တော် ၂၄ နှစ်ကြာခိုအောင်းနေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွါရပါတယ်။

အစိုးရဝန်ထမ်းမှန်သမျှ အရင်က မဆလ ထဲမဝင်ရင် ရာထူးမတိုး၊ ပစားမပေးခဲ့ရာကနေ ရှစ်လေးလုံးတန်ခိုးနဲ့ နိုင်ငံရေး မလုပ်ရ ဖြစ်လာပါတယ်။ မဆလ ကံမကောင်းပေမဲ့ ကျွန်တော်ကံကောင်းပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် အစိုးရအလုပ်ကနေ ထွက်တဲ့။ အဲဒီခေတ်မှာက ဆရာဝန်အလုပ်ရဘို့ထက် ထွက်ဘို့က ပိုခက်ပါတယ်။ ရန်ကုန်ကိုဆင်းပြီး ကျန်းမာရေးဦးစီးညွှန်ချုပ်ရုံးသွား အလုပ်ထွက်စာတင်ပါတယ်။ တပါတ်သာကြမယ် ထင်ပါတယ်။ ထွက်ခွင့်ရပါတော့တယ်။ ဒီအတွက်တော့ ကျေးဇူးပါ စစ်အစိုးရခင်ဗျား။

ရှစ်လေးလုံးအရေးအခင်းကြီးကနေ NLD ကိုဖွဲ့စည်းစေဘို့ဖြစ်လာတယ်ဆိုတာအမှန်ပါ။ ရှစ်လေးလုံးအရေးအခင်းနဲ့ NLD မှာ ဆင်တူတာတွေရှိပါတယ်။ လူပေါင်းစုံပါတယ်။ ပညာအခြေခံအမျိုးမျိုး၊ ပရိယေသနအမျိုးမျိုး၊ အတွေးအမြင်အမျိုးမျိုး၊ လိုအင်ဆန္ဒအမျိုးမျိုးတွေ လာပြီးစုဝေးတဲ့နေရာအတူတူဖြစ်တယ်။ ၂၅ နှစ်အကြမှာအထိသံမှိုနှက်ထားသလိုဆက်ပြီး မြဲခိုင်နေသူတွေ ရှိသလို၊ ဘဝအမျိုးမျိုးကို ဖြတ်ကျော်ပြီးသကာလ ရောက်ရာကနေ ဆက်ပြီးသံယောဇဉ်ကြီးနေသူတွေ ရှိတယ်။ ဖါသိဖါသာသမားတွေလည်း မရှားပါ။ အချိန်ကာလဒဏ်၊ နိုင်ငံရေးဒဏ်တွေ ထုထောင်းခံရလို့ ကျေမွသွားသူတွေ၊ ပန်းပဲဖိုမှာ မီးထဲကဆယ်ပြီး ပေပေါ်မှာထုရိုက်ထားလို့ သံကောင်းကောင်းတွေ ဖြစ်လာသူတွေလဲ မနည်းပါ။ သေခွဲခွဲသွားကြရသူတွေ အများကြီးရှိတယ်။

NLD မှာ မျိုးဆက်သစ်တွေ မနည်းမနော ရှိလာပါပြီ။ ရှစ်လေးလုံးဆိုတာတော့ အသစ်မဖြစ်ပါ။ အဟောင်းသည်သာ သမိုင်းရေးသူတွေ ဖြစ်ကြတယ်။ သမိုင်းကောင်းအမွေ ဆက်လက်ပေးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၆
၃၁-၇-၂ဝ၁၈

Enforced Practice အလေ့အကျင့်ကို ရိုက်သွင်းခြင်း

$
0
0
လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ကြီးတဲ့သူကို အရိုအသေပေးတာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်ပါ ခြားနားနိုင်တယ်။ Saluting ဂါရဝပြုတာ၊ Greeting နှုတ်ဆက်တာ၊ Prostration ကန်တော့တာတွေက မတူကြပါ။ မြန်မာနိုင်ငံသားအများစု နားလည်ထားတာက ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါနဲ့ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။

ထိုင်းနိုင်ငံကလဲ ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနတိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားကျင့်နည်းတခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာမှောက်ချရတယ်။ တိဘက်လားမားတွေ မတ်တတ်ရပ်ရင်း လက်အုပ်ချီတာကတော့ အိန္ဒိယယဉ်ကျေးမှုအရလုပ်တဲ့သဘောဖြစ်တယ်။

လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင် ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန် လေးစားသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာ စခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှိတယ်။ ခရစ်ယန် Bible ဘိုင်ဘယ်မှာ လက်အုပ်ချီရမယ်လို့ မပါဘူးဆိုပြီး ထောက်ပြတာရှိတယ်။ God ဘုရားသခင်ကို အရိုအသေပေးနည်းတွေတော့ အမျိုးမျိုးကျင့်သုံးနေကြပါတယ်။

လက်အုပ်ချီတာကို ဘာသာရေးအရ၊ ယဉ်ကျေးမှုအပြင် အိန္ဒိယအဖြစ်အပျက်တခုအရ စည်းကမ်းဖြစ်နေပြန်တယ်။ ၂ဝ၁၃ အောက်တိုဘာလထဲမှာ ဘယ်ဘာသာမှမကိုးကွယ်သူ အင်္ဂလိပ်စာဆရာတဦးဟာ သူ့လစာတိုးတာကို အဖြတ်ခံရလို့ ကျောင်းကိုတရားမစွဲခင်မှာ လက်အုပ်ချီ နှုတ်ဆက်တာကို မလုပ်ဘဲဆန္ဒပြခဲ့တယ်။ ကျောင်းက စည်းကမ်းဖေါက်တာလို့ မြင်ခံရတယ်။ အိန္ဒိယမှာက အဲလိုလုပ်တာကို Namaste နာမာစတေးလုပ်တယ်လို့ခေါ်တယ်။ Namaskar နာမာစကားလို့လဲ မူကွဲရှိတယ်။ Greeting နှုတ်ဆက်နည်းတခုပါ။ nama = bow နဲ့ te = you ဆိုတဲ့ Sanskrit ဆန်းစ်ခရစ်၊ သက္ကတစကားလုံး ၂ ခု ပေါင်းထားတာ ဖြစ်တယ်။

လက်ဝါးဖြန့်ထာ၊ ပူးကပ်ထာတဲ့လက်က နှလုံးနေရာမှာ ကပ်ထားရတယ်။ I am glad to meet you and I am saying this from heart သင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုပြောတာက ကျွန်ုပ်ရဲ့နှလုံးကနေပါလို့ ဆိုလိုတယ်။ လူကြီးသူမကို အရိုအသေပေးရာမှာလဲ သုံးတယ်။ Humility ရဲ့ သင်္ကေတလို့လဲ ဆိုပါတယ်။ လူသားဆန်တယ်။ ရိုသေသမှုနဲ့ဆိုရင် ကြီးတဲ့သူရဲ့ ခြေထောက်ကိုလာထိရတယ်။ ဒါကြောင့် ဒီလိုလုပ်နည်းဟာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းကမ်းတွေအရ မူကွဲကြတယ်။

