Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

How to greet အဘခေတ် ကျဆုံးပါစေ

$
0
0
အကြိမ်ပေါင်း တရာလောက်ရှိပြီ။ အခုထပ်လာပြန်လို့။

မေးခွန်းတွေ ကွန်မင့်ထဲမှာ အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်တာနဲ့ ရေးတဲ့သူတွေက သားလို့၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးတဲ့သူဆိုရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့မြေးမလား။ သားရဲ့ ကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုရင် သူ့သားမက်။ နမူနာစာတွေ အများကြီးရှိတယ်။ ကိုယ့်အမည် အဖျားဆွတ်ခေါ် ရေးတာတွေလည်း ခေါင်းရှုတ်ရတယ်။

ဆရာဝန်ဆီစာရေးတာ အမျိုးစပ်မခေါ်အပ်ပါ။ စာအဆုံးမှာလည်း နော် မထည့်သင့်ပါ။ အစမှာလည်း ဟိုင်း မလုပ်သင့်ကြပါ။ တည်တည်တန့်တန့် အပိုအလိုမပါ ရေးသင့်ကြပါတယ်။

ပရိုဖိုင်းလ်မှာ အားလုံးအမှန်အတိုင်းရေးထားလို့ ငယ်ချင်လို့ပြောတာမဟုတ်ပါ။ အဘလို့ရေးတာ မသတီပါ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူက ထောင်ကနေ လွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ခေါ်ကြတာ ပြောစရာမရှိပါ။ ဆရာဝန်ကိုသာ အဘလို့ မခေါ်ပါနဲ့။ အဘလိုလည်း မလုပ်ပါနဲ့။ အဘခေတ် ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ


Do not send ဒါလည်း အခါတရာ

$
0
0
သူများလုပ်ထားတဲအရုပ်တွေ လာမတင်ဘို့ အကြိမ်တရာလောက်တော့ ရေးထားပြီးပြီ။ ကိုယ့်လက်နဲ့ ဆိုးတယ် ကောင်းတယ်ရေးတာလောက် တန်ဖိုးမရှိပါ။ တယောက်ပြီးတယောက်ဆိုတော့ ပုံတူတွေ အီနောက်လာတယ်။ တချို့က သတ်ပုံကမှားသေးတာ။

ဒေါက်တာတင့်ဆွေ

ဖတ်ရတယ်

$
0
0
အင်္ဂလိပ်စာတတ်ချင်ယောင်ဆောင်နေရသောဒုက္ခတဲ့။ တက္ကသိုလ်ဆရာ၊ ဆရာမ အများအပြားတဲ့။

အင်္ဂလိပ်စာအခြေအနေ ကျွန်တော် မသိ။
မြန်မာစာ တတ်ယောင်ကား များလှ၏။
သို့သော် ရာထူးကြီးတွေရကြ၏။
သူတို့စာအုပ်တွေ ရောင်းကောင်းလှ၏။

ဖေ့စ်ဘွတ်မှာရေးတာတွေကို မပြောလိုလှပါ။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Mammogram မင်မိုဂရမ်

$
0
0
ဆရာရှင့် သမီးအခုမှမေးဖူးတာပါ ဆရာ့ page မှာတော့ breast lump နဲ့ပတ်သက်တာရေးထားတာ ဖတ်ရပါတယ် သမီးဖြစ်နေတာအပေါ်ဆရာရဲ့ diagnosis လေးသိချင်ပါတယ်ဆရာ တခါမှမမေးဖူးလို့အမှားပါရင် ခွင့်လွှတ်ပါနော်ဆရာ

(မေးတဲ့သူနဲ့ အရင် မေးတာ ဖြေတောတွေကို မထည့်တော့။)

ကင်ဆာမဟုတ်တဲ့အကျိတ်သာဖြစ်နိုင်။

ရင်သားကို အရင်ကခွဲထားပြီးသူတွေ နောင်ထပ်စစ်တဲ့အခါ သတိထားရတယ်။ ကျွမ်းကျင်ဆရာဝန်တွေက သိတယ်။

ဆရာဖြေကြားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဆရာ ဆရာဟိုလေ အရင်ခွဲထားပြီးသူတွေ နောင်ထပ်စစ်တဲ့အခါ သတိထားရတယ်ဆိုတာက ဘာကိုပြောတာလဲဆရာ ခွဲထားတာကြောင့် ဖတ်တဲ့ဆရာ မကျွမ်းကျင်ရင် diagnosis မှားတက်တာကိုပြောတာလားဆရာ ဆရာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဆရာ

မကျွမ်းကျင်လို့ မပြောသင့်ပါ။ ပညာရှင်တွေကလည်း အဲဒီချက်ကို ကောင်းကောင်းသိကြတယ်။ မှားတက်တာ မဟုတ် မှားတတ်တာလို့ ရေးရတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော့်ဇနီး ရင်သားကင်ဆာ ပုံမှန်စစ်ဆေးဘို့ရာ စိန့်ဖရန့်စစ်ဆေးရုံကြီးကို သွားရတယ်။ သူအိမ်ထောင်မကျမီက ရင်သားတဘက်မှာ ဖိုက်ဘရိုအဒီနိုးမားအကျိတ်တခုခွဲခဲ့ဖူးတယ်။ အဲတာက စစ်ဆေးတော့ ပေါ်တယ်။ အဲတာကြောင့် မင်မိုဂရမ်ကို သေချာထပ်ထပ်ရိုက်စစ်ပါတယ်။ အဲတာကိုပြောတာ။

ကင်ဆာကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျ ခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆို ပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင်ဆေးစစ်တာလုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန် ဖြစ်ပါတယ်။

ရင်သားကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Mammogram နှစ်စဉ်ရိုက်ပါ။

လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Friends ဖရင်း အမျိုးမျိုး

$
0
0
ဖရင်းတွေထဲမှာ ကျွန်တော်တင်တာတွေကို မကြာခဏ လိုက်ခ်လုပ်ပေးကြသူတွေကို သတိထားမိပါတယ်။ သူတို့တင်တာတွေကိုဖတ်တော့ ထူးတာလေးတွေ တွေ့တယ်။

အတော်များများက တစ်သမားတွေ။ ကျွန်တော့်စာတွေ ဖတ်ကြပုံတော့မရ။ ကိစ္စမရှိပါ။ သူတို့က ပေါ်လစီခေတ်မှာကြီးကြတာ။

နောက်တမျိုးက ကဗျာသမား။ ပလီပြီးပြင်ခိုင်းထားတဲ့သတ်ပုံကို ကိုယ်က ရီသလိုမောသလို ရေးချင်လာပေမဲ့ သူတို့စီးနေတဲ့ လေဟုန်ကို မတန့်စေချင်လို့ သည်အတိုင်းပဲထားလိုက်ရတယ်။

ယောက်ျားလေးတွေကလည်း သူတို့ရွယ်တူတွေကို ပြောသလို မင်းရယ် ငါရယ်ရေးတော့ လွှတ်ထားရတယ်။

နောက်တမျိုးက အပျိုကြီးလို့ထင်မိသူတွေ။ စိတ်ကူးယဉ်ပြီး ရေးကြတယ်။ အဲတာကို လိုက်ခ် လုပ်လို့က မဖြစ်။ သူတို့က သက်ဆိုင်သူကိုသာ စကားပြောသလို၊ တိုင်တည်သလိုရေးကြတော့ သည်အတိုင်းပဲ ကြည့်နေရတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၇
၁၅-၇-၂ဝ၁၈

တတ် တက် တပ်

$
0
0
၁။ ဆရာ အရင်ခွဲထားပြီးသူတွေ နောင်ထပ်စစ်တဲ့အခါ သတိထားရတယ်ဆိုတာက ဘာကိုပြောတာလဲဆရာ ခွဲထားတာကြောင့် ဖတ်တဲ့ဆရာ မကျွမ်းကျင်ရင် မှားတက်တာကိုပြောတာလားဆရာ။ (မှားတက်တာ မဟုတ်။ မှားတတ်တာလို့ ရေးရတယ်။ တက်ဆိုတာ အတတန်းတက်တာ။ တတ်ဆိုတာ စာတတ်တာ။)

၂။ တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ်ဆရာ။ ဆရာအချိန်ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။

၃။ ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ။ (မကြည့်တတ်လို့ ရေးရတယ်။

၎။ ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲဆိုတာ သိချင်ပါတယ်ဆရာ။ လေးစားစွာဖြင့်။

၅။ ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)

၆။ ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)

၇။ ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)

၈။ ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)

၉။ The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)

၁ဝ။ ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဝေဒနာဖြစ်သွားတတ်သည် လို့ ရေးရတယ်။)

၁၁။ သမီး မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက်သောလား။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။ ဝင်ကြည့်တက်သွားပါပြီ။ (မကြည့်တတ်၊ ကူးစက်စေတတ်သော၊ ဝင်ကြည့်တတ်လို့ ရေးရတယ်။)

တတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း မကြွားသင့်
တတ်တိုင်းပညာပြနေသည်
တတ်ပွန်
တတ်သိလိမ္မာ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်မြောက်ပြီ
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
ပညာတတ်
ပုတတ်ကောင်
ဖွတ်ပတတ်
ကြည့်တတ် မကြည့်တတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
လုပ်တတ် ကိုက်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
ပြောတတ်ဆိုတတ်
သေလုမတတ်

တက်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တနှစ်တတန်း တက်တဲ့ကျောင်းသား
မတုန်တက်သေး
လူ့သက်တမ်း
အစိုးရသစ် တက်လာပြီ
အတက် (ဝက်ရူးပြန်) ရောဂါ
ကျော်တက်သည်
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
လှေတက် တစုံယူခဲ့ပါ

တပ်
ကင်ပွန်းတပ်
ကျုံကတပ်ရွာ
စစ်တပ်
တပ်စိတ်မှူး
တပ်ဆင်သည်
တပ်တပ်မြင်မြော်
တပ်တပ်အပ်အပ်
တပ်ဖွဲ့
တပ်ကြပ်
တပ်ဗိုလ်
တပ်မက်သည်
တပ်မှူး
တပ်မတော်
တပ်ငြိ = ကြိုက်နှစ်သက်ခြင်း
တပ်ဖြုတ်
တပ်မြုပ်
တပ်ရုပ်
တပ်လန်
တပ်လှန့်
တပ်သား
တပ်အပ်သေချာ
တပ်တောင်တာ
တပ်ဖျောက်
ဒဏ်တပ်
ဓါးရိုးတပ်
ပစ္စည်းတပ်
ဘွဲ့အမည်တပ်
မင်းတပ်မြို့
သစ်တပ်
ဟိရိသြတ္တပ်
အတပ်သိ
အတပ်ပြော

ဒေါက်တာတင့်ဆွေ
၉-၁၂-၂ဝ၁၆
၉-၁၂-၂ဝ၁၇
၂ဝ-၁၂-၂ဝ၁၇
၁၅-၇-၂ဝ၁၈

Final Result အနိုင်အရှုံးသတင်း

$
0
0
ဘောလုံးပွဲအနိုင်အရှုံးသတင်း တင်ကြတာ အတော်နည်းသလားထင်မိတယ်။ ပဌမပိုင်းကန်နေတုန်းကတော့ အတော်များတယ်။

ဘောလုံးပွဲအစလောက်က မက်ဆေ့တခုရတယ်။ ဒေါက်တာစိန်ဝင်းကို အင်တာဗျူးလုပ်ချင်လို့ ရန်ကုန်က မီဒီယာတခုက တဆင့်လှမ်းရေးတာ။ ဆရာစိန်ဝင်းနဲ့ ဖုန်းမဆက်ဖြစ်သေးဘူး။ အသံဖိုင်မဟုတ်ရင် မေးလိုတာ ပြောပါဆိုတော့ မေးခွန်းတွေ ပို့တယ်။ အာဇာနည်နေ့ လာတက်တာလား စသဖြင့်။

အဲတာနဲ့ ဖုန်းဆက်တယ်။ ဒေါ်စီစီကဖုန်းကိုင်တယ်။ ဆရာက့ တို့အိမ်မှာ ဘောလုံးပွဲသွားကြည့်နေတယ်တဲ့။

ဒေါက်တာစိန်ဝင်း မြန်မာပြည်သွားနည်းက ကျွန်တော်နဲ့မတူပါ။ သူက သူ့မိသားတစုတည်းမဟုတ်ပဲ နိုင်ငံရေးကြောင့် ပြည်ပနေသူတွေအားလုံး အမေရိကန်နိုင်ငံသားလည်း ခံယူမထားသူတွေ သံရုံးကနေထုတ်ပေးတဲ့ ပတ်စ်ပို့နဲ့ သွားချင်တာ။ မဟုတ်ရင် အထဲမှာ နိုင်ငံခြားသားလိုလို ဆက်ဆံခံရမယ်။

မနှစ်ကအထိ ကျွန်တော်တို့ ပြန်ချင်ရင် နိုင်ငံရေးနဲ့မပတ်သက်ပါဆိုတဲ့ ခံဝန်ချက်ပါ လက်မှတ်ထိုးရမှာ။ အမည်မည်စားရင်းကတော့ ၂ဝ၁၂ မကုန်ခင်ကတည်းက ပယ်ဖျက်ပေးပြီးသား။ ဗျူရိုကရေစီဆိုတာ သိတဲ့အတိုင်းပဲ။

ကျွန်တော်ပြန်တော့ အဲဒီခံဝန်ချက်မရှိတော့ပါ။ ပါတီရုံးချုပ်လည်းရောက်တယ်။ ဝန်ကြီးချုပ် ၃ ဦးနဲ့တွေ့တယ်။ နိုင်ငံရေး အင်တာဗျူးတွေ ဖြေခဲ့တယ်။ အားလုံး အဆင်ချောပါတယ်။

အခု သက်ဆိုင်ရာနိုင်ငံက သံရုံးတွေမှာ မြန်မာပတ်စပို့လျှောက်လာပြီတဲ့။ ဘယ်တော့လက်ထဲရမလဲ မပြောနိုင်။ အဲလိုကိစ္စမျိုးက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေနဲ့ဆိုင်တယ်။ အဲတာအပြင် ထောက်လှမ်းရေးလည်း ပါသေးတာ။ ချုပ်ပြောရရင် သမတတဦးတည်းနဲ့တောင်မရတဲ့အကြောင်းကိစ္စမျိုးတွေထဲက တခုဖြစ်ပါတယ်။

အချိန်ယူတယ်ဆိုတာ အဲဒီအချက်ကြီးတွေအပြင် မလုပ်ချင်တာနဲ့ လုပ်ရကောင်းမှန်းမသိတာလည်း ပါသေးတယ်။ အပြစ်မြင်သူတွေက နိုင်ငံရေးအမြင်မတူသူတွေကို သက်သက်ညစ်နေတာလို့ပြောရင် သံသယအကျိုးခံစားထိုက်တယ်။

ဘောလုံးပွဲလိုမျိုးကတော့ ပွဲမစမီကတည်းက အချိန်ဇယားနဲ့ တိတိကျကျသတ်မှတ်ထားပြီးသား။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှာ အဲတာမရှိပါ။ ဖီဖာဥက္ကဋ္ဌတော့ရှိ။ No Smile!

