Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all 656 articles
Browse latest View live

တစုံတရာ

$
0
0
ဟိုဟာနဲ့ သည်ဟာကြားမှာ
ပြဿနာ တစုံတရာမရှိ။
ပြဿနာ တစ်စုံတစ်ရာမရှိ။
ပြဿနာ တစ်စုံတရာမရှိ။
ပြဿနာ တစုံတစ်ရာမရှိ။

ထို့ကြောင့် ပြဿနာလေးမျိုးရှိ၏။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈


Martyrs Day 1947 အာဇာနည်နေ့ သတ်ပုံ

$
0
0
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)၊ စာမျက်နှာ (၃၃၆) မှ (၃၃၈)

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အထူးသဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် မိုးမှောင်ကျခဲ့သောနေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အထိရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာတမျိုးလုံး၏ ယုံကြည်ကိုးစား အားထားခြင်းခံရသူ အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမား၏ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်းကို ခံခဲ့ရလေသည်။ ထိုအာဇာနည်ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာထမ်းရွက်နေသော အတွင်းဝန်ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေးတို့လည်း ကျဆုံးခဲ့ရလေသည်။

မြန်မာတို့ ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်ချိန်အထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းပြည်ကိုအချစ်ဆုံးနှင့် တိုင်ပြည်က ချစ်ကြည်လေးစားမှုကို အခံရဆုံး ခေါင်းဆောင်ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ (အောင်ဆန်း၊ ဗိုလ်ချုပ် - ရှု။) ထိုမျှသာမက ဗိုလ်ချုပ်၏ဇွဲလုံ့လဖြင့် ဖွဲ့စည်းအပ်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်းစဉ်တလျှောက် မကြုံဘူးအောင် ထူးကဲစွာ သစ္စာရှိကြသော လူမွန်လူချွန်များသာဖြစ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရတဖွဲ့လုံး၏ ဆောင်ရွက်ချက်များသည် ခေတ်လက်နက်စိုးသည့် တန်ခိုးရှင်တို့ ထိတ်လန့်ဖွယ် အောင်မြင်ခဲ့ပေသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း တရာ့အစိတ်နီးပါးမျှ သူတပါးလက်အောက်ခံဘဝ၌ နယ်ချဲ့သမားတို့၏ စိုးမိုးအုပ်ချုပ် ချယ်လှယ်ခြင်းကို ခံခဲ့ရ၏။ လက်အောက်ခံဘဝမှ လွတ်မြောက်လေအောင် အမျိုးသားများသည် သူ့ခေတ်နှင့်သူ ကြိုးပမ်းခဲ့ကြသည်မှန်ပေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်အပေါင်းတို့၏ ခေတ်ကာလသို့ ရောက်မှပင်လျှင် တမျိုးသားလုံး၏ ညီညွတ်သော စည်းရုံးရေးဖြင့် နယ်ချဲ့သမားတို့ကို အပြီးအပိုင် တော်လှန်နိုင်ခဲ့သည်။ မြန်မာလူထုကြီးတရပ်လုံးမှာလည်း ထိုကဲသို့သော ခေါင်းဆောင်ကြီးများကို ရရှိနေသဖြင့် ဂုဏ်ယူ၍မဆုံးနိုင်အောင် ရှိကြပြီးလျှင် ကမ္ဘာ့နိုင်ငံကြီးများနှင့် ပခုံးချင်းယှဉ်နိုင်ခဲ့ကြ၏။

ထိုသို့ရှိစဉ် အဆိုပါခေါင်းဆောင်ကြီးများ၏ အောင်မြင်မှုကို မနာလိုဝန်တိုဖြစ်လျှက်ရှိကြသော နိုင်ငံရေးလူမသမာတစုသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် အမှတ် ၁၂ တပ် ခြင်္သေ့တံဆိပ်ပါသော စစ်ဝတ် စစ်စားများနှင့် လက်နက်အပြည့်အစုံစွဲသော လူသတ်သမားများအား စေလွှတ်၍ အတွင်းဝန်များရုံး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း အကာအကွယ်မရှိပဲ စည်းဝေးဆွေးနွေးလျက်ရှိကြသော ခေါင်းဆောင်ကြီးများကို အဓမ္မဝင်ရောက် လုပ်ကြံစေလေသည်။

လူထုကြီးတရပ်လုံး၏ ချစ်ကြည်လေးစားမှုကို ယုံကြည်စိတ်ချလျက် အကာအကွယ် မစီမံပဲ လွတ်လပ်စွာ စည်းဝေးလျက် ရှိကြသော ဝန်ကြီးများသည် ရုတ်တရက် တိမ်းရှောင်ခုခံရန် တစုံတရာမတတ်နိုင်မီ လူသတ်တို့ ဒလစပ်ပစ်ခတ်သော စက်သေနတ်ကျည်သင့်၍ အတုံးအရုံးကျဆုံးရရှာလေသည်။ ဤသို့လျှင် မြန်မာ့လွတ်လပ်ရေးအတွက် မျှော်လင့်ချက် အပေါင်းတို့၏တည်ရာ သစ္စာရှိလှသော ခေါင်းဆောင်ကြီးများ ရေတိမ်တွင်နစ်၍ သေဆုံးကြသောအခါ မြန်မာတမျိုးသားလုံး ကြိမ်မီးအုံးဖြစ်ကြရလေတော့သည်။ ထိုသို့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မျိုးကား မြန်မာနိုင်ငံသမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင် မကြုံဘူးအောင် ထူးခြားလှပေသည်။

ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးခုလပ်၌ ကျဆုံးကြရသော်လည်း ယင်းတို့ချမှတ်ခဲ့သောလမ်းစဉ်မှာ လွတ်လပ်ရေး ပန်းတိုင်အထိ ဖြောင့်ဖြူလျက်ရှိပြီဖြစ်ရကား ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအလုံး အချုပ်အချယ်မှ လွတ်မြောက်ခဲ့ရလေသည်။ ဤသို့လျှင် နိုင်ငံ၏အကျိုးကို အသက်စွန့်၍ သည်ပိုးသွားကြသော ကျေးဇူးရှင် ခေါင်းဆောင်ကြီးများကို  လူထုကြီးတရပ်လုံးက ဝမ်းနည်းကြေကွဲစွာ ခြီးကျူးဂုဏ်ပြုရန်နှင့် ယင်းတို့ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း မမေ့မလျော့ မဖောက်မပြန် ဆောင်ရွက်ကြရန် အဓိဋ္ဌာန်ပြုသည့် အထိမ်းအမှတ်များကို နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမြို့မြို့အရွာရွာ၌ ကျင်းပပြုလုပ်ကြ၏။ ထိုနေ့တွင် မြန်မာနိုင်ငံ ရုံးများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူထားကြလေသည်။

မှတ်ချက်။ စာအရေးအသားနဲ့ သတ်ပုံအားလုံး မူရင်အတိုင်းသာဖြစ်ပါတယ်။ သတိပြုရန်မှာ -
တမျိုးသားလုံး၏ = တစ်မျိုးသားလုံး၏ မဟုတ်။
လူထုကြီးတရပ်လုံး = လူထုကြီးတရပ်လုံး မဟုတ်။
လူမသမာတစု = လူမသမာတစု မဟုတ်။
လူထုကြီးတရပ်လုံး၏ = လူထုကြီးတရပ်လုံး၏ မဟုတ်။
ရုတ်တရက် = ရုတ်တရက် မဟုတ်။
တစုံတရာ = တစုံတရာ မဟုတ်။
မြန်မာတမျိုးသားလုံး = မြန်မာတမျိုးသားလုံး မဟုတ်။
တိုင်တဝက် = တိုင်တဝက် မဟုတ်။
ဝတ်တရား = ဝတ္တတရား မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၆
၁၄-၇-၂ဝ၁၈

ငြိမ်းချမ်းရေးဟာ မဗေဒါ

$
0
0
လှိုင်း တက်လာလာ
ဘဲအုပ် လာလာ

အယက်အကန် ခံရခံရ
အုန်းလက်ကြွေ ဆောင့်ခံရခံရ

ဗေဒါပျံ အံခဲ
ပန်း ပန်လျက်ပဲ။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈

မြန်မာ့ မီနူး

$
0
0
နံပြား
နွားနို့
ဆန်ပြုတ်
မြန်မာပြည်မှာ လုပ်သည်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈

မုံ့ နဲ့ မုန့်

$
0
0



၁။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။

၂။ အခုခေတ်မှာ မုန့် လို့ရေးနေရတယ်။

၃။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။

မုံ့ဖက်ထုပ်လို့သာ ရေးခဲ့တယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ ဝဏ္ဏဗောဓနသတ်အင်းမှာ မုန့်လို့ရေးတယ်။

မုန့်လို့ မြန်မာစာသတ်ပုံမှာမရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာလည်း မုံ့ လို့သာသုံးပါတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

မူကွဲ၏သဘောတရား
ဒါကိုကြည့်ရင် မြန်မာစာသတ်ပုံတွေမှာ မူကွဲရှိတာ သတိထားရမယ်။ မူကွဲရှိတာကို မှားတယ်ပြောဖို့ မသင့်ပါ။ ဥပမာ မုံ့ နဲ့ မုန့်၊ သမတ နဲ့ သမ္မတ၊ တရုပ် နဲ့ တရုတ်၊ ဓါး နဲ့ ဒါး စသည်။ ဒါပေမဲ့ တခါတရံ၊ တခါတလေ၊ တစုံတခုတို့မှာ အရင်ကတည်းက မူကွဲ မရှိခဲ့ပါ။ အဲဒီထဲက တတွေကို တစ်လို့ရေးမိန့်ပေးပြီး ပြင်ခိုင်းခြင်းဟာ မှားတယ်။ ကနေ့လူအများစုက အဲလို ပလီပြီး ပြင်ခိုင်းထားတဲ့ ပေါ်လစီသတ်ပုံသာ မှန်တယ်ထင်နေကြတယ်။ အဲလိုပြင်ခြင်းဟာ ခေတ်အရအပြောင်းမမည်ပါ။ ရေးတော့အမှန် ဖတ်တော့အသံထုံးနဲ့လည်း မညီပါ။ မှားတယ်။

ဒေါက်တာတင့်ဆွေ



Lesions on penis (၂) ကျားအင်္ဂါ အနာများ (၂)

$
0
0
(ကန်တော့ပါ)

ကျား လိင်အင်္ဂါမှာဖြစ်နိုင်တာတွေက လိင်ကတဆင့်ကူးစက်ရောဂါ STIs တွေနဲ့ တခြားအရေပြားနာတွေ ရှိတယ်။ ကူးစက်တာတွေကိုသာ ရေးပါမယ်။
• Genital herpes ရေယုံ၊ အနာဖြစ်မယ်။ အပူဖူးလေးတွေလိုနေမယ်။ (ဗိုင်းရပ်စ်) ဝင်လာတာခံရပြီး ၁-၂ ပါတ် နေရင်ဖြစ်မယ်။ ၂-၄ ပါတ်နေရင် ပျောက်သွားမယ်။ Acyclovir ဆေးကို
- 200 mg တနေ့ ၅ ကြိမ်၊ ၁ဝ ရက်၊ ဒါမှမဟုတ်
- 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
- 800 mg တနေ့ ၃ ကြိမ်၊ ၂ ရက်ပေးပါ။

