Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

ESL အင်္ဂလိပ်စာ

$
0
0
ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။ 

ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။

တယောက်က မေးဖူးတယ်။ အခုမှ အမေရိကားရောက်တဲ့သူတွေအတွက် ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲ။ စာအုပ်မရွေးတတ်လို့ ဖတ်ရင်းနဲ့ စိတ်ရှုပ်၊ စိတ်ရှုပ်တော့ ခေါင်းကုတ်၊ စာအုပ်ဘေးပုတ် ဖြစ်နေတယ်ဆရာ။ smile!

အင်္ဂလိပ်စာ ပိုတတ်ချင်တာကိုက လမ်းမပေါ်ရောက်ပါပြီ။ လက်တွေ့ကျတာပြောပါရစေ။ စကားပြောပါ။ မရှက်ပါနဲ့။ ဒီမှာက ဖတ်စရာများတယ်။ စာတိုက်ပုံးဖွင့်တိုင်း အခမဲ့ပို့ပေးနေတဲ့ ကြော်ငြာတွေကိုလည်းဖတ်ပါ။ ကလေးတွေဖတ်တဲ့ စာအုပ်တွေကနေ စသင့်တယ်။ ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ ဘယ်သူမဆို စာအုပ် ၂-၃-၄ အုပ် အခမဲ့ ယူသွားခိုင်းတယ်။ ကိုယ့်စိတ်ဝင်စားတဲ့ စာအုပ်တွေ ယူလာခဲ့ပါ။ ဖတ်ပါ။ (အခုတော့ အဲတာမရှိတော့ပါ။) စာကြည့်တိုက်ကတော့ အကောင်းဆုံး။ အဲတာလည်း စာကြည့်ကိုက်ကဒ်ပြားပေးချင်လွန်းလို့ နောက်ကနေ လိုက်လုပ်ပေးနေတယ်။ အဖွဲ့ဝင်လိုက်ပါ။ စာအုပ်တွေငှားဖတ်ပါ။

တီဗွီကြည့်ပါ။ ကာတွန်းဖြစ်ဖြစ်၊ မိုးလေဝသသတင်းဖြစ်ဖြစ်၊ ကြောငြာတွေဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ ရုပ်ရှင်၊ အားကစား၊ စိတ်ဝင်စားတာကို ကြည့်ပါ။

အမေရိကန်တွေ အင်္ဂလိပ်စာသင်ပေးနည်းက ကျွန်တော်တို့ဆီမှာနဲ့ မတူတာတွေရှိတယ်။ စာလုံးတိုင်းကို နားလည်ဘို့မလို၊ ခြုံငုံသိရင် ဖြီးဖြန်းဖြေရတာမျိုး။ ဒီမှာ အဲတာကနေစတယ်။ ဘဏ်သွားမယ်။ ငွေသွင်းချင်တာနဲ့ ငွေထုတ်ချင်တာကို မှန်အောင်ပြောတတ်ရင် ရပြီ။ မေးဘို့ ဘယ်နေရာမှ ဝန်မလေးပါနဲ့။ ဆေးရုံဆေးခန်းသွားသွား၊ ဘယ်ရုံးသွားသွား အဆုံးမှာ သူတို့ကနေ ဘာမေးချင်သေးလဲနဲ့ စကားပြောခန်းကို နိဂုံးချုပ်တယ်။

အလုပ်အားချိန်မှာ အချိန်ပိုင်းကျောင်းတခုခုတက်ပါ။ အမျိုးမျိုးရှိတယ်။ ဥပမာ အင်ဒီယာနာပိုးလစ်မြို့က ကျွန်တော် ကူသင်နေတဲ့ Christel House ညနေကျောင်း။ ESL Schools and Programs လို့ အင်တာနက်မှာရိုက်ရှာရင် ကိုယ်နေတဲ့နေရာ၊ ကိုယ့်အလုပ်ချိန်နဲ့ အံကိုက်တာရွေးလို့ရတယ်။ အားလုံး အခမဲ့သာဖြစ်တယ်။ ကလေးပါရင် ထိန်းပေးအုံးမယ်။