စာရေးမပြီးခင် ဒေါက်တာစိန်ဝင်းဆီက ဖုန်းလာတယ်။ သူက ခရိုယေးရှားနိုင်စေချင်တာတဲ့။ ကျွန်တော်က ပြင်သစ်။ သူ့အမြင်က ဒီတခါပြိုင်ပွဲကြီးမှာ နာမည်ကြီးအသင်းတွေ အကုန်ထွက်ရလို့တဲ့။ ကျွန်တော်ကတော့ ပြင်သစ်နယ်စပ်မြို့ စထွက်စ်ဘာ့ခ်ကို တခေါက်ရောက်ဖူးလို့။ Smile!

အမြဲနိုင်နေသူတွေကို မနိုင်စေချင်ကြပါ။ မြန်မာပြည်မှာ ၂ဝ၁၅ ပွဲမှာ အဲလိုဖြစ်လာခဲ့ပြီ။ ရောက်ဖူးတဲ့အရပ်ကို မမေ့ကြပါ။ တခေါက်ပြန်ရောက်တဲ့ဆီ ဘယ်တော့ပြန်နိုင်မည်မသိ။ သတိရ၏။

ဆရာစိန်ဝင်းကို မြန်မြန်ရောက်အောင်သွားပါလို့ ပြောလိုက်တယ်။ အာဇာနည်တဦးရဲ့သား ၁၉ ဇူလိုင်ကို မမီနိုင်တော့။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Grey hair ဆံပင်ဖြူ

$
0
0
၁။ ဆရာ ကျွန်တော့်အသက် ၂၅ နှစ်ပါ။ အသက် ၁၇ နှစ်လောက်ကတည်းက ဆံပင်ဖြူ စပေါက်ပါတယ်။ ခု အသက် ၂၅ မှာ ဆံပင်ဖြူတွေ အများကြီးဖြစ်နေပါပြီ။ အဲ့တာ ဘာဖြစ်လို့ စောစောစီးစီး ဆံပင်ဖြူနေလဲဆိုတာ သိချင်ပါတယ် ဆရာ။ ဆံပင်ဆေးဆိုးသင့်လားဆရာ။ ဆံပင်ဖြူတာကို ပျောက်ကင်းစေမယ့် ဆေးနည်းကိုလည်း သိချင်ပါတယ်ဆရာ။ ကျေးဇူးပြု၍ ဖြေပေးပါဦးဆရာ။

၂။ ကျမအသက်က ၃၇နှစ် အပျိုဖြစ်ပါတယ်။ အသက် ၃ဝ လောက်ကပင် ဆံပင်ဖြူစပေါက်နေရာမှာ  အခုမသိမသာများ များလာပါတယ်။ နှုတ်ရင် ပွားတယ်လို့ပြောနေကြပါတယ်။ မနှုတ်ရင်လဲ မဖြစ်တော့ နှုတ်ပစ်ရပါတယ်။ အရမ်းမများအောင်  ကာကွယ်လို့ ရနိုင်မလား။ဆေးရှိက ညွှန်းပေးစေလိုပါတယ် ဒေါက်တာရှင့်။ ဆံပင်ဖြူပေါက်ခြင်းက ကျမတင်မဟုတ်ဘဲ  ၃ဝ ခန့် သူငယ်ချင်း ဆွေမျိုး တော်တော်များများ ပေါက်နေတဲ့အတွက် သူတို့အတွက်လဲ ကိုယ်စားမေးခြင်းဖြစ်ပါတယ်ရှင့်။

၃။ ဆရာ သမီးက အသက် ၁၃ နှစ်လောက်ကတည်းက ဆံပင်တွေဖြူပါတယ်။ အခု အသက် ၂၈ နှစ်မှာ တခေါင်းလုံးနီးပါး ဖြူနေပါတယ်။  အမျိုးတွေထဲမှာလည်း ဆံပင်ဖြူစောကြတဲ့သူတွေရှိပါတယ်ဆရာ။ ဘာဆေးသောက်နိုင်မလဲဆိုတာ သိချင်ပါတယ်။ မြန်မာဆေးစာအုပ်တအုပ်မှာ မြင်းခွာရွက်သတ္တုရည်သောက်ရင်ပြန်နက်တယ်လို့ ဖတ်ဖူးပါတယ်။ ဖြစ်နိုင်ပါသလားရှင့်။ ဆိုးဆေးတွေလည်း အမြဲဆိုးနေရတော့ မဆိုးချင်တော့ဘူး။ မဆိုးပဲနေတော့လည်း အားလုံးနီးပါး အထူးသဖြင့် နားထင်တဝိုက်မှာ အရမ်းဖြူနေပါတယ်။ လူတွေကြားထဲသွားရတာလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိပဲ ဖြစ်နေပါတယ် ကူညီပါဦးဆရာ။

ကျွန်တော်တို့က ဆံပင်ကို ဖြူတယ်ပြောကြပေမဲ့ အင်္ဂလိပ်လိုကြ Gray/Grey လို့သုံးတယ်။ ဘာသာပြန်ရင် မီးခိုးရောင်။ တကယ်ကို ဖြူဖွေးနေတာကို White or Silver အဖြူရောင်၊ ငွေရောင်လို့ သုံးတယ်။ ကာလာသီအိုရီအရပြောရင် မီးခိုးရောင်ဟာ မျက်စိကို အေးစေ၊ နွေးစေပါတယ်။

ဆံပင်ဖြူလာတာဟာ အသက်ရလာတာရဲ့ ပဌမလက္ခဏာလို့ ပြောနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ ဖြူကြတယ်။ ဘာလို့ ဖြူရသလဲ။ ဆံပင်အခြေကထွက်တဲ့ Melanin (Eumelanin and Pheomelanin) ဆိုးဆေးထွက်တာ ရပ်သွားလို့ပါ။ ဘာလို့ ဒီအကောင်က မထွက်ရတော့တာလဲ။ စိတ်ဖိစီးတာ၊ အာဟာရနည်းတာတွေကို လက်ညှိုးထိုးနိုင်တယ်။ နောက်ထိုးရမဲ့ လက်ညှိုးက မိဘတွေကို၊ မျိုးဗီဇကြောင့်ပါ။ ကိုယ့်ကိုယ်ကို ထိုးစရာလဲ ရှိသေးတယ်။ ရေနွေးပူပူနဲ့ ခေါင်းလျှော်တာ၊ ရေခြောက်အောင် လျှပ်စစ်နည်းသုံးတာ၊ ဦးရေခွံ မသန့်တာတွေပါတယ်။ စိတ်ဝင်စာဘို့ ကောင်းတာက သေသွားသူတွေရဲ့ ဆံပင်လဲ ကြာရင်အရောင်ပြောင်းတယ်။ မန်မီတွေကိုစစ်တော့ သိလာရတာ။

ဟော်လီဝုဒ် အကျော်အမော်တွေထဲမှာ မင်းသား George Clooney ဂျော့ ကလုံနီး၊ မင်းသမီး Meryl Streep မေရဲလ်စထိ တို့က ဆံပင်ဖြူတွေပါ။ မင်းသမီး Jennifer Aniston ဂျနီဖါ အင်နစ်တန်က အသက် ၄ဝ ထဲဝင်မှ ဆံပင်ဖြူလို့ ငိုရသူတဲ့။ X-Men ထဲမှာ Ororo Munroe (Storm) အဖြစ် သရုပ်ဆောင်ရသူ Halle Berry ဟယ်လီဘယ်ရီ က ဆံပင်ဆွတ်ဆွတ် ဖြူနေတယ်။

လူအဖြူတွေက ဆံပင်စောဖြူတယ်။ အာရှသား အညိုတွေက အလယ်အလတ်နဲ့ လူအမည်းတွေက နောက်ကျမှ ဖြူကြတယ်။ ဆံပင်ပြောတာပါ အသားတော့ ဖြူမလာကြဘူး။

ရောဂါတွေထဲမှာ Albinism ဗိုလ်ဖြူ၊ Vitiligo ခရုသင်း၊ Werner syndrome နဲ့ Vitamin B12 နည်းတဲ့ Pernicious anemia သွေးအားနည်းရောဂါတွေက ဆံပင်ဖြူတာနဲ့ တွဲနေတတ်တယ်။ ဆီးချို (၂) အမျိုးအစားနဲ့လဲ ဆက်နေတာ တွေ့ရတယ်။ Grave's, Hashimoto's, Hyperthyroidism, Hypothyroidism လည်ပင်းကြီး ရောဂါတွေက ဆံပင်ဖြူတတ်တယ်။ အမျိုးသမီးတွေ သွေးဆုံးချိန် စောရင်လဲ ဖြစ်တယ်။ ဆေးလိပ်သောက်တာလဲ ပါသေးတယ်။

ဖြူနေမှတော့ ဘာလုပ်ရမလဲ။ Dyeing ဆေးဆိုးပေါ့။ ဆံပင်ဖြူတာ သက်သာစေ-ပျောက်စေမဲ့ ဆေးပညာက လက်ခံတဲ့ ဆေးဝါး၊ အစားအစာနဲ့ ဗီတာမင် ဆိုတာ မရှိသေးပါ။

ဒါပေမဲ့ အစားအစာတွေမှာ ဆံပင်နက်စေတယ်လို့ အများယူဆကြတာတွေ ရှိတယ်။ Hijiki seaweed ပင်လယ်မှော်၊ Blackstrap molasses တင်လဲရည်၊ Black sesame seeds နှမ်းမဲ၊ Nettles ဖက်ယားပင်၊ Wheat grass ဂျုံပင်၊ Chlorophyll အစိမ်းရောင်တွေပါတယ်။ များတော့ မများစေနဲ့။ ရှောင်ရမဲ့ အစားတွေထဲမှာ အသား၊ နွားနို့ထွက်အစာ နဲ့ ဆား မများစေရပါ။

ဒန်းပန်းကို သဘာဝ အဆီအနှစ်လို့ မြန်မာတွေက လက်ခံသုံးနေခဲ့တာ ရှေးကတည်းပါ။ တိုင်းပြည်ရဲ့ လည်ဆွဲရတနာ ပြည့်တန်ဆာ သီရိမာ ကို ရံရွေတွေက ဒေါင်းမြီးယပ်နဲ့ ခတ်ပေး၊ လက်သည်းကို ဒန်း ဆိုးပေးလို့ ပုံဖေါ်တာ ဖတ်ဘူး လိမ့်မယ်။ ဆံပင်မှာလဲ Henna coloring ဒန်းဆိုးဆေးသုံး သဘာဝနည်းနဲ့ ပြန်မဲအောင် လုပ်နိုင်တယ်တဲ့။ Amla paste ဆီးဖြူသီးက ထုတ်တာနဲ့လဲ လုပ်ကြတယ်။ Coconut oil and Lemon အုန်းဆီစစ်စစ်နဲ့ သံပုရာရည် ရောပြီး ဆံပင်နဲ့ ဦးရေခွံကို နှိပ်နယ်တာလဲ လုပ်နိုင်ပါတယ်။

တရုပ်ဆေးနည်း၊ အိန္ဒိယဆေးနည်း၊ အာယုဗေဒနည်းတွေမှာ ဆံပင်အတွက်နည်းတွေ ရှိတယ်။ Neela, Bringaraja နဲ့ Vibhitaki တွေပါတဲ့ Ayurvedic hair oil အာယုဗေဒဆီ လိမ်းကြတယ်။ He Shou Wu, Polygonum multiflorum or Fo-Ti ခေါ်တဲ့ တရုပ်တိုင်းရင်နည်းဆေးကလဲ နာမယ်ကြီးတယ်။

၃-၁ဝ-၂ဝ၁၁ နေ့သတင်းက ဆံပင်ဖြူတာအတွက် တနေ့ဆေးတလုံး သောက်ဆေးကို L'Oreal ကုမ္မဏီကနေ ထုတ်လုပ်ရောင်းချပါတော့မယ်တဲ့။ တနှစ်ကြာသုတေသနလုပ်ပြီး သစ်သီးတွေကနေ ထုတ်လုပ်မဲ့ ဒီဆေးဟာ နောက် ၄ နှစ်ကြာရင် ဈေးကွက်ထဲ ရောက်လာမှာပါတဲ့။ အမျိုးသားတွေအတွက်ရော အမျိုးသမီတွေအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အစာအာဟာရ သုံးဆောင်သလို သဘောထားပြီး ဆေးသောက်နိုင်ပါတယ်။ ဈေးလဲမကြီးပါ။ အခု တကမ္ဘာလုံးက ဗော်လန်တီယာတွေနဲ့ စမ်းနေပါပြီ။ စမ်းသပ်မှု မပြီးသေးခင်တော့ ထိရောက်မှုကို ဈေးကွက်ထဲမှာ ၁ဝ နှစ်လောက်မသုံးသေးဘဲ ပြောမရသေးပါ။ သုတေသနလုပ်သူတွေကနေ Tyrosinase-related protein 2 (TRP-2) ခေါ်တဲ့ (အင်ဇိုင်းမ်) မရှိရင် ဆံပင်ကို အရောင်ပေးတဲ့ ဆိုးဆေး (ဆဲလ်) တွေဟာ အသက်ကြီးလာတာနဲ့ သေဆုံးကြတယ်ဆိုတာကို အထူးပြုစာစောင်တွေမှာ ရေးနေပါပြီတဲ့။

