Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

မဖြေခဲ့သော စာမေးပွဲများ

$
0
0
နိုင်ငံရေးထဲက မိတ်ဆွေတဦးက မေးပါတယ်။

ဆရာ။ စကားမစပ် ဆရာတို့အရင် ၉၀ခုနှစ်အမတ်ဟောင်းတွေကို DASSK ကဖြစ်စေ NLD ကဖြစ်စေ လက်ခံတွေ့ဆုံ အားပေးတာမျိုးလုပ်သေးလားဆရာ။ ဘာဖြစ်လို့မေးတာလဲဆိုတော့ အမှောင်ကျနေတဲ့ကာလကြီးတလျှောက်လုံး ဆရာတို့ အဝေးရောက်တွေရဲ့ လေလှိုင်းပေါ်ကအသံတွေဟာ ဒီမိုကရေစီလိုလားသူတွေအတွက် တအားဖြစ်ခဲ့လို့ပါ။ ဒါကို အသိအမှတ်ပြုချင်စိတ်နဲ့ မေးတာပါ။

မေးတာအတွက် အလွန်ကျေးဇူးတင်တယ်။ ဖြေရမှာ အားနာတယ်။ မေးတဲ့သူကိုတော့ မဟုတ်ပါ။ သူများတွေပြောတာ ကြားရသလောက် ထောင်ကျခြင်းနဲ့ ပြည်ပထွက်ပြေးခြင်းကို အမှတ်ပေးတာ မတူပါတဲ့။ ကျွန်တော်တို့က ၄ဝ% မရ။ ကျ။ Smile!

ကျွန်တော် စာမေးပွဲ နှစ်ခါကျဖူးပြီ။ ကိုးတန်းအောင်တော့ ဒီအက်စ်အေ ၁၁ ကိုသွားဖြေတယ်။ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ စစ်မြေပုံဖတ်တာတွေ အောင်တယ်။ အောင်တဲ့သူတွေကို စိတ်ကျန်းမာရေး စစ်တယ်။ အဲတာလည်း အောင်တယ်။ အောင်တဲ့သူတွေကို ဆေးစစ်တယ်။ အောင်ပြန်ရော။ နောက်ဆုံးမှာ အောင်စာရင်းထွက်တယ်။ ကျတယ်။ မဖြေရပဲ ကျတာ။

ပြည်ပမှာ ၂၄ နှစ်ကြာ ကျောင်းတက်တယ်။ အတော်တော့ ကြိုးစားခဲ့တာပဲ။ ကျွန်တော်တို့တတွေလုပ်ခဲ့ကြတာ ပါ မပါ မသိပါ။ ပြည်တွင်းမှာ အပြောင်းအလဲတွေဖြစ်လာတယ်။ ကိုးဆယ်ကတည်းက အတူလုပ်ကိုင်ခဲ့သူတချို့ တာဝန်တွေ ယူနိုင်လာကြတယ်။ ကောင်းတယ်။ အဲဒီအချိန်မှာ အထက်ကမေးသလိုတွေ မေးလာကြတယ်။ ကျွန်တော် မဖြေခဲ့သေးပါ။ အခုလည်း တိုတို။ မေးခွန်းက အားဖြစ်စေတာ အမှန်ပါ။

၂၇ နှစ်ခွဲအကြာမှာ ပြည်တွင်းကို အလည်ပြန်လာနိုင်တယ်။ လူဟောင်းတွေထဲက အလွန်ရင်းနှီးသူတွေနဲ့ ပြန်တွေ့ရတာ အပြန်အလှန် နှစ်ထောင်းအားရ ရှိလှတယ်။ အခုထိ ကျေနပ်နေတယ်။

ကျွန်တော် စာမေးပွဲလျှောက်လွှာ မထင်ခဲ့တာလည်းပါမယ်။ လျှောက်လွှာခေါ်တာ မသိလိုက်။

မဖြေတဲ့စာမေးပွဲတိုင်းကျနေတာကတော့ ကံမကောင်းသေးလို့။ ကံအတွက် အချိန်ယူရတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

ခဲ့သည်ရှိသော်

DSA အောင်ခဲ့လို့ စစ်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လျှင် ဆရာ ဘယ်လိုစိတ် ဘယ်စာတွေ ဘယ်လိုတွေရေးမလဲ သိပါရစေဆရာ

ကျွန်တော်လည်း မှန်အောင် မမှန်းတတ်။ ဗိုလ်ချုပ်ကြီးလည်းဖြစ်ကောင်းဖြစ်မယ်။ ဝန်ကြီးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဦးပိုင်မှာ ဆရာကြီးနေရာလည်း ရနိုင်တယ်။ ဝန်ကြီးဖြစ်တော့ သူများတွေက ပြောင်းဖူးအူတိုင်နဲ့ပေါက်တာလည်း ခံရနိုင်တယ်။ ခြင်္သေ့ဂိုဏ်းတခုခုထဲမှာ ရာထူးကြီးကြီးမျှော်နေသူလည်းဖြစ်နိုင်တယ်။ ခရိုနီတွေ အမျိုးထဲရောက်လာမယ်။

ကိုယ့်ကိုသင်ပေးလိုက်တာလွဲရင် ဖွဲလို့သာ ထင်နေမယ်။ အရပ်သားတွေကို ဆန်ကွဲလို့သာ မြင်နေမယ်။ စာတွေ ဖတ်ဖြစ်လည်း သိတာကိုရေးဘို့ ကြောက်နေမယ်။ အင်တာဗျူးရဲတဲ့သတ္တိ ရှိမှာမဟုတ်။ သူရဘာညာတော့ ရထားတယ်။

အသက်မသေရင်တော့ သူဌေးဖြစ်မှာသေချာတယ်။ မဲသဝေါတိုက်ပွဲမှာ ကျသွားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈


မြန်မာစာ ခုနစ်ထွေက

$
0
0
ဗိုလ်ချုပ်နေဝင်းခေတ်ဦးမှာ မြန်မာစာသတ်ပုံကို မူရင်းအတိုင်းသာ ရေးခွင့်ရှိပြီး ၁၉၈ဝ ကျော်မှသာ ပြင်ခိုင်းတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ ပြင်ထားတဲ့သတ်ပုံကိုသာ မရေးမနေရနဲ့ ထုတ်သမျှစာအုပ်တွေမှာ အဲတာသာရေးစေတယ်။

မြန်မာစာတောပေတောကို လေ့လာရင်
၁။ စကားပြေ၊
၂။ ကဗျာလင်္ကာ
၃။ လင်္ကာစကားပြေ နှစ်ထွေရောဆိုပြီး ရေးဟန် သုံးမျိုးရှိတာ တွေ့နိုင်ပါတယ်။

မှန်နေတဲ့သတ်ပုံကို ပေါ်လစီအရပြောင်းလိုက်ချိန်ကစပြီး တစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။ အခုလည်း အဲတာသာ မှန်သလိုလို အတည်ပေါက်လုပ်ထားတယ်။ မြန်မာစာသတ်ပုံဟာ နှစ်ထွေသာမက ခုနစ်ထွေကဖြစ်လာပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

သစ္စာမရှိသော လူသား

$
0
0





တခါတုန်းက သူဋ္ဌေးကြီးတဦး တောထဲ၌ တယောက်တည်း လမ်းလျှောက်ထွက်လာစဉ် ရေတွင်းပျက်တခုထဲသို့ လိမ့်ကျသွားလေသည်။

တခါတုန်းက ကြွယ်ဝလှတဲ့မြန်မာစာ လမ်းလျှောက်ထွက်လာစဉ် ခေတ်ပျက်ကြီးတခုထဲသို့ လိမ့်ကျသွားလေသည်။ တဘာသာတည်းသာမကပါ။

၂ဝ-၇-၁၉၇၄ နေ့ထုတ် ရွှေသွေးဂျာနယ်မှ

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Segregation ပိုင်းခြားခြင်းများ

$
0
0
တိုင်းပြည်တခုထဲမှာ ခွဲခြားထားမှုဆိုတာ လေးမျိုးရှိပါတယ်။
၁။ ပထဝီအရပိုင်းခြားမှု၊
၂။ လူမျိုးစုအရပိုင်းခြားထားမှု၊
၃။ ဘာသာရေးအရပိုင်းခြားထားမှု၊
၎။ လိင်ကွဲပြားမှုအရပိုင်းခြားထားမှု။

အသားအရောင်ခွဲခြားမှုတွေ အမေရိကားမှာရော တောင်အာဖရိကမှာပါ ပပျောက်သွားပြီ။ ဘာလင်တံတိုင်းလဲပြိုကျသွားပြီ။ ဥရောပကိုခွဲခြားထားခဲ့တဲ့ သံမဏိလိုက်ကာကြီးလဲမရှိတော့ပါ။