မြန်မာပြည်မှာ လူလူချင်းမတ်တတ်ရပ်ရာကနေ လက်အုပ်ချီရတာကို ယဉ်ကျေးမှုလို့ပြောရင် မမှန်ပါ။ ဓလေ့ထုံးစံလဲ အရင်ကမရှိခဲ့ပါ။ ဘာသာရေးအရဆိုလဲ ထိခြင်းတွေကင်းလွတ်နေတယ်။ စစ်အစိုးရတက်တော့မှ လုပ်လာတာဖြစ်တယ်။ တိတိကျကျပြောရရင် အတင်းရိုက်သွင်းပေးထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သောစနစ်တခုသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

ဗူးပင် နဲ့ ဘူးပင်

$
0
0
နဝတ စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေမှာ ဘူးပင်လို့သာ တွေ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။

ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။

ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ။ ရေဘူးပေါက်တာ မလိုချင်ဘူးဆိုတာ ဘူးနှစ်လုံးဆောင်။

ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။

နမူနာလေး (၂) ခုပေးပါရစေ။

၁။ ဆေးလိပ်လက်ဆောင် (မယ်ခွေ)

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့် လိပ်ဆေး။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

၂။ ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား)

ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ဒေါက်တာတင့်ဆွေ

Corneal Injury မျက်ကြည်လွှာ ထိခိုက်ခြင်း

$
0
0
အသက်က ၆ နှစ် ၅ လ ယောက်ျားလေးပါ။ လွန်ခဲ့တဲ့ ၃ နာရီလောက်က ကလေးအချင်းချင်း ကစားရာမှ မျက်လုံးကို လက်နဲ့ ကုတ်ခံလိုက်ရလို့ မျက်စိဆေးရုံ အရေးပေါ်ကို သွားပြရပါတယ်။ ဆရာဝန်က မျက်ကြည်လွှာပြဲသွားကြောင်း ပြောပါတယ်။ တနေ့ ၄ ကြိမ် Optimox (Moxifloxacin Sterile Eye Drops 0.5% w/v) မျက်စဉ်းခတ်ခိုင်းပါတယ်။ ၃ ရက် ၄ ရက်နေရင် သူ့ဘာသာ ပြန်ကောင်းမယ် ပြောပါတယ်။ မျက်လုံးဆိုတော့ အရမ်းစိုးရိမ်ပါတယ်ဆရာ။ ဘယ်လိုကုသ ပြုလုပ်သင့်တယ်ဆိုတာ သိချင်ပါတယ်။ ဆေးဗူးပုံပါ ပို့လိုက်ပါတယ်။ ဆရာ ကျန်းမာချမ်းသာပါစေ။

ဆောရီး။ မျက်ကြည်လွှာ ခေါ် အနက်ရောင်အဝိုင်းကို ဖုံးထားတဲ့အလွှာပါးလေးက အရေးကြီးတယ်။ သူကနေသာ အလင်းရောင် (ပုံရိပ်) ဖြတ်ဝင်တယ်။ ပိုးသေမျက်စဉ်းတွေနဲ့ ပိုးမဝင်အောင်၊ ဝင်ထားရင် သေအောင် လုပ်ပေးမယ်။ အနာပျောက်ဖြစ်စဉ်ကနေ အမာရွတ်ဖြစ်တယ်။ အဲတာက မပျောက်နိုင်တာလည်းဖြစ်တတ်တယ်။ ပါးယုံသာပါးလာတယ်။ အပြင်တိမ်လို့ခေါ်တယ်။ သူငယ်အိမ်လို့ခေါ်တဲ့ အလယ်တည့်တည့် နောက်ဖက်က အနက်ပေါက်လေးကို ဖုံးပိတ်မနေရင် အမြင်ကို မထိခိုက်စေပါ။

Corneal abrasion မျက်ကြည်လွှာစုတ်ပြဲခြင်း အများဆုံးဖြစ်တယ်။ သတိထားရမယ်။ မျက်ကြည်လွှာထိခိုက်မိစေနိုင်တာ အမျိုးမျိုးရှိတယ်။ ဖုံ၊ သဲ၊ အမှုံအမွှားဝင်တာ၊ ဆေးကစားတာ၊ အားကစားလုပ်တာ၊ အပူရည်လောင်တာ၊ မျက်ခမ်းစပ်ရောဂါ။

Cornea မျက်ကြည်လွှာထိသွားရင် Atropine sulphate ointment မျက်စဉ်းခပ်ပါ။ သူငယ်အိမ်ကျယ်စေတဲ့ဆေးဖြစ်တယ်။ နောက်ပြီး -
- Ceftriaxone 75–100 mg/kg/day IV or IM, QID ဒါမှမဟုတ်
- Cefotaxime 100–150 mg/kg/day IV or IM, 12 hourly ဒါမှမဟုတ်
- Ciprofloxacin 10–20 mg/kg/day or Norfloxacin 10 mg/kg/day ဒါမှမဟုတ်
- Crystalline benzyl penicillin G 50,000 units (နေ့စေ့လစေ့ ပေါင်ချိန်ပြည်ကလေး) 20,000 units (စောမွေး၊ ပေါင်ချိန်နည်းကလေး) IM twice daily for three days ထိုးပေးပါ။

ဒေါက်တာတင့်ဆွေ

အတူတူ

$
0
0
အတူတူ မနက် နေ့ ညစာ စား
အတူတူ မြူ မိုး နှင်းတွေ ကြား
အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေ များ
အတူတူ အယူ ကိုးကွယ်ရာ တရား
အတူတူ အလှူ ပေးကမ်းစရာ စေတနာ ထား
အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန် မနား

အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာ သွား
သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။

(ပုံ ၂ဝ၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ)

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၈
Photo by Dr. Maung Win

ဘယ်သူ အရင်ရောက်မလဲ

$
0
0
အတူလျှောက် ဘယ်သူအရင်ရောက်မလဲ
အရင်ရောက်သူ ဆုယူရန်မဟုတ်

တာတို မဟုတ် တာလတ် မဟုတ်
မာရသွန်ခရီး ဟုတ် လမ်းခုလတ် လဲချင်လဲမည်ဟုတ်

တာထွက်ခရာသံ ကြားခဲ့ရမည် ဟုတ်ချင်မှဟုတ်
ပြေးလမ်းသည် ပန်းတိုင်ဆီ ဦးတည်မည် ဟုတ်ချင်မှဟုတ်

မာရသွန်ခရီး ဂုံနီအိတ်စွပ်ပြီး ပြေးလျှောက်ရန်ဟုတ်
တာဝေးလမ်းပေါ် အာလူးဇွန်းကိုက် ပြေးလျှောက်ရန်ဟုတ်

ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ်
အရင်ရောက်သူ ဆုယူရန်မဟုတ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၈


Hi

$
0
0
ကျွန်တော့်ဆီကို မေးခွန်းရေးရင် Hi လို့ရေးတဲ့သူ မနည်းပါ။ အင်္ဂလိပ်လို ဆက်ရေးတာလည်း မဟုတ်ပါ။