မျိုးဗီဇသဘော ဇရာသဘောကိုတော့

ဒေါက်တာတင့်ဆွေ


Cold and Cough and Children ကလေးတွေ နှာစေးချောင်းဆိုးရင်

$
0
0
ဆရာခင်ဗျ ကလေး နှာရည်ယိုတာ ဘယ်လိုလုပ်ရမလဲခင်ဗျ။ ကလေးက နှာစေးနေတော့ အိပ်တာမှာ အသက်ရှုရတာခက်လို့ ထင်ပါတယ် မအိပ်ပဲဖြစ်နေလို့ပါခင်ဗျ။ ညညဆိုပိုစိုးတယ်ဆရာ။ ကျေးဇူးပြု၍ ကူညီပါအုံးဆရာရယ်

ကလေးအသက် မသိ။ ပိုစိုးတယ် မဟုတ်။ ပိုဆိုးတယ်လို့ ရေးရ။ ဆိုးသွားမှာကို စိုးရိမ်တယ်။

၁။ ဆရာမင်္ဂလာပါခင်ဗျာ ကျွန်တော့်သမီးလေး အသက်က ၉လပြည့်ပြီး ၁၀လထဲမှာပါဆရာ။ ချောင်းဆိုးနေလို့ ကလေးဆရာဝန်နဲ့သွားပြပြီး ဆေးတိုက်ခဲ့ပါတယ်။ ဒါပေမယ့်တချက်တချက်ဆိုးနေသေးပါတယ် ကိုယ်ငွေ့နွေးနွေး ဖြစ်နေပါတယ်ဆရာ။ နည်းနည်းလည်းအီချင်နေပါတယ်။ ခြေလက်တွေထက်ခေါင်းကပိုပူသလိုပါပဲဆရာ။
အစားလည်း မပျက်ပါဘူး။ မိခင်နို့လည်းစို့ပါတယ်။ နောက်ပြီး အဲယားကွန်းအခန်းထဲမှာတပ်ထားပါတယ်ဆရာ။ ကလေးတွေအတွက် အပူချိန်ဘယ်လိုရှိသင့်သလဲဆိုတာလည်းပြောပြပေးပါဆရာခင်ဗျာ။ အဲယားကွန်းမဖွင့်လျှင်အခန်းကပူပါတယ်ဆရာ။ လမ်းညွှန်ပေးပါခင်ဗျာ။

၂။ မင်္ဂလာပါ ဆရာရှင့် သမီးအသက်က ၂၅ ထဲမှာပါ၊ သမီးမှာ သားဦး ၉လခွဲသားလေးရှိပါတယ်၊ သားလေးက မွေးကတည်းက ကျန်းမာရေးကောင်းပါတယ်။ သာမန်နှာစီးတာအပြင်ဘာမှမဖြစ်ဖူးပါဘူး။ ၆လ ကာကွယ်ဆေးထိုးတုန်းက တရက်ပဲ ဖျားဖူးပါတယ်။ ခု ၉ လခွဲကျမှ သားချောင်းဆိုးနေတယ်။ တပတ်လောက်ရှိပါပြီ။ ဒီအတိုင်းနေရင်သိပ်မဆိုးပါဘူး။ အိပ်ရင်ပိုဆိုးပါတယ်။ ကလေးဆရာဝန်နဲ့သွားပြတော့ သူပေးတဲ့ဆေးတိုက်တာ ချောင်းဆိုးပျောက်သွားပါပြီ၊။ ချောင်းဆိုးပျောက်သွားပေမယ့်၊ သားရဲ့လည်ချောင်းထဲမှာချွဲသလိပ်ရှိနေသလိုဖြစ်နေပါတယ်။ ဆရာဝန်ကတော့ အမောက်စလင်ချွဲပျော်ဆေးတိုက်ခိုင်းပါတယ်။ ဒါပေမဲ့ ချွဲကမကျသေးဘူးဖြစ်နေတယ်။ နှာရည်ပျစ်ပျစ်တွေထွက်ပါတယ်။ သားလည်ချောင်းနား ကပ်နားထောင်လိုက်ရင် ချွဲသံကြားရပါတယ်။ ကလေးဆိုတော့ လည်ချောင်းမှာတနေတဲ့ချွဲကို မထုတ်နိုင်ဘူးဖြစ်နေတယ်။ သားလေးချွဲကျအောင် ဘယ်လိုလုပ်ပေးလို့ရလဲဆရာရှင့်။ အမောက်စလင်အပြင် တခြားချွဲပျော်ဆေးရှိရင် ညွှန်းပေးလို့ ရမလားရှင့်။ သားလေးချွဲကျပ်နေတော့ သမီးအရမ်းစိတ်ဆင်းရဲနေရပါတယ်ရှင့်။

၃။ ဆရာမင်္ဂလာပါ။ အိမ်ကတူမလေးက အသက် ၁၁ ရက်ရသွားပါပြီ။ အခုချွဲကျက်နေပါတယ်။ အသံက အစ်အစ်ကြီး ထွက်ပြီး ချောင်းစိုးပါတယ်။ ချွဲတွေလည်းအန်ပါတယ်။ ဆရာဝန်ပြတော CETRIDEX cough syrup ပေးပါတယ်ဆရာ။ ပိုဆိုးလာပါတယ်။ ကလေးက အန်ရင်မျက်နှာတွေမဲလာပါတယ်။ ဆက်တိုက်သင့် မတိုက်သင့်သိချင်ပါတယ်။ နို့တော့ စို့ပါတယ်။ ဆရာအားရင် ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (ချွဲကြပ်လို့ရေးရတယ်။ ပိုဆိုးလို့ရေးရတယ်။ ချောင်းဆိုးလို့ရေးရတယ်။ ဆက်တိုက်သင့်လို့ရေးရတယ်။)

ချောင်းဆိုးတယ်ဆိုတာ ရောဂါတခုခုရဲ့ ရောဂါလက္ခဏာသာဖြစ်တယ်။ အခံရောဂါကို ကုဘို့ပိုအရေးကြီးတယ်။ အမျိုးမျိုးရှိတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီး ဆိုးတာ။ ရောဂါအလိုက် ရွေးရမယ်။ ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင် မထွက်ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်တယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှ ကောင်းတယ်။ လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲလို ချောင်းဆိုးပျောက်ဆေး မပေးရပါ။

ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူပါ။ ရာသီဥတုကြောင့်ဖြစ်တာက များတယ်။ (အလာဂျီ) အတွက်ဆေးကို ပိုအားကိုးရတယ်။ ပိုးဝင်တာမှာလဲ ဗိုင်းရပ်စ်ကြောင့် ပိုများတယ်။ ဥပမာ အအေးမိတာ၊ ပိုးသေဆေး မလိုပါ။ ဗက်တီးရီးယားကြောင့် လေပြွန်ရောင်၊ အဆုပ်ရောင်နဲ့ နူမိုးနီးယားဖြစ်ရင်တော့ ပိုးသေဆေးကို ချောင်းဆိုး ပျောက်ဆေးထက် ပိုအားကိုးရပါမယ်။

ချောင်းဆိုးပျောက်ဆေးတွေမှာ သတိပေးချက်တွေရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေသာမက ထိရောက်မှုအတွက်ပါ မေးစရာတွေ ရှိတယ်။ Antitussive medicines အမျိုးအစားထဲမှာ (အင်တီဟစ်တမင်း)၊ dextromethorphan နဲ့ codeine or hydrocodone (ကိုဒင်း) တွေပါတယ်။ (ကိုဒင်း) ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်။ သူများနိုင်ငံမှာ ဆရာဝန် လက်မှတ်နဲ့သာ ရောင်းရတယ်။ ချောင်းဆိုးပျောက်ဆေး အများစုထဲမှာ အရက်ပါသေးတယ်။ ပန်းနာဆိုရင် အကျပ်သက်သာဆေးပါတာမျိုးမှ သင့်တယ်။ Ephedrine/Aminophylline/Salbutamol ပါမယ်။ ကလေးပန်းနာဆိုရင် အများဆုံး ရှူဆေးဗူးသုံးကြတယ်။ မူးယစ်စေတာပါတဲ့ဆေးမျိုး အလုပ်ချိန်၊ ကျောင်းချိန်ကိုကြည့် သောက်ရမယ်။

လည်ချောင်းနဲ့ လေပြွန်မကြီးရောင်တာကို Croup (ခရော့ပ်) လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ အသံသြမယ်၊ အသက်ရှူသံ ဆူညံနေမယ်၊ စူရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ သူ့ဖါသူလဲ ပျောက်တယ်။ (စတီရွိုက်) ဆေးပေးနိုင်တယ်။ ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။

နှာခေါင်းပိတ်နေတာကို Decongestants ဆေးက သက်သာစေတယ်။ စားဆေး၊ ထည့်ဆေးရှိတယ်။ (စတီရွိုက်) အစက်ချ နဲ့ ပန်းဆေး၊ Mucolytics အချွဲပျော်ဆေး၊ (အင်တီဟစ်စတမင်း) ဆေး နဲ့ Penicillin, Amoxycillin ပဋိဇီဝဆေးတွေနဲ့ ကုသတယ်။ နှာခေါင်းထဲ ဆားရည်ဖြန်းတာလဲ သက်သာစေတယ်။ ခွဲစိတ်တာလဲ လုပ်ရတတ်တယ်။

အသံအိုးရောင်ရင် အသံသြနေမယ်၊ ကလေးဆိုရင် အဟွတ်-အဟွတ် နေမယ်၊ Steroids 20-40 mgs စတီရွိုက် ရှူနိုင်တယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ အသံအိုးရောင်တာက အစာချေရည် အထက်ဆန်လို့ ဖြစ်ရတာဆိုရင် Ranitidine နဲ့ Omeprazole ဆေးတွေကိုပါ ၄-၆ ပါတ်ကြာအောင် ပေးရမယ်။

အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်းကို လည်ချောင်းရောင်ခြင်းလို့လဲ သတ်မှတ်တယ်။ နှာစေး၊ နှာချေ၊ ချောင်းဆိုး၊ အသံနာ၊ အာခေါင်နာ၊ မျိုချရင်နာ၊ ခေါင်းကိုက်၊ ကိုယ်ပူ စတာတွေ ခံစားရမယ်။ ဖြစ်ရင် တပါတ်-ဆယ်ရက်ကြာမယ်။ ဗိုင်းရပ်စ်ကြောင့် မျက်စိနာကလဲ ဆက်စပ်နေနိုင်သေးတယ်။ ရာသီဥတုကြောင့် အလာဂျီ ရတာ၊ တုပ်ကွေးတွေလဲ ဒီအုပ်စုထဲကဘဲ။ (ဗိုင်းရပ်စ်) ဆိုရင် အထောက်အကူပေးတဲ့ ဆေးတွေသာ ရှိတယ်။ ပိုးသေဆေးတွေ မလိုဘဲ မသုံးတာ ကောင်းတယ်။

ချောင်းဆိုးပျောက်ဆေးထဲမှာ Codeine ပါတာဆိုရင် အိပ်ချင်မယ်။ ကြာကြာသောက်ရင် စွဲတတ်တယ်။ (ကိုဒင်း) မပါတာ ရှိတယ်။ Vick လို အပူပါတဲ့ ချိုချဉ်လိုငုံဆေးကလဲ သက်သာစေမယ်။ Cetrizine ဆေး ၁ ပြား ညမှာ သောက်သင့်တယ်။ မြန်မာဆေးထဲမှာ ကွမ်းရွက်ကလဲ ထိရောက်တယ်။ ကွမ်းရွက်ကို လျှက်ဆားလုပ်ရောင်းတာလဲ ရှိတယ်။ ပျားရည်နဲ့ သံပုရာ ရောတာလဲ သုံးကြတယ်။ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေ လုပ်သင့်တယ်။

ကလေးတွေချောင်းဆိုတာ မိခင်အစားမှားလို့ မဟုတ်ပါ။ နှာခေါင်းကနေ ကူးစက်တာဖြစ်တယ်။ လေသန့်ရမယ်။ ရာသီဥတုအပြောင်းမှာ လေနဲ့ဝန်းကျင်မှာ ပြောင်းပြီးရှိလာတဲ့ အမှုံအမွှား + ပိုးမွှားတွေပါတယ်။ သဘာဝနေရောင်နဲ့ လေသန့်ရလေ ကောင်းလေ။ လူများတဲ့နေရာ ရှောင်ပါ။ ချောင်းဆိုးတဲ့သူအနား ကလေးမထားသင့်။ နေမကောင်းရင် ကျောင်းမလွှတ်သင့်။ တကိုယ်ရေသန့်ရှင်းရေး တကယ်ကို အရေးကြီးတယ်။ ကလေးကိုကိုင်တွယ်သူမှန်သမျှ လက်ခဏခဏဆေးပါ။ ရိုးရိုးရေနဲ့ ရိုးရိုးဆပ်ပြာဆိုလုံလောက်တယ်။ ဖြစ်နိုင်ရင် လက်ဆေးရည် Hand sanitizer အရည်သုံးပါ။ ချောင်းဆိုးရင် ကိုယ့်ပါးစပ်ကို တဒေါင်ဆစ်နဲ့ကာတဲ့ အလေ့အကျင့်မျိုး လုပ်ပါ။ သင်ပေးပါ။ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေလုပ်သင့်တယ်။