နော်ဝေဝန်ကြီးချုပ်ဟောင်း မြန်မာ့ဒီမိုကရေစီရေးတဲ့မိတ်ဆွေရင်း ဘွန်းဗက်ကရေးထားတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကံမကောင်းတာက မျိုးချစ်စိတ်နဲ့ ဘာသာတရားကို နိုင်ငံရေးရည်ရွယ်ချက်အတွက်သုံးရတာ လွယ်လွန်းနေတာပါပဲတဲ့။

သူပြောတာဟုတ်မယ်။ မကြာခဏ ဘလော့စရာတွေပေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆
၂၉-၇-၂ဝ၁၈

ပုဒ်မ ၂၉၄

$
0
0
ပြည်ပနိုင်ငံရေးမှာ လုပ်ဘော်ကိုင်ဖက်တယောက် တင်ထားတဲ့ပို့စ်ကပုံဖြစ်ပါတယ်။

နေရာတခုခုတွင်
တခုခုကိုပြုလျှင်
စကားတမျိုးမျိုးကို
ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ

အဲဒီဥပဒေက ပေါ်လစီသတ်ပုံနဲ့ရေးတာမဟုတ်လို့ ပုဒ်မ ၂၉၄ (ဆဲရေးတိုင်းထွာမှု) နဲ့ငြိတဲ့တရားခံကို လွှတ်ပေးလိုက်ပုံရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

သစ်တသီး

$
0
0
တနေ့က ရခိုင်စာ ပေါ်လစီသတ်ပုံသွတ်သွင်းမခံရပါလို့ ရေးခဲ့တယ်။ အခု ဆရာမင်းသုဝဏ်ရေးတဲ့ မြန်မာစာမြန်မှုထဲက ထားဝယ်စကားမှာလည်း ပလီထားတဲ့သတ်ပုံမပါတာတွေ့တယ်။

ကလေးတွေ ကျောချင်းတဆိုင် မတ်တတ်ရပ်ပီး ခြေထောက်တချောင်းစီချိတ်ကြရတယ်။ ချိတ်ပီးဆုကြရတဲ့စကားကတော့ သည်လိုပါ့

ဘယ်ခေ ဘယ်သု ခေ
ဖိုးရှင် ခေ
သစ်တသီး ကော့စားသွား
သစ်တသီး ဖယ်မာ

သစ်တစ်သီး မဟုတ်ပါ။ အခုတော့ မသိ။ မင်းသုဝဏ်ရေးတာ တစ်နှစ်လုံး မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Night terrors အိပ်မက်ထဲ သူရဲစီးခံရခြင်း

$
0
0
အရင်စာမှာ ဘီလူးစီးလို့တပ်ထားလို့သာ ခေါင်းစဉ်ကို သည်လိုရေးပါတယ်။ သူရဲက ရှိတာမဟုတ်။

မကြာခဏ ဘီလူးစီးနေလို့ပါဆရာ။ အဲဒါ ဘယ်လိုလုပ်ရမလဲဆရာ။

မေးတဲ့သူ (ဖြစ်တဲ့သူ) အသက်-ကျား-မ မသိရပါ။ အရင်မေးသူရှိလို့ဖြေထားပါတယ်။ အဲဒီတယောက်လည်း မေးနည်း စည်းကမ်းမကျလို့ ပြန်မေးနေရသေးတာ။

ဆရာ မဖြေမှာကိုလည်း နားလည်ပါတယ်ရှင့်။ ဘီလူးစီးတယ်လို့ မြန်မာတွေခေါ်နေတဲ့အဖြစ်ဟာ ဘာဓါတ် ချို့ယွင်းလို့ ဖြစ်ရတာလဲဆိုတာ အမြန်ဆုံးသိချင်လို့ပါရှင်။ သောက်စရာဆေး စားသင့်သော အစားများကို သိချင်လို့ပါဆရာ။ ဆောင်ရန်ရှောင်ရန်တွေပါ သိလိုပါတယ်ရှင့်။

ဘယ်လိုဖြစ်တာကို အဲလိုခေါ်ပါသလဲ။ အရပ်ခေါ်တွေက တနေရာနဲ့တနေရာ မတူပါ။

အိပ်မက်ယောင်လိုအော်နေရပါတယ်။ တစုံတယောက်လာနိုးမှ အော်နိုးလို့ ရပါတယ်။ ဖြစ်တိုင်း စောင် သို့ မဟုတ် အင်္ကျီလည်ပင်းမှာရှိနေတတ်ပါတယ်။ ဘုရားမရှိခိုးလို့ ပြောပါတယ် ဘုရားရှိခိုးပြီး ကျမဟာ ဘုရားစာအုပ်ဖတ်ရင်း ကျန်းမာရေးစာတွေဖတ်ပြီးမှအိပ်သူပါရှင့်။

အရပ်ခေါ် ဘီလူးစီးခံရခြင်းဟာ လူကြီးတွေမှာသာမက ကလေးတွေမှာလည်းဖြစ်ပါတယ်။ လူကြီးတွေထဲမှာ ၂% ကနေ ၈% အထိဖြစ်တယ်။ အိပ်မက်ဆိုးပေမယ့် တကယ်ကိုခံစားနေရတာပါ။

Night terrors ဘီလူးစီးခံရခြင်းက Nightmares အိပ်မက်ဆိုးနဲ့ မတူပါ။ အိပ်မက်ထဲမှာ ပါတာတွေက တယောက်နဲ့ တယောက်မတူပါ။ အကျဉ်းအကြပ်တခုကနေ လွန်မြောက်အောင် အင်နဲ့အားနဲ့ ရုန်းကန်ကြိုးပမ်းတာမျိုး။ အမြင့်ကနေ ကျမှာကို ထိန်းမရနိုင်တာမျိုး။ အန္တရာယ်ကနေ ကျော်လွှားရတာမျိုး စတာတွေပါတယ်။ ဘဝမှာ ကြီးမားတဲ့မတော်တဆမှု ကြုံဘူးတာကို မက်တာမျိုးလည်းရှိတယ်။ ဘယ်လိုဟာတွေမက်မက် ကြောက်စရာသာဖြစ်တယ်။

အိပ်ခြင်းအဆင့်ထဲက အိပ်မက်မက်တဲ့ Rapid eye movement (REM) အဆင့်မှာအများဆုံးဖြစ်တယ်။ အများအားဖြင့် ညဦးပိုင်း အိပ်ပျော်ပြီးအချိန်အတွင်းဖြစ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုံးမှာဖြစ်တယ်။ အိပ်စက်ခြင်းတခုရဲ ပဌမ ၃ ပုံ ၁ ပုံမှာအဖြစ်များတယ်။ သုတေသနတခုအရ သန်းခေါင်နဲ့ သန်းခေါင်ကျော် ၂ နာရီကြား များတယ်။ မက်နေချိန် ၁ဝ မိနစ်ကနေ ၂ဝ မိနစ်အထိကြာတယ်။

ယောက်ျားလေး ၅-၇ နှစ် အဖြစ်များဆုံး။ ၃-၇ နှစ် ယောက်ျားလေး၊ မိန်းကလေး ဆတူဖြစ်တယ်။ ၁၂ နှစ်အထိ အဖြစ်နည်းလာတယ်။ လူကြီး ၂့၂% နဲ့ ကလေး ၆့၅% မှာ ဖြစ်တယ်လို့တွေ့တဲ့သုတေသနလည်းရှိတယ်။ တချို့

ဘာလို့ဖြစ်သလည်း။ ဖြစ်နိုင်ခြေသီအိုရီတွေသာရှိတယ်။ မအိပ်ခင် ညလယ်စာစားလို့ ဇီဝအလုပ်ပိုလုပ်ရခြင်း၊ စိတ်မကျဆေး၊ သွေးကျဆေးသောက်ခြင်း။ မိသားစုအတွင်း တယောက်မကဖြစ်ခြင်း။ Post-traumatic stress disorder စိတ်ဒဏ်ရာရပြီးနောက်ဖြစ်ရတဲ့ စိတ်ရောဂါ။ Anxiety disorders စိုးရိမ်စိတ်ကဲသူတွေမှာလည်းဖြစ်တယ်။ မူးယစ်ဆေးနဲ့ အရက်တလွဲသုံးသူတွေမှာလည်းဖြစ်တယ်။