• Ringworm ပွေး၊ နီရဲ၊ ဝိုင်း၊ အနားသတ်ကဖေါင်းကြွ၊ ဆေးမလိုဘဲ ၄ ပါတ်အတွင်း ပျောက်နိုင်တယ်။ ဖြစ်တဲ့ နေရာကို ခြောက်သွေ့အောင်ထားပါ။
- Miconazole, Clotrimazole တွေပါတဲ့ လိမ်းဆေး ခပ်ပါးပါးလိမ်းနိုင်တယ်။
- ဆိုးတဲ့အခြေအနေဆိုရင် Ketoconazole 200-400 mg တနေ့ ၁ ကြိမ်၊ ၁-၂ ပါတ်ပေးမယ်။

• Molluscum contagiosum virus (MCV) အဖုနာလေးတွေ၊ (ရေးထားပါတယ်)
• Genital warts ကြွက်နို့၊ (HPV) ကြောင့်ဖြစ်။ (ရေးထားပါတယ်)

ဒါတွေကို ဖယ်ထုတ်ပြီး
(၁) Primary phase syphilis ဆစ်ဖလစ် ပဌမဆင့် နဲ့
(၂) Chlamydia (ကယ်လ်မီဒီယား) တွေကိုစဉ်းစားတာကောင်းမယ်။ သတိထားဘို့က
(၃) Gonorrhea (ဂနိုရီးယား) နဲ့ တွဲဖြစ်တာများတယ်။ ဒါကြောင့် ရောဂါ ၃ မျိုးအတွက် ဆေးပေးဘို့ ရွေးချယ်သင့်တယ် ထင်ပါတယ်။

Uncomplicated gonorrhea (ဂနိုးရီးယား) ရိုးရိုး
• Ceftriaxone 125 mg တပြားထဲ၊ ဒါမှမဟုတ် Cefixime 400 mg တပြားထဲက ကနွေ ပဌမတန်းစား ဆေးတွေ ဖြစ်တယ်။
• Azithromycin 2g တပြားထဲကို (Ceftriaxone, Cefixime, Penicillin) ဆေးတွေနဲ့ မတည့်သူတွေကို ပေးတယ်။
• Penicillin (ပနယ်စလင်) ကို ကနေ့ မသုံးကြတော့ဘူး။ Ciprofloxacin, Ofloxacin, or Levofloxacin တွေလဲ မသုံးရမဲ့စာရင်းထဲမှာ ပါတယ်။
• Gonorrhea (ဂနိုးရီးယား) ရှိနေသူတွေမှာ Chlamydia (ကလာမိုင်ဒီယား) လဲ တွဲရှိတာများတယ်။ ဒါကြောင့် Azithromycin (1g) တခါထဲဖြစ်ဖြစ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်ဖြစ်ဖြစ်နဲ့ပါ တွဲပေးသင့်တယ်။

Gonorrhea (ဂနိုးရီးယား)
• Cipro® XR 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Levaquin® 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Tequin® 400 mg တကြိမ်ထဲ၊

Chlamydia (ကလာမိုင်ဒီယား)
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
• Azithromycin 1.0 gm တကြိမ်ထဲ၊ ဒါမှမဟုတ်
• Azithromycin - 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊

Primary syphilis (ဆစ်ဖလစ်) ပဌမအဆင့်
Chancre (ရှန်ကာ) မနာတဲ့အနာ လိင်အင်္ဂါမှာပေါက်တယ်။ ပါးစပ်၊ စအို၊ အရေပြားတွေမှာလဲ ပေါက်နိုင်တယ်။ ၃-၆ ပါတ်နေရင် အလိုလို ပျောက်သွားမယ်။ တက်စေ့တွေလဲ ရောင်မယ်။ Penicillin G benzathine, Doxycycline, or Tetracycline ဆေဒတွေသုံးတယ်။ ကိုယ်ဝန်ဆောင်နေသူတွေကို Penicillin ပေးတာကောင်းတယ်။ Tetracycline မပေးရဘူး။

Chancroid (ရှန်ကာရွိုက်)
(ဗက်တီးရီးယား) ဝင်လာပြီးနောက် ၁-၂ ပါတ်အတွင်း (ရှန်ကာရွိုက်) ခေါ်တဲ့ အဖုလေး လိင်အင်္ဂါမှာဖြစ်လာမယ်။ မကြာခင် အနာဖြစ်လာတယ်။ တလက်မရဲ့ ၈ ပုံ ၁ ပုံကနေ ၂ လက်မအထိ ကြီးနိုင်တယ်။ နာမယ်၊ ပျော့တယ်။ အနားသတ် တိကျတယ်၊ အနာအတွင်းက ခပ်ဝါဝါ၊ မီးခိုးရောင်ရှိတယ်။ ထိခိုက်မိရင် သွေးထွက်မယ်။ ဖြစ်တဲ့သူ တဝက်လောက်မှာ အနာ တလုံးထဲ။ အမျိုးသမီးဆိုရင် တခုမကရှိမယ်။ ကျားအင်္ဂါ၊ မအင်္ဂါတွေရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ မိန်းမဖြစ်ရင် ဆီးသွားတာနဲ့ လိင်ဆက်ဆံတာမှာ နာမယ်။ (ရှန်ကာရွိုက်) ကိုလဲ
- Azithromycin ဒါမှမဟုတ်
- Ceftriaxone ဒါမှမဟုတ်
- Ciprofloxacin ဒါမှမဟုတ်
- Erythromycin တွေဘဲ ပေးနိုင်တယ်။

Dr. တင့်ဆွေ

Lesions on penis (1) ကျားအင်္ဂါ အနာများ (၁)

$
0
0
(ကန်တော့ပါ)

၁။ Genital herpes ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမျာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD/STI လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။ ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ(ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁ဝ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ Wart အနာက မုံလာပွင့်လို သဏ္ဌာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉) လိင်အင်္ဂါ ကြွက်နို့ Genital Warts ကိုဖတ်ပါ။

၃။ Syphilis ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။ Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ Molluscum contagiosum အရေပြား တနေရာရာမှာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ အနာဖြစ်တယ်။ ၂-၅ စင်တီမီတာ လောက် ရှိတယ်။ အထက်ကို နဲနဲကြွတက်နေမယ်။ ဒိန်ခဲလို ခပ်ဖြူဖြူ၊ ဖယောင်းလိုလဲ နေတယ်။ ပုလဲလို အရောင်၊ ပန်းရောင်၊ အသားရောင်ရှိမယ်။ မနာဘူး။ တခါတလေမှ နဲနဲယားသလိုနေတယ်။ တခါတလေ အလည်ကခွက်နေတယ်။ ကုတ်ရင် အစဉ်းကြောင်းလိုရှိနေမယ်။ မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်၊ ချိုင်း၊ ဗိုက်၊ ပေါင်၊ လိင်အင်္ဂါ နေရာတကာမှာ ဖြစ်တယ်။ ကလေး-လူကြီးဖြစ်တယ်။ ကလေးတွေဆိုရင် ဆော့စရာတွေကနေ ကူးနိုင်တယ်။ တိုက်ရိုက် ထိတွေ့မှုကနေကူးတယ်။ လိင်ဆက်ဆံတာ မရှိလဲဖြစ်တယ်။ မရှိလဲဖြစ်မယ်။ လိင်လမ်း-ရေယုံနဲ့ ခွဲခြားရမယ်။ မှားနိုင်တာတွေရှိလို့ Skin excisional biopsy အသားစဖြတ်ယူစစ်ဆေးမှ ရောဂါသေခြာတယ်။ AIDS ဖြစ်နေသူတွေ ပိုဆိုးတယ်။ ကိုယ်ခံအား ကောင်းနေရင် သူ့အလိုလို ပျောက်တယ်။ နှစ်တွေလဲ ကြာနေနိုင်တယ်။ ဆက်ဆံရင် Condoms သုံးရမယ်။ ၁ဝ% လောက် Eczema နှင်းခူနာ ဖြစ်လာတတ်တယ်။ ယားလို့ ကုပ်ရင်း ဗက်တီးရီးယား ဝင်လာတတ်တယ်။ ခွဲစိတ်နည်းတွေ Scraping, De-coring, Freezing, Electrosurgery စသဖြင့် ရှိတယ်။ အမာရွတ်ကျန်မယ်။ Cryotherapy အေးခဲနည်း၊ Laser လေဆာနည်း၊ Benzoyl peroxide ဆေးလိမ်းနည်း၊ Cimetidine (Tagamet) အစာအိမ်လေနာဆေး၊ Griseofulvin ပွေးဆေး တွေလဲ သုံးကြသေးတယ်။ Cidofovir (Vistide), Imiquimod (Aldara), Podophyllin resin, Podophyllotoxin (Condylox), Potassium hydroxide, Trichloroacetic acid ဆေးတွေလဲ ဆရာဝန်တွေက ညွှန်တယ်။ Cantharidin (Cantharone) ဆေးကို တချို့နေရာတွေကသုံးတယ်။ တချို့က သတိပေးတယ်။ လိင်စိတ်ကြွဆေး အဖြစ် သုံးတဲ့သူတွေက သုံးပေမဲ့ ဆေးက ပြင်းလှတယ်။ မျက်စိလို နုတဲ့နေရာနဲ့ နီးနီးမှာ မသုံးဘို့ သတိပေးတယ်။ ကြွက်နို့ဆေးမျိုးလဲ သုံးတယ်။ ပျောက်ရင် အရောင်ရင့်နေမယ်။ Australian lemon myrtle (Backhousia citriodora) သြစတေးလျ ရှောက်သီးရည်၊ Tea tree oil လက်ဖက်ပင်-အဆီ၊

၅။ Chancroid ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် (ရှန်ကာ) လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ Scabies ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

၈။ Abscesses ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးပြည်တည်နာ လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ Cancer penis လိင်တံ မှာလဲ ကင်ဆာ ဖြစ်တယ်။ အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။ လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။ အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။ သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

Dr. တင့်ဆွေ

တကယ်လားဆရာ

$
0
0
တကယ်လားဆရာ ကျွန်တော်တို့ကတော့ နေကြာဆီနေ့တိုင်းသုံးနေရတာ

ဘယ်ထဲမှာ ဘယ်သူကရေးထားသလဲ မသိပါ။ ကျွန်တော်တော့ အဲလိုဖြစ်မယ်လို့ မယူဆပါ။ ကျန်းမာရေးစာ ဆေးပညာစာတွေကို အသိပေးရေးသားကြတာ ကောင်းတော့ ကောင်းပါတယ်။ ပြောင်းပြန်အကျိုးသက်ရောက်စေမလား အထူးသတိထားရမယ်။