Humidifiers ရေငွေ့ပေးစက်
နှာစေး၊ အအေးမိ၊ တုပ်ကွေးဖြစ်နေရင် သုံးနိုင်တယ်။ ဆိုင်းနပ်စ်ဖြစ်နေတာကိုလဲ သက်သာစေမယ်။ စိုထိုင်းဆ ၃ဝ% ထက် မနည်းရ၊ ၅ဝ% ထက် မများရပါ။ လေကို ရေငွေ့ ပိုလာစေမယ်။ ခံစားရတာတွေကို သက်သာစေမယ်။ ရေငွေ့လေးတွေက ချွဲကိုပျော်စေလို့ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်တွေထဲက ချွဲတွေထုတ်ဘို့လွယ်မယ်။ အနေရသက်သာမယ်။ အိပ်စက်နိုင်မယ်။ နို့စို့နိုင်မယ်။ နောက်ပြီး အရေပြားမှာခံစားရမှာကိုလဲ သက်သောင့်သက်သာ ရှိစေမယ်။ နှုတ်ခမ်းကွဲခြောက်တာမဖြစ်စေဘူး။ မျက်စိခြောက်တာ၊ ယားယံတာမဖြစ်စေဘူး။

နှာခေါင်းကနေ အရည်ကျတာ၊ ပိတ်နေတာကို ဆေးမလိုပဲ နှာရည်စုပ်ထုတ်ပေးတာ ကောင်းတယ်။ Nasal bulb syringe လေစုပ်ဘူလုံးခေါ်တယ်။

Azithromycin အဇစ်သရိုမိုင်စင် ပဋိဇီဝဆေး
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတာ ပိုးသေဆေးမလိုပါ။ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ ဆီးပြွန်ရောင်ခြင်း၊ ခရီးသွား ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊ နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg ၃ ရက်။ လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg ပဌမရက် + 5 mg/kg နောက် ၂ ရက်မှ ၅ ရက်။ ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg ၃ ရက်။ အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg ၅ ရက်။ Mycobacterium avium complex (MAC) ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။

ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ အရေပြားနီ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူး၊ လေတက်။ ကိုယ်ဝန်ဆောင်နဲ့  နို့တိုက် မိခင်တွေကို သတိနဲ့ပေးပါ၊

Common Cold in children ကလေးတွေ အအေးမိရင် https://doctortintswe.blogspot.com/2015/12/common-cold-in-children.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://doctortintswe.blogspot.com/2016/07/fever-first-aid.html

ဒေါက်တာတင့်ဆွေ

Fleur Pellerin စာမဖတ်တဲ့ ဝန်ကြီး

$
0
0
ဘောလုံးပွဲသတင်းကိုနောက်ခံထားပြီး ရေးချင်တာလေး ရေးပါရစေ။ ကြော်ငြာဝင်တာလို့လည်း ပြောကြတယ်။ ပွဲလန့်တုန်း ဖျာခင်းတာတော့ မဟုတ်ပါ။

လွန်ခဲ့တဲ့လေးနှစ်က ပြုပြင်ပြောင်းလဲမှုကိုဦးတည်ဘို့ဆိုပြီး တက်လာတဲ့ ပြင်သစ်အစိုးရမှာ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာတဲ့ Fleur Pellerin ဖလူယာ ပယ်လာရင်ကနေ Canal+ တီဗွီအင်တာဗျူးမှာ အမှတ်မထင်ဝန်ခံချက်တခုလုပ်လိုက်တော့ တိုင်းမ်မဂ္ဂဇင်းက နမူနာစကားစုအဖြစ် ကိုးကာတာထဲမှာ ပါလာတယ်။

ကျမ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ စာတအုပ်မှမဖတ်ဖြစ်ဘူးရှင့်။

ဗြိတိသျှကျန်းမာရေးဝန်ကြီးကလဲ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဆေးရုံကိုမရောက်တာအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့လို့ပြောတာလဲ ထော်လော်ကန့်လန့်ဖြစ်တယ်လို့ရေးကြတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက တင့်ကားတွေနဲ့ လမ်းပြဒုံးပျံတွေကို စိတ်မဝင်စားဘူးလို့ပြောလိုက်တာကလဲ တကယ်ကိုပြောစရာဖြစ်ပါသေးတယ်။

ပြင်သစ်ယဉ်ကျေးမှုနဲ့ဆက်သွယ်ရေးဝန်ကြီးအပြောက ပိုပြီးထောက်စရာဖြစ်သွားကတော့ သူမကို ၂ဝ၁၄ စာပေနိုဗယ်ဆု ရလိုက်တဲ့ ပြင်သစ် ဝတ္ထုရေးဆရာ Patrick Modiano ပက်ထရစ် မိုဒီယာနိုရေးတဲ့စာအုပ်ထဲက ကောက်နုတ်ချက်တခု မေးတာကို မဖြေနိုင်ရာကနေ အဲလိုပြောထွက်သွားတာပါ။

သူမရဲ့ရိုးသားမှုကို ချီးကျူးချင်သူတွေရှိမှာပါ။ ဒါပေမဲ့ ပြင်သစ်စာရေးဆရာ နိုဗယ်ဆုရစဉ်က တွစ်တာကနေ မိုဒီယာနိုရဲ့ ဝတ္ထုစာအုပ်နဲ့ ဆိုဖါပေါ်မှာထိုင်ရတဲ့အရသာထက် ကောင်းတာမရှိဘူးဆိုပြီး ချီးကျူးခဲ့တာကိုတော့ သိတဲ့သူသာ သိပါတယ်။ ဒါကြောင့် မစ္စ ပယ်လာရင်ကို ဝန်ကြီးမခန့်ခင် Astérix အက်စ်စတားရစ်စ်ကာတွန်းစာအုပ်ကလွဲရင် ဘာဖတ်ဖူးသလဲလို့ မေးသင့်တယ်ဆိုပြီး မီဒီယာတွေကနေ ကလောကြပါတော့တယ်။

မြန်မာပြည်မှာ စာဖတ်ကြတယ်ထင်ပါတယ်။ အဲ့ စာအုပ် ၉ဝ% ဟာ ပလီပြီးပြင်ထားတဲ့ ပေါ်လစီသတ်ပုံတွေနဲ့။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

The Hunchback of Notre-Dame ခါးကုန်းကြီး

$
0
0
ဘောလုံးပွဲသတင်းကိုနောက်ခံထားပြီး ရေးချင်တာလေး ရေးပါရစေ။ ကြော်ငြာဝင်တာလို့လည်း ပြောကြတယ်။ ပွဲလန့်တုန်း ဖျာခင်းတာတော့ မဟုတ်ပါ။

ကွကို ဆိုသူတွေ ဖေ့စ်ဘွတ်မှာ အတော်များတယ်။ ကွဆိုတာ ဘာလဲ။

တချိုသတ်ပုံစာအုပ်မှာ ကွ မပါ။ နည်းနည်းစုံတဲ့ အဘိဓါန်မှာ ကွ = ရွယ်တူချင်းနှင့် ငယ်သူကို စကားပြောရာတွင်သုံးသော စကားလုံး။

ကွ
ကွကျကျ (ဂွကျကျ)
ကွကုန်းသောသူ
ကွကွကွိကွိပြောသည်
ကွသောသူ
ပုပုကွကွ
ကုန်းကွသွားသည်
အတူတကွ
ကွ (ဂွ) တိုက်သည်
လာပါကွ

ကွဆိုတိုင်း ပြင်သစ်နိုင်ငံမှာရှိတဲ့ နော်တီဒိန်းဘုရားကျောင်းက ခေါင်းလောင်းထိုးတဲ့ ကုံးကုံးကွကွနဲ့ ကျောကုန်းကြီးကိုပဲ မြင်နေတယ်။ မွေးရာပါ ကျောရိုးကုန်းရောဂါနဲ့ ရုပ်အတော်ဆိုးတယ်။ ဒါပေမယ့် စိတ်လှတယ်။ စိတ်လှတာ ကောင်းတယ်။ သတ်ပုံရုပ်ဆိုးတာ မကောင်းပါ။

အဲဒီ ကက်သလစ်ခရစ်ယန်ဘုရားကျောင်းကြီးကို Notre-Dame de Paris လို့လည်းခေါ်တယ်။ အလွန်အနုပညာမြောက်အောင် ဆောက်ထားတယ်။ ကမ္ဘာကျော် ပြင်သစ် ဂေါသစ်လက်ရာတခုဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

TB neck gland တီဘီအကျိတ်

$
0
0
၁။ ဆရာ မင်္ဂလာပါရှင့် မေးခွင့်ပြုပါရှင့် လည်ပင်းအကျိတ်ဖြစ်နေလို့ FNAC စစ်ထားပါတယ်။ နားနှာခေါင်းဆေးရုံမှာပြတာပါ Result ကိုကြည့်ုပြီး TV အကြိတ်လို့ထင်တယ်ပြောပါတယ် TV ဌာနကိုလွှဲပြီး TV ဆေးသောက်ခိုင်းပါတယ် ပြန်စစ်ကြည့်ဖို့ လိုအပ်လားသိချင်ပါတယ်ရှင့် TV အကြိတ်မသေချာဘဲဆေးသောက်နေရမှာစိုးလို့ပါရှင့် အရင်ကလည်းTV အကြိတ်ဖြစ်ခဲ့ဖူးပြီးဆေး ၆လသောက်ခဲ့ပါတယ်ဆရာ အသက်က၂၉နှစ်ပါဆရာ

TV မဟုတ်။ TB တီဘီ လို့ ရေးထားတယ်။

၂။ မင်္ဂလာပါ ဆရာခင်ဗျား။ ကျနော့ သမီး ငါးနှစ် နှစ်လ အရွယ်ပါဆရာ။ လည်ပင်းအကျိတ်ကို တီဘီကျိတ်အဖြင့် ဆေးစာထွက်ပါပြီ ဆရာ။ ကျနော် သိချင်တာလေးက တီဘီအကျိတ် ဖြစ်ရခြင်းအကြောင်းအရင်းနှင့်ကူးစက်ရောဂါ ဟုတ်မဟုတ်ပါဆရာ။ ကူးစက်လွယ်တယ်ဆိုရင် စာသင်ကျောင်းကို မပေးသွားဖို့ပါဆရာ။ ပြီးတော့ မွေးကင်းစမှ ယခုအရွယ်အထိ သက်ဆိုင်ရာ ကာကွယ်ဆေးများ ပုံမှန်ထိုးပါတယ်ဆရာ။ တီဘီအကျိတ်က ထိုးထားသော ကာကွယ်ဆေးအမျိုးအစားထဲမှာ ပါဝင်မှု ရှိမရှိကို သိရှိလိုပါတယ် ဆရာခင်ဗျာ။ (ကူးဆက်သတ်ပုံကို ပြင်လိုက်တယ်။)

၃။ တခုလောက်မေးချင်လို့ပါဆရာ။ သမီးအမေက လည်ပင်းမှာ အကျိတ်ပေါက်နေတာ တလကျော် နှစ်လလောက်ရှိပါပြီ။ အဲဒါနဲ့ ဆေးခန်းပြ ဆေးစစ်ကြည့်တာ xray, ultrasound နဲ့ သွေးစစ်ကြည့်တာ ဘာမှမတွေ့လို့ အဲဒီအကျိတ်ကနေ အသားစယူပြီး စစ်ကြည့်တာ တီဘီအကျိတ်လို့ အဖြေထွက်ပါတယ်။ fb မှာလည်း အမျိုးမျိုးတွေ့နေရတော့ တီဘီမဟုတ်ဘဲ တီဘီဆေးတွေသောက်ပြီး ဒုက္ခရောက်မှာ စိုးရိမ်လို့ပါဆရာ။ အမေကအသက် ၅၇ ပါဆရာ။ ချောင်းဆိုးတာတို့ ဘာတို့တော့ မရှိပါဘူးရှင့်။ အညော်မိရင်တော့ အဲဒီအကျိတ်နေရာက တင်းလာပြီး နည်းနည်းနာသလိုလို ဖြစ်တယ်လို့တော့ ပြောပါတယ်ဆရာ။ ကူညီပြီးဖြေကြားပေးပါဦးနော်။ ဆရာ့ရဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း သိပါရစေရှင့်။

တီဘီအကျိတ် အဖြစ်များကြတယ်။ ကလေးတွေပိုများတယ်။ မကြာသေးခင်က အရွယ်ကောင်း မိန်းကလေးနှစ်ယောက်မှာ လာတွေ့သေးတယ်။ တီဘီ ဘယ်နေရာမှာဖြစ်ဖြစ် ဆေးပါတ်လည်ရင် ပျောက်ပါတယ်။ တီဘီအကျိတ်က မခွဲရတတ်ပါ။ ပိုးမရှိတော့ပေမဲ့ အကျိတ်က တော်တော်နဲ့ မပျောက်ရှိလဲ ကိစ္စမရှိပါ။ သက်သာလာတာနဲ့ လူက ဝလာမယ်။ စားလာမယ်။ ကိုယ်အလေးချိန်တိုးတာဟာ ရောဂါအခြေအနေ ကောင်းလာတာကိုပြတယ်။ ဘိုင်အော့်ပစီ ခေါ် အသားစဖြတ်ယူစစ်ဆေးတာထက် မှန်တာ မရှိပါ။ ဖေ့စ်ဘွတ်အဖြေတွေထက် မှန်တယ်။

ငယ်ငယ်တုံးက နှာစေး၊ နှာရည်ယိုတာကနေ တီဘီပိုး၊ တခြားပိုးတွေ ဝင်လာခဲ့မယ်။ အဲဒီကနေ တက်စေ့ (လင့်ဖ်-နုတ်) တွေဆီ ရောက်လာတယ်။ အာသီးရောင်မယ်။ တက်စေ့ရောင်တာမှာ အများကြီး လိုက်ရောင်တာနဲ့ နေရာကွက် ရောင်တာ နှစ်မျိုးဖြစ်နိုင်တယ်။