မက်ပြီးရင် ရုတ်တရက်အိပ်ယာကနိုးလာမယ်။ အော်ဟစ်မယ်။ မျက်လုံးပြူးနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ အသက်ရှူမြန်နေမယ်။ နှလုံးခုန်မြန်နေမယ်။ သွေးဖိအားတက်နေမယ်။ တုန်လှုပ်ခြောက်ခြားနေမယ်။ ကြောက်ရွံ့နေမယ်။ ရင်တုန်နေမယ်။ ဇောချွေးပျံနေမယ်။ အိပ်မက်လိုမဟုတ်ပဲ တကယ်ခံစာခဲ့ရတဲ့အတိုင်း ပင်ပန်းနေမယ်။ ကလေးတွေမှာဖြစ်ရင် အိပ်ယာကနိုးလာပြီး ထငိုမယ်။ အော်ဟစ်မယ်။ အဲလိုကနေ ဆက်ပြီး Sleepwalk လမ်းလျှောက်တယ်။

အဲလိုကနေ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်။ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ တချို့မှာ မိမိကိုယ်မိမိ သတ်သေလိုစိတ်ဖြစ်ခြင်း။

ကလေးတွေမှာဖြစ်တာကို နှစ်သိမ့်ပေးရမယ်။ ကြောက်စိတ်ကိုဖျောက်ပေးရမယ်။ ကလေးတွေ ငယ်စဉ်က အဲလို ဖြစ်ခဲ့ပေမယ့် ကြီးတော့ စိတ်ရောဂါထူးမဖြစ်ကြပါ။

ကုသမှုအကြံပြုချက်တွေကတော့ အိပ်ချိန်မှန်စေခြင်း၊ အစားစားချိန်မှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေပါတယ်။ အိပ်ယာနေရာ သက်တောင့်သက်သာရှိစေသင့်တယ်။ မအိပ်ခင် စိတ်ကိုပြုပြင်သင့်တယ်။ လူကြီးတွေကို Benzodiazepine ခေါ်စိတ်ငြိမ်ဆေးပေးနိုင်တယ်။ Melatonin 1 to 3 mg ဆေးကိုလည်းညွှန်တယ်။

Sleep paralysis ဘီလူးစီးခြင်း http://doctortintswe.blogspot.com/2016/10/sleep-paralysis.html
Nightmares အိပ်မက်ဆိုးများ http://doctortintswe.blogspot.com/2014/11/sleep-disorders.html
Night terrors သူရဲစီးခံရခြင်း http://doctortintswe.blogspot.com/2016/02/night-terrors.html

ဒေါက်တာတင့်ဆွေ

Sinus ဆိုင်းနပ်စ်ရောဂါ

$
0
0
မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၃ နှစ်ပါ ရာသီမှန်ပါတယ်ရှင် အပျိုပါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဖျားလို့ ဆေးခန်းပြတာ မျက်နှာပေါ်က sinus ရောင်တယ်လို့ပြောပြီး antibiotics ကို ငါးရက် သောက်ခိုင်းပါတယ် အခုအားဆေးတွေ ပေးထားပါတယ် Betax ရယ် Farrovit ရယ်ကပါဆရာ ဖျားခဲ့တာက တရက်ပါပဲ ဒါပေမဲ့အခုထိ ခေါင်းကိုက်တာ မကြာမကြာဖြစ်နေလို့ပါ အထူးသဖြင်ထ ကွန်ပြူတာ ဖုန်းကြည့်ပြီးရင် ခေါင်းကိုက်ပါတယ် နားထင်ထဲကကိုက်တာပါ နေမရအောင်ထိတော့မဆိုးပါဘူး စိုးရိမ်ရပါသလား ဆရာ ဘယ်လိုလုပ်သင့်ပါသလဲ ဘာတွေရှောင်ရပါမလဲ ရေချိုးတာတို့ ခေါင်းလျှော်တာတို့ရပါသလားဆရာ အကြံပေးပါဦးရှင် မေးသမျှကို ဖြေကြားပေးတာလည်း ကျေးဇူးတင်ပါတယ်ရှင်

ပုံကြည့်ပြီး မကုလားမတွေ လက်တွေ-ခြေတွေမှာ လုပ်ကြတဲ့ Mehndi မင်ဒီကို မျက်နှာမှာ အလှခြယ်ထားတယ် မထင်ပါနဲ့။ နဖူး နဲ့ မျက်လုံးကြားမှာနာမယ်၊ အပေါ်သွားတွေနာမယ်၊ မျက်နှာက ပြည့်နေသလိုခံစားရမယ်၊ နှာခေါင်း ပွစိပွစိဖြစ်မယ်၊ ဒါဆိုရင် ဆိုင်းနပ်စ်ဖြစ်နေနိုင်တယ်။

ခေါင်းရိုးခွံထဲမှာ လေခိုနေတဲ့ အခေါင်းလေးတွေ ရှိတယ်။ အခေါင်းလေးတွေကို Mucous membranes အလွှာပါးလေးနဲ့ ဖုံးထားတယ်။ Sinuses တွေဟာ fingerprints လူ့လက်ဗွေတွေလို တယောက်နဲ့ တယောက် မတူကြပါ။ ဘယ်-ညာ မှာ ၄စုံရှိတယ်။
1. Two frontal sinuses မျက်လုံးတွေအထက် နဖူးရိုးထဲမှာ ၂ခု၊
2. Two maxillary sinuses ပါးရိုးထဲမှာ ၂ခု၊ ပုံထဲမှာ တရိဂံပုံမှောင်နေတဲ့နေရာ
3. Ethmoid sinuses နှာခေါင်းနောက်ဖက်မှာအုပ်စုလိုက်ရှိတယ်၊
4. Sphenoid sinuses နှာခေါင်းနောက်ဖက် ဦးနှောက်အောက်မှာ

• ဆိုင်နူဆိုက်တစ်စ်ဆိုတာ
ခေါင်းရိုးခွံထဲက အခေါင်းလေးတွေကိုဖုံးနေတဲ့ အလွှာပါးလေးမှာ အင်မတန်သေးလှတဲ့ အမွှေးနုနုလေးတွေရှိတယ်။ cilia ခေါ်တယ်။ အချွဲရည်ကို အပေါက်ဘက်ဆီထွက်စေဘို့ ဖန်တီးထားတယ်။ ခေါင်းရိုးခွံထဲက အခေါင်းလေးတွေနဲ့ နှာခေါင်းဟာ တနည်းနည်းနဲ့ ဆက်နေကြလို့ အချွဲကို ထွက်သွားစေအောင်လုပ်ပေးထားတယ်။ ရောဂါပိုးဝင်တာ၊ အလာဂျီရတာဖြစ်ရင် အဲဒီနေရာတွေ ရောင်ရမ်းလာတယ်။ အဲလိုကြောင့် နီရဲပြီးဖေါင်းနေတာကို ဆိုင်နူဆိုက်တစ်စ်လို့ ခေါ်တယ်။

• အစကတော့ အအေးမိသလိုပါဘဲ
အအေးမိလို့ရောင်တာ နဲ့ အလာဂျီဖြစ်တာတွေက ဒါတင် အဆုံးသတ်မသွားရင်တော့ ဆိုင်းနပ်စ်တွေရောင်တာ ဖြစ်လာစေနိုင်တယ်။

• နှာခေါင်းပိတ်၊ နှာခေါင်းပွစိပွစိဖြစ်ပြီး နာမယ်
အထဲမှာ ရောင်တဲ့နေရာလိုက်ပြီး နာတာခံရမယ်။ နှာခေါင်းက အရည်တွေယိုမယ်။ ဝါမယ်၊ စိမ်းမယ်၊ ကြည်မယ်။ အားယုတ်နေမယ်။ အနံ့ကောင်းကောင်းမရဘူး။ အရသာပျက်မယ်။ ချောင်းဆိုးမယ်။ လည်ချောင်းနာမယ်။ ခံတွင်းအနံ့ မကောင်းဖြစ်မယ်။ ခေါင်းကိုက်မယ်။ ရှေ့ကုန်းရင်ပိုနာမယ်။ ကိုယ်ပူမယ်။

• နာတာရှည် ဆိုင်နူဆိုက်တစ်စ်
ပုံထဲမှာ အပြာရောင်နေရာတွေက Maxillary sinuses မက်ဆလယ်ရီဆိုင်းနပ်စ်နှစ်ဖက်လုံးက အဖုံးလွှာပါးလေးတွေ ရောင်နေ-ထူနေတာကိုပြတယ်။ အဲလို ဆိုင်းနပ်စ်ရောင်နေတာ ၃ လကျော်ရှိနေပြီ။ နာတာရှည် ဆိုင်နူဆိုက်တစ်စ်ခေါ်တယ်။ တခါတလေ ဗက်တီးရီးယားတွေလဲဝင်တတ်တယ်။ ဒါပေမဲ့ ဒီပိုးတွေကြောင့်တော့ နာတာရှည်မဖြစ်စေဘူး။ ဆိုင်းနပ်စ်တည်ရှိနေပုံ၊ အလာဂျီ၊ အသားပိုအလုံး၊ ခုခံအားကျတာ၊ သွားရောဂါတွေကနေလဲ နာတာရှည် ဆိုင်နူဆိုက်တစ်စ်ဖြစ်စေနိုင်တယ်။