ဘာအဓိပ္ပါယ်လဲ။ ဟေ့၊ ဟေ့လူ၊ ဟေ့ကောင်လို့ ဆိုလိုတယ်။

ဆရာဝန်တယောက်ဆီစာရေးတာ အဲလိုသင့်ပါ့မလား။ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သူတွေက ဟေ့ကောင်၊ ဟိတ်ကောင်လို့ ပြောတာ မဆန်းပါ။ မေးတဲ့သူတွေ ၉၉% က ကျွန်တော်နဲ့ လူချင်းမတွေ့ဖူးကြပါ။ ကျွန်တော့်ထက် အသက်ကြီးသူလည်း တယောက်မှ မပါလောက်။

အဲတာ အနောက်နိုင်ငံတွေဆီက အတုခိုးသင့်တဲ့ ယဉ်ကျေးမှု မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၈

ရွှေနဲ့ယိုးမှား ပန်းစကား

$
0
0
ဆရာခင်ဗျား ရွှေနှင့်ယိုးမှားပန်းစံကား ရွှေနှင့်ယိုးမှား ပန်းစကား ဘယ်ဟာက အမှန်ပါလဲခင်ဗျ

စံကားစိမ်းပင်နဲ့ စံကားပင်တော့ရှိတယ်။ ရွှေနဲ့နှိုင်တာက စကားဝါပန်းဖြစ်မယ်။ ပုပ္ပါးတောင်မှာပေါတယ်။ အလွန်မွေးကြိုင်တယ်။ လှလည်းလှတယ်။

သိုးကလေ
ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား၊ နံ့ရှားကြိုင်လွင့် ခါတံပွင့်သည်၊ ရွှေနဲ့ယိုးမှား ပန်းစကား။

ဒေါက်တာတင့်ဆွေ

Vacuum flasks ဓါတ်ဗူး

$
0
0
ညသိပ်ရေနွေးစာကို ဖတ်ကြတုန်း။ ကွန်မင့်တွေရေးနေကြတုန်း။ ရေးတာတွေက အမျိုးမျိုး။ ရေးဖြစ်တာက ညသိပ်ထားပြီးရေနွေးကြမ်းဟာ မြွေဆိပ်လိုပဲလို့ရေးတာ မမှန်ကြောင်း မှားယွင်းကြောင်းသာဖြစ်တယ်။

တချို့က မဆိုင်တာတွေကိုပါ ကွန်မင့်ရေးကြတယ်။ အရသာအကြောင်း ရေအကြောင်း စသဖြင့်။ ကွန်မင့်တခုမှာ ဓါတ်ဗူးအတွင်းမျက်နှာပြင်က ပြဒါးလို့ရေးထားပြီး ပြဒါဆိပ်သင့်မလိုလိုရေးတယ်။ ဓါတ်ဗူးအတွင်းမျက်နှာ ဘာနဲ့လုပ်သလဲ။

Borosilicate glass ခေါ် မှန်သားတမျိုးနဲ့လုပ်ပါတယ်။ အတွင်းမှာ ၂ ထပ်ရှိတယ်။ အလွှာနှစ်ခုကြားမှာ liquid helium ဟီလီယမ် ဒါမှမဟုတ် liquid nitrogen နိုင်ထရိုဂျင်ထည့်ထားတယ်။

စကော့လူမျိုး စတင်တီထွင်သူရဲ့အမည်ကိုဂုဏ်ပြုပြီး Dewar flask, Dewar bottle လို့ခေါ်ခဲ့တယ်။ နောက်မှာ Thermos လို့ ခေါ်လာတယ်။ ၁၈၉၂ ခုနှစ်မှာစတယ်။ အထပ်နှစ်ခုပါတဲ့ဗူးဖြစ်ပါတယ်။ ကြားခံလေကို တစိတ်တပိုင်း စုပ်ထုတ်ထားတယ်။ လူသုံးကုန်အဖြစ် ၁၉ဝ၂ ကနေစသုံးလာတယ်။

တချို့ဓါတ်ဗူးအတွင်းမျက်နှာပြင်မှာ ငွေလွှာလေးပါလို့ အပူဖြာထွက်တာကို ပိုထိန်းနိုင်တယ်။ ပြဒါး မပါ။

ကျွန်တော် ဒီစာရေးနေချိန်မှာ ညကကျန်သေးတဲ့ရေနွေးကြမ်း ၂ ခွက် ၃ ခွက် သောက်လို့ကုန်သွားလို့ စာရေးလည်းပြီးရော ရေနွေးအသစ်ဓါတ်ဗူး ဒေါ်မြမြအေးက လာချပေးပါတယ်။ ကျေးဇူး။

Dr. တင့်ဆွေ
၁-၈-၂ဝ၁၈

Fungus မှိုပိုး ခေါ် ဖန်းဂတ်စ် မေးခွန်း

$
0
0
မင်္ဂလာပါ ဆရာ။ ဆင်ဝဲ ဟုခေါ်သော အရေပြားမှိုရောဂါအကြောင်းနှင့် ကုသနည်းလေး သိချင်လို့ပါခင်ဗျာ။ ဖတ်လို့ရသော Link ရှိရင် ကျေးဇူးပြု၍ ပို့ပေးပါအုံးခင်ဗျာ။

အရပ်ခေါ်တွေ နေရာအတိုက် မတူ။ ဆေးစစ်ချက်စာလုံး သိမှာသာ ဘာရောဂါလဲ သိနိုင်။ မှို ခေါ် ဖန်းဂတ်စ် ရောဂါတွေအကြောင်း ခဏခဏတင်ထားတယ်။ ၃-၄ ပုဒ်ရှိတယ်။ ဘလော့မှာရှိတယ်။

(၁) Thrush (Oral candidiasis) မှက္ခရုနာ
(၂) Yeast (Candida) (ရိစ်) (ကင်ဒီဒါ) မှို
(၃) Tinea Cruris (Jock Itch) ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ
(၄) Tinea Corporis or Tinea Circinata (Ringworm) ပွေး
(၅) Tinea Versicolor (Pityriasis Versicolor) ညှင်း
(၆) Tinea Manuum & Tinea Pedis (Athlete's Foot) အားကစားသမား ခြေထောက်
(၇) Nail fungal infection လက်သည်းမှို
(၈) Vaginal Yeast Infection ဗဂျိုင်းနားမှိုပိုးဝင်ခြင်း
(၉) Ear fungus) နားမှို
(၁ဝ) Pruritus scroti ကပ်ပယ်အိတ်ယားခြင်း

Fungal infections မှိုရောဂါများ Fungus မိုးစိုစို မှိုသတိထား https://doctortintswe.blogspot.com/2016/12/fungal-infections.html
https://doctortintswe.blogspot.com/2015/08/fungus.html
Otomycosis (ear fungus) နားမှို https://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
Thrush မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html
Vaginal Yeast Infection ဗဂျိုင်းနားမှိုပိုးဝင်ခြင်း https://doctortintswe.blogspot.com/2016/05/vaginal-yeast-infection.html
Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း https://doctortintswe.blogspot.com/2016/04/fungal-jock-itch.html

အရေပြားမှာဖြစ်တာတွေကလည်း အမျိုးမျိုးရှိတယ်။ ပွေး၊ ယားနာ၊ နှင်းခူနဲ့ တခြားနာတွေ။ ဖြစ်စေတာမတူကြလို့ ကုသရာလည်း မတူပါ။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၈

Belt of Orion သရဝဏ်

$
0
0
၁။ ဆရာ ခင်မျ သရဝဏ် ဆိုတဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါ့လားခင်မျ