1. Generalised Tubercular Lymphadenitis များသောအားဖြင့် လည်ပင်းအကျိတ်တွေမှာ လာဖြစ်တယ်။ နာတာရှည် သဘော ဖြစ်တာ များတယ်။ အင်္ဂါအစိတ်အပိုင်းတွေဆီ ရောဂါ မရောက်တတ်ဘူး။ ကလေးက အစားပျက်၊ သိပ်မဆော့နိုင်၊ ပိန်၊ လျှာကွဲ၊ နဲနဲကိုယ်ပူ၊ ညနေပိုင်းမှာ ပူတာများတယ်။ ခေါင်းချွေးထွက်မယ်။

2. Local Tubercular Adenitis အဖြစ်များတယ်။ လည်ပင်းမှာဘဲ အများဆုံးဖြစ်တယ်။ ကလေး-လူကြီးဖြစ်မယ်။

အကျိတ်က တဖြေးဖြေးကြီးလာမယ်။ တချို့ကြက်ဥလောက် ရှိတယ်။ ရောင်တဲ့လက္ခဏာတွေရှိလာမယ်။ နီ-နာ-မာ-ပူ-ရောင်။ တချို့မှာ ပြည်တည်လာတယ်။ ပြည်အရောင် မတူတာတွေရှိနိုင်တယ်။

တချို့ ကလေး-လူငယ်တွေမှာ ဗိုက်ထဲက တက်စေ့မှာ လာဖြစ်ကြတယ်။ Tabes Mesenterica ခေါ်တယ်။ တချို့မှာ အူသိမ်တီဘီနဲ့ ရောနေတယ်။ ဗိုက်နာ-ဖျားလို့ စစ်ရင်းမှ တွေ့လာတတ်တယ်။ ဝမ်းပျက်တာ၊ အားယုတ်တာတွေလဲ ရှိမယ်။ အူတီဘီ ဖြစ်တဲ့သူရဲ့ ဗိုက်ကို သေသေခြာခြာစမ်းရင် ဂျုံနယ်နေရသလိုရှိတယ်။ မျက်တွင်းချိုင့်နေတတ်တယ်။ အသားအရေ ခြောက်မယ်။ တီဘီအကျိတ်ရောင်သူတွေက သူများကို မကူးစက်ပါ။ သလိပ်ထဲ ပိုးတွေ့တာနဲ့ ရောနေရင် သူများကို ကူးနိုင်တယ်။ တီဘီဆိုတာ ပိုးပါတဲ့ နွားနို့ကနေလဲ ကူးစက်လာနိုင်တယ်။ ကနေ့ခေတ်မှာ တီဘီ ဆေးတွေ အလွန်ထိရောက်ပါတယ်။ ၃ လ၊ ၆ လ၊ ၉ လ၊ ကုရပါတယ်။ Isoniazid, Rifampin, Pyrazinamide နဲ့ Ethambutol တွေက အသုံးများတယ်။ ဆေး အနည်းဆုံး ၂ မျိုးတွဲပေးတယ်။ တချို့ ၄ မျိုး တွဲပေးရတယ်။

TB writing links တီဘီရောဂါစာများ
1.BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
2.Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/2014/10/bone-tuberculosis.html
3.Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) 111http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4.Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
5.Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
6.Lymph Nodes လင့်ဖ်နုတ် http://doctortintswe.blogspot.com/2016/10/lymphatic-system.html
7.Lymphoma (လင်ဖိုးမား) ရောဂါ http://doctortintswe.blogspot.com/2015/02/lymphoma.html
8.MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
9.MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
10.More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
11.Neck Glands လည်ပင်း အကျိတ် https://doctortintswe.blogspot.com/2016/12/neck-glands.html
12.Neck Lumps လည်ပင်း အလုံးအကျိတ် http://doctortintswe.blogspot.com/2016/05/neck-lumps.html
13.Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
14.Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
15.TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
16.TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
17.TB neck gland တီဘီအကျိတ် http://doctortintswe.blogspot.com/2017/04/tb-neck-gland.html
18.TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
19.TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
20.TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
21.TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
22.TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
23.TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
24.Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html

Dr. တင့်ဆွေ
၁၅-၇-၂ဝ၁၈

HIV Tests (1) စမ်းသပ်နည်းများ (၁)

$
0
0
၁။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် သုံးဆယ်ပါ။ အိမ်ထောင်ရှိပါတယ်။ ဒီနေ့ ကျွန်မ ဆံပင်ဆိုင်မှာ ခေါင်းသွားလျှော်တော့ ခေါင်းလျှော်ခုံက သံစလေးနဲ့ ခြစ်မိပြီး လက်အနည်းငယ် သွေးစို့သွားပါတယ်ဆရာ။ လူအများ သွားလာနေထိုင်တဲ့နေရာကနေ ပွန်းပဲ့ပြီး သွေးအနည်းငယ် မဆိုစလောက်လေး ထွက်မိတော့ ရောဂါတွေ ကူးစက်မှာ စိုးပါတယ်။ အရက်ပျံတော့ သုတ်ထားလိုက်ပါတယ်ရှင့်။ တခြားဘာတွေ လုပ်ဖို့လိုအပ်ပါသလဲ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်။

၃ လနေရင် HIV စစ်နိုင်။

ဆရာက ၃ လနေရင် hiv စစ်ကြည့်နိုင်လို့ ပြောထားပါတယ်။ ကျွန်မ အရမ်းစိုးရိမ်လို့ပါဆရာ။ ၃ လထိ မစောင့်ဘဲ ဒီကြားထဲ စစ်ဆေးမှု တခုခုလုပ်လို့ရပါ့မလား ဆရာရှင့်။ တခုခုကြိုတင်ပြီး ပြုလုပ်လို့ရတာရှိမလား သိချင်မိပါတယ်။စိုးရိမ်ပြီး ကြောက်နေလို့ပါ ဆရာရှင့်။ကျေးဇူးတင်ပါတယ်။

2/ မင်္ဂလာပါ ဆရာ ကျွန်တော် မြန်မာပြည်မှာစစ်တုန်းက HIV antibody (Elisa) လို့ရေးထားပါတယ်ဆရာ။ ၃လ နဲ့ ၆လ မှာ သွားစစ်ပါတယ်ဆရာ ဒီက ဆရာဝန်က Hiv 1&2 antigen and antibody (screening test) နဲ့ နှစ်ခါစလုံး စစ်ပေးပါတယ်ဆရာ ပြီးတော့ နောက် ၃လ လောက်နေတော့ ထပ်စစ်သေးတယ် ဆရာ Hiv 1&2 antigen and antibody (screening test) နဲ့ပဲ ထပ်စစ်ပေးပါတယ်ဆရာ။ စစ်ထားတော့ ၁၁လ ရှိပါပြီ ဆရာ။ (Elisa) နဲ့ ထပ်စစ်ဖို့ လိုသေးလားဆရာ စစ်နည်းတွေက ဘာကွာတာလဲ မသိလို့ပါဆရာ

HIV ကို ဆေးစစ်မှသာသိမယ်။ သံသယဖြစ်စရာနဲ့တွေ့ပြီးနောက် ၃ လနေမှသာစစ်သင့်တယ်။ ၆ လအထိစောင့်ဘို့မလိုပါ။ ပိုးကူးစက်ခံရရင် တုပ်ကွေးဖြစ်သလိုခံစားရနိုင်တယ်။ သွေး၊ သွေးရည်ကြည်၊ တံတွေးနဲ့ ဆီးထဲမှာ HIV ခေါ်တဲ့ AIDS ရောဂါကို ဖြစ်စေတဲ့ (ဗိုင်းရပ်စ်) ပိုးနဲ့ဆိုင်တာကို စမ်းတာ ဖြစ်တယ်။ ပိုးကို မှန်ဘီလူးနဲ့ ရှာကြည့်တာမဟုတ်ပါ။

၁။ ပိုးနဲ့ဆိုင်တဲ့ Antibodies (အင်တီဘော်ဒီ)၊
၂။ Antigens (အင်တီဂျင်) နဲ့
၃။ RNA (အာရ်အင်အေ) တွေကို စမ်းတာ ဖြစ်ပါတယ်။

HIV ပိုးရလာတဲ့နောက် ချက်ချင်းစစ်လို့ မတွေ့နိုင်သေးတဲ့ ကာလကို Window period စပ်ကူးမတ်ကူး-ကာလလို့ ခေါ်တယ်။ HIV-1 antibody test အပေါင်းပြဘို့ရာ ပျမ်းမျှ ၂၅ ရက်ကြာမယ်။ Antigen testing လုပ်ရင် ၁၆ ရက်နဲ့ သိနိုင်ပြီး၊ NAT (Nucleic Acid Testing) ဆိုရင် ၁၂ ရက်သာကြာမယ်။

အားလုံးဟာ စင်းလုံးချော ရာနှုန်းပြည့်မှန်တယ်လို့တော့ မပြောနိုင်ပါ။ ပိုးမရှိဘဲနဲ့ မှားပြီးအပေါင်းပြတတ်သလို ပိုးရှိပေမယ့် မှားပြီးအနုတ်ပြတတ်သေးတယ်။ (အော်တိုအင်မြူး) ရောဂါတခုဖြစ်တဲ့ (လူးပတ်စ်) ခံစားနေရသူမှာ မှားပြီး အပေါင်း ပြနိုင်တယ်။ အချိန်မတန်သေးပဲ (၃ လထက်စောပြီး) စမ်းရင် ပိုးရှိရက်သားနဲ့ မှားပြီးအနုတ်ပြမယ်။

သွေးလှူတိုင်း စမ်းရတာထက် ရောဂါရှိ-မရှိသချင်လို့ စမ်းဘို့ ပိုလိုတယ်။ ယေဘုယျရော အတိအကျပါသိအောင်လုပ်ရတာ ဖြစ်တယ်။ ELISA method ကို အရင်လုပ်ပြီးနောက် Western blot procedure နည်းကို ထပ်လုပ်ရတယ်။ အဲလို ၂ နည်း တွဲမှ ပိုသေချာမယ်။

Antibody tests (အင်တီဘော်ဒီ) စမ်းနည်း
ဈေးလည်းချိုတယ်။ သမားရိုးကျစစ်ဆေးနည်းအနေနဲ့ သုံးနိုင်တယ်။ ပိုးဝင်ခံရပြီးနောက် ၉ဝ% ဟာ ရက်ပေါင်း ၃ဝ အကြာမှာ စမ်းလို့တွေ့နိုင်ပြီ။ တချို့က ပိုစောင့်ရတယ်။ ဒါပေမဲ့ ၆ လအထိစောင့်ရတယ်ဆိုတာ မရှိသလောက်ပါ။ သတိထားဘို့က စောင့်နေရတုံးလဲ ပိုးရှိနေသူကနေ သူများကို ကူးစေနိုင်တယ်။ စိုးရိမ်လို့ စောင့်နေတုံးမှာ Antiretroviral therapy ဆေးသုံးရင် သွေးစစ်တဲ့အခါ ပိုးတွေ့ဘို့ရာ ၁ နှစ်အထိ ကြာသွားနိုင်တယ်။ ဒါ့ကြောင့်တော့ ကူးနိုင်နေတာ သံသယရှိသူကို ဆေးမသောက်ပါနဲ့အုံးလို့တော့ မပြောသင့်ဘူး။ အဲလိုလူတွေကို ဆေး ၂၈ ရက် (ကို့စ်) ပေးပြီးနောက် ELISA tests ကို ခြားပြီး အကြာဆုံး စောင့်ရမဲ့ကာလ ၆ လ မက လုပ်သင့်တယ်။

• Enzyme-linked immunosorbent assay (ELISA) နည်းကို Enzyme immunoassay (EIA) လို့လဲ ခေါ်သေးတယ်။ သွေးရည်ကြည်ကို အဆ ၄ဝဝ ပျော့သွားစေပြီး၊ HIV antigens နဲ့ ထိတွေ့စေတယ်။ သွေးထဲမှာ HIV (အင်တီဘော်ဒီ) ရှိနေရင် တွေ့တော့မယ်။
• Western blot test နည်းကလဲ ELISA လိုဘဲ (အင်တီဘော်ဒီ) ကို စမ်းတာဖြစ်တယ်။ ပိုသေချာတယ်။
• Rapid or point-of-care tests စမ်းသပ်နည်းက အရည်အသွေးကို စမ်းတာဖြစ်တယ်။
• HIV antibodies စမ်းလို့ မတွေ့တာနဲ့ ပိုးဝင်မခံရတာ သေချာတယ်လို့ ပြောမရသေးပါ။
• Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် ကိုယ့်ဖါသာ သွေးဖေါက်ပြီး စာတိုက်ကနေ ပို့ပေးနိုင်တယ်။ FDA ကနေ အသိအမှတ် ပြုပေးထားတယ်။ သူများမသိအောင် စစ်နည်း ဖြစ်တယ်။
• OraQuick antibody test နည်းက မိနစ် ၂ဝ နဲ့ အဖြေရတယ်။ သွေး၊ သွေးရည်၊ တံတွေးကို စမ်းလို့ရတယ်။ HIV 1 နဲ့ HIV 2 ကို စမ်းလို့ရတယ်။

• Orasure HIV antibody test နည်းကတော့ ပါးစောင်၊ သွားဖုံးကအရည်ကို စမ်းတယ်။ ELISA နည်းရော Western blot နည်းကိုပါ သုံးတယ်။
• Uni-Gold rapid HIV antibody test နည်းက ၁ဝ-၁၂ မိနစ်သာ ကြာတယ်။ သွေးကိုစမ်းရတယ်။ HIV 1 တမျိုးတည်း ကိုသာ သိနိုင်တယ်။
• Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်းတွေက ၁၅ မိနစ်သာကြာပြီး HIV 1 ရော HIV 2 ကိုပါသိတယ်။ Blood သွေး၊ Serum သွေးရည်ကြည်နဲ့ Plasma သွေးရည်တွေကို စမ်းရတယ်။
• ဆီးစမ်းနည်းလည်း ရှိတယ်။ ELISA ရော Western blot techniques မှာပါ သုံးတယ်။