• နှာခေါင်းထဲက အသားပို
ဆိုင်းနပ်စ်ရောင်လာရင် အဖုံးလွှာလေးတွေ ထူလာပြီးရောင်မယ်။ သိသိသာသာထူတာဖြစ်ရင် စပျစ်သီးခိုင်လို ဖြစ်လာမယ်။ ဒါကို နှာခေါင်းထဲက အသားပိုလို့ခေါ်တယ်။ ဆိုင်းနပ်စ်ထဲကနေ နှာခေါင်းထဲ တိုးထွက်လာတာလဲ ရှိတယ်။ နှာခေါင်းပေါက်ကို အနည်းနဲ့အများဆို့ပိတ်နေမယ်။ တချို့မှာ လုံးဝနီးနီး ပိတ်နေတယ်။

• နှာခေါင်းထဲ ထည့်တဲ့ဆေးတွေ
နှာခေါင်းထဲ ထည့်တဲ့ Decongestants ဆေးတွေက ပိတ်နေတာကို ပွင့်စေပြီး စီဆင်းထွက်ကျစရာကို ဖြစ်လာစေမယ်။ ခရီးသွားနေရတုံး၊ ရောဂါဆိုးတာခံနေရတုံးမှာ သုံးတာ အကျိုးရှိစေပါတယ်။ ဒါပေမဲ့ ရက်ရှည်သုံးတာ မကောင်းပါ။ ကြာကြာသုံးရင် ပြောင်းပြန်အကျိုးရစေတယ်။ နှာခေါင်း ပြန်ပိတ်လာမယ်။ နာတာရှည်သမားတွေအတွက် မပေးရပါ။

• ပါးစပ်ကသောက်ရတဲ့ စားဆေးတော့ ပေးတယ်။ ဘေးထွက်-ဆိုးကျိုး သတိထားပါ။
ရက်တို ဆိုင်းနပ်စ်ရောင်တာအတွက် အကောင်းဆုံးနည်းကတော့ Nasal steroid sprays နှာခေါင်းထဲ ထည့်ရတဲ့ စတီရွိုက်ဆေးရည် နဲ့ Saline sprays ဆားရည်ဖြစ်တယ်။ ဒါနဲ့မှမရရင် ဆရာဝန်ပြပါ။ နာတာရှည် ဖြစ်နေသူတွေမှာ Deviated septum နှာခေါင်းကို ဘယ်-ညာကန့်ထားတဲ့ အကန့်က တိမ်းစောင်းနေတာ ရှိလာနိုင်တယ်။ ဆေးကုလို့ရပါတယ်။

• ပဋိဇီဝဆေး အများအားဖြင့် မလိုပါ။
အအေးမိတယ်ဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ အအေးမိတာ သူ့ဖါသူပျောက်တာ များတယ်။ ကံဆိုးရင် အအေးမိရာကနေ ဆိုင်းနပ်စ်ရောင်တာ ဆက်ဖြစ်တယ်။ ပဋိဇီဝဆေးတွေက ဗိုင်းရပ်စ်ကို မသေစေနိုင်ပါ။

• အလာဂျီကနေ ဆက်ဖြစ်တဲ့ ဆိုင်နူဆိုက်တစ်စ်
ဆားရည်နဲ့ ဆေးပြစ်သလိုလုပ်တာ အကောင်းဆုံးဖြစ်တယ်။ Neti pot နဲ့ ဖြစ်ဖြစ် Squeeze bottle နဲ့ ဖြစ်ဖြစ် လုပ်နိုင်တယ်။ Nasal steroid sprays စတီရွိုက်ဆေး နှာခေါင်ထဲထည့်တာလဲ သုံးကြပါတယ်။ Antihistamines အင်တီဟစ်တမင်းဆေးလဲ ပေးနိုင်တယ်။

• ဆရာဝန်ကို ဘယ်တော့ပြမလဲ
နှာခေါင်းထဲကနေ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်းအရည်တွေ ကျလာရင် ဗက်တီးရီးယားပါထပ်ဝင်တာဖြစ်နိုင်တယ်။ ပဋိဇီဝဆေး မပေးလဲ ၂ ပါတ်အတွင်းပျောက်ပါမယ်။

• နာတာရှည် ဆိုင်နူဆိုက်တစ်စ်ကုသနည်းက ခက်လှတယ်
ဖြစ်စေတာမျိုးကနေ ဝေးဝေးရှောင်ပါ။ Nasal steroid sprays နဲ့ Antibiotics ဆေး ပေးနိုင်တယ်။

• ခွဲစိတ်ကုသနည်းမှာ Functional endoscopic sinus surgery ကိုလုပ်တယ်။ အတော်အသင့် ကောင်းပါမယ်။

• အဆိုးဆုံး ဘာဖြစ်နိုင်လဲ
အနံ့ကောင်းကောင်းမရတာ၊ အရသာပျက်တာတွေဖြစ်တာ များတယ်။ သတိထားရမှာက ဆိုင်းနပ်စ်တွေနဲ့ ဦးနှောက်ကြားမှာ အရိုးလွှာလေးသာခြားတယ်။ ဆိုင်းနပ်စ်ရောင်ရာကနေ အရိုးကိုပါ ရောက်တဲ့နောက် ဦးနှောက်ကို ကူးလို့ Meningitis ဦးနှောင်မြှေးရောင်တာ ဖြစ်လာနိုင်တယ်။ ဦးနှောင် တစ်ရှူးလဲ ရောင်နိုင်တယ်။ နောက်ပြီး မျက်စိကို ကူးလာနိုင်တယ်။

• ဘယ်လို ကာကွယ်မလဲ
အတိအကျ မပြောနိုင်ပါ။ ဖြစ်လာရင် Saline sprays or Nasal irrigation မကြာခဏလုပ်ပေးပါ။ အခန်းထဲမှာ ခြောက်သွေ့မနေပါစေနဲ့။ ကိုယ့်နှာခေါင်းကို ကလိစေတာမျိုး ရှောင်နေပါ။ ဥပမာ အနံ့ပြင်းတာမျိုးနဲ့ မိုးခိုးငွေ့တွေ။

Sinusitis ဆိုင်နူဆိုက်တစ်စာကိုလည်း ဖတ်ပါ။ ဘလော့မှာရှိတယ်။

Dr. တင့်ဆွေ


Sinusitis ဆိုင်နူဆိုက်တစ်

$
0
0
၁။ ဆရာ ကျွန်မသမီး အသက် ၁၀နှစ်ရှိပါပြီ။့ ကပါ။ သမီးအသက် ၆နှစ်လောက်ကတည်းက နှာအမြဲစေးပါတယ်။ ရာသီဥတု အေးတော့ ဆေးသောက်လိုက် ကောင်းသွားလိုက်ပေါ့ဆရာ။ အသက် ၈ နှစ်လောက်ကစပြီး နှာခေါင်းတဖက် လုံးဝပိတ်သွားတယ်။ အိပ်ရင် အရမ်းနေရခက်ပုံပေါ်ပါတတ်။ လွန်ခဲ့တဲ့ ၄လလောက်က ထိုင်းကိုသွားပြပါတယ်။ ဆရာဝန်က ခေါင်းကို x rayရိုက်ပါတယ်။ နှာခေါင်းထဲက အနောက်ဘက်ကို နှာရည်စီးတဲ့ ပြွန်ပိတ်နေတယ်ပြောပါတယ်။ နှာအမြဲစေးနေတော့ နှာခေါင်းထဲ ဘက်တီးရီးယားတွေ အောင်းနေလို့ ရောင်ရမ်းပြီး ပိတ်တာလို့ ပြောပါတယ်။ ခွဲချင်ရင် ခွဲလို့ရတဲ့ အခြေအနေ ရှိနေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ကလေးက မခွဲချင်တော့ ပိုးသတ်ဆေး ၂ပတ်စာနဲ့ Cetrine အမျိုးအစား တညတလုံး ၃လစာ။ နှာခေါင်းထဲ ဖျန်းတဲ့ဆေး nasonex တရက်၂ကြိမ် ဖျန်းခိုင်းပါတယ်။ အခု  နည်းနည်း သက်သာသလိုတော့ ရှိပါတယ်။ အခုလက်ရှိ ထိုင်းကိုမသွားဖြစ်သေးတော့ ဆရာဝန်ပေးတဲ့ဆေး ဆက်သောက်ရမလားရှင့်။ ဆေးကြာရှည် သောက်မိလို့ ဘေးထွက်ဆိုးကျိုးလဲ သိပါရစေ။ ဆရာရေးတဲ့ နှာခေါင်းထဲ အဖုရှိတာနဲ့ ရောဂါ အတူတူပဲလားရှင့်။ ခွဲလိုက်ရင်ရော လုံးဝ ကောင်းသွားနိုင်လားရှင့်။ ရိုသေစွာ အကူအညီ တောင်းခံအပ်ပါတယ်။