မီဒီယာအသုံးနဲ့ရေးတာဟာ ဖတ်တဲ့သူတွေ မျက်လုံးမျက်ဆံပြူးစေတာသာရှိတယ်။

ကြော်ငြာလို ၉၉ ပါးပျောက်လို့ရေးတာတွေက ဝယ်တဲ့သူတွေ ပိုက်ဆံသာကုန်စေတယ်။

Sunflower oil နေကြာစေ့ဆီ https://doctortintswe.blogspot.com/2016/01/sunflower-oil.html

Cod liver oil ငါးကြီးဆီ https://doctortintswe.blogspot.com/2014/11/cod-liver-oil.html

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈


Mustard oil usage မုန်ညင်းဆီ သုံးနည်း

$
0
0
မုန်ညှင်းဆီကလိမ်းရတာ မဟုတ်ဖူးလား ဒေါက်တာ။ ဟင်းချက်လို့ရလို့လားရှင်။ ချမ်းမြေ့ပါစေ ဒေါက်တာ။

မုန်ညင်းဆီကို လူတွေသုံးလာတာ ရာစုနှစ်ပေါင်းများနေပြီ။ တချို့အယူအဆတွေက food additive စွဲစေတယ်။ miracle cure-all ရောဂါတွေကို ပဉ္စလက်လိုပျောက်စေတယ်။ aphrodisiac လိင်အားပေးတယ်။ အဲဒီကြွားလုံးတွေကို သိပ္ပံနည်းကျ သက်သေမပြနိုင်ပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒက်ရှ်မှာ သုံးစွဲနေသူအလွန်များတယ်။

မုန်ညင်းဆီ အလွန်အသုံးများတဲ့ အိန္ဒိယမှာလေ့လာမှုလုပ်တော့ မတူတဲ့အဖြေတွေရတယ်။ တခုက နှလုံးကို ကာကွယ်မှု ပေးနိုင်ခြင်းမရှိ + alpha-linolenic acid ရဲ့အကျိုးဟာ erucic acid ရဲ့ဆိုးကျိုးထက်ပိုတယ်။ နောက်တခုက နှလုံးကို ကာကွယ်မှု ပေးနိုင်တယ် + alpha-linolenic acid ရဲ့အကျိုးဟာ erucic acid ရဲ့ဆိုးကျိုးထက်ပိုတယ်။

ကလေးတွေကို လိမ်းပေးခြင်းဟာ အရေပြား ခိုင်မာမှုနဲ့ စိမ့်ဝင်နိုင်စွမ်းကို ထိခိုက်စေတယ်။ နောက်လေ့လာမှုတခုအရ အဲလိုလိမ်းပေးရင် ကိုယ်အလေးချိန်တက်စေနိုင်တယ် + အရပ်ရှည်မယ် + လက်မောင်းနဲ့ ခြေထောက်လုံးပတ်တိုးစေမယ်။ ဒီအကျိုးကျေးဇူးမျိုးက နှမ်းဆီလိမ်းရင်ပိုများတယ်။

USDA လေ့လာချက်အရ မုန်ညင်းဆီထဲမှာ
Calories = 126
Fat = 14
Carbohydrates = 0
Fibers = 0
Protein = 0 ပါတယ်။

အမေရိကန်အာဟာရဂျာနယ်က ၂ဝဝ၄ လေ့လာမှုအရ နှလုံးကျန်းမာရေးကို ကာကွယ်မှု ပေးကောင်း ပေးနိုင်တယ်လို့ ဆိုတယ်။ မုန်ညင်းဆီထဲမှာ မိုနိုမပြည့်ဝဆီနဲ့ ပေါ်လီမပြည့်ဝဆီတွေပါတယ်။ မကောင်းတဲ့ ကိုလက်စထောကို နည်းစေပြီး ကောင်းတဲ့ကိုလက်စထောကို တက်စေမယ်။

မုန်ညင်းဆီထဲမှာ alpha-linolenic acid နဲ့ erucic acid တွေပါတယ်။ ၁၉၇ဝ ကျော်ကလေ့လာမှုအရ erucic acid က များရင် နှလုံးအတွက်မကောင်းဘူးလို့တွေ့ရတယ်။ အဲဒီအချက်ကြောင့် ယူအက်စ်ကိုတင်သွင်းခွင့်ပိတ်ထားတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

ဆီ ဘာဆီလဲ

• သိချင်သူက မုန်ညင်းဆီမေး၊ မှတ်မိသေး၊
• ပြည်ပြေးကျွန်တော့်ဆီ၊ လေးနှစ်အကြာမှာ မိသားစုက လိုက်အလာ၊
• ၁၉၉၅ ဇန္နဝါရီလထဲမှာ တညတာ မိုးရေးမှာနား၊
• ကျောင်းသားတွေကကြိုဆို၊ လိုလေသေးမရှိ။

• သွားရည်စာ လက်ဖက်သုပ်၊ သမီးနဲ့အမေ ကိုယ်တိုင်ဝင်လုပ်၊
• အထုပ်နဲ့တွေ့တဲ့ မုန်ညင်းဆီ၊ ဘယ်လိုသုံးရမည်မသိ၊
• မေးလည်းမကြည့်၊ ခပ်ရွှဲရွှဲသာ ဆမ်းလိုက်ကြတော့၏။

• မြည်းကြည့်၊ ဘာအရသာမှန်းမသိ၊ စိမ်းရွှေရွှေစော်နံပါဘိ။
• ကျောင်းသားတွေက ရယ်ကြလေတော့၏၊
• မုန်ညင်းဆီဆိုတာ မသုံးခင်မှာ ကြော်ရတာ၊ အဲတာပညာ၊
• အိန္ဒိယမှာသင်ယူစရာ သင်္ခန်းစာနံပါတ်တစ်တဲ့ဗျာ။ ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

မုန်ညင်းဆီရှိပါသလား

တမြန်နှစ်က ဒီနေ့မှာ အာဇာနည်နေ့သတင်းကို ဘီလင်းအမတ်အမျိုးသမီးတဦးက ရှင်းလင်းလို့ အဆင်ပြေပြီလို့ ဖတ်ရပါတယ်။ ကောင်းလေစွ။

ကိသဂေါတမီဟာ သူ့ရဲ့တဦးတည်းသောသားလေး သေဆုံးသွားရလို့ သောကမီး တောက်လောင်ပြီး၊ သူ့သားလေးကို ပြန်ရှင်လာအောင် ကုစားပေးဘို့ မြတ်စွာဘုရားကို လျှောက်ထားပါတယ်။ လူသေခြင်းအမှုအသုဘနဲ့ကင်းတဲ့ အိမ်ကနေ မုန်ညင်းဆီတစက် ဘုရားက အရှာခိုင်းခဲ့ပါတယ်။

မြတ်စွာဘုရား အရှာခိုင်းတဲ့ မုန်ညင်းဆီ ဘီးလင်းမှာ ရှိမလားမသိပါ။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Cyproheptadine ဆိုက်ပရိုဟက်ပတာဒင်း

$
0
0
ပုံထဲကဆေးအကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါရှင့်။ စားဝင်အိပ်ပျော်တဲ့ဆေးလို့ပဲ သိထားပါတယ်။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်။

Cyproheptadine ဆေးဟာ အင်တီဟစ်တမင်းအမျိုးအစားဖြစ်တယ် အလာဂျီအတွက်သုံးပါတယ်။ Post-traumatic stress disorder ခေါ်တဲ့ ထိခိုက်မှုအကြီးအကျယ်ဖြစ်ပြီးနောက်မှာဖြစ်တတ်တဲ့ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးရောဂါ အတွက်လဲ ထိရောက်ပါတယ်။ ကလေးတွေမှာ Migraine မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူးရောဂါဖြစ်တာကိုလဲ ပေးပါတယ်။ SSRI-induced sexual dysfunction စိတ်မကျဆေးကနေဆက်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းသူတွေကိုလည်း ပေးနိုင်တယ်။ Drug-induced hyperhidrosis ခေါ်တဲ့ ဆေးကြောင့် ချွေးထွက်လွန်ကဲတာလဲ ပေးတယ်။ Cyclical vomiting syndrome အန်တဲ့ရောဂါလဲပေးတယ်။ ရက်တိုပေးရင်စားချင်စိတ်ကဲစေမယ်။ ကိုယ်အလေးချိန်တက်လာမယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ အိပ်ချင်မယ်၊ ခေါင်းမူးတယ်၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းမယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်လှုပ်ရှားမယ်၊ စိတ်ပူပင်မယ်၊ လက်တုံမယ်၊ စိတ်တိုမယ်၊ အိပ်မရဖြစ်မယ်၊ ထုံ-ကျင်မယ်၊ အာရုံကြောရောင်မယ်၊ တက်မယ်၊ အကောင်းလို့ထင်မြင်နေမယ်၊ သူများမမြင်မကြားတာတွေမြင်ကြားနေမယ်၊ ဟစ်တီးရီးယား စိတ်အခြေအနေမျိုးဖြစ်မယ်၊ သတိလက်လွတ်ဖြစ်မယ်၊ နေရောင်မခံနိုင်၊ အမူးရောဂါ၊ နားထဲအသံမည်၊ သွေးဖိအားကျ၊ ရင်တုန်၊ မစားချင်၊ ပျို့၊ အန်၊ ဝမ်းပျက်။

အစာမစားချင်ဖြစ်နေရင်ပေးလေ့ရှိတဲ့ Cypon syrup ဆိုက်ပွန် ဆေးရည်ကိုလည်း ရေးထားပါတယ်။ FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ Periactin နာမည်နဲ့ရောင်းတယ်။

ဘေးထွက်သက်ရောက်မှုတွေကို စာရင်းသာချရေးတာပါ လိုအပ်ရင် ရက်တိုပေးနိုင်ပါတယ်။ အစာစာချင်စိတ်ပိုမယ်။ လူဝလာမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၄
၁၄-၇-၂ဝ၁၈

ကျ နဲ့ ကြ

$
0
0
၁။ ကျ နှင့် ကြ အသုံးကိုလည်း တင်ပေးစေလိုပါတယ်။

၂။ ဆရာ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။ တစ်ခါရေးဖူးသလားဆရာ။ ပြန်ရှာကြည့်ချင်လို့ပါ။

၃။ ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်လို့ မေးခဲ့လို့။

၎။ ပို့စ်နမူနာတွေ
• ချစ်တီးထမင်းဆိုင်တွေမှာ စားနေကျ ပုဇွန်ဟင်း
• စားနေကျ ထမင်းကို
• စားနေကျ ပုံမှန်ပဲပြန်လုပ်။
• စားနေကျ မစားရတော့ အားနည်းနေပြီ
• စားနေကျ ရခိုင်မုန့်တီဆိုင်လေး
• စားနေကျ ရေခဲမုန့် အရောင်နဲ့ တူတာကိုး
• ပုံမှန် စားနေကျအတိုင်း
• ရန်ကုန်မှာ စားနေကျ ဒန်ပေါက်

ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
ကြုံရာကျဘန်း မပြောရ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သူငယ်နာကျဗဟုံး
သဘောကျ
အံဝင်ခွင်ကျ
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အကျွေးကျအောင်မသုံးပါနှင့်
ငွေကြေးအကုန်အကျများတယ်
ကြေးငွေကုန်ကျ
အောက်ကျနောက် မဖြစ်ပါစေနှင့်