ELISA တခုထဲနဲ့ HIV-1 Antibody ရှိတာသိရပေမဲ့ မသေချာသေးပါ။ Western Blot နည်းကိုပါ ဆက်လုပ်ရတယ်။ လောလောဆယ် ရက်တိုပိုးတခုခုဝင်တာ၊ (အလာဂျီ) ရတာဆိုရင် ELISA test နည်းက Western Blot ထက်ပိုပြီး မရှိဘဲနဲ့ ရှိတယ်ဆိုတဲ့အဖြေ ခပ်ရှားရှားရနိုင်တယ်။ တုပ်ကွေးရာသီမှာ တုပ်ကွေး-ကာကွယ်ဆေးကြောင့် အဲလို အဖြေမှားတွေ များခဲ့ဘူးတယ်။

• Antigen test (အင်တီဂျင်) စမ်းသပ်နည်းဆိုတာ HIV p24 protein ရှိနေ-မနေကို စမ်းတာ။ ဗိုင်းရပ်စ်ရဲ့ Capsid protein ကို စမ်းတာမို့ (CA) လို့လဲ ခေါ်တယ်။ သွေးကိုစမ်းတာပါ။ အခုတော့ ပုံမှန်စမ်းနည်းအနေနဲ့ မသုံးပါ။
• Nucleic acid-based tests (NAT) ဆိုတာ HIV-I GAG, HIV-II GAG, HIV-env, the HIV-pol လို့ခေါ်တဲ့ HIV genes မျိုးဗီဇကို စမ်းသပ်တာပါ။
• RT-PCR test ဆိုတာ သွေးအရည်ထဲက ဗိုင်းရပ်စ်ရဲ့ RNA ကို စမ်းတာပါ။
• Quantiplex bDNA ဒါမှမဟုတ် Branched DNA test နည်းဟာလည်း သွေးရည်ထဲက RNA ကို စမ်းတာပါ။

တခြားစမ်းသပ်နည်းတွေကတော့ -
CD4 T-cell count ဆိုတာက ပိုးနဲ့ဆိုင်တာတွေကို စမ်းတာမဟုတ်ဘဲ ခုခံအားနဲ့ဆိုင်တဲ့ ဆဲလ်တွေကို ရေတွက်တာ ဖြစ်တယ်။ ခုခံအားစနစ် အခြေအနေကို သိချင်လို့ ဖြစ်ပါတယ်။ နည်းနေရင် မကောင်းတာကို ပြနေတယ်။ HIV-positive ဖြစ်နေသူဟာ 200 cells/μL ထက်နည်းတာကိုဖြစ်ဖြစ် အခွင့်ကောင်းယူဝင်လာတဲ့ ကူးစက်ရောဂါ ရှိလာတာဖြစ်ဖြစ် သိရရင် AIDS ရောဂါသည်လို့ တရားဝင်ခေါ်တော့တယ်။ သတိထားဘို့က HIV မဟုတ်တဲ့ တခြားရောဂါတွေနဲ့လဲ တွဲပြီး နည်းနေတာ ရှိတယ်။ တခြားဗိုင်းရပ်စ်ဝင်နေတာ၊ ဗက်တီးရီးယားဝင်နေတာ၊ ပါရာဆိုက်ပိုးဝင်နေတာ၊ တီဘီဖြစ်နေတာ၊ မီးလောင်တာ၊ ထိခိုက်ဒဏ်ရာရနေတာ၊ အပြင်ကနေ ပရိုတင်းဆေးထိုးတာ၊ အစာအာဟာရချို့တဲ့နေတာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ၊ ကိုယ်ဝန်ဆောင်နေတာ၊ စိတ်ဖိအားများနေတာ၊ အထီးကျန် ဖြစ်နေတာတွေ ဖြစ်ကြတယ်။

1.HIV Duo Test ဆိုတာဘာလဲ https://doctortintswe.blogspot.com/2014/12/hiv-duo-test.html
2.HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ https://doctortintswe.blogspot.com/2017/08/hiv-faq.html
3.HIV screening tests စမ်းသပ်နည်းများ https://doctortintswe.blogspot.com/2014/11/hiv-screening-tests.html
4.HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
5.HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
6.HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
7.HIV Tests (3) စမ်းသပ်နည်းများ (၃) https://doctortintswe.blogspot.com/2015/11/hiv-tests-3.html

Dr. တင့်ဆွေ
၁၅-၇-၂ဝ၁၈

Our Language Root မြန်မာစာသည် ခါး၏

$
0
0
Sumerian ဆူမားရီးယန်ဘာသာစကားဟာ ကမ္ဘာမှာ ရှေးအကျဆုံးလို့ ဆိုပါတယ်။ ဘီစီ ၃ဝဝဝ မတိုင်မီကတည်းက ရေးသားခဲ့တယ်။ ကနေ့အထိသုံးစွဲနေတဲ့ ကမ္ဘာမှာရှေးအကျဆုံးဘာသာစကား (၁ဝ) မျိုးရှိတယ်။
1. Hebrew ဟီဘရူး၊
2. Basque ဘက်စ်၊
3. Tamil တမီးလ်၊
4. Lithuanian လစ်သူနီးယန်၊
5. Farsi ဖါရ်ဆီ၊
6. Icelandic အိုက်စလန်၊
7. Macedonian မက်ဆီဒိုးနီးယန်း၊
8. Finnish ဖင်းနစ်ရှ်၊
9. Georgian ဂျော်ဂျီယန်၊
10. Irish Gaelic အိုင်းရစ်ရှ် ဂေးလစ်၊

ခေတ်ဟောင်းအင်္ဂလိပ်ဘာသာစကားကို အင်ဂလို-ဆက်ဆွန်လို့ခေါ်တယ်။ ၅ ရာစုလောက်ကစတယ်။ နော်မန်တွေက သိမ်းယူတော့ အင်ဂလို-နော်မန်ဘာသာစကားကို အထက်တန်းကျသူတွေက သုံးလာတယ်။ ခေတ်ဟောင်းအင်္ဂလိပ်စကား ရပ်စဲသွားတယ်။ အလယ်ခေတ်အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်စကားနဲ့ ဆက်နေတယ်။ နှစ် ၁၄ဝဝ ကျော်အတွင်း တိုးတက်ဖွံ့ဖြိုးလာတယ်။ ကိုလိုနီနယ်တွေသိမ်းယူနိုင်ရာကနေ အင်္ဂလိပ်စကားလည်း ကျယ်ပြန့်လာတယ်။ အက္ခရာတွေရော သဒ္ဒါပါ ပြောင်းလာတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံးကသုံးတဲ့ ဘာသာစကားတွေရှိတယ်။
၁။ တရုပ် = ၉၃၇၁၃၂ဝဝဝ
၂။ စပိန် = ၃၃၂ဝဝဝဝဝဝ
၃။ အင်္ဂလိပ် = ၃၂၂ဝဝဝဝဝဝ
၎။ ဘင်္ဂါလီ = ၁၈၉ဝဝဝဝဝဝ
၅။ ဟင်ဒီ = ၁၈၂ဝဝဝဝဝဝ
၆။ အာရတ် = ၁၇၄၉၅ဝဝဝဝ
၇။ ပေါ်တူကီ = ၁၇ဝဝဝဝဝဝဝ
၈။ ရုရှား = ၁၇ဝဝဝဝဝဝဝ
၉။ ဂျပန် = ၁၂၅ဝဝဝဝဝဝ
၁ဝ။ ဂျာမန် = ၉၈ဝဝဝဝဝဝ

ကမ္ဘာမှာ လွှမ်းမိုးမှုအများဆုံးဘာသာစကား (၅) မျိုးရှိတယ်။
၁။ အင်္ဂလိပ်
၂။ ပြင်သစ်
၃။ စပိန်
၎။ အာရတ်
၅။ တရုပ်

အင်္ဂလိပ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၇၆ နိုင်ငံနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံပေါင်း ၁၁၅ နိုင်ငံ ရှိတယ်။ ပြင်သစ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၆၂ နိုင်ငံ။ အာရတ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၂၈ နိုင်ငံနဲ့ စပိန်စာ တရားဝင်သုံးနိုင်ငံပေါင်း ၂၄ နိုင်ငံရှိတယ်။

မြန်မာဘာသာစကားဟာလည်း သက်တမ်းရှည်ပြီ။ စောစောပိုင်းကာလတွေမှ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်မှုတွေရှိခဲ့လို့ ပင်မမြန်မာစကားထဲမှာ ရောနှောမှုတွေရှိခဲ့ပါတယ်။ ပါဠိနဲ့ သက္ကတပါရောနှောလာတယ်။ မြန်မာဘာသာစကားဟာ တိဘက်တိုဘာမင်း အုပ်စုထဲကလို့ သတ်မှတ်ထားတယ်။ အဲတာက ဆိုင်နို-တိဘက် ဘာသာစကားမိသားစုထဲကဖြစ်တယ်။ သက်တမ်း နှစ်ပေါင်း ၁၁ဝဝဝ ရှိပြီလို့ဆိုပါတယ်။ ၁၁ ရာစုထဲမှာရေးသားခဲ့တာကို မှတ်တမ်းကောင်းကောင်း ရရှိထားတယ်။ ပျူဘာသာစကားက ၉ ရာစုကတည်းက ဖြစ်တယ်။

ကနေ့ မြန်မာဘာသာစကားကို ပြောဆို ရေးသားနေသူပေါင်း ၅၂ သန်းလို့ခန့်မှန်းပါတယ်။ ပြည်တွင်းထဲမှာသာမက ပြည်ပ နိုင်ငံတွေမှာလည်း သိသာတဲ့အရေအတွက်ရှိတယ်။ ကိုယ်စာကိုယ် ထိန်းကြရတယ်။ တိုးတက်စည်ပင်အောင် လုပ်ရတယ်။ ပွါးများကျယ်ပြန့်အောင်လည်း ကိုယ်တိုင်သာလုပ်ရပါတယ်။

မြန်မာစာဟာ တိုးတက်စည်ပင်လာရာကနေ သတ်ပုံတချို့ကို အမိန်နဲ့ပြောင်းတဲ့ခေတ်နောက်မှာ ကပြောင်းကပြန်တွေ၊ ဟိုလိုလိုသည်လိုတွေ ဖြစ်ကုန်တယ်။

မြန်မာစာမှာလည်း ခါးတဲ့အမြစ်တွယ်နေတာ နှစ်တွေကြာလို့ သတ်ပုံမှန်ကို တင်ပြတာကို အမှန်လို့ မထင်ကြတော့ပါ။

တမာ ခွေးတောက်၊ မြစ်လျှောက်ရောယှက်၊ တူနှောဖက်က၊ သရက်ချိုမြ ဗန္ဓရလျှင်၊ ကွယ်ပအပြီး၊ အခါးသီး၏။

ဒေါက်တာတင့်ဆွေ

ပညာရှင် လယ်သမား

$
0
0
 သီရိနန္ဒာမင်းကြီးသည် မြို့စနည်းနာရန် ပညာရှိအမတ်ကြီးကိုခေါ်၍ သူဆင်းရဲအသွင်ဖြင့် နန်းတော်မှ တိတ်တဆိတ် ထွက်ခဲ့သည်။
တနေရာတွင် လယ်ထွန်သော အဖိုးအိုတဦးကိုတွေ့သဖြင့် ဥာဏ်ပညာကို စူးစမ်းလို၍့
ဗျို့အဖိုး အဖိုး အသက်ကြီးလှပြီ လူတိုင်းလုပ်ရမဲ့အလုပ်ကို မလုပ်မိလေရော့သလား
ကျွန်ုပ် လုပ်ခဲ့ပါတယ်။
ဘာ့ကြောင့် ထပ်မံမကြိုးစားပါသလဲ အဖိုး
ကျွန်ုပ်သုံးကြိမ်တိုင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကုသိုလ်ကံက လုံးဝမလိုက်တာနဲ့ လယ်ထွန်နေရတာပါဘဲကွယ်
ဘယ်သူ့ကို အားကိုးပြီး လယ်လုပ်ပါသလဲ
ကျုပ်တို့ဘုရင်ကြီးကို အားကိုးပြီးလုပ်နေရတာပေါ့
ဘုရင်ကြီးက နှစ်စဉ်မှန်မှန်လာပါရဲ့လား
ဘုရင်ကြီးမလာယင် အမတ်ကြီးကိုမျှော်ရတာပေါ့။ အမတ်ကြီးမလာနိုင်ယင် မင်းသားလေးကိုဘဲ အားကိုးရတော့တယ်။
အဖိုးဟာ အသက်အရွယ်ကြီးရင့်သည်နှင့်အမျှ ပညာထက်မြက်ပါပေတယ်။ ကျွန်ုပ်တို့ကို ခွင့်ပြုပါအုံး။
နန်းတော်သို့ပြန်ရောက်သောအခါ ဘုရင်ကြီးက မိမိနှင့် အဖိုးအိုတို့ အမေးအဖြေကို ပညာရှိအမတ်ကြီး သိမသိ မေးမြန်းကြည့်ရာ့
မသိကြောင်းပါအရှင်မင်းကြီး။
သယ့့် ပညာရှိအမတ်ဖြစ်လျက် သင်မရှက်လေသလော။ နက်ဖြန်နံနက်ညီလာခံသဘင်မှာ အဖြေတင်လျှောက်ရမည် အမိန့်တော်။
အမတ်ကြီးသည် ကြံရာမရသည့်အဆုံး အဖိုးအိုထံသို့ ထွက်ခွါလာခဲ့ရလေသည်။
လယ်သမားအဖိုးအိုအားတွေ့လျှင် အသပြာတထောင်ပူဇော်၍ အဖြေမေးရလေ၏။
လူတိုင်းလုပ်ရမဲ့အလုပ်ဆိုတာ အိမ်ထောင်ပြုခြင်းကိုဆိုလိုတယ်။ ကျွန်ုပ်က အိမ်ထောင်သုံးဆက်ပြုခဲ့သော်လဲ သားသမီး မထွန်းကားခဲ့ကြောင်း ဖြေကြားခြင်းဖြစ်ပါတယ်။
လယ်လုပ်ရာမှာ ဘုရင် အမတ်ကြီးနဲ့ မင်းသားကို အားကိုးရတယ်ဆိုတာ ဘုရင်တဆူလိုအားကိုးရတဲ့ ကဆုန်မိုး၊ အမတ်ကြီးလိုအားကိုးရတဲ့ နယုန်မိုးနဲ့ မင်းသားလိုအားကိုးရတဲ့ ဝါဆိုမိုးတို့ကို ဖြေကြားခြင်းဖြစ်ပါတယ် အမတ်ကြီး။
အမတ်ကြီးသည် ဝမ်းသာလှစွာဖြင့် ညီလာခံအမှီ မြင်းဒုန်းစိုင်း၍ ပြန်ခဲ့လေတော့သတည်း။