အနောက်ဘက် မဟုတ်။ နောက်ဘက်လို့ရေးရတယ်။ အနောက်ဆိုတာ အနောက်အရပ်။

၂။ ကျွန်မ့ မှာ အလုပ်လုပ်နေပါတယ်။ နာမည်က့ ပါ။ အသက်က ၃၄နှစ်၊ အိမ်ထောင် ကလေး ၂ ယောက်မိခင်ပါ။ ၁။ ဒီလ ၁၈ ရက်နေ့မှာ နှာမွှန်၊ နှာဆေးပါတယ်။ ၁၉ ရက်နေ့ကစပြီး သတိထားမိလောက်အောင် နှာခေါင်းအလယ် တဝိုက်မှာ နာနေပါတယ်။ နာနေတဲ့ပုံစံက တခုခုနဲ့ ဆောင့်မိပြီး ခိုင်းမိထားသလိုမျိုး ဖွဖွလေးနာနေတာပါ။ နားထင် တဖက်ဆီမှာလဲ တချက်ချက်ကိုက်ပါတယ်။ ၁၉ ရက်နေ့ညမှာပဲ Tiffy Day နှစ်လုံးသောက် အိပ်လိုက်ပါတယ်။ ၂ဝ ရက်နေ့ မနက်ကျတော့ နှာမွှန်တာ နည်းနည်းသက်သာပေမဲ့ နှာခေါင်း အလယ်တဝိုက် နာနေတာမသက်သာပါဘူး နေ့လယ်လောက်မှာ နှာခေါင်းအလယ်တဝိုက် အရိုးရှိတဲ့နားမှာ အနီရောင်သန်းလာပြီး ရောင်သလိုဖြစ်လာပါတယ်။ ညဖက်အလုပ်ကအပြန် ဆေးဆိုင်ဝင်ပြီး ပိုးသတ်ဆေးမေးတော့ Amoxicillin capsules 500 ကိုပေးလိုက်ပါတယ်။ ညစာ မစားခင် တလုံးသောက် ပြီး မအိပ်ခင် တလုံးထပ်သောက်ပြီး အိပ်ပါတယ်။ ခုထိ အရိုးတဝိုက်မှာ ပိုရောင်လာတာ တွေ့ရပါတယ်။ ခေါင်းတော့ မကိုက်တော့ပါဘူး။ တခြားနေရာတွေလဲ နာတာ မရှိသေးပါဘူး။ နှာခေါင်းအလယ် အရိုးတဝိုက်ဆီမှာပဲ ကိုက်သလို နာနေပါတယ်ဆရာ။ အဲဒါ Sinus infection ဖြစ်နိုင်ပါသလားဆရာ။ ဆရာရဲ့  Sinus infection အကြောင်း ရေးထားတဲ့ ပိုစ့်အောက်မှာ ဖတ်ကြည့်ပြီးပါပြီဆရာ။ ဒီလိုမျိုးဖြစ်တာ ဒါပထမဆုံး အကြိမ်ပါဆရာ။ ဖြစ်နိုင်ရင် ဆရာဝန်ဆီမသွားသေးပဲ ဆေးအရင်သောက်ကြည့်ချင်ပါတယ်။ ဘာဆေးကို သောက်သင့်လဲဆိုတာ လမ်းညွှန်ပေးပေးပါရှင့်။

လူ့မျက်နှာ နှာခေါင်းတဝှိုက်မှာ နဖူးရိုး၊ နားထင်ရိုး၊ မျက်ကွင်းအပြင်ရိုး နဲ့ ပါးရိုး၊အရိုးတွေထဲမယ် အကျိအချွဲ နံရံတွေရှိတဲ့ လေခိုအိတ် ဆိုင်းနပ်စ်စုစုပေါင်း ဘယ်-ညာ လေးစုံ ရှိပါတယ်။ တခုတခုဟာ မီးခြစ်ပုံးအရွယ်လောက် ရှိတယ်။

နှာခေါင်းရောဂါ အမျိုးမျိုးကို စာရင်းချလိုက်ရင် ဒီလိုတွေ့ရပါမယ်။
၁။ Drug Allergy ဆေးတခုခုနဲ့ မတည့်လို့ဖြစ်ရတဲ့ အလာဂျီဖြစ်ခြင်း၊
၂။ Acute or Chronic Sinusitis Ethmoiditisရက်တို-ရက်ရှည် ဆိုင်းနူဆိုက်တစ်မျက်ကွင်းအပြင်ဘက်ရိုးရောင်ခြင်း၊
၃။ Chronic Frontal Sinusitis Chronic Rhinosinusitisနာတာရှည် ဆိုင်းနူဆိုက်တစ်နဖူးထဲကရိုးရောင်ခြင်း၊
၎။ Epistaxis နှာခေါင်းသွေးယိုခြင်း၊
၅။ Foreign Body in the Nose နှာခေါင်းထဲ တခြားပစ္စည်းဝင်ခြင်း၊
၆။ Hematoma of the Nasal Septumနှာခေါင်းပေါက်နှစ်ခုကို ပိုင်းခြားထားတဲ့အကန့် သွေးယိုခြင်း၊
၇။ Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း၊

ဒီစာမှာ ပဌမ ၃ မျိုးအကြောင်းကိုဘဲ ရေးပါရစေ။ အလာဂျီ)ကြောင့်ဖြစ်တဲ့ ဆိုင်းနပ်စ်)ရောဂါက နှာရည်တွေယို၊ နှာခြေ၊ အနေအထိုင်ခက်ဖြစ်လာပါတယ်။ ကုသဘို့ Antihistamines Diphenhydramine, Loratadine, Fexofendadineအင်တီ-ဟစ်တမင်းဆေး၊ Decongestants Pseudoephedrineနှာရည်ကျဲဆေး၊ Nasal corticosteroids Fluticasone, Beclomethasoneနှာခေါင်းထဲထည့်ရတဲ့ ကော်တီကို-စတီရွိုက်ဆေးတွေကို သုံးရပါတယ်။

နောက်ပြီး အလာဂျီဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင်ပြုလုပ်ခြင်း၊ Allergy desensitization လုပ်သင့်ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့်စိမ်ခြင်း၊ Saltwater rinses ဆိုတာ ကရိယာဝယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား အိုင်အိုဒင်း မပါလက်ဘက်ရည်ဇွန်း တဝက်၊ မုံ့ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုံ့ နဲနဲထည့်ရပါမယ်။ ဆိုဒါမှုံ့က အပူမလောင်အောင် ကာကွယ်ယုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကိုပွက်အောင်လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ်ရှိလို့ ကရိယာဝယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲမကြီးပါဘူး။

လူတွေအများဆုံးဖြစ်တတ်တဲ့ ထိပ်ကပ်နာ ခေါ်တဲ့ ဆိုင်းနပ်စ်ရောဂါက ဘယ့်လောက်အဖြစ် များသလဲဆိုရင် ဗမာတွေ စွဲနေကြတဲ့ ရုပ်ရှင်ထဲက ကိုရီးယန်းတွေ လေးယောက်မှာ သုံးယောက် ဖြစ်နေသတဲ့။ အစကတော့ အအေးမိတာနဲ့ အတူတူပါဘဲ။ နဲနဲလေး ကိုယ်ပူ၊ နှာချေ၊ နှာစေး၊ နှာပိတ်၊ ချောင်းလေးဆိုး၊ အားယုတ်၊ မစားချင် မသောက်ချင်ဖြစ်။ ကြာတော့ နှာခေါင်းနောက်ပိုင်းမှာ အဆက်မပြတ် Drip သွင်းပေးသလို အရည်တွေ စီးကျနေပါမယ်။

ပိုးဝင်တာအပြင် ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်ရပါတယ်။ လေခိုအိတ်ကလေးတွေထဲမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ လက်ချောင်းပုံ အမွှေးလေးတွေက ပြင်ပကဝင်လာမဲ့ မသင့်တဲ့အရာ မှန်သမျှကို တားဆီးပေးပါတယ်။ ရောဂါရရင် အဲဒီအလုပ် မလုပ်နိုင်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ ခိုအောင်း၊ ပေါက်ပွါးပြီး ရောဂါရတော့တာပါဘဲ။