သရဝဏ် = ကြယ်သုံးလုံးပါ မြားသဏ္ဌာန် နက္ခတ်

၂။ မင်္ဂလာပါဆရာ ဘောင်ဘင်ခတ် ဆိုတဲ့နေရာမှာ တသတ်နဲ့လား ပသတ်နဲ့လား ဆိုတာ မသဲကွဲလို့ပါ ဆရာ။

ဘောင်ဘင်ခတ်

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၈

Scoliosis ခါးရိုးမကြီး ပုံမှန်မဟုတ်ခြင်း

$
0
0
မင်္ဂလာပါဆရာ မိန်းကလေး၊ အသက် ၂၁ နှစ်မှာ scoliosis ဖြစ်နေပါတယ် မြန်မာပြည်မှာ ကုသလို့ရနိင်ပါသလားခမျ လေ့ကျင့်ခန်းလုပ်ပြီး ကုလို့ရပါသလားခမျ သူ့ခါးရိုးကျောက s ပုံစံ စောင်းလာနေပါတယ် အဲ့တာလေး ရှင်းပြပေးပါခမျ

စကိုလီယိုးဆစ် ခေါ် ခါးရိုးမကြီး ပုံမှန်မဟုတ်တာ၊ ခါးရိုးကြီးရဲ့ ကွေးကောက်မှု ပုံစံပြောင်းသွားတာကိုခေါ်တယ်။ အရွယ်မရောက်မီကစတတ်တယ်။ muscular dystrophy ခေါ် ကြွက်သားရောဂါနဲ့ cerebral palsy ခေါ် အာရုံကြောရောဂါကနေဆက်ဖြစ်တယ်။ အများအားဖြင့် ဘာကြောင့်ဖြစ်သလဲ မသိနိုင်။

ကြည့်ရင် ပခုံးနှစ်ဘက်က မညီပါ။ တဘက်ကပိုသိသာထင်ရှားနေမယ်။ လက်ကောက်ဝတ်နေရာလည်း မညီ။ တင်ပါးတဘက်မြင့် တဘက်နိမ့်ဖြစ်နေမယ်။ ဆိုးတာမျိုးမှာ ခါးရိုးမကြီးက လိမ်နေတယ်။

မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက တွေ့ရတတ်တယ်။

အများအားဖြင့် သိပ်မဆိုးကြပါ။ ဆိုတာမျိုးက ဒုက္ခိတလိုနေထိုင်ရတော့တယ်။ တချို့မှာ အတွင်းက အဆုတ် အလုပ်ကို သက်ရောက်ခံရတယ်။

နောက်ဆက်တွဲဖြစ်တတ်တာတွေကတော့ ခါးနာမယ်။ ဆိုးတာကနေ အဆုတ်၊ နှလုံးအလုပ်ကို ထိခိုက်စေမယ်။

မဆိုးတာ ဆေးကုသရန် မလိုပါ။ တချို့ကို ပိုမဆိုးစေအောင် brace ပတ်ပေးထားရတယ်။ တချို့ကို ခွဲစိတ်ပြုပြင်ပေးရတယ်။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၈

Intestinal TB အူတီဘီ

$
0
0


လူဓါတ်ပုံနဲ့တွဲထားတဲ့ သတင်းဆောင်းပါးတခုကို ပို့ပါတယ်။ အခုပဲရတယ်။ ကျေးဇူး။

၁။ ကျွန်မသိထားတဲ့ တီဘီဟာ အသက်ရှူလမ်းကြောင်း ဒါမှမဟုတ် အစာလမ်းကြောင်းကနေ ကူးတဲ့ ဘက်တီးရီးယား ရောဂါပိုးလို့ သိထားပါတယ်။ အခု သူတို့ ရေးထားတဲ့ စာထဲမှာ ကူးစက်ခံရတယ်လို့ မပါဘဲ အသားတုတွေ အကင်တွေစားလို့ တီဘီဖြစ်သယောင် ရေးထားပြီး အဲဒီ Post ကို Share သူတွေ အတော် များလာတဲ့အပြင် တီဘီ မဖြစ်အောင် အဲဒါတွေ မစားတော့ဘူးဆိုတဲ့လူတွေပါ ရှိနေတာမို့ မှန်ကန်တဲ့ ဆေးပညာအသိ ရသွားကြရအောင် လူသိများတဲ့ ဆေးလောက ပုဂ္ဂိုလ်တဦးအနေနဲ့ ပြန်တည့်မတ် ပြုပြင်ပေးဖို့ တောင်းဆိုပါရစေဆရာ ဆရာနဲ့ ဆရာတို့မိသားစု အသက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ။

အစာလမ်းကြောင်းမှာလည်း တီဘီဖြစ်တယ်။ အူသိမ်မှာများတယ်။ အစာအိမ်နဲ့ အူမကြီးတွေမှာလည်း ဖြစ်နိုင်တယ်။ ဖြစ်စေတဲ့အကြောင်းခံကတော့ ပိုးဟာ ပါးစပ်ကနေဝင်လာခဲ့လို့။ အဓိက နွားနို့။ ပါစချာရိုက်စ် ခေါ် ပိုးသေအောင်လုပ်မထားတဲ့ နွားနို့သောက်မိရာကနေဖြစ်တယ်။ ပိုးပါနေသူတဲ့သလိပ်ကို မျိုချမိလို့လည်းဖြစ်တယ်။ ဗိုက်ထဲမှာ တခြားနေရာတွေကိ အစာလမ်းကိုကူးလာတာလည်း ဖြစ်နိုင်တယ်။ ဥပမာ fallopian tubes or adnexa မျိုးဥပြွန်၊ psoas abscess ပြည်တည်နာနဲ့ tuberculous spondylitis တီဘီ စပေါင်ဒိုင်လိုးဆစ် အရိုးတီဘီ။

ဒီမေးခွန်းက ၅ နှစ်ကြာပြီ။
၂။ ကျွန်တော် အမေက အသက် ၆၂ ရှိပါပြီ။ ညာဖက်မှာ ဗိုက်မှာ နာနာနေလို့ ဆေးစစ်တာ ဗိုက်ထဲမှာ အကျိတ်တွေ့တယ် ပြောပါတယ်။ ကင်ဆာ မဟုတ်ဘူးတဲ့ ဆေးပေးတာတော့ သောက်ပြီးပါပြီ။ အူတီဘီရှိတယ်လို့ပြောပါတယ်။ အဲဒါ တီဘီဆေး ခြောက်လ သောက်ပြီးပါပြီ။ တီဘီ ဆရာဝန်ကြီးက နောက်ထပ် သုံးလဆေး ဆက်သောက်ခိုင်းပါတယ်။ ဗိုက်နာတာတော့ ကောင်းကောင်း မပျောက်သေးပါဘူးဗျ။ အဲဒါ အူတီဘီအကြောင်း သိချင်လို့ပါခင်ဗျာ။

အူတီဘီကိုလnf; အဆုပ်မှာဖြစ်စေတဲ့ Mycobacterium tuberculosis ဗက်တီးရီယားကနေဘဲ ဖြစ်စေတယ်။ အဆုပ်နဲ့မတူတာက ဒီမှာဖြစ်ရင် မသိမသာလေးဘဲ ဖြစ်လာတယ်။ တီဘီဟာ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ အရိုးတွေမှာလဲ တီဘီဖြစ်နိုင်တယ်။