မှတ်ချက်
မြန်မာပြည်မှာ ကဆုန်မိုး၊ နယုန်မိုး၊ ဝါဆိုမိုးကောင်းပါစေသတည်း။ ပညာရှိတွေ ပေါ်ထွန်းပါစေသတည်း။

တနေရာတွင်၊ အဖိုးအိုတဦး၊ အသပြာတထောင်။ သတ်ပုံမှန်ရေးတဲ့စာတွေ ပြန်လည်ထွန်းကားပါစေသတည်။

(၈-၁၂-၁၉၇၃ နေ့ထုတ် ရွှေသွေးဂျာနယ်မှ)

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈


French kiss ပြင်သစ်အနမ်း နဲ့ ကျန်းမာရေး

$
0
0
(ကန်တော့ပါ)

ရေးထားတာ ၇ နှစ်ရှိပြီ။ တိုက်ဆိုင်လို့ပြန်တင်ပါရစေ။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ပြောတာများတယ်။ အခေါ်မှန်က French kiss ဖြစ်ပါတယ်။ Mouth-to-mouth ဆိုတာက နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် သူနာပြုစုနည်း CPR မှာ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။

လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်ပြီး French Kissing ကို Deep Kissing ခေါ်တယ်။ ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့နမ်းတယ်လို့ ခေါ်တယ်။ အရင်က Florentine kiss လို့ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe လို့ ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။ လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖေါ်ရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ ပါးစပ်ဝန်းကျင်ဟာ ကိုယ်ခန္ဓာရဲ့ လိင်စိတ်နှိုးထစေတဲ့ ပင်မနေရာဖြစ်ပြီး လျှာကအထွတ်အထိပ်ကျတယ်။

Kiss and Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ

HIV ပိုးရှိသူရဲ့ သွားရည်၊ တံတွေးစိုနေတဲ့ စီးကရက်ကို ပိုးမရှိသူက အတူတူမျှသောက်ရင်ရော HIV ကူးနိုင်လားဆရာ။

သီအိုရီအရ သွားရည်၊ တံတွေးထဲမှာ HIV ပိုးပါနေတယ်။ လက်တွေ့မှာ နှုတ်ခမ်းချင်းနမ်းလို့ ကူးစက်သူ မရှိသေးပါ။ ပိုးအရေအတွက်နည်းလို့ဖြစ်ပါတယ်။ အဲလိုပဲ စီးကရက်မျှသောက်ရင်လည်း မကူးလောက်ပါ။

တကယ်လို့ HIV ပိုးမရှိသူရဲ့ အနာအပွန်းပဲ့သွေးထွက်ဒဏ်ရာကို HIV ပိုးရှိသူရဲ့ တံတွေး၊ သွားရည်ဝင်မယ်ဆို ပိုးကူးလားဆရာ။ HIV ပိုးရှိသူသောက်တဲ့ စီးကရက် အစီခံမှာ တံတွေး၊ သွားရည် အနည်းနဲ့အများရှိမှာပါ။ အဲဒီစီးကရက် မျှသောက် မိလို့ ပိုးမရှိသူ နှုတ်ခမ်း၊ ပါးစပ်တို့မှာ မမြင်နိုင်တဲ့ အနာတို့၊ နှုတ်ခမ်းကွဲတာ၊ လျှာကွဲတာတို့ရှိခဲ့ရင် ကူးနိုင်လားဆရာ။

သီအိုရီအရ ဖြစ်နိုင်တယ်။ တကယ်ဖြစ်တာတော့ မတွေ့သေးပါ။ သံသယရှိသူက ၃ လနေရင် ဆေးစစ်ပါ။ နောင်တော့ စီးကရက်မျှသောက်တာကို ဆင်ခြင်ပါ။

B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။

ပြင်သစ်အနမ်းကနေ အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။ သီအိုရီအရတော့ ကူးစက်နိုင်တယ်လို့ ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။ နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်း ပိုများတယ်။ အခုထိ အဲဒီလိုနည်းကနေ HIV ကူးတယ်လို့ မှတ်တမ်းတော့ မတွေ့သေးပါ။ သံသယရှိသူတိုင်း ၃ လနေရင်ဆေးစစ်ပါ။

ပေါ့ပေါ့ပါးပါးနမ်းတာကနေ ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ ရေယုံဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသည်းရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။

သွားရည်ထဲကနေ Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။ Streptococcus (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။ Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။ Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။ HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။ အသည်းရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။
Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေးသောက်နေချိန်မှာ ဖြစ်တတ်တယ်။

French kissing ups risk of oral HPV infection နှုတ်ခမ်းခြင်းနမ်းရာကနေ HPV ကူးစက်မှုတိုးစေတယ်လို့ ၁၂-၅-၂ဝဝ၉ နယူးယောက်တိုင်းမ်မှာရေးခဲ့ပါတယ်။ ပါးစပ်သုံးဆက်ဆံတာနဲ့အတူလောက်ဖြစ်တယ်လို့ပါတယ်။ HPV ကြွက်နို့လဲ ကူးစက်မှုနှုန်းပိုများတယ်လို့ ဆန်းစစ်မှုတခုကို ကိုးကားထားတာပါ။ ကြွက်နို့က လိင်လမ်းမှာဖြစ်ရင် အမျိုးသမီးမှာ သားအိမ်ဝကင်ဆာ ဆက်ဖြစ်နိုင်တဲ့အန္တရာယ်ရှိတယ်။

ပါးစပ်သုံးဆက်ဆံတာကနေ Gonorrheal pharyngitis ဂနိုးရီးယားပိုက အာခေါင်၊ အာသီးတွေကို ကူးစက်လာနိုင်တယ်။ အိုဟိုင်ယိုတက္ကသိုလ်က ဒေါက်တာဂီလီဆွန်ကနေပြောလိုက်တာပါ။ လူ ၃၃၂ + ၂၁ဝ ယောက်ကို စမ်းသပ်တော့ ၄့၈% + ၂့၉% မှာ HPV infection ကြွက်နို့ပိုးကူးစက်နေကြတယ်။

သူတို့ထဲက ၂၈% ဟာ ပါးစပ်သုံးဆက်ဆံတာမလုပ်ကြပဲ၊ နှုတ်ခမ်းခြင်းနမ်းတာသာ အနည်းဆုံး (၁ဝ) ခါသာလုပ်ပါသတဲ့။ သူတို့မှာပါ Oral HPV infection ပါးစပ်ကနေကူးတဲ့ကြွက်နို့ ပိုများနေတာတွေ့ပါတယ်။ ဒါကြောင့် French kissing နဲ့ Oral HPV infections နဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။ အဲလိုသာဖြစ်နေရင် နောင် ၁ဝ-၂ဝ နှစ်ဆိုရင် ကင်ဆာ ဖြစ်နိုင်ခြေပါရှိမယ်။

နမ်းကြတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကို နမ်းဘူးသူတွေအားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင်လူပေါင်းဘယ်လောက်က နမ်းထားသလဲသိပါသလား။ အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္တရာယ်နဲ့ မကစားတာကောင်းတယ်။ ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဘို့ ပိုပြီး နီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။ နမ်းရာကနေ ကူးစက်ရောဂါ မရချင်ရင် နမ်းတာကိုသာ ဆင်ခြင်ပါလေ။ ဆောရီး။

Dr. တင့်ဆွေ
၂၉-၈-၂ဝ၁၁
၁၅-၇-၂ဝ၁၈

Wooing the Generals ပြင်သစ်အမြင်

$
0
0
ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသနလုပ်သူတဦးနဲ့ ခင်မင်ခဲ့တယ်။ သူ့နာမည်က ရေးနော့ အီဂတူလို့ခေါ်တယ်။ သူက မြန်မာ၊ အိန္ဒိယနဲ့ တရုပ် အရေးလေ့လာသူ ဖြစ်ပါတယ်။ နယူးဒေလီမှာနေခဲ့တုံးက ကျွန်တော့်ရုံးကို မကြာမကြာလာတတ်ပါတယ်။

သူရေးတဲ့ပဌမဆုံးစာအုပ်က Wooing the Generals: India's New Burma Policy မြန်မာစစ်ဗိုလ်ချုပ်တွေကို ချစ်အောင်လုပ်ခြင်း (သို့) အိန္ဒိယ၏ မြန်မာပေါ်လစီသစ်စာအုပ်ကို ရေးဘူးတယ်။ အိန္ဒိယပညာရှင်နဲ့နိုင်ငံရေးသမားတချို့က သဘောမကျပါ။ အဆန်းတော့ မဟုတ်ပါ။

နောက်တအုပ်က The (Few) Generals That Don’t Exit in Myanmar မထွက်ရတဲ့ မြန်မာပြည်က ဗိုလ်ချုပ်ကြီး အနည်းငယ်တဲ့။

သူနဲ့ထပ်တွေ့ရင် ကွန်ဂရက်ကျူလေးရှင်းလုပ်ရမယ်။ စာအုပ်အဖုံးပုံကို မသုံးချင်ပဲ သုံးလိုက်ရတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈
http://thediplomat.com/…/the-few-generals-that-dont-exit-i…/?

Rhumatic links လေးဘက်နာစာများ

$
0
0
၁။ မင်္ဂလာပါ ဆရာရှင့် လေးဖက်နာရောဂါမှာ သွေးလေးဖက်နာနှင့်ရိုးရိုးလေးဖက်နာဆိုပြီးရှိတယ်ဆိုတာဟုတ်ပါသလား။ သွေးလေးဖက်နာက အိမ်ထောင်သားမွေးလုပ်မှ ပျောက်တယ်လို့ပြောတာဟုတ်ပါသလား။ လေးဖက်နာရောဂါဟာ မသေမချင်းဆေးအမြဲစွဲစားရတာ ဟုတ်ပါသလား။ နည်းနည်းလေးအစားမှာတာနဲ့ ခြေဆစ်လက်ဆစ်တွေရောင်လာပြီး ကိုက်ခဲပြီး လမ်းမလျှောက်နိုင်ဖြစ်ကြတာကို တွေ့ဖူးမြင်ဘူးဖြစ်ပါတယ်ဆရာ။ ကျမ အဒေါ်ကိုယ်တိုင် ဝေဒနာခံစားနေရလို့ပါရှင့်။ ဘယ်လိုဆေးများမှီဝဲပြီး ကုသလျင် ပျောက်နိုင်ပါသလဲရှင့်။ ကျေးဇူးပြု၍ နည်းလမ်းပေး၍ ညွှန်ကြားပြသပေးပါ ဆရာရှင့်။

ဖြစ်တဲ့သူအသက် မပြောပါ။ လေးဘက်နာလို့သိစေတဲ့ ဆေးစစ်ချက် မသိပါ။ လေးဘက်နာဆိုတာ အမျိုးသမီး သည်းသန့် ရောဂါ မဟုတ်ပါ။

၂။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၁၈ နှစ်ပါ။ ရာသီမှန်ပါတယ်ဆရာ။ ကျွန်မရဲ့ ပုခုံးသားတွေက နည်းနည်း မို့တက်နေပါတယ်ဆရာ။ သူငယ်ချင်းတွေပြောတော့ လေးဘက်နာဖြစ်လောက်တယ်တဲ့ ဟုတ်လား မဟုတ်လား ဖြေပေးပါဆရာ။ လေးဘက်နာဆိုတာ ဘယ်ကစဖြစ်တာလဲ ဘယ်လိုပုံစံနဲ့ဖြစ်တာလဲ ရှောင်နည်း ကုသနည်းတွေပါ ကျေးဇူးပြု၍ ပြောပြပေးပါဆရာ။

မေးခွန်းတွေမှာ စာအရေးအသား မှားကြတာများတယ်။ အခုမေးတဲ့ အသက် (၁၈) နှစ်မိန်းကလေး စာရေးတာ မှန်တယ်။ ယဉ်ကျေးတယ်။ နမူနာယူကြစေချင်တယ်။ လေးဘက်နာကို ဆေးစစ်မှသာ သိနိုင်။ အဆစ်တွေနာတတ်သူ ဆေးစစ်ရမယ်။ ပုခုံးမို့တာ လေးဘက်နာ မဟုတ်လောက်။

၃။ ဆရာရှင့် ကျွန်မ အသက် ၂၉ နှစ်ပါ ကိုယ်ဝန် ၁၂ ပါတ်ရှိပါပြီ Rheumatoid arthritic သွေးလေးဖက်နာ လည်းရှိပါတယ်
လွန်ခဲ့သော ၉ လခန့်က methroxate  10mg  ၁ပါတ် ၁ ကြိမ် ၁ လ ပေါင်း ၄ ကြိမ် သောက်ခဲ့ရပါတယ် ကလေးလိုချင်လို့ methroxate ဖြတ်ခဲ့ ပါတယ်ဆရာ အဲဒီနောက် rheumatology က sulfursalazine ပြောင်းပေးပေမဲ့ ၂ ပါတ်လောက် သောက်ပြီး မတည့်လို့ hydrochloroquine ထပ်ပြောင်းပေးပါတယ်ဆရာ hydrocholoquine 200mg 1 လုံး Penisolone 5mg 2 လုံး သောက်နေတာ ၇လ ကျော်လောက်ရှိပါပြီ အခု ကိုယ်ဝန်ဆောင်ချိန်မှာလည်းလက်တွေ ခြေတွေ နာလို့ ဆေးမဖြတ်ဘဲ ဆက်သောက်ရပါတယ်ရှင့် ဆေးတွေက ကိုယ်ဝန်ကိုထိခိုက်နိုင်လား သိပါရစေရှင့်