၂-၃ လထက် ကြာကြာဖြစ်ရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ နှာခေါင်းမှာ နေမထိထိုင်မထိ၊ မသက်မသာ ဖြစ်မယ်၊ နှာရည်ယိုမယ်၊ နှာရည် အရောင်ရှိလာမယ်၊ မျက်နှာမှာ နာနေမေယ်၊ ကိုက်မယ်၊ ကြာလျင် ချောင်းဆိုးပါမယ်၊ ညအချိန်ပိုဆိုးတယ်)။ ပြည်လိုလဲဖြစ်လာနိုင်တယ်။ နှာရည်ကနံလာမယ်။ မွှေးတာ၊ နံတာမသိ ဖြစ်လာပါလိမ့်မယ်။ ပါးစပ်နဲ့သာ အသက်ရှူရတော့မယ်။ အိပ်ရင် ဟောက်မယ်။ ကလေးများဖြစ်ရင် နားရောဂါဆိုတာ မကြာမကြာရမယ်။ ရက်ကြာကြာနဲ့ ခဏခဏဖြစ်ခြင်းတာမို့ အလုပ်အကိုင်ပျက်၊ စိတ်ပျက်ဖြစ်ပြီး စီးပွါးရေးပါ ထိခိုက်နိုင်ပါတယ်။

ဒီရောဂါ ဟုတ်-မဟုတ် ရောဂါရာဇဝင်ဖြစ်တဲ့ ပန်ဝန်းကျင်အခြေအနေ၊ ရောဂါလက္ခဏာတွေ၊ သောက်ထားတဲ့ဆေး ဆိုတာတွေ သိဘို့လိုပါတယ်။ လိုအပ်ရင် Endoscopy နှာခေါင်းထဲကရိယာနဲ့ ကြည့်မယ်၊ X-ray ဓါတ်မှန်ရိုက်တာ၊ နောက်ဆုံးလိုအပ်ရင် CT Computed tomographyscan ကွန်ပြူတာသုံးပြီး စစ်ဆေးတာလုပ်ရပါမယ်။

ကာကွယ်ဘို့ကတော့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်နိုင်သ၍ ရှောင်ဘို့လိုပါတယ်။ ထိပ်ကပ် ရောဂါကြောင့် အေးတဲ့တိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေသူများ အိပ်ကပ် ပြဿနာမရှိရင်တော့ ကိုယ့်ပြည်ကိုယ်ပြန်လာပေါ့။လေကိုလဲ ရေဓါတ်ရှိနေအောင် လုပ်ပေးနိုင်တာ ကောင်းတယ်။ Respiratory Humidifiers, Electrode Humidifiers, Resistance Humidifiers, Gas-Fired Steam Humidifiers, Whole House Humidifiers ဆိုပြီး ကုပ္မဏီတွေက ကြော်ညာတာတွေရှိပါတယ်။ အခန်းကို အနံ့အသက်တွေလဲ ကင်းရှင်းအောင်လုပ်ပါ။

နာတာရှည်ဖြစ်ပြီဆိုရင် ဆေးကုသရာမှာလဲ သာမန်ကာရှံကာမဟုတ်ဘဲ အပြင်းအထံနည်း Aggressive treatment သုံးသင့်ပါတယ်။ နှာခေါင်းပုံပန်းပျက်နေသူတွေကိုတော့ ခွဲစိတ်ပေးဘို့လိုမယ်။ နောက်ပြီး နှာခေါင်းထဲထည့်ရတဲ့ ကော်တီကို စတီရွိုက်ဆေးတွေ ပေးရမယ်။ ဆားရည်နဲ့စိမ်နည်းသုံးရမယ်။

ဆေးမကုဘဲထားလျင် အင်ဖက်ရှင်)ဟာ အတွင်းထဲ၊ အရိုးထဲ ရောက်သွားနိုင်ပါတယ်။ နဖူးထဲက လေခိုပေါက်မှာ ဖြစ်တာဆိုရင် မျက်လုံးကို သွားဖိနေလို့၊ အရုပ်နှစ်ထပ်မြင်ရမယ်။ နဖူးဖေါင်းလာမယ်။ ဦးနှောက်ထဲ အနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။ မျက်ကွင်းဘေးကဖြစ်ရင် အနားတဝှိုက် ပြည်တည်နာ Abscess ဖြစ်မယ်။ ပါရိုးထဲဆိုရင် နှာခေါင်းပိတ်နေမယ်။ နားထင်ရိုးထဲဖြစ်ရင် အရုပ်နှစ်ထပ်မြင်တာ၊ မျက်လုံးရွေ့လျားမှု ကောင်းကောင်း လုပ်မရတာ ဖြစ်နေမယ်။ အထဲဆက်ဝင်သွားရင်တော့ ဦးနှောက်ထဲအနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။

• Antibiotics ပဋိဇီဝဆေး Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XRကို ၁ဝ-၁၄ ရက် သောက်ပါ။
• Decongestants နှာရည်ကျဲဆေးတွေ Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure Decongestant, Entex, Genaphed, Kid Kare Drops, Nasofed, Seudotabs, Silfedrine, Sudafed, Sudodrin, SudoGest, Suphedrin, Triaminic Softchews Allergy Congestion, Unifed)၊
• Saltwater rinses ဆားရည်နဲ့စိမ်နိုင်တယ်။
• Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် ကော်တီကိုစတီရွိုက်ဆေးတွေ Fluticasone or Beclomethasoneသုံးရပါလိမ့်မယ်။
• Paracetamol အနာ-အရောင်သက်သာစေအောင် တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်သောက်ပါ။
• Antihistamine Citrizineတည ၁ ပြားသောက်ပါ။

အက်သမွိုက်လေခိုအိတ်များရောင်ခြင်း Ethmoiditis ကတော့ အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်ခြင်းကတဆင့် ဆက်ဖြစ်ရတာပါ၊ ဗက်တီးရီးယားဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဟာ လေခိုအိတ်ရဲ့နံရံတွေကို ပျက်စီးစေတယ်။ အလာဂျီကြောင့်လည်း ဖြစ်နိုင်တယ်။ သူများကို မကူးပါ။ နှာခေါင်းရိုးအနေအထားပုံမမှန်လို့လည်းဖြစ်နိုင်တယ်။ အားနည်းနေသူ ဆိုရင် ဖန်းဂတ်စ်မှိုကြောင့်လည်း ဖြစ်နိုင်တယ်။ ဖန်းဂတ်စ်မှိုကြောင့်ဖြစ်တာဆိုရင် ဖန်းဂတ်စ်)ဆေး Amphotrecin B အကြောဆေး ပေးရပါမယ်။

လက္ခဏာတွေကတော့ နဖူးအောက်နား၊ မျက်လုံးနှစ်ဖက်ကြား၊ နှာခေါင်းရဲ့ဘေးမှာ နာမယ်။ မျက်စိအစွန်နား အနည်းငယ် နီပြီး ရောင်မယ်၊ နာနေမယ်။ နှာခေါင်းကနေ အသက်ရှူရတာ ခက်မယ်။ ဖျားနိုင်တယ်။ အနံ့ ကောင်းကောင်းမရ ဖြစ်မယ်။ နှာခေါင်းပိတ်နေမယ်။ နှာရည်ယိုမယ်။

ဆက်ပြန့်မသွားအောင်တားဘို့ ခက်ပါတယ်။ ဒါပေမဲ့ နှာရည်ကို သန့်ရှင်းပေးခြင်း၊ ရေ-အရည် များများသောက်ပေးခြင်း၊ ဆားရည်စိမ်ပေးခြင်း၊ နွားနို့ရှောင်ခြင်းတို့က သက်သာစေပါမယ်။ အလာဂျီကြောင့်ဖြစ်ရတာဆိုရင် ဖြစ်စေတတ်တဲ့ အခြေအနေကို ရှောင်ပါ။ နှာခေါင်းထဲထည့်ရတဲ့ ကော်တီကို-စတီရွိုက်ဆေးတွေ သုံးပါ။ အင်တီ-ဟစ်တမင်းဆေး Antihistamines Diphenhydramine, Loratadine or Fexofendadineသုံးပါ၊ နှာရည်ကျဲဆေး Decongestants pseudoephedrineသုံးပါ၊ ဗက်တီးရီးယား)ကြောင်ဖြစ်ရင် ပဋိဇီဝဆေး Antibiotics Amoxicillin & Clavulanic acidပေးပါ၊

ပဋိဇီဝဆေးက မထိရောက်တော့ရင် ခွဲရပါတော့မယ်။ Basic endoscopic surgical procedure ခွဲစိတ်ရတာက မေ့ဆေးဖြစ်ဖြစ် ထုံဆေးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ပိတ်ဆို့နေတာတွေ ဖယ်ထုတ်၊ အကောင်းတွေတတ်နိုင်သမျှ ချန်ပေးရတာ ဖြစ်ပါတယ်။ ၄ ပါတ်ဆိုရင် ပြန်ကောင်းသွားမှာပါ။