တခြားအစာလမ်းရောဂါတွေနဲ့ မှားတတ်တယ်။ ရောဂါဟုတ်-မဟုတ်လုပ်ရတာလဲ ပိုခက်တယ်။ အများအားဖြင့် အာဖရိကနဲ့ အာရှိမှာဖြစ်တယ်။ ခုနောက်ပိုင်းမှာ HIV/AIDS တွေကြောင့် ချမ်းသာတိုးတက်တဲ့နိုင်ငံတွေမှာလဲ ပိုတိုးလာနေတယ်။ အဆုပ်မှာဖြစ်နေရာကနေ သွေး နဲ့ (လင့်ဖ်) ကတဆင့် အူကိုရောက်လာတာလဲရှိတယ်။ အူမှာတိုက်ရိုက်လာဖြစ်တာက Bovine strain of mycobacterium tuberculosis ခေါ်တဲ့ပိုးကြောင့်ဖြစ်လာတယ်။ နွားနို့ကို မကျို-မချက်ဘဲ သောက်ရာကနေဖြစ်တာ အများဆုံးဘဲ။

ရောဂါလက္ခဏာတွေ
ဘာမှ မခံစားရဘူး၊ ကိုယ်ပူ၊ အစားအသောက်ပျက်၊ ပျို့ချင်၊ လေထ-လေတက်၊ အစာတချို့ကို လက်သင့်မခံနိုင်၊ စားပြီးရင် ဗိုက်တင်း၊ ကိုယ်အလေးချိန်ကျဆင်း။ ဒီရောဂါလက္ခဏာမျိုးတွေက အူကင်ဆာ နဲ့ Malabsorption syndromes အစာကို မစုပ်ယူနိုင်တဲ့ရောဂါတွေမှာလဲ ရှိတယ်။

ဝမ်းသွားတာ အရင်လိုမဟုတ်တာကနေ စသိနိုင်တယ်။ ဝမ်းပျက်တာ။ ဝမ်းချုပ်တာဖြစ်လို့ ပေးရမဲ့ရိုးရိုးဆေးတွေနဲ့ မသက်သာရင် ဒါကိုသံသယရှိရတယ်။ နာတာရှည်ဖြစ်တယ်။ ပြန်ဖြစ်တာလဲ ရှိနိုင်တယ်။ ဗိုက်အောင့်သလို နာနေမယ်။ ဖြစ်တဲ့နေရာအပေါ်မူတည်ပြီး ဗိုက်နေရာ အမျိုးမျိုးမှာ နာမယ်။ စားပြီးရင် အစာမကျေသလိုနေမယ်။ စားရက်နဲ့ ဝမလာဘူး။ ညချွေးထွက်တာ၊ ညနေခင်း ကိုယ်နဲနဲပူတာတွေ အူတီဘီမှာ မတွေ့ရတတ်ဘူး။ အားယုတ်ပြီး အာစာရချို့တဲ့လို့ ဆေးလာကုမှ သိရတာလဲရှိတယ်။

Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်မှသာ ရောဂါမှန်းသိတယ်။ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်တာသာမက ပိုးမွေးမြူနည်းနဲ့လဲ စမ်းနိုင်တယ်။ အဆုပ်တီဘီလိုမျိုး ပိုးကို တိုက်ရိုက်ကြည့်တာနဲ့ မတွ့တတ်လို့ လုပ်ရတာ ဖြစ်တယ်။ Complete blood count, ESR, X-ray, Tuberculosis antibody, Sputum for AFB, Ultrasound, Barium meal, MRI စစ်ဆေးနည်းတွေလဲ လုပ်နိုင်တယ်။

ကျွန်တော့ကိုယ်တွေ့ တောနယ်မှာ အဲလိုစမ်းစရာ ဘာမှမရှိyg။ အူတီဘီရှိတဲ့ဗိုက်ကို လက်နဲ့စမ်းရင် ဂျုံနယ်ထားတာကို စမ်းကိုင်ရသလိုဘဲလို့ ဆေးကျောင်းမှာ သင်ရတဲ့နည်းကိုဘဲ သုံးခဲ့ရဘူးတယ်။ ၁၈ နှစ်သမီး။ တီဘီဆေးထိုး၊ ဆေးတိုက်ပြီး ကောင်းသွားတယ်။ အခုဆို ကလေး ၄ ယောက်အမေဖြစ်နေပြီ။

ရောဂါဗေဒအရ (၃) စားခွဲထားတယ်။
၁။ Ulcerative form အူမှာ အနာဖြစ်နေသူ ၆ဝ% ရှိတယ်။ အနာအလျားက အူရဲ့ အလျားကို ဒေါင့်မှန်ကျနေတဲ့ အနာဟာ Epithelial surface မှာဖြစ်နေတယ်။

၂။ Hypertrophic form ထူထဲနေတဲ့အနာမျိုးကို ၁ဝ% မှာတွေ့ရတယ်။ အူနံရံထူနေမယ်။ အမာရွတ်လိုဖြစ်နေမယ်။ မာနေမယ်။ ကင်ဆာနဲ့ မှားတတ်တယ်။

၃။ Ulcerohypertrophic form အမျိုးအစာ (၁) နဲ့ (၂) တွဲဖြစ်နေတာမျိုးကို ၃ဝ% မှာတွေ့ရတယ်။

အများဆုံးသုံးတဲ့ဆေးတွေကတော့ Isoniazid, Rifampin, Ethambutol နဲ့ Pyrazinamide တွေဖြစ်တယ်။ ဆေးပေးတာကို ၆-၉ လ အထိပေးတတ်တယ်။

ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေလဲ ခံစားလာရနိုင်တယ်။ ဥပမာ ခြေထောက်တွေပူလောင်သလိုခံစားရရင် Isoniazid ကြောင့်ဖြစ်လာတာမို့ Vitamin B6 လိုနေပြီ။ မစားချင်မသောက်ချင်ဖြစ်တာ၊ အသားဝါတာ၊ မျက်စိကြည့်မကေင်းတာလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးကိုမဖြတ်လိုက်ပါနဲ့။ ဆေးဝါးတွေကိုသာမက အစာအာဟာရ မျှတလုံလောက်အောင်စားဘို့လဲ လိုတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။

နောက်ဆက်တွဲဖြစ်နိုင်တာတွေက သွေးယိုမယ်။ အူပေါက်သွားမယ်။ အန်တာများရင် ဓါတ်ဆား အချိုးအဆ မမျှတာ ဖြစ်လာမယ်။

ဒါကလည်း ၂၁-၁-၂ဝ၁၃ နေ့က။
၃။ အူတီဘီနဲ့ပက်သက်ပြီးနောက်ဆက်တွဲရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရပါမလဲ ဆရာ

စာထဲမှာ ပါပါတယ်။ နွားနို့ အစိမ်းဘယ်တော့မှ မသောက်ပါနဲ့။ တီဘီ တနေရာမှာရှိနေသူ ဆေးစနစ်တကျကုသပါ။ တီဘီ မတူးအောင် အသက်ရှူလမ်း ဂရုစိုက်ပါ။ ရေးထာတာမျိုး ခံစားရရင် စောစောစီးစီး ဆရာဝန်ပြသ စစ်ဆေးမှုခံယူပါ။ ကံကောင်းအောင် ကြိုးစားပါ။