ကြ
ကံကြမ္မာ
ကျီကြ
စိုးရိမ်ကြောင့်ကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြပို့ရွာ
ကြစေ့ပင်
ကြသောင်းဝါး
လာကြလေ
သွားကြမယ်

• ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား၊
• ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊
• လူကြီးမင်းကိုပြောရမှာ အားနာတယ်ဗျာ။
• ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ။
• မတင်မကျမလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့။
• သွားလာကြနေရာက စားသောက်ဆိုင်ကို သွားစားကြမယ်။
• စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။
• မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား၊ သတ်ပုံမှားရေးသူတွေက အတော်များ။
• မြန်မာစာကို အလေးထားကြတဲ့ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ။
• မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါတယ်။
• ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်။
• ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။

ဒေါက်တာတင့်ဆွေ

အကြိမ်တရာ

$
0
0
ကွန်မင့်မှာ အရုပ်တွေ စတစ်ကာတွေ GIF ဖိုင်တွေ မတင်ဖို့ အကြိမ် တရာလောက်ရေးထားတယ်။

သူများလုပ်ထားတာတွေ လာလာတင်ကြတာ အီနောက်လာတယ်။ ကိုယ်တိုင်လက်နဲ့ ဆိုး-ကောင်း ရေးတာလောက် တန်ဖိုး မရှိပါ။ အရုပ်ကို ဖျက်ပါမယ်။ ဆောရီး။

မက်ဆေ့ခ်ျကနေ သီချင်းတွေ ဆုတောင်းစာတွေ သတိပေးစာတွေ တရားစာတွေ မပို့ပါရန်လို့ အကြိမ်တရာကျော် ရေးထားတယ်။

သတင်း သီချင်း တရား အကိုးအကား ခိုင်မာမှန်ကန်တိကျတာ ဘယ်မှာရှာရမလဲ ကောင်းကောင်းသိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Lymph node လင့်ဖ်နုတ် ခေါ် တက်စေ့

$
0
0
(ပုံအတွက် ကန်တော့ပါ)

၁။ မင်္ဂလာပါဆရာ သမီးက အသက်၂၂ပါဆရာ သမီး ဘယ်ဘက် ဂျိုင်းမှာ အကြိတ်ဖုသေးသေးလေး ရှိနေတာကိုအရင်က လက်နဲ့စမ်းကျိပီးတွေ့မိပါတယ်ဆရာ အခုနောက်ပိုင်း အဲ့သေးသေးလေးအကြိတ်က ပိုကြီးလာတယ်လို့ တွေ့ရပါတယ်ဆရာ သမီး ကင်ဆာဖြစ်ပြီး ခွဲရမှာ စိုးရိမ်လို့ပါဆရာ ဆရာ့မှာ ငှဲ့ညာသော အချိန်လေးများ ရခဲ့ရင် ဖြေကြားစေချင်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ် ဆရာ

၂။ ဆရာ တက်စေ့ဆိုတာ ဘာကိုခေါ်တာလဲ။

၃။ တတ်စေ့ဆိုတာ ဘာများပါလိမ့်၊ မျက်လုံးနဲ့မြင်ရတဲ့အရာလား။

ခဏခဏမေးကြတယ်။ တက်စေ့ (တက်စိ) ဆိုတာ အရပ်စကားသာဖြစ်တယ်။ နေရာအတော်များများမှာ အဲလိုခေါ်တယ်။ တခြားနေရာတွေမှာ ဘယ်လိုခေါ်ကြသလဲ မသိပါ။ ဆေးစာနဲ့ Lymph node လင့်ဖ်နုတ်။ သွေးပြန်ရည်အိတ်လို့ပြောနေရင် ပိုရှုတ်မယ်ထင်တယ်။ အများမသိတဲ့စကားလုံး သုံးမိတာ ဆောရီး။

လူတိုင်းမှာ Lymphatic System ခေါ် သွေးပြန်ရည်စနစ်ရှိတယ်။ တက်စေ့ခေါ်အကျိတ်လေးတွေကို ဆက်ထားတဲ့ သွေးကြောလို ပြွန်လေးတွေနဲ့ တကိုယ်လုံးနီးပါးမှာရှိတယ်။ ဒီစနစ်ကနေ အလုပ် (၃) မျိုးလုပ်ပေးနေတယ်။
၁။ အူထဲကပိုနေတဲ့အရည်တွေကို သွေးထဲပြန်ဝင်စေတယ်။
၂။ အဆီနဲ့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူပေးတယ်။
၃။ ရောဂါရစေတဲ့ပိုးတွေကို ခုခံတိုက်ဖျက်ပေးတယ်။ ရိုးတွင်းခြင်ဆီကထုတ်ပေးတဲ့ (လင်ဖိုဆိုက်) နဲ့ အခြား (ဆဲလ်) တွေပါဝင်တယ်။ (လင့်ဖ်) ဟာ သွေးထဲရှိတဲ့ (ပလာစမာ) လို အရည်မျိုးဖြစ်တယ်။ (ပလာစမာ) ကဖြစ်လာတယ်။ (လင့်ဖ်) အကြောတွေက သွေးကြောတွေနဲ့မတူ။ (တစ်ရှူး) တွေဆီက ဝေးရာကို သယ်ဆောင်ပေးတယ်။

Lymphatic Organs (လင့်ဖ်) အင်္ဂါတွေလည်းရှိတယ်။
• Lymph Nodes (လင့်ဖ်-နုတ်)၊
• Spleen (စပလင်း) ဘေလုံး၊
• Thymus (သိုင်းမတ်စ်) နဲ့
• Tonsils (တောင်ဆယ်) အာသီး။

Lymph Nodes (လင့်ဖ်-နုတ်) တွေက ၁ လက္မအရွယ်၊ ပဲစေ့ပုံရှိတယ်။ တကိုယ်လုံးအနှံ့ရှိတယ်။ တခုနဲ့တခု ဆက်နေတယ်။ သွေးထဲအရည်တွေပြန်မဝင်မီ စစ်ပေးတယ်။ ဗဟိုအာရုံကြောစနစ်မှာမရှိ။ အပေါ်ယံရှိကြတဲ့အုပ်စုတွေက ပေါင်ခြံ၊ ဂျိုင်းနဲ့ လည်ပင်းတို့ဖြစ်တယ်။ ကင်ဆာဟာ ဒီစနစ်ကတဆင့် တနေရာကတနေရာကို ကူးစက်တယ်။ ကိုယ်ရောင်ခြင်းကလည်း ဒီစနစ်နဲ့ဆိုင်တယ်။

Spleen (စပလင်း) ဘေလုံးဆိုတာ ဝမ်းဗိုက် ဘယ်ဘက်အထက်ပိုင်း၊ (ဒိုင်ယာဖရမ်) အောက်၊ အစာအိမ်နောက်မှာရှိတဲ့ အကြီးဆုံးတဲ့ (လင့်ဖ်) အင်္ဂါဖြစ်တယ်။ သွေးနီဥစစ်ထုတ်ပေးတယ်။ ရောဂါပိုးဝင်လာရင် (လင်ဖိုဆိုက်) တွေက တိုက်ထုတ်ပေးတယ်။ အသည်းနဲ့အတူ အရွယ်လွန်တဲ့၊ သေသွားတဲ့ သွေးနီဥတွေကို ဖယ်ရှားပေးတယ်။ သွေးကိုလည်း သိုလှောင်ထားပေးတယ်။ နာတာရှည် ငှက်ဖျား အပါအဝင် ရောဂါအများအပြားကြောင့် ဘေလုံးကြီးတတ်တယ်။

Thymus (သိုင်းမတ်စ်) ဆိုတာ ရင်ညွန့်ရိုးနောက်ဖက် (အေအိုတာ) ခေါ် အထက်တက်တဲ့သွေးလွှတ်ကြောမကြီး ရှေ့မှာရှိတယ်။ ကလေးတွေမှာပိုကြီးတယ်။ သူ့အလုပ်က (လင်ဖိုဆိုက်) တွေ ကြီးထွားစေဘို့နဲ့ Thymosin hormone ဟော်မုန်းထုတ်ပေးဘို့ဖြစ်တယ်။

Tounsils (တောင်ဆယ်) အာသီးဆိုတာ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတို့ကို ဖုံးထားတဲ့ (မြူးကပ်စ်) အမြှေးအောက်မှာ ရှိတယ်။ အဲတာရောင်တာကို Tonsillitis လို့ခေါ်တယ်။

ရောဂါတွေ အမျိုးမျိုးရှိတယ်။
Lymphatic filariasis ဆင်ခြေထောက်ရောဂါဆိုတာ ဆင်ခြေထောက်ပိုးက သွေးပြန်ရည်စနစ်ကိုထိခိုက်လို့ ရောင်တာ၊ ကြီးတာတွေ ဆက်ဖြစ်တယ်။ Culex mosquito ခြင်အမျိုးအစားကနေ လူတယောက်ဆီကနေ နောက်တယောက်ဆီ ကူးစက်စေတယ်။

Non-Hodgkin Lymphoma နန်း-ဟော့ခ်ျကင်း လင်ဖိုးမားဆိုတာ သွေးပြန်ရည်စနစ်မှာဖြစ်တဲ့ ကင်ဆာကိုခေါ်တယ်။ (လင်ဖိုးမား) ရောဂါအုပ်စုထဲကဖြစ်တယ်။ လင့်ဖ်အကျိတ်လေးတွေထဲက လင်ဖိုဆိုက်သွေးဖြူဥမှာ ကင်ဆာဖြစ်တာပါ။ ဘာကြောင့်ဖြစ်သလည်း သေချာမပြောနိုင်ပါ။ AIDS ရှိနေသူတွေ၊ ခုခံအားကျဆေးပေးထားသူတွေ၊ Epstein-Barr virus ဗိုင်းရပ်စ်ပိုး၊ အမျိုးတော်သူထဲမှာ အလားတူရောဂါရှိသူတွေမှာ ဖြစ်တတ်တယ်။

Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်းအကျိတ်တမျိုးက သွေးပြန်ရည်လမ်းမှာ ပုံမှန်မဟုတ်ဖြစ်လို့ အကျိတ် ဖြစ်လာတာပါ။ အရွယ်မရွေးဖြစ်နိုင်တယ်။ ငယ်သူတွေက အဖြစ်များတယ်။ အသက် ၂ နှစ်အောက် လည်ပင်းမှာ ဖြစ်တာ ၉၀% ရှိတယ်။ မွေးကတည်းကဖြစ်တာလဲရှိတယ်။ မွေးပြီးမှ ဖြစ်သူတွေမှာ (အင်ဖက်ရှင်) ရောဂါပိုးဝင်တာ၊ ခိုက်မိတာနဲ့ (လင့်ဖ်) လမ်းပိတ်တာတွေကြောင့် ဆက်ဖြစ်လာစေတယ်။ အများဆုံးက ကင်ဆာမဟုတ်ရောဂါပါ။ ခပ်ပျော့ပျော့၊ ဖြေးဖြေးသာကြီးကြီးလာတယ်။