ဒေါက်တာတင့်ဆွေ

မေ

$
0
0
နွေတနွေရဲ့ ရေမြေတောတောင်
ရွှေအိုရောင်နေ့လည်ခင်း ဝေ့လည်ရင်းသက်ပြင်းခြွေ
ရွက်ဝါတွေ နွေသစ်စမှာ ကြွေပစ်ကြမစဲပေ
ကဲလေ ကဲလေ
ငိုနေတဲ့ သစ်ရွက်တွေဟာ အို မေရဲ့ချစ်မျက်ရည်လား
ကြည့်လိုက်စမ်းနွေ ကြည့်လိုက်စမ်း မေရေ

နွေလာပြီဆို
ဆီး၍ကြိုမလား ဆီး၍ငိုမလား
မေစဉ်းစားလေ
နှလုံးသားမှာ ဖုံးထားပေမယ့်
အရှုံးများပွေတဲ့ အတိတ်နယ်ဟာ
မေ့အတွက်တော့
ဟင် အရိပ်သဖွယ်
ဆိတ်ကွယ်ရာမရှိတဲ့ ကမ္ဘာပေ

ဒါတွေကို မေသိရက်နဲ့
မေ့ရှိတဲ့အလှဂုဏ် ဓနဂုဏ်
တော်ဝင်ဂုဏ်တွေကလည်း
ပျော်ဝင်ပုံတွေ မှားခဲ့လေသလား
တရားနဲ့သာ ဖြေပေတော့ မေရေ
တွေးလေ တွေးလေ ဝေးနေတဲ့ အမှန်တရား
မေ့ထံပါးမှာ ရှိနေတာဆို ဘာဆိုဘာမှ
ဟင် မေ့ဘဝမှာ အကောင်းကိုရှာသော်ငြား
အကောင်းကား ရှာမတွေ့ဖြစ်နေ
အချစ်တွေ အချစ်တွေကြားမှာ
အချစ်ဆုံးကိုတွေ့ပေမယ့် အချစ်တွေမဆုံးနိုင်တဲ့ မေပါလေ

တကယ်တော့ မေဟာလေ
တော်ရာမှာ နေသင့်ပါလျက်
ပျော်ရာမှာ လေလွင့်လျက်သာ
အဲဒါတွေခက်တာပေါ့မေ အဲဒါတွေခက်တာပေါ့မေ
တနွေမှ တနွေကူးလို့ ကြွေဖူးတဲ့ရွက်ဝါလေးတွေသာ
နွေဆိုတာ ကြောက်ချင် ကြောက်မည်
မေဆိုသည်ကတော့ ထောက်မမီတဲ့ဘဝပင်လယ်မှာ
ကျင်လည်စွာ အချစ်ဆိုတဲ့လှေကလေးနဲ့
တိတ်တဆိတ်ကူးဖြတ်ရင်းပင် မထူးဇာတ်ခင်းချင်တဲ့
ပတ်ဝန်းကျင်ရဲ့ လှိုင်းပုတ်ချင်စရာ ကမ်းခြေလေးတစ်ခု
ဖြစ်မှန်းမသိ ဖြစ်တည်ခဲ့တာ ခေတ်မီသတဲ့လား
ခေတ်မီသတဲ့လား မေ

အို မေရယ် မေရယ်လေ
ပန်းနုရောင် ခေတ်တခေတ်ကို
အချစ်ဖြင့်ထူထောင်မယ်ဆို
ပူလောင်တဲ့ ဟိုအတိတ်ဘဝကို
နဂိုစိတ်က မေ့မရတာနဲ့
တွေ့သမျှကို ချစ်နေတာဟာ
မေ့ဘဝကိုနှစ်နေတာနဲ့ တူမနေဘူးလား
မေတခုတွေးဆလေ
မကြွေလုသေးသမျှ ပန်းကလေးဘဝမှာတော့
လေနုအေးက တနွဲ့နွဲ့နှော့နေဆဲကို
မေ။

ဝတ္ထု - ဒဂုန်တာရာ
တေးရေး - အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော
တေးဆို - ခင်ညွန့်ရည်
ဂီတမှူး - စန္ဒရားတင်ဝင်းလှိုင်

ပင်လောင်းက သြဂုတ်လ

$
0
0
ဆရာ ကျန်းမာပါစေ။ ပင်လောင်းက ကျွန်မတို့လက်ဖက်ခြံနားက အလေ့ကျပေါက်တဲ့ သစ္စာပန်းအနီတွေကလည်း သြဂုတ်လမှာ ဖြိုင်ဖြိုင်ပွင့်ပြီးလှနေတာနဲ့  ဆရာ့အချက်အလက်ယူသုံးမိပါတယ်🙏

ဟုတ်။ သူက ကျွန်တော့်ဆီကို ရှမ်းပြည်ထွက် လက်ဆောင်တွေလှမ်းပို့ဖူးတယ်။ ကျေးဇူး။

ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ နောက်တခေါက်တော့

August သြဂုတ်လ https://doctortintswe.blogspot.com/2018/07/august.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

ဘို နှင့် ဗိုလ်

$
0
0
၁။ ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။

စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။

၂။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ

ဖြစ်တဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ ဘိုလိုရော ဗမာလိုပါ ပြန်ဖြေလို့မရပါ။ ဆောရီး။

ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့

ဗိုလ်
စစ်ဗိုလ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်စားပဲ
ဗိုလ်တဲ
ဗိုလ်ရှုခံ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်ကိတ်ပဲ
ဗိုလ်ချုပ်
ဗိုလ်စွဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်ပုံပရိသတ်
ဗိုလ်ပါ
ဗိုလ်ကေ
ဗိုလ်ခြေ
လမ်းဗိုလ်

ဒေါက်တာတင့်ဆွေ

သြဂုတ်လ (၉) ရက်

$
0
0
ဆရာနဲ့ မွေးလတူတယ်။ လေးစာရသူမို့ ကြံဖန် ဂုဏ်ယူမိပါတယ်ရှင်။

စင်္ကာပူမှာ သူ့အမျိုးတွေနေတဲ့ ရန်ကုန်က ဖရင်းတယောက်ကလည်း ဆရာ့မွေးနေ့က စင်္ကာပူအမျိုးသားနေ့လို့ ရေးတယ်။

အဲတာလည်းဟုတ်တယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ (၉) ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အမေရိကန်တပ်က အနုမြူဗုံးချလို့ လူပေါင်း ၇ သောင်းကျော် သေဆုံးခဲ့တယ်။

ကျွန်တော်တို့က ကင်းဝန်မင်းကြီးဦးကောင်းအမျိုးထဲကပါ။ ဦးကောင်းကို ချီးမွမ်းရေးသားကြတာတွေသာမက ဦးကောင်းလိမ်ထုတ် စကားကိုပါ အမွေခံကြရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

အကြိမ်တရာကျော် ပြောထားပြီး

$
0
0
ကွန်မင့်မှာ ပုံတွေ စတစ်ကာတွေ ဗီဒီယိုဖိုင်တွေ မတင်ပါရန်လို့ အကြိမ်တရာကျော်ပြောထားပြီး။ ဖျက်ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

Font ဖေါင့်လိုအပ်ချက်

$
0
0
ဆရာရေ link ကဝင်မရဘူးဖြစ်နေပါတယ်

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ လင့်မရသူရဲ့ ဖုန်းနဲ့ ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေ။ အခုစာရေးနေချိန်မှာ ကျွန်တော့်ဘလော့ကို ဖတ်တာ 4,225,342 ကြိမ်ရှိတယ်။

ကျွန်တော်က ဇော်ဂျီဖေါင့်သာသုံးတတ်တယ်။

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈


ကြမ်း ကျမ်း ကျန်း

$
0
0
တခြားသူတင်ထားတဲ့ပို့စ်တခုအောက်မှာ ကြမ္မာပါစေလို့ရေးတာတွေ့လို့။ ဟိုအရင်ကတော့ ကျမ္မာလို့ရေးတာ နည်းနည်းရှိတယ်။ ကန်းမာလို့သာ အများကရေးကြတယ်။ ရရစ်နဲ့တော့ မတွေ့ဖူးပါ။ ကြမ်းဆိုရင် ကုန်ကြမ်း၊ ထမင်းကြမ်း၊ နင်းကြမ်း၊ ကြမ်းပိုးတို့မှာသာ သုံးတယ်။