တီဘီဆေးသောက်တာ 3 လခန့်ရှိပါပြီ။ သလိပ်ထဲမှာ တီဘီပိုးမတွေ့ပါဘူး။ အာဟာရဖြစ်အောင် ဘာတွေစားသင့်သလဲ။ ကျွန်တော်က ၈ ရက်မှာ ၃ ရက် အိပ်ရေးပျက်ပါတယ်။ အိပ်ရေးပျက်တဲ့နေ့ဆို နံနက် ၄နာရီက နံနက် ၈ နာရီလောက်ပဲ အိပ်ရတာပါ။

• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html



ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

Font ဖေါင့်လိုအပ်ချက်

$
0
0
၁။ ဒီလိုပြနေတယ် ဆရာ

၂။ ဆရာပိုပေးတဲ့အတွက်ကျေးဇူးအမျာရီးတင်ပါတယ်ရှင့် စာကစားလုံးတွေဖတ်လိုမရဘူးရှင့် ဘယ်လိုဖတ်ရမလည်မသိဘူးရှင့်

၃။ ဆရာရေ link ကဝင်မရဘူးဖြစ်နေပါတယ်

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ လင့်မရသူရဲ့ ဖုန်းနဲ့ ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေ။ အခုစာရေးနေချိန်မှာ ကျွန်တော့်ဘလော့ကို ဖတ်တာ 4,225,342 ကြိမ်ရှိတယ်။

ကျွန်တော်က ဇော်ဂျီဖေါင့်သာသုံးတတ်တယ်။

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။

ဒေါက်တာတင့်ဆွေ

ဆရာ blog က ၀င်လို့မရလို့ပါဆရာ

$
0
0
Pageviews today 2,039 ကနေ့ဖတ်တဲ့အကြိမ်ပေါင်း
Pageviews yesterday 2,351 မနေ့ကဖတ်တဲ့အကြိမ်ပေါင်း
Pageviews last month 74,711 ပြီးခဲ့တဲ့လကဖတ်တဲ့အကြိမ်ပေါင်း
Pageviews all time history 4,237,178 စုစုပေါင်းဖတ်သည့်အကြိမ်ပေါင်း = ၄ သန်း ၂ သိန်းကျော်။
Followers 9 ဖေါ်လိုဝါး

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

Myths မဟုတ်တာတွေ ပြောကြရအောင်

$
0
0
၁။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၆ နှစ်ပါ အိမ်ထောင်မရှိအပျိုပါ ရာသီမှန်ပါတယ် အစာအိမ်ရောဂါရှိပါတယ် အစာအိမ်ရောဂါရှိသူများ ရဲယိုသီးစားလို့မရဘူးဆိုတာဟုတ်ပါသလားရှင်

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ကပြောရင်တော့ မှန်နိုင်။

၂။ ဆရာရှင့် သမီးတခုလောက်မေးပါရစေ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိတ္တူကူးစက်မှာ မိတ္တူမကူးရဘူးဆိုတာ ဟုတ်ပါသလားရှင့် ကလေးကိုထိတတ်တယ်လို့ပြောနေလို့ပါရှင့် ကျေးဇူးပြု၍ဖြေပေးပါဆရာရှင့်

တခါမှ မကြားဖူးသေး။

၃။ ကျွန်မ အသက် ၂၅နှစ်ပါ။ ကလေးက ၃လသားလေးပါ ဆရာရှင့်။ ကလေးကို ၆လအထိ မိခင်နိ့တမျိုးတည်း ဆရာဝန်တွေက တိုက်ခိုင်းပါတယ်။ မိခင်ကိုလည်း အသီးအရွက်အစုံစားခိုင်းပါတယ်။ ဒါပေမဲ့ဆရာ ကျွန်မတို့ မိဘတွေက ရှေးလူကြီးတွေဆိုတော့ ကလေးကိုထမင်းကြိတ်ပြီးခွံ့ခိုင်းပါတယ်။ ထမင်းကျွေးမှခြင်ကိုက်ယင်ကိုက်ခံမှာလို့ ပြောပါတယ်။ အဲ့ဒါမှန်လားဆရာ ရေလည်းတိုက်ခိုင်းပါတယ်ကလေးဆီးပူလို့တဲ့ တိုက်သင့်လားဆရာ။ အသီးအရွက်စားရင် လေပါလို့ဆိုပြီး သိပ်မစားခိုင်းဘူး။ အစားရှောင်ခိုင်းပါတယ။် အသီးအရွက်စားတဲ့နေ့ဆို လေဆေး ဦးစိန်ခိုဆိုတဲ့ဆေး တိုက်ခိုင်းပါတယ်။ ကျွန်မကလည်းကလေးကိုအမြဲဆေးမတိုက်ချင်ပါဘူး အဲဒါဘယ်လိုလုပ်သင့်လည်းရှင်းပြပေးပါဆရာ ကလေးကို ၆လအထိ နို့တမျိုးပဲတိုက်ရင် ဘာတွေကောင်းလဲဆိုးလဲဆိုတာကို ရှင်းပြပေးပါ။ ကလေး ဆီးပူတာကရော စိုးရိမ်ရလား ဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါနော် ကျေးဇူးတင်ပါတယ်ဆရာ။

၎။ ကျမ အသက် ၂၉ နှစ်။ သားဦးကိုယ်ဝန် ၃၉ ပတ်ပါ။ Due Date January 27 ပါ။ အိုဂျီအပ်ထားပါတယ်ရှင့်။ ကိုယ်ဝန်ဆောင်အားဆေး Obilplus တနေ့တလုံးသောက်ပါတယ်ဆရာ။ ဆရာရေးတဲ့စာတွေ အများအားဖြင့် ဖတ်ပါတယ်ရှင့်။ Multi Level  marketing ဆေးတွေအကြောင်းဆရာရေးထားတာတွေလဲ ဖတ်ခဲ့ဖူးပါတယ်။ Brand ကြက်ပေါင်းတို့ ငှက်သိုက်တို့တော့ မဖတ်ဖူးလို့ မေးကြည့်တာပါဆရာ။ ဒါဆို ဒီအားဆေးအရည်ကလဲ ကြော်ကြာတွေပေါ့။ ဒါဆို ဘာစားသင့်ပါသလဲရှင့်။

အိုဂျီက လိုတာပြောထားပြီးလို့ထင်။ ကိုယ်ဝန်နဲ့ ကလေးနို့တိုက်စဉ် ကိုယ်အရင်ကစားသောက်ခဲ့ဖူးတာနဲ့ လူအများ စားသောက်တာ အကုန်နီးပါးသင့်။ အပိုဆိုတာ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ပြောတာထက် မလိုအပ်။

ဟုတ်ကဲ့ရှင့်။ ကျမ အိုဂျီက ဘာစားပါ ဘာရှောင်ပါလို့ တခါမှမပြောဖူးလို့ပါဆရာ။ ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