(လင့်ဖ်) အရည်ထဲမှာ (လင်ဖိုဆိုက်) ခေါ်တဲ့ သွေးဖြူဥတွေ ရှိနေတယ်။ ရောဂါတွေကို ခုခံတိုက်ပေးသူဖြစ်တယ်။ ဒါကြောင့် ဒီအရည်ထဲမှာ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေလဲ ပါနေမယ်။ ရောဂါပိုးဝင်ရင် နီးစပ်ရာနေရာက တက်စေ့အုပ်စုမှာ တက်စေ့တွေ ရောင်-ကြီးနေလိမ့်မယ်။

တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။ ချိုင်း (ဂျိုင်း) မှာစမ်းလို့ရတဲ့အကျိတ်ဆိုတာ တက်စေ့ခေါ် (လင့်ဖ်နုတ်) လေးတွေရောင်လာတာဖြစ်မယ်။ လူတိုင်းမှာ စမ်းလို့မရတဲ့ အဲတာတွေ ၂ဝ-၃ဝ ရှိကြတယ်။ စမ်းရတယ်ဆိုရင် တနေရာမှာ တခုခုဖြစ်လို့။ တနေရာဆိုတာ ဆိုင်တဲ့ဖက်က ရင်သားရဲ့ လေးပုံတပုံ + ရင်ပတ်နံရံ အပေါ်ယံနေရာ + ဗိုက်အထက်ပိုင်း + ခြေထောက် နေရာတွေကနေလာမယ်။

ရင်သားကို အပိုင်းလေးပိုင်း ခွဲပြီးလေ့လာရတယ်။ RUQ ညာဘက်အပေါ်ပိုင်း ၁/၄၊ RLQ ညာဘက်အောက်ပိုင်း ၁/၄၊ LUQ ဘယ်ဘက်အပေါ်ပိုင်း ၁/၄၊ LLQ ဘယ်ဘက်အောက်ပိုင်း ၁/၄ လို့ခေါ်တယ်။ ၇၅% က ချိုင်းဆီကို ရောက်လာတယ်။ ရင်သားကင်ဆာဖြစ်ရင် ရင်သားရဲ့လင့်ဖ်ကြောတွေ၊ လင့်ဖ်နုတ်တွေအားလုံးကိုပါ ခွဲစိတ်ထုတ်ပစ်ရတယ်။

ကင်ဆာမှာလည်း ရင်သားတခုသာမဟုတ်ပါ။ လူကီးမီးယား၊ ဟော့ခ်ျကင်းလင်ဖိုးမား၊ မယ်လင်နိုးမားတွေကနေလည်း ချိုင်းအကျိတ်တွေကြီးနေနိုင်တယ်။ ကင်ဆာမဟုတ်ပဲ ချိုင်းအကျိတ်လေးတွေ ကြီးနေတာကပိုများတယ်။ ချိုင်းနဲ့လက်မှာ ထိခိုက်မိတာ၊ ပိုးဝင်တာတွေကနေ ဖြစ်စေတယ်။ (တီဘီ) အကျိတ်လည်းရှိတယ်။ ဗိုင်းရပ်စ်နဲ့ မှို (ဖန်းဂတ်စ်) ကြောင့်လည်း ဖြစ်မယ်။ လက်မှာ ကာကွယ်ဆေးထိုးလို့လည်းဖြစ်တယ်။ ယာယီသာဖြစ်မယ်။ ခြင်၊ ပုရွက်ဆိတ်ကိုက်လို့ ယားလို့ ကုပ်မိရာကနေဆက်ဖြစ်တာလည်းရှိတယ်။ ချိုင်းအကျိတ်ကနာတယ် ဆိုရင် ရောင်ရမ်းဖြစ်စဉ်ကြောင့်ဖြစ်ပါမယ်။ ကင်ဆာက နောက်ပိုင်းအဆင့်မဟုတ်ရင် မနာပါ။ ရောင်တယ်ဆိုတာ ထိခိုက်မိတာနဲ့ ပိုးဝင်တာ။ ရောဂါကြီးမဟုတ်ပါ။ အနာသက်သာဆေး + ပိုးသေဆေးပေးတာနဲ့ ပျောက်မယ်။ ဒါပေမယ့် တက်စေ့တွေကရောင်ပြီးရင် နဂိုအနေကို ပြန်မရောက်တာလည်းရှိတတ်တယ်။ အဲတာကြောင့် လူအများစုမှာ ချိုင်း၊ မေးအောက်၊ လည်ပင်း၊ ပေါင်ခြံ၊ ဒူးကောက်ကွေး နေရာတွေမှာ စမ်းလို့ရတဲ့ အကျိတ်လေးတွေ ရှိကြတယ်။ ဗိုက်ထဲမှာရှိနေတာတော့ တယ်အတိုင်းမသိနိုင်ပါ။

အမျိုးသမီးတွေမှာ ချိုင်းအကျိတ်စမ်းလိုရရင် ရင်သားကို အဓိကစစ်ဆေးရမယ်။ ကိုယ်ဖါသာစမ်းသပ်နည်းရှိပါတယ်။ သံသယရှိရင် ဆရာဝန်ပြဘို့နောက်မကျပါနဲ့ မရှက်ပါနဲ့။

1.Lymph Nodes လင့်ဖ်နုတ် http://doctortintswe.blogspot.com/2016/10/lymphatic-system.html
2.Lymphoma (လင်ဖိုးမား) ရောဂါ http://doctortintswe.blogspot.com/2015/02/lymphoma.html
3.Neck Glands လည်ပင်း အကျိတ် https://doctortintswe.blogspot.com/2016/12/neck-glands.html
4.Neck Lumps လည်ပင်း အလုံးအကျိတ် http://doctortintswe.blogspot.com/2016/05/neck-lumps.html
5.TB neck gland တီဘီအကျိတ် http://doctortintswe.blogspot.com/2017/04/tb-neck-gland.html

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Hives အင်ပြင်ထွက်ခြင်း

$
0
0
(အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်)

၁။ ကျွန်မ ညီမလေး (အိမ်ထောင်မရှိ) အသက် ၂၄ နှစ်ရှိပါပြီ ။ လွန်ခဲ့တဲ့ ၁နှစ်ခန့်ကစပြီး အင်ပြင်တွေဖြစ်လို့ ဆေးရုံဆေးခန်းလည်း ပြခဲ့ပေမယ့် အခုထိ တခါတလေ အင်ပြင်ထပါသေးတယ်။ တချို့နေရာ (ဗိုက်နှင့် ပေါင်နေရာတွေမှာ အညိုကွက်တွေ ပွါးနေပြီး ကုတ်လိုက်တဲ့အခါ အဖြူဖတ်လေးတွေကွာပါတယ်)။ သက်သာပျောက်ကင်းအောင် ဘယ်လို ဆေးတွေသုံးသင့်၊ စားသောက်နေထိုင်ရမယ်ဆိုတာ ကျေးဇူးပြုပြီး ဖြေပေးပါရှင့်။ ရိုသေစွာဖြင့်။

၂။ မင်္ဂလာပါဆရာ။ အမျိုးသမီး အသက် ၁၉နှစ်။ ရာသီမှန်ပါတယ်ရှင့်။ ဖြစ်နေတဲ့ရောဂါကတော့ တကိုယ်လုံးယားပြီး အဖုလေးတွေထွက်တာပါ ဆရာ။ ဆရာဝန်ပြ ဆေးထိုး ဆေးသောက်လုပ်ပါတယ် မပျောက်ပါဘူးဆရာ။ ကလေးတည်းက ခြင်ကိုက် ကုတ်လိုက်ရင်အနာဖြစ်လွယ်တဲ့ အရေပြားပါဆရာ။ အခုနောက်ပိုင်း ညနေတိုင်း ယားပြီးအပိန့်တွေက နေ့တိုင်း ထွက်နေတော့ စိုးရိမ်ရပါသလားရှင့်။ ဘယ်လိုကုသပြီး ဘာဆေးဝါးများ မှီဝဲရမလည်းဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ စာအရေးအသားမှားရင် ခွင့်လွှတ်ပါဆရာ ချမ်းမြေ့ပါစေရှင့်။

၃။ မင်္ဂလာပါဆရာ။ ကျွန်မမှာသားလေးတဦးရှိပါတယ်။ အသက် ၅နှစ် ၇လရှိပါပြီ။ သားလေးမှာ လွန်ခဲ့တဲ့ ၂လလောက်မှ အသားအရေယားယံပြီး အပိန့်တွေထွက်လာပါတယ်။ ဆေးကတော့ verizet 5 mg တိုက်ရန်ဆရာဝန်ကညွှန်ကြားပါတယ်။ ဆေးတိုက်ပြီး ၂ ရက်လောက်ထိယားယံခြင်းမရှိပါ။ ၃-၄ ရက်လောက်ကြာရင်ပြန်လည်ယားယံလားပါတယ်။ အသားအရေ ယားယံခြင်းနှင့်ပတ်သက်သည့်အကြောင်းလေးသိချင်လို့ပါရှင့်။ ယားယံပြီဆိုပါက လက်ချောင်းက လက်ဆစ်လေးတွေပါ ယောင်ယမ်းလာပါတယ်။ နှုတ်ခမ်းလဲထော်လာပါတယ်။

Allergy အလာဂျီရရင် ၂ မျိုးဖြစ်မယ်။ Urticaria (Hives) ယားတဲ့ အင်ပြင် ခေါ် အနီစက်တွေထွက်တာနဲ့ Hay Fever ခေါ် နှာချေ၊ Allergic rhinitis နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။

ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။ ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride (Amaryl)၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides (Septein) နဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ် ဖြစ်တတ်တယ်။ မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေ ပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်) စိတ်ဖိအား၊ အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊ အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။

အလာဂျီ အများဆုံးဖြစ်စေတဲ့ အရာ (၁ဝ) မျိုး
၁။ နို့၊
၂။ မြေပဲ၊ ပဲပုပ်၊
၃။ ဥ၊
၎။ အစေ့အဆံများ၊
၅။ သန်ကောင်၊
၆။ ငါး၊ ပင်လယ်စာ၊
၇။ ဂျုံ၊
၈။ ဆပ်ပြာ။
၉။ ပန်းဝတ်မှုံ၊
၁ဝ။ ရာဘာ (လေးတက်စ်)။

အများဆုံးသုံးရတဲ့ဆေး
Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ စီထရက်ဇင်းဟာ အင်တီ-ဟစ်တမင်းဆေးခေါ်တယ်။ အလာဂျီရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ အင်တီဟစ်တမင်းဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ 5mg နဲ့ 10mg စားဆေးဖြစ်တယ်။

ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်သက်ရောက်မှုတွေ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။ ဆေးတိုင်း အားဆေးတွေအပါအဝင် ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ အကျိုးကပိုရင် ဆေးသုံးရပါတယ်။