ကျမ်း
ကျမ်း (ပေစာညှပ်သော သစ်သားချပ်)
ကျမ်းကိုင်
ကျမ်းကျိန်
ကျမ်းဂန်စာပေ
ကျမ်းစာအုပ်
ကျမ်းစူး
ကျမ်းတုံး (လယ်ယာသုံး)
ကျမ်းတတ်
ကျမ်းတိုက်
ကျမ်းထွက်စကား
ကျမ်းပြု
ကျမ်းရွက်
ကျမ်းကျေ
တံသုတ်ကျမ်း
တင်းကျမ်းပြည့်

ကျန်း
ကျန်းကျန်းတန်းတန်း
ကျန်းကျန်းမာမာ
ကျန်းခံသာ၍မာပါစေ
ကျန်းမာရေး
ခန့်ကျန်းသည်
ဗညားကျန်းထော
သောင်းကျန်းသည်

ကြမ်း
ကုန်ကြမ်း၊
ငါးကိုကြမ်းတိုက်သည်
တရကြမ်း၊
ထမင်းကြမ်း၊
ဓာတ်ကြမ်းကုသည်
နင်းကြမ်း၊
ပတ်ကြမ်းတိုက်သည်
ပယောဂဆေးကြမ်း
ဖီးကြမ်းငှက်ပျော၊
ကြမ်းကွပ်သည်
ကြမ်းခင်းဈေး
ကြမ်းတန်း
ကြမ်းတမ်း
ကြမ်းတိုက်
ကြမ်းတပြေးတည်း
ကြမ်းပိုးကောင်
ကြမ်းပိုးတေလေ
ကြမ်းကြားလေ
ကြမ်းကြုတ်
ကြမ်းပြင်
ကြမ်းထော်
ရွက်ကြမ်းရေကျို၊
ရုန့်ရင်းကြမ်းတမ်း
လှည်းကြမ်းစီး
အကြမ်းဖျင်း
အဝတ်ကြမ်း
အသံကြမ်းသည်
အနုကြမ်း
ရောဂါကြမ်းသည်
နှုတ်ကြမ်းအာကြမ်း၊

ဒေါက်တာတင့်ဆွေ

Font ဖေါင့်လိုအပ်ချက်

$
0
0
ဆရာရေ link ကဝင်မရဘူးဖြစ်နေပါတယ်

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ လင့်မရသူရဲ့ ဖုန်းနဲ့ ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေ။ အခုစာရေးနေချိန်မှာ ကျွန်တော့်ဘလော့ကို ဖတ်တာ 4,225,342 ကြိမ်ရှိတယ်။

ကျွန်တော်က ဇော်ဂျီဖေါင့်သာသုံးတတ်တယ်။

ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

အကြိမ်တရာကျော် ပြောထားပြီး

ကွန်မင့်မှာ ပုံတွေ စတစ်ကာတွေ ဗီဒီယိုဖိုင်တွေ မတင်ပါရန်လို့ အကြိမ်တရာကျော်ပြောထားပြီး။ ဖျက်ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

ပညာမဲ့တဦး

$
0
0






ရှေးအခါက ဗြဟ္မဏပုဏ္ဏားတို့တိုးထွန်းကားရာ ဂင်္ဂါမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ တရာသောသားတို့နှင့် မင်းပြုလျက်ရှိသော ဘုရင်တပါးရှိလေသည်။
တဦးသောသားသည် ဓါးခုတ်လှန်ထိုး အတတ်ကို၎င်း
တဦးသောသားသည် ဆင်စီးမြင်းစီးအတတ်ကို၎င်း
တဦးသောသားသည် ကုန်သွယ်လယ်လုပ်အတတ်ကို၎င်း
တဦးသောသားသည် ဗေဒင်ဟူးရား ဆေးမန္တရားအတတ်ကို၎င်း
တဦးလျှင် တခုသောပညာဖြင့် ထူးချွန်ကျော်ကြားကြကုန်၏။

ယခုအခါ ပေါ်လစီပုဏ္ဏားတို့တိုးထွန်းကားရာ ဧရာဝတီမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ ရွှေနန်းတော်မှစ၍ ကျေးရွာ ဇနပုဒ်များအထိ တမှန်သမျှ တစ်ဟုရေးသောပညာ ထူးချွန်သူများနေထိုင်ကြကုန်၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

သြဂုတ်လ (၉) ရက်

$
0
0
ဆရာနဲ့ မွေးလတူတယ်။ လေးစာရသူမို့ ကြံဖန် ဂုဏ်ယူမိပါတယ်ရှင်။

စင်္ကာပူမှာ သူ့အမျိုးတွေနေတဲ့ ရန်ကုန်က ဖရင်းတယောက်ကလည်း ဆရာ့မွေးနေ့က စင်္ကာပူအမျိုးသားနေ့လို့ ရေးတယ်။

အဲတာလည်းဟုတ်တယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ (၉) ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အမေရိကန်တပ်က အနုမြူဗုံးချလို့ လူပေါင်း ၇ သောင်းကျော် သေဆုံးခဲ့တယ်။

ကျွန်တော်တို့က ကင်းဝန်မင်းကြီးဦးကောင်းအမျိုးထဲကပါ။ ဦးကောင်းကို ချီးမွမ်းရေးသားကြတာတွေသာမက ဦးကောင်းလိမ်ထုတ် စကားကိုပါ အမွေခံကြရတယ်။

ပင်လောင်းက သြဂုတ်လ

ဆရာ ကျန်းမာပါစေ။ ပင်လောင်းက ကျွန်မတို့လက်ဖက်ခြံနားက အလေ့ကျပေါက်တဲ့ သစ္စာပန်းအနီတွေကလည်း သြဂုတ်လမှာ ဖြိုင်ဖြိုင်ပွင့်ပြီးလှနေတာနဲ့  ဆရာ့အချက်အလက်ယူသုံးမိပါတယ်🙏

ဟုတ်။ သူက ကျွန်တော့်ဆီကို လက်ဆောင်တွေလှမ်းပို့ဖူးတယ်။ ကျေးဇူး။

ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ နောက်တခေါက်တော့

August သြဂုတ်လ https://doctortintswe.blogspot.com/2018/07/august.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

Four million risk losing India citizenship

$
0
0
အိန္ဒိယနိုင်ငံက ဘင်္ဂလားဒက်ရှ်ကလာသူပေါင်း ၄ သန်းကို နိုင်ငံသားဖြစ်ခွင့်မပြု

အိန္ဒိယနိုင်ငံ အာသန်ပြည်နယ် အမျိုးသားမှတ်ပုံတင်စာရင်းတခုကို ထုတ်ပြန်လိုက်ပါတယ်။ လူပေါင်း ၄ သန်းဟာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခွင့် ဆုံးရှုံးပါမယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်ကနေ ၁၉၇၁ ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူတွေလို့ ယူဆလို့ဖြစ်ပါတယ်။ ရက်စွဲအတိအကျကတော့ ၂၄-၃-၁၉၇၁ နေ့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကနေ အနောက်ပါကစ္စတန်လက်အောက်ခံသဘောဖြစ်နေတဲ့ အရှေ့ပါကစ္စတန်ကို စစ်ရေးအရပါ အကူအညီပေးပြီး ၂၆-၃-၁၉၇၁ နေ့မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအဖြစ်ထူထောင်စေခဲ့ပါတယ်။

ခိုးဝင်လာသူတွေဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ ရောနှောနေထိုင်ကြတယ်။ အဲလိုလူတွေကို ၁၉၈၅ ခု ရာဂျစ်ဂန္ဒီလက်ထက်မှာ မဲပေးခွင့်မပြုခဲ့ပါ။

အခုလိုစာရင်းမထုတ်ပြန်မီ နိုင်ငံသားဖြစ်ခွင့်အတွက် လျှောက်ထားသူပေါင်း ၃၂ သန်းရှိတယ်။ ၄ သန်းကို ပယ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ဆီက ဘင်္ဂါလီလူမျိုးဆိုတာ မြန်မာပြည်ကပြောနေတာနဲ့ မတူပါ။ မြန်မာနိုင်ငံက အစိုးရတွေ ကိုင်တွယ်ဖြေရှင်းနည်းနဲ့ နိုင်ငံရေးအမြတ်ထုတ်ကြတာလည်း မတူပါ။ သူတို့ဆီက ဘာသာရေးအဖွဲ့တွေကလည်း ဘာသာရေးဂုဏ်သိက္ခာကို အထိခိုက်ခံပြီး နိုင်ငံရေးပါတီနောက်နေ ဝင်လုပ်ပေးတာမျိုး မရှိပါ။ မီဒီယာကသာ နစ်နာမှုတွေကို ဖေါ်ပြကြပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

Viewing all 656 articles
Browse latest View live