၅။ ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို effect ဖြစ်စေပါလားဆရာ။ ဥပမာ မိခင်က မျှစ် မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာတခုခု ဖြစ်စေတာမျိုး၊ အဆိပ်အတောက် ဖြစ်စေတာမျိုး။ မိခင်က paracetamol, burmeton သောက်လို့ ကလေးကို effect ဖြစ်စေတာမျိုးတွေ ရှိပါလားဆရာ။ နောက်တခုက မိခင် ပက်လက်လှန် အိပ်လို့ နို့ခမ်းစေတာမျိုးဆိုတာရော ဟုတ်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ယေဘုယျ မိခင်နို့ထဲမှာ နို့သာပါတယ်။ အစားအသောက် ဘာစာစာစား နို့သာထွက်တယ်။ အစား မစားနိုင်တာတောင် နို့ထွက်နိုင်တယ်။ ဆေးတချို့ကတော့ နို့ထဲရောက်တယ်။ ဆေးတခုချင်းကိုပြောရတယ်။ မိခင်သွေးထဲမှာ ကူးစက်ပိုး ဥပမာ HIV နဲ့ အသည်းရောင် ဘီပိုး ရှိနေရင် နို့ကနေတဆင့် ကလေးကိုကူးစက်နိုင်မှု ပိုနိုင်တယ်။ အစားအသောက်မှာ မေးခွန်းထဲပါတာတွေကို ဆေးသုတေသနမလုပ်လို့ မဟုတ်ပါဘူးပြောရင် အစွန်းတော့ မလွတ်ပါ။ မိခင်အနေအထားကြောင့် နို့ နည်း-များ မဖြစ်စေပါ။ နို့ထွက်စေဘို့ ဦးနှောက်အောက်ခြေက ထုတ်ပေးနေတဲ့ ပရိုလက်တင်ဟော်မုန်းကလုပ်ပေးနေတာဖြစ်တယ်။ ဟော်မုန်းနည်းရင် နို့ထွက်နည်းမယ်။ ပရိုလက်တင်ဟော်မုန်းများတဲ့သူ အိမ်ထောင်မပြုဘဲ နို့ရည်ထွက်တယ်။

၆။ လသားခလေးတွေနဲ့ပါတ်သတ်လို့ တချို့အယူအဆတွေကြားနေရတာ မှန်မမှန်သေချာမသိရတာမို့ မေးပါရစေရှင့်။
ကျွန်မခလေးကခုဆို၂လနဲ့၉ရက်သားပါရှင် ခြေထောင်ကိုပြင်ခိုင်းကြပါတယ်။ မပြင်ရင် ခွင်မယ်လို့ပြောကြပါတယ်။ ဟုတ်မဟုတ်ဖြေပေးပါရှင်။ ခလေးခြေထောက်ကို ရမ်းသမ်းလုပ်မိရင် ပိုဆိုးမှာစိုးလို့ပါ။ နောက်တခုက ခလေးတွေကို ဂတုံးရိတ်ပေးတာပါ မရိတ်ပေးရင် ခေါင်းလေးတယ်ဆိုတာဟုတ်ပါသလားဆရာ။ ပီးတော့ ၃-၄ ရက်နေမှ ဝမ်းသွားရင် ခလေးဘာဖြစ်လို့ပါလဲ။ မိခင်ကဆေးအစား မန်ကျည်းဖျော်ရည်လိုမျိုး သောက်ရင်ရော ရပါသလားရှင်။ ဖြေပေးပါဦးဆရာ။ သားသားမမွေးခင်ကရော သိချင်တာတွေကိုမေးမြန်းဖူးပါတယ်။ ဂရုတစိုက် ဖြေကြားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်။

ကလေးခြေ-လက်ကို ပြုပြင်စရာ မလိုပါ။ လိုတဲ့ကလေးရှိနိုင်တယ်။ ကလေးအထူးကု (သို့) အရိုးအထူးကုဆရာဝန်က စမ်းသပ်မှသာသိမယ်။ ကလေးခေါင်းရိတ်တဲ့စာ ဖတ်လိုက ဖတ်ပါ။

ဖတ်စရာများ -
1.Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
2.Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
3.Baby Questions ကလေးအတွက် မေးခွန်းများ http://doctortintswe.blogspot.com/2016/12/baby-questions.html
4.Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
5.Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
6.Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
7.Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
8.Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
9.Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
10.Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
11.Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
12.Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
13.Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ http://doctortintswe.blogspot.com/2015/12/digestive-myths.html
14.Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
15.Food Myths အစားအစာမှာ အထင်မှားနေတာတွေ https://doctortintswe.blogspot.com/2015/12/digestive-myths.html
16.Gripe Water ကလေး လေဆေး http://doctortintswe.blogspot.com/2014/11/gripe-water.html
17.Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
18.HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/06/myths-and-facts-hivaids.html
19.Medicines for babies ကလေးနဲ့ ဆေး http://doctortintswe.blogspot.com/2016/08/medicines-for-babies.html
20.Miscarriage Prevention ကိုယ်ဝန်မပျက်အောင် https://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
21.Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး https://doctortintswe.blogspot.com/2014/12/miscarriage.html
22.Missed abortion ကိုယ်ဝန်ပျက်ခြင်းတမျိုး https://doctortintswe.blogspot.com/2016/01/missed-abortion.html
23.Mother’s words of wisdom အမေ့စကား https://doctortintswe.blogspot.com/2017/05/mothers-words-of-wisdom.html
24.Myth About Babies ကလေးငယ်အတွက် မေးခွန်းများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
25.Myth တခါမှ မကြားဖူးသေး https://doctortintswe.blogspot.com/2018/04/myth.html
26.Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ https://doctortintswe.blogspot.com/2014/11/myths-about-menstrual-cycle.html
27.Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ https://doctortintswe.blogspot.com/2014/11/myths-about-menstrual-cycle.html
28.Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html
29.Myths အယူအဆ အလွဲများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
30.Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
31.Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
32.Old wives' tale မိန်းမကြီးများပုံပြင် https://doctortintswe.blogspot.com/2016/10/old-wives-tale.html
33.Papaya During Pregnancy သင်္ဘောသီးနဲ့ ကိုယ်ဝန် မေးခွန်း https://doctortintswe.blogspot.com/2017/06/blog-post_88.html
34.Shaving Baby's Head ကလေးခေါင်းရိတ်သင့် မသင့် http://doctortintswe.blogspot.com/2016/11/shaving-babys-head.html
35.Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
36.The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/06/the-salt-myth.html
37.Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html
38.Vomiting in babies ကလေးတွေအန်ရင် https://doctortintswe.blogspot.com/2016/02/vomiting-in-babies.html
39.Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ http://doctortintswe.blogspot.com/2015/03/weaning.html
40.Wrapping babies မွေးကာစကလေးကို အနှီးဝတ်နဲ့ပတ်ခြင်း http://doctortintswe.blogspot.com/2015/08/wrapping-babies.html
41.နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း http://doctortintswe.blogspot.com/2016/02/why-cant-we-give-water-to-breastfeeding.html

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

Bhutan ဘူတန်

$
0
0
မင်္ဂလာပါ ဆရာရှင့် ဘူတန်နိုင်ငံက ဗုဒ္ဓကိုးကွယ်တယ်လို့သိရပါတယ်။ အဲ့ဒီနိုင်ငံက ထိုင်းနိုင်ငံနဲ့ ဘယ်လိုဆက်စပ်မှု ရှိတာလဲရှင့်။ သိချင်တာကြောင့်ပါ။