အနီပျဉ်၊ အထုအပိန့်၊ အင်ပျဉ်ထနေတာကို Cetirizine ဆေးတမျိုးတည်းနဲ့မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါထိုးပေးရတတ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန် မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာ ဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ မတည့်တာတွေ စစ်လို့ရတယ်။ တချို့ဆို စာရွက်တမျက်နှာအပြည့် မတည့်တာထွက်လာတယ်။ မတည့်တာနဲ့တွေ့ရင် ပြန်ဖြစ်တယ်။ ဆောရီး။ မေးခွန်းထဲက Verizet 5 mg ဆေးလည်းကောင်းပါတယ်။ အိပ်ချင်မယ်။

အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲ ရှိပါတယ်။ ကျွန်တော် ဆေးကျောင်းတက်စမှာ မန္တလေးဘူတာကြီးကရတဲ့ ကျောက်မီးသွေးအနံ့နဲ့ ဆောင်းရာသီ အအေးဓါတ် တွဲနေတာကို သိပ်သဘောမကျပါ။

1. Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2. Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
3. Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
4. Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
5. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
6. Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html
7. Allergy to Eczema မတည့်တာနဲ့ နှင်းကူနာ http://doctortintswe.blogspot.com/2015/03/allergy-to-eczema.html
8. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html
9. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
10. Cetrizine (အလာဂျီ) ဆေး http://doctortintswe.blogspot.com/2014/10/cetrizine.html
11. Hives အင်ပြင် ထွက်ခြင်း http://doctortintswe.blogspot.com/2014/11/hives.html
12. Mango Skin Allergy သရက်သီးခွံ အလာဂျီ http://doctortintswe.blogspot.com/2015/03/mango-skin-allergy.html

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Bribe and Biryani ခေါက်ဆွဲလား ဒံပေါက်လား

$
0
0
ဇူလိုင်လထဲမှာ ဘောလုံးပွဲတွေများတယ်။ ပြည်တွင်းမှာ လာဘ်စားမှုသတင်းတွေလည်း ထွက်တယ်။ ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးဖြစ်ဖြစ် ကစားသမားဖြစ်ဖြစ် ငွေယူပြီး ခိုင်းသလိုလုပ်ပေးတာကို ခေါက်ဆွဲစားတယ်လို့ပြောလေ့ရှိတယ်။ ဆန္ဒပြပွဲတွေမှာ စပွန်ဇာပေးသူက ဒံပေါက်ကျွေးတယ်။

ကာတာနိုင်ငံက အိုရီဒူးကုမ္ပဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံ့မှု လုပ်ထားတယ်။ ၂ဝ၂၂ မှာ ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်လုပ်ချင်လို့ ကာတာနိုင်ငံက လာဘ်ပေးခဲ့တဲ့သတင်းနဲ့အတူရေးတင်တော့ ကွန်မင့်တခုက ခေါက်ဆွဲစားတဲ့သဘောကို ပြောတာလားလို့ မေးတယ်။ ကျွန်တော်က ဒံပေါက်ဆိုတာ အာရပ်ကနေလာတယ်လို့ ဖြေလိုက်တယ်။

ဒံပေါက်ကို ကုလားစာလို့ မှတ်နေကြတယ်။ ကုလားအသုံးမှားနေတာတွေရေးထားတယ်။ အိန္ဒိယတိုက်ငယ်ကို အာရပ်က မွတ်ဆလင်ဘုရင်တွေက ကျူးကျော် သိမ်းပိုက်ပြီး နယ်မြေသာမက၊ ယဉ်ကျေးမှု၊ အစားအစာ၊ အဝတ်အစားကအစ ထိုးဖေါက် လွှမ်းမိုးထားတယ်။ အေဒီ ၇ ရာစုကတည်းက ရောက်လာတာဖြစ်တယ်။ Biryani ဘီရယာနီ ခေါ် ဒံပေါက်ဟာ ပါရှန် (အီရန်) စကားကနေလာတယ်။ တူရကီကနေဆင်းသက်တယ်။ အိန္ဒိယမြောက်ပိုင်းကို တူရကီမွတ်ဆလင်ဘုရင်တွေ ဝင်ရောက်သိမ်းပိုက်တဲ့နောက်မှာ ရောက်လာတယ်။ ဒံပေါက်ဟာ Mughal Empire မူဂေါလ်အင်ပါယာမှာ နာမည်ကြီး နန်းတွင်းအစားအစာဖြစ်တယ်။

ခေါက်ဆွဲလား ဒံပေါက်လားမေးရင် မုန့်ဟင်းခါးသာစားကြပါဗျာလို့ ဖြေချင်တယ်။

ပုံကတော့ သူငယ်ချင်းဆရာဝန်တယောက်ရဲ့ လန်ဒန် ဒန်ပေါက်ဖြူ

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၄
၁၄-၇-၂ဝ၁၈


မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း

$
0
0
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း တခုနှင့်တခု အမှီသဟဲပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင်ရဲရင့်သူဖြစ်နေစကောမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ သိလိုက်သည်နှင့်တပြိုက်နက် သူ၏ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏။

၂၂-၄-၁၉၈၄ နေ့ထုတ် လှပရုပ်စုံစာစောင်မှ

မြန်မာစာသတ်ပုံထဲက တမှန်သမျှကို တစ်လို့ မြန်မာစာအဖွဲ့က ၁၉၈၁ ခုနောက်မှာ ပြင်စေခဲ့တယ်။ ၁၉၈၈ ခုနှစ် စစ်အစိုးရမတက်မီအထိ တတွေကို အမှန်အတိုင်းရေးသားထုတ်ဝေလို့ရတယ်။ နဝတ တက်မှသာ ဆင်ဆာအဖွဲ့က တစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးခဲ့တာ မြန်မာစာသမိုင်းမှန်ဖြစ်ပါတယ်။

အဖြစ်မှန်မသိသူတွေ တစ်ခုနှင့်တစ်ခုကသာမှန်တယ်လို့ လာမငြင်းကြပါနဲ့။

မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု သိလိုက်သည်နှင့်တပြိုက်နက် ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွားတော့၏။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

စာနယ်ဇင်းခေတ် မြက်ခင်းသစ်

$
0
0
မနှစ်က ဒီနေ့မှာ ပို့စ်တခုက နဝတ ခေတ်က ပုဂ္ဂိုလ်ရေးအရ ထိပါးရိုင်းစိုင်းစော်ကားတဲ့ ဆောင်းပါးတွေ ကာတွန်းတွေကို သတိရသေးတဲ့။

ရောက်စနှစ်က ဝါဆိုသင်္ကန်းကပ်ပွဲမှာ ဘုန်းဘုန်းတပါးက ဒေါ်မြမြအေးကိုပြောတယ်။ ဒကာမကြီးက မြက်ခင်းသစ်မှာ ဇာတ်လိုက်ဗျတဲ့။ နဝတ စစ်အစိုးရရဲ့ ဝါဒဖြန့် စကြဝဠာပြည့် မုသာဝါဒမဂ္ဂဇင်းဖြစ်ပါတယ်။

အဲဒီခေတ်က မီဒီယာလို့ မခေါ်သေးပါ။ စာနယ်ဇင်းလို့ ခေါ်တယ်။ အတိအကျပြောရင် အရင်အစိုးရလက်ထက်အထိ အစိုးရပိုင်၊ အစိုးရလက်ဝါးကြီးအုပ်၊ အစိုးရလက်ကိုင်တုတ်။

သူတို့ခေတ်ကောင်း၊ တိုင်းပြည်ခေတ်ဆိုးတုန်းကတော့ ဝန်ထမ်းတွေ မဝယ်မနေရအမိန့်ပေးထားလို့ အတော်ဒုက္ခရောက်ကြသတဲ့။

စာအုပ်ဟောင်းတွေရှိတယ်လို့ တင်နေကြသူတွေက မြက်ခင်းသစ်တင်ထားတာ မတွေ့သေးပါ။ တယောက်ကပြောသလို ထောက်လှမ်းရေးတွေကပဲ အဲတာတွေ ပြန်သိမ်းသလား မပြောတတ်။ အကျင့်ဆိုးတွေပါ သိမ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၇
၁၄-၇-၂ဝ၁၈

ပင်ကိုယ်

$
0
0

ပင်ကိုယ် ကို ခု အဘိဓာန်တွေမှာ ပင်ကို လို့ ပြတယ်။ ဒါနဲ့ ပင်ကိုလို့လိုက်ရေးတော့ ၂ မျိုးလုံး မှန်သတဲ့။ ၂ မျိုးတွဲရေးရပုံပေါ်နေပြီ။

အဲလိုရေးတာ တခြားသူမဟုတ်။ ဆရာမောင်စွမ်းရည်။

အစိုးရထုတ် မြန်မာအဘိဓာန် စာမျက်နှာ ၂၂ဝ မှာ ပင်ကို = မူလ တဲ့။ အွန်လိုင်းအဘိဓာန်မှာ ရောရေးထားတာတွေ့တယ်။

ဆရာရှင့် နကိုယ်ဆိုတာ နဂိုကို ပြောတာလား၊ နကိုယ်လို့ ရေးရတာလားဆရာ။ နဂိုကမှားနေတဲ့ အရေးအသားလားဆရာ။

နဂိုလို့သာ ရေးရတယ်။ နကိုယ်လို့ မရေးရပါ။ သတင်းတပုဒ်မှာလည်း နဂိုရ်စစ်အစိုးရလို့ ဖတ်ရတယ်။ အဲတာ မှားတယ်။ မူလပင်ရင်း နဲ့ ယခင်အတိတ် အဓိပ္ပါယ်လွဲသွားမယ်။

ဂို = နဂိုမူလ

ပင်
ကိုယ်ပင်
ပင်ကိုယ်
ပင်ချည်ပင်ချ
ပင်ဂွင်ငှက်
ပင်စင်စား
ပင်စည်
ပင်စိမ်းပင်
ပင်တိုင်စံမိဖုရား
ပင်ထွက်ညွန့်သန်
ပင်နယန်
ပင်နီဆီလင်
ပင်နီဖျင်
ပင်ပင်ပန်းပန်း
ပင်ပန်း
ပင်ပျပ်
ပင်မင်းဆိုင်
ပင်မကြီး
ပင်မှည့်
ပင်ပြတ်
ပင်မြွာ
ပင်ရည်
ပင်ရှင်စား
ပင်လုံးကျွတ်
ပင်လတ်
ပင်လယ်
ပင်စောက်
ပင်ထောင်
ပင်နု
ရှင်ပင်
သစ်ပင်
နွယ်ပင်

ကိုယ်
ကိုယ်ကာယ
ကိုယ်ချင်းစာ
ကိုယ်ချည်းသာ
ကိုယ်ခန္ဓာ
ကိုယ်စားလှယ်
ကိုယ်စိတ်နှစ်ဖြရံတော်ာ
ကိုယ်ထင်ပြ
ကိုယ်ကြပ်ဝတ်
ကိုယ်လုံးတည်း
ကိုယ်ဝန်
ကိုယ်အင်္ဂါ
ကိုယ်အမူအရာ
ကိုယ်တွေ့
ကိုယ်နှင့်နှိုင်း မရိုင်း

ကို ဆိုတာ သဒ္ဒါမှာ ကံဝိဘတ်ဖြစ်တယ်။ သူ့ကို၊ ငါ့ကို၊ သူတပါးကို။ ပင်ကိုလို့ရေးတာ အဓိပ္ပါယ်မရှိသလိုဖြစ်နေတယ်။