၎။ ကျွန်တော်အမေက RA သွေးလေးဖက်ဖြစ်နေလို့ပါ ရှစ်နှစ်လောက်ရှိပါပြီ အသက်က ၅၉ နှစ်ပါ  ဆေးတွေသောက်နေပေမဲ့ အရိုးတွေ ပိုပိုကောက်လာလို့ ဘယ်လိုများကုလို့ရမလဲ ခင်ဗျာ

Rhumatic links လေးဘက်နာစာများ
1. Arthritis အဆစ်နာ http://dts-medicaleducation.blogspot.com/2010/06/arthritis_08.html
2. ASO ဆိုတာ http://dts-medicaleducation.blogspot.com/2012/01/aso.html
3. Hydroxychloroquine ဟိုက်ဒရောက်ဆီကွီနိုလင်း http://doctortintswe.blogspot.com/2016/10/hydroxychloroquine.html
4. Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်
5. Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html
6. Rheumatic Diseases လေးဘက်နာရောဂါများ http://doctortintswe.blogspot.com/2015/08/rheumatic-diseases.html
7. Rheumatic skin disease အရေပြားလေးဘက်နာ http://doctortintswe.blogspot.com/2016/01/rheumatic-skin-disease.html
8. Rheumatism (1) လေးဘက်နာ (၁) http://doctortintswe.blogspot.com/2014/10/rheumatism-1.html
9. Rheumatism (2) လေးဘက်နာ (၂) http://doctortintswe.blogspot.com/2014/10/rheumatism-2.html
10. Rheumatism လေးဘက်နာ http://doctortintswe.blogspot.com/2014/11/rheumatism-1.html
11. Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/scleroderma.html
12. SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html
13. Systemic Sclerosis စကယ်လယ်ရိုးဆစ်ရောဂါ http://doctortintswe.blogspot.com/2016/04/systemic-sclerosis.html

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၈

GIF Files နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ

$
0
0
ဒီစာကို ခဏခဏ (ခဏခဏ) တင်နေရတယ်။ ဖတ်ပြီးသူတွေကို အားနာပါတယ်။ ထပ်ခါထပ်ခါလှုပ်ရှားနေတာကိုပြတဲ့ GIF ဖိုင်တွေ ပို့ကြတယ်။ ကွန်မင့်မှာ လာတင်တယ်။ နောင်တသက်လုံး အဲလိုဟာတွေ မပို့ကြစေလိုပါ။

1. Htwe Htwe
2. Ma Ma
3. Koko Sunaung
4. Helen Shi
5. Neville Khi Han
6. Yinnwe Oo
7. KoMin Zaw
8. Win Win Khaing
9. Ei May Khine
10. Komglay Pku
11. Man Khan Ciin
12. Maung Lay (Dimon)
13. Pho Hla Kyi
14. Win Myint
15. ဝင်း ဝင်း
16. သာကီ နွယ်ဖွား
17. ဦး တင်မြင့်
18. Min Thein Min Thein
19. Hay Man
20. Win Win
21. Pyae Phyo
22. Swe Swe Htet
23. Junior Wintphyoe
24. Zaw Phyo Wai
25. Lu Aye
26. အရှင် သခင်
27. ဒေါ် တင်တင်အေး
28. Ei Chaw Linn
29. U Myo Myint
30. Chitkohtay Mdy
31. Nway Maung Maung
32. MohMoh SanAye

မှတ်ထားချိန်ရသလောက်သာပါ။ ဒိထက်များတယ်။ လာတိုင်း ဖျက်နေရလို့ အချိန်ကုန်စေတယ်။ ကျွန်တော့်မှာ ကျန်းမာရေးမေးတာတွေ အတွက်သာ အချိန်ရှိလို့ပါ။ ဒီလိုပြန်ရေးရင် တချို့က တောင်းပန်တယ်။ တချို့က သူပို့တာ မဟုတ်ပါလို့ ပြောတယ်။ ဓါတ်ပုံရိုက်ယူထားပြီး သက်သေပြရတယ်။ အချိန်တွေ အလကားကုန်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇
၆-၉-၂ဝ၁၇
၂၂-၁၁-၂ဝ၁၇
၂၃-၁၁-၂ဝ၁၇
၂၉-၁၁-၂ဝ၁၇
၁ဝ-၁၂-၂ဝ၁၇
၁၄-၁၂-၂ဝ၁၇
၂၁-၁၂-၂ဝ၁၇
၂၄-၁၂-၂ဝ၁၇
၂၅-၁၂-၂ဝ၁၇
၂၉-၁၂-၂ဝ၁၇
၂၇-၁-၂ဝ၁၈
၂၉-၁-၂ဝ၁၈
၃၁-၁-၂ဝ၁၈
၉-၂-၂ဝ၁၈
၁ဝ-၂-၂ဝ၁၈
၁၂-၂-၂ဝ၁၈
၁၈-၂-၂ဝ၁၈
၁၆-၃-၂ဝ၁၈
၁၈-၃-၂ဝ၁၈
၂-၄-၂ဝ၁၈
၇-၄-၂ဝ၁၈
၁ဝ-၄-၂ဝ၁၈
၁၂-၄-၂ဝ၁၈
၁-၇-၂ဝ၁၈
၁၂-၇-၂ဝ၁၈
၁၆-၇-၂ဝ၁၈

Hematuria ဆီးထဲသွေးပါခြင်း

$
0
0
၁။ ဆရာရှင့် ကလေးကရှစ်နှစ်ပါ ယောက်ျားလေးပါ ကလေးကဝမ်းသွားရင် ဆီးတံထဲကသွေးစက်တွေကျလို့ပါဘာဖြစ်တာလဲသိချင်လို့်ပါ စိုးရိမ်ရလားရှင့်။

ကလေးတွေဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာကို အရင်စဉ်းစားရမယ်။ ပိုးသေဆေးနဲ့ ပျောက်မယ်။ ဥပမာ Sulfamethoxazole and trimethoprim ဆေး။ ကျောက်လားလည်း စဉ်းစားရမယ်။ လင့်တွေပေးထားတယ်။

၂။ မင်္ဂလာပါ ဆရာ ကျနော်မသိတာမေးချင်လို့ပါ။ ကျနော့်သူငယ်ချင်းတယောက် ဆီးသွားတာအရောင်က သွေးလိုအရောင်ဖြစ်နေလို့ပါ။ နောက်ပြီးတော့ ဆီးသွားပြီးရင် နာတယ်လို့လဲ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘာဆေး သောက်ရမလဲ ဘာဖြစ်တာလဲဆရာ သိချင်ပါတယ်။ သူက မိန်းကလေးမဟုတ်ပါဘူး။ ယောက်ျားလေးပါ။ ဆီးသွားခါနီးလာရင် ဆီးခုန်က အောင့်တယ်လို့လည်း ပြောတယ်ဆရာ။

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုတ်ကဲ့ မသိလို့ပါ။ အမှားပါရင်တောင်းပန်ပါတယ်ဆရာ။ သူကယောကျာ်းလေးပါ အသက်က ၂၄ပါ။ ၁၆ နှစ်လောက်တုန်း တခါဖြစ်ဖူးပါတယ်တဲ့။

ဆီးခုံလို့ ရေးရ။ မေးခွန်းမှာ မဟုတ်တာ (မိန်းကလေးမဟုတ်တာ)၊ မဖြစ်တာ ထည့်ရေးဖို့ မလိုအပ်ပါ။

၃။ ဆရာ မင်္ဂလာပါရှင် သမီးအသက် ၂၈နှစ်ပါအိမ်ထောင်ကျပြီးနှစ်လအကြာ ကိုယ်ဝန်ကပ်ပါတယ်ရှင်။ အခု ၂၃ ပတ်ထဲမှာပါရှင့်။ ဆီးသွားပြီးတော့သွေးပါလာလို့ပါရှင်။ ကန်တော့ပါရှင့်ဆရာ။ သွေးဆင်းနေတာမျိုးတော့မဟုတ်ပါဘူးရှင့်။ OG နှစ်ပတ်တခါတော့ ပုံမှန်ပြပေးပါတယ်ရှင့်။ ခုမှဖြစ်တာဆိုတော့ စိုးရိမ်မိလို့ပါရှင့်။ ဖြေပေးပါဦးရှင်။ ဆရာကျန်းမာပါစေ။

၎။ ဆရာ အသက် ၅ဝ ကျော် ယောက်ျားတွေမှာ ဆီးထဲသွေးပါတာ ဘာကြောင့်ပါလဲ။

ဆီးထဲသွေးပါခြင်းအကြောင်းရင်းများ
၁။ Urinary tract infections ဆီးလမ်းပိုးဝင်ခြင်း၊
၂။ Pyelonephritis ကျောက်ကပ်ရောင်ခြင်း၊
၃။ Bladder or Kidney stone ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကျောက်၊

၎။ Enlarged prostate ယောက်ျားဆီးကျိတ်ကြီးနေခြင်း၊
၅။ Kidney disease ကျောက်ကပ်ရောဂါ၊ ဥပမာ Glomerulonephritis ရောဂါ၊  Viral or strep ပိုးဝင်ခြင်း၊ Vasculitis ရောဂါ၊ IgA nephropathy ရောဂါ၊
၆။ Cancer ဆီးလမ်းကင်ဆာ၊
၇။ Sickle cell anemia သွေးအားနည်းရောဂါ၊
၈။ Kidney injury ကျောက်ကပ်ထိခိုက်ခံရခြင်း၊
၉။ Medications ဆေးတချို့၊ ဥပမာ aspirin နဲ့ heparin ဆေး။၊
၁ဝ။ Strenuous exercise လေ့ကျင့်ခန်း အပြင်အထန်လုပ်ခြင်း၊
၁၁။ အကြောင်းရှာမရခြင်း။

အဖြစ်များတဲ့ ယောက်ျားတွေမှာ ဆီးထဲသွေးပါခြင်း အကြောင်းရင်များ
• ကျောက်ကပ်ကျောက်၊ ဆီးအိမ်ကျောက်၊
• ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်း ထိခိုက်ဒဏ်ရာရခြင်းများ၊
• ကျောက်ကပ်ရောဂါများ၊ လိင်ကတဆင့်ကူးစက်ရောဂါများ၊ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း၊ ကင်ဆာ၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဆီးလမ်းပိတ်နေခြင်း၊
• Phenytoin, Quinine, Rifampin ဆေးတွေကြောင့်ဖြစ်ခြင်း

ရှားပါးတဲ့အကြောင်းရင်းတွေ
• Sickle cell anemia မွေးရာပါ သွေးအားနည်းရောဂါ၊
• Von Hippel-Landau disease မွေးရာပါ ကျောက်ကပ်၊ ကျားအစိနှင့် ခါးဆစ် ရောဂါ၊
• Systemic Lupus Erythatosus (SLE) လူးပတ်စ်ရောဂါ၊

ဆီးထဲသွေးပါနေတာကို ရိုးရိုးမျက်စိနဲ့ မြင်ရတာရှိသလို မှန်ဘီလူးနဲ့စစ်မှသိတာလည်းရှိတယ်။ ဆီးအရောင်နီရဲနေတာ၊ နီညိုနေတာလည်းဖြစ်နိုင်တယ်။

ရောဂါအကြောင်းရင်းအလိုက်တွဲရှိနေတဲ့ရောဂါလက္ခဏာတွေလည်းရှိပါမယ်။

ဖြစ်စေတဲ့အကြောင်းရင်ကို ကုသရမယ်။ ခံစာနေရတာတွေကိုလည်း သက်သာစေရမယ်။

1. Agony ဆီးလမ်းကျောက်က နာခြင်း https://doctortintswe.blogspot.com/2014/10/agony.html
2. Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ https://doctortintswe.blogspot.com/2016/02/drugs-and-kidneys.html
3. Glomerulonephritis ကျောက်ကပ်ရောင်ခြင်းတမျိုး https://doctortintswe.blogspot.com/2016/04/glomerulonephritis.html
4. Hematuria ဆီးထဲသွေးပါခြင်း https://doctortintswe.blogspot.com/2016/12/hematuria-causes.html
5. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ https://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
6. IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/2014/12/iga-nephropathy.html
7. Kidney cancer ကျောက်ကပ် ကင်ဆာ https://doctortintswe.blogspot.com/2017/01/kidney-cancer.html
8. Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ https://doctortintswe.blogspot.com/2015/04/kidney-diseases-in-children.html
9. Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html
10. Kidney stones ကျောက်ကပ်-ကျောက် https://doctortintswe.blogspot.com/2014/11/kidney-stones.html Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
11. Nephritis ကျောက်ကပ်ရောင်ခြင်း https://doctortintswe.blogspot.com/2017/08/nephritis.html
12. Polycystic Kidney Disease ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/2014/11/polycystic-kidney-disease.html
13. Renal Dialysis ကျောက်ကပ်ဆေးခြင်း https://doctortintswe.blogspot.com/2015/02/renal-dialysis.html
14. Sulfamethoxazole and trimethoprim ဆေး https://doctortintswe.blogspot.com/2016/04/sulfamethoxazole-and-trimethoprim.html
15. Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2017/08/urinary-tract-infection.html
16. Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု https://doctortintswe.blogspot.com/2017/05/warning-signs-of-kidney-failure.html
17. Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html
18. World Kidney Day ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ https://doctortintswe.blogspot.com/2017/03/world-kidney-day.html

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၈

Viewing all 656 articles
Browse latest View live