ဗုဒ္ဓဘာသာကိုးကွယ်သူပေါင်း သန်း ၅၂ဝ ကျော်ရှိတယ်။ ကမ္ဘာ့လူဦးရေရ့ ၇% ဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ Theravada ပါဠိလို ရှေးဟောင်းကျောင်းတော်ကြီးလို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ခိုင်မြဲခိုင်ခံ့စွာ ပြောဆိုခြင်း၊ မထေရ်အဆက်ဆက်တို့၏ အယူဝါဒ။ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား၊ လာအိုနဲ့ မြန်မာနိုင်ငံမှာ ထေရဝါဒကို ကိုးကွယ်ကြတယ်။ တရုပ်၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ မလေးရှားမှာလည်း နည်းနည်းရှိတယ်။

Mahayana မဟာယာနကို သက္ကတလို ယာဉ်တော်ကြီးလို့ ခေါ်တယ်။ တိဘက်၊ ဘူတန်၊ မွန်ဂိုလီးယား၊ နီပေါ တစိတ်တဒေသနဲ့ အိန္ဒိယတစိတ်တဒေသတို့မှာ မဟာယာနကိုးကွယ်ကြတယ်။ မဟာယာနထဲမှာ Pure Land, Zen, Nichiren, Shingon နဲ့ Tiantai (Tendai) တွေလည်းပါဝင်တယ်။ တရုပ်၊ ဂျပန်၊ နဲ့ ကိုရီးယားမှာ ကိုးကွယ်ကြတယ်။

ဘူတန်နိုင်ငံဟာ ဟိမဝန္တာတောင်ပေါ်မှာရှိတဲ့ ဘုရင်အုပ်စိုးနေသေးတဲ့တိုင်းပြည်ငယ်လေးဖြစ်တယ်။ သူ့ဘေးမှာ တရုပ်၊ အိန္ဒိယနဲ့ တိဘက်ဒေသတို့နဲ့ ဆက်နေတယ်။ ထိုင်းနိုင်ငံနဲ့ဆိုရင် ကြားထဲမှာ မြန်မာနိုင်ငံရှိသေးတယ်။ ဘူတန်လူမျိုးတွေ ၃ ပုံ ၂ ပုံဟာ ၇ ရာစုကတည်းက Vajrayana Buddhism ဝါဂျရာယာနဗုဒ္ဓဘာသာကိုးကွယ်ကြတယ်။ ကျန်တာက ဟိန္ဒူဘာသာဝင်တွေ။

ကျွန်တော့်မှာ ဒီမိုကရေစီအရေးဆောင်ရွက်နေကြတဲ့ ဘူတန်မိတ်ဆွေတွေရှိတယ်။ ဘူတန်ဘုရင်ဟာ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်လုပ်နေလို့ နီပေါဘုရင်စနစ်လို ကျဆုံးခြင်းမရှိပါ။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

Laos လာအိုးစ်

$
0
0
လာအိုကလည်း ထေရဝါဒကိုးကွယ်တဲ့နိုင်ငံ မဟုတ်ဘူးလား ဆရာ

ဟုတ်တယ်။ ကျွန်တော်ရေးတဲ့ ဘူတန်ပို့စ်ထဲမှာ ကျန်နေတာ။ ကျေးဇူး။ လာအိုနိုင်ငံသား ၆၄့၇% ဟာ ထေရဝါဒကို ကိုးကွယ်ကြတယ်။ ရောနေတာလည်းရှိတယ်။ ၃၄့၅% က ရိုးရာကိုပါကိုးကွယ်ကြတယ်။

အသံထွက်မှန်အတိုင်း ခေါင်းစဉ်တပ်ပါတယ်။ လာအိုလို့ရေးကြတယ်။ ကျွန်တော်တို့ ပထဝီသင်ခဲ့ရစဉ်က လောနိုင်ငံလို့ ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ ပသက်လောလို့သုံးခဲ့တယ်။

မြန်မာ့အိမ်နီးချင်းထဲက လူသိအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံဆုံရာ ရွှေတရိဂံနယ်မြကိုတော့ ဘိန်းနဲ့ဆက်စပ်ပြီးလူသိများပါတယ်။ ၁၄ ရာစုတုံးကတော့ လာအိုနိုင်ငံဟာ ဆင်ဖြူတော် (ပါရာဆိုးလ်) နဲ့ ဆင်ပေါင်း တသန်းရှိခဲ့တယ်လို့ ရာဇဝင်မှာပါတယ်။ တစ်သန်း မဟုတ်ပါ။

လာအိုသမိုင်းက မြန်မာ့သမိုင်းနဲ့ ဆင်တာတွေရှိတယ်။ ၁၈၉၃ မှာ ပြင်သစ်လက်အောက်ခံနယ် ဖြစ်ခဲ့တယ်။ ၁၉၄၅ မှာ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးရတယ်။ ၁၉၄၉ အထိ ပြင်သစ်အောက်ပြန်ရောက်ပြီး၊ တကယ်လွတ်လပ်တာကတော့ ၁၉၅၃ ရောက်မှပါ။ စည်းမျဉ်းခံဘုရင်စနစ်ကနေ ပြည်တွင်းစစ်ဖြစ်ပြီး ၁၉၇၅ မှာ ကွန်မြူနစ် ပသက်လောက်က အာဏာရလာတယ်။ တပါတီဆိုရှယ်လစ်စနစ်သာရှိတယ်။ မော်စီတုန်းနောက်လိုက်ဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေက ကြီးစိုးထားတယ်။ ကမ္ဘာမှာ ခြစားမှုအဆိုးဆုံးနိုင်ငံဖြစ်တယ်။

၁၉၈ဝ ကျော်အထိ ဗီယက်နမ်လွှမ်းမိုးမှုအောက်မှာနေရတယ်။ ဗီယက်နမ်က တရုပ်နဲ့မတည့်လို့ ဖိအားပေးတယ်။ လာအိုစစ်တပ်က စုစုပေါင်း တသိန်းသုံးသောင်းနဲ့ သေးသေးပဲရှိတယ်။ အရံတပ်ဖွဲ့ တသိန်းရှိတယ်။

လာအိုမှာ (မှုန်း) လူမျိုးရေးပြဿနာရှိတယ်။ အစိုးရကိုယ်တိုင်က လူမျိုးတုံးသုတ်သင်တယ်။ အမေရိကန်က မှုန်းတွေကို ကူညီတယ်။ မှုန်းလူမျိုးစုအပါအဝင် လာအိုဒုက္ခသည် ၂ သိန်းခွဲကို အခြေချနေထိုင်ခွင့်ပေးတယ်။ ကနေ့ ကမ္ဘာမှာ မြောက်ကိုရီးယား၊ တရုပ်၊ ကျူးဘား။ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေသာ ကွန်မြူနစ်အုပ်စိုးတဲ့နိုင်ငံတွေအဖြစ်ကျန်နေတယ်။

ဓါတ်ပုံ = ၁၉၆ဝ ကျော်မှာ စစ်တွင်းက အမေရိကန်ဗုံးကြဲခံရတဲ့ မောင်း ခုန်ရုပ်ပွါးတော်ကြီး

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆
၎-၈-၂ဝ၁၈

Viewing all 656 articles
Browse latest View live