ကျွန်တော်မှားရင် ပြင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Fungal infections (1) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၁)

$
0
0
(ကန်တော့ပါ)

Fungus မှိုအမျိုးမျိုးရောဂါတွေ သတိထားရမှာက (၁) ဖြစ်နေတာကြာရင် ဆေးကြာကြာလိုတယ်။ (၂) စားဆေးနဲ့ လိမ်းဆေးတွဲရမယ်။ (၃) လိုအပ်ရင် ဆေးပြောင်းရမယ်။ (၄) နှင်းကူနာလို ဖြစ်တာလဲ ခွဲခြားရမယ်။
နှင်းကူနာသဘောက မသင့်တာနဲ့တွေ့ရင် ပိုဆိုးတယ်။ ဖန်းဂတ်စ်က အဲလိုမဟုတ်။ (၅) သွေးသွင်းလို့ မကူးစက်ပါ။ (၆) ဝဲ နဲ့ ပွေး (ဖန်းဂတ်စ်) မတူပါ။ (၇) ယောက်ျားလေးတွေ ကပ်ပယ်အိပ်မှာဖြစ်ရင် ဖန်းဂတ်စ်ဖြစ်တယ်။ မှိုတွေကနေ အပေါ်ယံ၊ အတွင်းထဲထိ ကူးစက်စေတယ်။ မှိုဖြစ်နေရင်း တခြားပိုးလဲ ဝင်တာတတ်တယ်။ ဒါကြောင့် နေရာ ၃ မျိုးအတွက် ဆေးသပ်သပ်ရှိတယ်။
ဖန်းဂတ်စ်ရောဂါ တကိုယ်လုံးနေရာအမျိုးမျိုးမှာကူးစက်နိုင်တယ်။ လျှာမှာဖြစ်တဲ့ မှက်ခရု၊ လက်သည်းခြေသည်းဖန်းဂတ်စ်၊ အစာမျိုပြွန်။ အမျိုးသမီးတွေ မွေးလမ်းကြောင်း၊ အများကြီး။

1. Superficial fungal infections အပေါ်ယံ မှိုရောဂါများ
(A) Creams or Sprays လိမ်းဆေးတွေ = Clotrimazole, Miconazole nitrate, Econazole, Ketoconazole, Ciclopirox, Naftifine, Itraconazole, Terbinafine, Tolnaftate, Fluconazole, Whitfield's tincture (Salicylic acid + Benzoic acid) (B) Oral antifungal drug စားဆေးတွေ = Ketoconazole or Griseofulvin

2. Systemic infections အတွင်းထဲရောက် မှိုရောဂါများ
Amphotericin B, Fluconazole and Itraconazole and Flucytosine alone or in combination with other antifungal medications

3. Fungal infections + Infection မှိုရောဂါ + ဗက်တီးရီးယားဝင်ခြင်း
Lotrisone® (Betamethasone + Clotrimazole)

ဆေးတွေကို အက္ခရာစဉ်လိုက် ရေးပါမယ်။
Amphotericin B (အင်မ်ဖိုတာရာစင် ဘီ) ထိုးဆေးကို အသက်ရန်ရှာနိုင်တဲ့ မှိုရောဂါအတွက်ပေးတယ်။ တခြားမှိုရောဂါ အတွက် မပေးဘူး။ Aspergillosis, Cryptococcosis (Torulosis), North American blastomycosis, Systemic candidiasis, Coccidioidomycosis, Histoplasmosis, Zygomycosis (Mucormycosis), Conidiobolus, Basidiobolus, Sporotrichosis တွေအတွက် ပေးတယ်။ ဘယ်လောက်ဆိုးဆိုး တနေ့မှာ 1.5 mg/kg ထက်ပိုမပေးရဘူး။ IV infusion is 0.1 mg/mL (1mg/10mL) သွင်းဆေးအနေနဲ့ ၂-၆ နာရီအထိကြာအောင် ဖြေးဖြေးပေးရတယ်။ ဆေးကိုလဲ စမ်းပြီးမှ ပေးရမယ်။

Ciclopirox (ဆိုက်ကလိုပိုင်းရော့စ်)
(CNL8, Loprox, Loprox TS, Penlac) (ခရင်မ်)၊ (ဂျဲလ်)၊ ဆေးရည် နဲ့ ခေါင်းလျှော်ရည်။
Ringworm of the body (Tinea corporis) ကိုယ်ခန္ခာပွေး၊ Ringworm of the foot (Tinea pedis; Athlete's foot) ခြေထောက်မှို၊ အားကစားသမားခြေထောက်၊ Ringworm of the groin (Tinea cruris; Jock itch) ပေါင်ခြံမှို-ဂျွတ်၊ Sun fungus (tinea versicolor; pityriasis versicolor) နေရာင်ထိတဲ့နေရာမှို-ပွေး၊ Candida (Monilia) infections ပါးစပ်၊ မွေးလမ်းမှို၊ Seborrheic dermatitis အဆီပြန်မှိုရောဂါ၊

Clotrimazole (ကလိုထရွိုင်မဇိုးလ်)
Clotrimazole cream solution or lotion 1% (ခရင်မ်)၊ လိမ်းဆေး၊ Buccal troche 10 mg ဆေးရည်၊ ပါးစပ်ထည့်ဆေး၊
Clotrimazole Vaginal suppositories မွေးလမ်းထဲထည့်ဆေးတောင့်၊ 100 mg တညတခါ၊ ၇ ရက်။ 200 mg တညတခါ၊ ၃ ရက်။
Clotrimazole Vaginal cream 1% and 2% မွေးလမ်းထဲထည့် (ခရင်မ်)၊ တညတခါ၊ ၇ ရက်။

Econazole (Spectazole) (အီကိုနာဇိုးလ်)
Ringworm of the body (Tinea corporis) ကိုယ်ခန္ခာပွေး၊ Ringworm of the foot (Tinea pedis; athlete's foot) ခြေထောက်မှို၊ အားကစားသမားခြေထောက်၊ Ringworm of the groin (Tinea cruris; jock itch) ပေါင်ခြံမှို-ဂျွတ်၊ Sun fungus (tinea versicolor; pityriasis versicolor) နေရာင်ထိတဲ့နေရာမှို-ပွေး၊ Candida (Monilia) infections ပါးစပ်၊ မွေးလမ်းမှို၊
Cream (ခရင်မ်)၊ တနေ့ ၁-၂ ကြိမ်၊ ၂-၄ ပါတ်။

Fluconazole (ဖလူကွန်နာဇိုးလ်)
• Cryptococcal meningitis မှိုကြောင့် ဦးနှောက်မှေးရောင်ခြင်း၊ 400/mg on the first day, followed by 200 mg once a day for at least 10 to 12 weeks; Children 6 months to 13 years of age 12 mg/kg on the first day, followed by 6 mg/kg once a day for at least 10 to 12 weeks
• Esophageal candidiasis အစာမြိုပြွန် မှိုရောဂါ၊ 200 mg on the first day, followed by 100 mg once a day for at least 3 weeks; Children 6 months to 13 years of age 6 mg/kg on the first day, followed by 3 mg/kg once a day, for at least 3 weeks
• Oropharyngeal candidiasis အာခေါင်-လည်ချောင်း မှိုရောဂါ၊ 200 mg on the first day, followed by 100 mg once a day for at least 2 weeks; Children 6 months to 13 years of age 6 mg/kg on the first day, followed by 3 mg/kg once a day, for at least 2 weeks
• Other infections that may occur in different parts of the body တခြားမှိုရောဂါများ၊ 400/mg per day; Children 6 months to 13 years of age 6 to 12 mg/kg/day
• Urinary tract infections or peritonitis ဆီးလမ်းနဲ့ ဗိုက်အတွင်းဖုံးလွှာ မှိုရောဂါ၊ 50 to 200 mg/day
• Vaginal candidiasis မွေးလမ်းကြောင်း မှိုရောဂါ၊ 150 mg taken as a single dose
• Bone marrow transplantation ရိုးတွင်းခြင်ဆီ အစားထိုးခြင်းမှာ မှိုပိုးကနေ ကာကွယ်ရန်၊ 400 mg once a day

Flucytosine (ဖလူစင်တိုဇင်း)
50 to 150 mg/kg/day in divided doses every6h

Griseofulvin (ဂရစ်ဆီယိုဖူလ်ဘင်)
Fulcin Forte ဟာ ဒီဆေးပါဘဲ။ Jock itch ဂျွတ်၊ Athlete's foot အားကစားသမားခြေထောက်၊ Ringworm ပွေး၊ Fungal infections of the scalp ဦးရေခွံပွေး-မှို၊ Fingernails and toenails လက်သည်း-ခြေသည်းမှို၊ တနေ့ ၁ ကြိမ်ကနေ ၃-၄ ကြိမ်ပေးရတယ်။ ရောဂါ သက်သာပေမဲ့ ဆေးဆက်သောက်ရမယ်။ အရေပြားမှာဖြစ်ရင် ၂-၄ ပါတ်အထိပေးရမယ်။ ဦးရေခွံမှာဖြစ်ရင် ၄-၈ ပါတ်အထိ ပေးရတယ်။ လက်သည်းမှာဖြစ်ရင် ၃-၄ လအထိပေးရမယ်။ ခြေသည်းမှာဖြစ်ရင် ၆ လအထိပေးရမယ်။
Tinea capitis (Ringworm of the scalp) ဦးရေခွံမှိုရောဂါ၊ Tinea corporis (Ringworm of the body) ကိုယ်ခန္ခာမှို၊ Tinea pedis (Athlete's foot) အားကစားသမားခြေထောက်၊ Tinea unguium (Onychomycosis; Ringworm of the nails) ခြေသည်း-လက်သည်းမှို၊ Tinea cruris (Ringworm of the thigh) ပေါင်ခြံမှို၊ Tinea barbae (Barber's itch) ဆံပင်ညှပ်ဆိုင်ကကူးလာတဲ့မှို၊ Tinea corporis, Tinea cruris, and Tinea capitis တွေအတွက် တနေ့မှာ 500 mg ပေးတယ်။ Tinea pedis and Tinea တွေအတွက် တနေ့မှာ 1.0 gram ပေးရတယ်။

Itraconazole (အစ်ထရာကွန်နာဇိုးလ်)
(Sporanox)
Oropharyngeal candidiasis (Oral thrush) ပါးစပ် မှက္ခရု၊ Esophageal candidiasis အစာမြိုပြွန်မှို၊ Blastomycosis (Gilchrist’s disease) တိရစ္ဆာန်မှို၊ Aspergillosis အဆုပ်မှို၊ Histoplasmosis (Darling’s disease) အသက်ရှူလမ်းမှို၊ Onychomycosis ခြေသည်း-လက်သည်းမှို။ Itraconazole capsules ဆေးတောင့်ကို အစာနဲ့သောက်ရပါ။ Oral solution ဆေးရည်ကို အစာမရှိချိန်သောက်ပါ။
Aspergillosis 200 to 400/mg/day တကြိမ်တည်း ဒါမှမဟုတ် ၂ ခါခွဲပေး။
Blastomycosis or Histoplasmosis 200/mg တနေ့ ၁ ကြိမ်၊
Onychomycosis of the fingernails 200/mg တနေ့ ၂ ကြိမ်၊
Onychomycosis of the toenails 200/mg တနေ့ ၁ ကြိမ်၊
Esophageal candidiasis 100-200/mg or 10-20 mL တနေ့ ၁ ကြိမ်၊
Oropharyngeal candidiasis 200/mg or 20 mL တနေ့ ၁ ကြိမ်၊

Ketoconazole (ကီတိုကွန်နာဇိုး)
အရေပြားနဲ့ လက်သည်း-ခြေသည်းမှိုရောဂါများအတွက် စားဆေး၊
Protozoal infections (ပရိုတိုဇိုးဝါး) ပိုး၊ Cushing's syndrome (ကွတ်ရှင်-ဆင်ဒရုမ်း)၊ Prostate cancer ဆီးကျိတ်-ကင်ဆာ နောက်ပိုင်း၊ နဲ့ Sarcoidosis (ဆာကွိုက်ဒိုးးဆစ်) နဲ့ Tuberculosis တီဘီရောဂါရောဂါတွေမှာ (ကယ်လ်စီယမ်) များနေတာအတွက်လဲ သုံးသေးတယ်။ Antacid လေနာဆေး နဲ့တွဲမသောက်ရပါ။
Ketoconazole 2% cream (ကီတိုကွန်နာဇိုး) (ခရင်မ်)၊
Tinea corporis, Tinea cruris, Tinea pedis, Tinea (pityriasis) versicolor, Cutaneous candidiasis, Seborrheic dermatitis, Cutaneous candidiasis, Tinea corporis ၂-၄-၆ ပါတ်အထိပေးရတယ်။

Miconazole (မီကွန်နာဇိုးလ်) အပေါ်ယံဆေး၊
Cream (ခရင်မ်)၊ Lotion ဆေးရည်၊ Powder (ပေါင်ဒါ)၊ Spray liquid ဖြန်းဆေးရည်၊ Spray powder ဖြန်းဆေးမှုံ့၊
Vaginal cream မွေးလမ်းထဲထည့် (ခရင်မ်)၊ Vaginal suppository မွေးလမ်းထဲထည့်ဆေးတောင့်၊
Athlete's foot အားကစားသမားခြေထောက်၊ တနေ့ ၁-၂ ကြိမ်၊ ၁ လ။
Skin infections အရေပြားမှို ၂ ပါတ် အနည်းဆုံး။
Vaginal infections မွေးလမ်းမှို (Monistat-3) ၃ ည၊ (Monistat-7) ၇ ည။

Naftifine (တက်ဖတီဖိုင်း) လိမ်းဆေး၊
(Naftin, Naftin-MP)
Athlete's foot (Tinea pedis) အားကစားသမားခြေထောက်၊
Jock itch (Ringworm of the groin; Tinea cruris) ဂျွတ်၊ ပေါင်ခြံပွေး၊
Ringworm of the body (Tinea corporis) ကိုယ်ခန္ဓာပွေး၊

Terbinafine (တာဘင်နဖိုင်းန်) သောက်ဆေး၊
Onychomycosis of the toenail or fingernail (Tinea unguium) ခြေသည်း-လက်သည်းမှို၊
လက်သည်းမှို 250 mg တနေ့ ၁ ကြိမ်၊ ၆ ပါတ်။
ခြေသည်းမှို 250 mg တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်။

Tolnaftate (တိုလ်နက်ဖ်တိတ်) လိမ်းဆေး၊
Absorbine Jr. Antifungal, Aftate, Blis-To-Sol, Dermasept Antifungal, Fungi-Guard, Podactin, Q-Naftate, Tinactin, Tinaderm, Ting, Athlete's Foot Gel, Dr. Scholl's Athlete's Foot, Pitrex, Scholl's Athlete's Foot Spray, Scholl Tritin Antifungal Powder, Scholl Tritin Antifungal Spray Powder

Scalp fungus ပွေး (မှို) ခေါ်တဲ့ (ဖန်းဂတ်စ်)
Scalp ringworm ဦးရေခွံပွေး ခေါ်တယ်။
Griseofulvin စားဆေးကို ၈-၁၂ ပါတ်အထိသောက်ရတယ်။ အသက် ၁၂ နှစ်ကျော်ရင် တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ငယ်ရင် ကိုယ်အလေးချိန်အရလျှော့သောက်ရမယ်။
Terbinafine ကိုလဲအစားထိုးပေးနိုင်တယ်။ Itraconazole နဲ့ Fluconazole ကိုလဲသုံးနိုင်တယ်။
Antifungal creams and shampoos လိမ်းဆေးနဲ့ ခေါင်းလျှော်ရည်လဲလာတယ်။ စားဆေးလောက် မထိရောက်ပါ။ စားဆေးပါသောက်ပြီး ခေါင်းလိမ်းရင် တပါတ်မှ ၂ ခါသာလိမ်းပါ။

1.Fungal infections မှိုရောဂါများ https://doctortintswe.blogspot.com/2016/12/fungal-infections.html
2.Fungus မိုးစိုစို မှိုသတိထား http://doctortintswe.blogspot.com/2015/08/fungus.html
3.Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း https://doctortintswe.blogspot.com/2016/04/fungal-jockitch.html
4.Thrush မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html
5.Vaginal fungal infection (ဖန်းဂတ်စ်) မှိုရောဂါ https://doctortintswe.blogspot.com/2016/04/vaginal-fungal-infection.html
6.Yeast Infection ယိစ်ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2017/05/yeast-infection.html

Dr. တင့်ဆွေ

Marriage Anniversary နှစ်ပတ်လည်နေ့တနေ့

$
0
0
လူတိုင်းဘဝမှာ အထူးမှတ်သားစရာ နှစ်ပတ်လည်နေ့တွေကိုယ်စီရှိကြတယ်။ ကျွန်တော့် ကိုယ်ပိုင်မှတ်တမ်းဖိုင်မှာ မိသားတစုလုံးရဲ့ မွေးနေ့တွေ၊ အရေးပါတဲ့ နိုင်ငံအပြောင်းအရွှေ့နေ့တွေအပြင် ကွယ်လွန်သူတွေရဲ့ နေ့တွေလည်းပါတယ်။ အိမ်ထောင်ပြုကြတဲ့ရက်တွေလည်းပါတယ်။

ကျွန်တော်နဲ့ ဒေါ်မြမြအေး ၁၆-၇-၁၉၇ဝ မှာ အိမ်ထောင်ပြုကြလို့ လာမဲ့တနင်္လနေ့မှာ (၄၈) နှစ်ပြည့်ပါပြီ။ အိမ်ထောင်သက် (၃ဝ) နှစ်ပတ်လည် ပုလဲရတုမှာ သားတယောက်ကနေ အမှတ်တရရေးထားတဲ့ကဗျာကို ပြန်တင်ပါရစေ။

• ဒီနှစ်တွေမှာ
• ငါတို့ဟာ
• အရာရာကိုရင်ဆိုင်ခဲ့တယ့့်။
• သမီးတယောက်
• သားလေးယောက်
• နောက်ထပ်ဆင့်ပွား
• မြေးလေးများတောင် ရပြီကွယ့့်။

• ကြည့်စမ်းပါကွယ်
• နှစ်သုံးဆယ်ဆိုတာ
• ဘာကြာလိုက်လို့လဲ့
• ခိုင်မြဲတဲ့အချစ်နဲ့
• ဖိုင်တွဲရမယ့် နှစ်တွေဟာ
• တကယ်တော့
• တထိုင်ထဲက,တဲ့ မိနစ်တွေပါပဲ့။

• စက္ကန့်က အချစ်
• မိနစ်က မေတ္တာ
• နှစ်သုံးဆယ်ဆိုတာ
• ဒါတွေပါပဲ့။

• အိမ်ထောင်ရေးရဲ့ဇစ်မြစ်
• အချစ်ကိုအခြေတည့့်
• ဟောဒီအိမ်ထောင်ရေးဟာ
• မေတ္တာကိုသွန်းထု
• 'မိသားစု'့ရယ်လို့
• ဖိအားတခုတိုးပွား
• ငါတို့ ပိုချစ်သွားကြတယ့့်။

• သားတွေ သမီးတွေနဲ့
• ပွားစေ ကြီးစေဟဲ့လို့
• အားတွေ မီးတွေအထည့်
• စနစ်ရဲ့ခွင့်ပြုချက်
• သိပ်ရက်စက်လွန်းတယ်ကွယ့့်။

• မုန်တိုင်းတချက်
• ကဆုန်စိုင်းနှက်တော့
• တိုင်းပျက် ပြည်ပျက်
• အိုးခွက်တခြား
• ဟို့း့ရက်များက
• တို့များခွဲသွားရဖူးတယ့့်။

• သားတယောက် လက်ဆွဲ
• အဖတယောက်ရဲ့ရက်စွဲတွေဟာ
• ဘယ်နေရာမှာခြောက်ကပ်လို့
• ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
• ဂယောက်ဂယက်ဖြစ်ခဲ့ပါသလဲ့

• သမီးတယောက်
• သားသုံးယောက်ရဲ့
• ပါးစပ်ပေါက်တွေ ခွန့်ကျွေး
• သနပ်ခါးမမွှေးနိုင်တဲ့မိခင်ဟာ
• ဘယ်နေရာမှာတပေါက်ကျလို့
• ဘယ်နေ ဘယ်ကမ္ဘာပျောက်ခဲ့ရပါသလဲ့
• တွေးဆကြည့်ဖို့တောင်မှ
• ငလျင်ဆန်လွန်းလှတယ်ကွယ့့်။

• အဲဒီရဲ့နောက်
• တို့နှစ်ယောက်
• တခေါက်ပြန်ဆုံကြရတယ့့်
• ဘယ်မလဲအတိတ်
• အနှစ်နှစ်ဆယ်စိတ်ဓါတ်နဲ့
• အသစ်ကွယ် တံဆိပ်ကပ်ပြီး
• ချစ်စဖွယ် နိမိတ်ဖတ်ခဲ့ကြတယ့့်။

• လောကဓံတရားကို
• မနောခံအားနဲ့
• လျှောလန်သွားအောင် တိုက်ခဲ့တယ့့်
• ချစ်ထုံးရယ်မပြေ
• နှစ်သုံးဆယ်လေ
• သက်သေ့ကွဲ့။

• ကဲ
• နောက်ထပ်တရစ်
• အနှစ်ခြောက်ဆယ်
• အချစ့့်လျှောက်မယ်မဟုတ်လာ့း့။ ။

(အဖေနဲ့အမေတို့ရဲ့မင်္ဂလာပုလဲရတုသို့)
နေမင်းနီ
22.7.1999
04:20 am

ပုံကတော့ ဇွန်လ (၇) ရက်နေ့က မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းမှာရှိတဲ့ ရွှေတောင်ဦးဘုရားမှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Viewing all 656 articles
Browse latest View live