နောက်တယောက်လည်း မေးတယ်။ ဆရာရှင့် Story reading ကို ဘယ်လိုသင်ကြားပေးပါသလဲ။ နည်းလမ်းလေး မျှဝေပေးလို့ရနိုင်မလားရှင့်။

၉ တန်း၊ ၁ဝ တန်းအဆင့် အင်္ဂလိပ်စာသင်တာမှာ ထုံးစံအတိုင်း သဒ္ဒါ၊ အဖတ်နဲ့ အရေးသင်တယ်။ ကြားထဲမှာ အပြောလည်းပါတယ်။ ကျွန်တော်တို့ကျောင်းမှာ စတိုရီ ခေါ် ဖတ်စရာတခုခုကို အင်တာနက်သတင်းဖြစ်ဖြစ်၊ သတင်းစာထဲကဖြစ်ဖြစ်၊ ရွေးပြီး ကျောင်းသားတယောက်ကို ကော်ပီတခုစီဝေတယ်။ တိုတိုလေးတွေပါ။ အဲတာနဲ့အတူ Squeepers worksheet ဆိုတာ တရွက်စီပေးတယ်။ စတိုရီမှာ ပုံတပုံပါတယ်။ အရင်ဆုံး ဆာဗေးဆိုတဲ့အကွက်မှာ ဘာတွေမြင်သလည်း သိတာတွေ ချရေးရတယ်။ လူ၊ ယောက်ျား၊ မိန်းမ၊ ကလေး၊ သစ်ပင်၊ ပင်လယ် စသဖြင့်။ နောက် မေးခွန်း (၃) ခုကြိုက်တာမေး။ ဘယ်မှာလည်း၊ ဘယ်တုံးကလည်း၊ ဘာလုပ်နေတာလည်း။ နောက် မှန်းဆချက် (၃) ခု။ သစ်တွေခုတ်နေတယ်။ ခိုးထုတ်နေတယ်။ သစ်တောပြုန်းတီးမယ်။

စတိုရီဖတ်မယ်။ နှေးနှေးဖတ်ပြမယ်။ မှန်မှန်ဖတ်ပြမယ်။ မသိတဲ့ စာလုံး (၅) လုံးမှတ်ထားစေမယ်။ ဖြေပေးတယ်။ နောက် ရှေ့မှာ မဖတ်ခင်က ကိုယ်မေးတာတွေကို ဖတ်ပြီးသိလာတဲ့အကြောင်းအချက်အရ ကိုယ်တိုင် ပြန်ဖြေမယ်။ နောက်ဆုံး စတိုရီကို ဆမ်မာရီရေးစေတယ်။

အင်္ဂလိပ်သဒ္ဒါသင်နည်းကတော့ မြန်မာပြည်နဲ့ အတော်မတူပါ။ ဝါစင်္ဂရှစ်ပါး၊ အက်တစ်-ပက်ဆစ်၊ ဒါရိုက်-အင်ဒါရိုက်၊ အနည်း-အများ၊ မေးခွန်းလုပ်နည်းဆိုပြီး ကဏ္ဍခွဲမသင်ပါ။ သဒ္ဒါ၊ အဖတ်၊ အပြော၊ အရေးကိုသင်နေရင်း သိစေတယ်။ တချို့ရက်တွေမှာ လက်ပ်တော့တလုံးစီပေးပြီး ဗီဒီယိုဖိုင်ထဲကပြောတာတွေကို သင်တယ်။ မြန်မာကျောင်းသားတွေ တဖြည်းဖြည်းနဲ့ တိုးတက်တတ်မြောက်လာကြတယ်။

ဒီစာရေးခဲ့စဉ်က ကျောင်းဆရာက တယောက်။ နောက်ထပ် ၂ ယောက်ပြောင်းသွားပြီ။ စာသင်နည်းက မတူကြပါ။ ဒီနှစ် နောက်တယောက် နက်ဖြန်ကစသင်လိမ့်မယ်။ တူမှာမဟုတ်။ အဆင်သင့်တော့ ရေးဦးမယ်။

အိန္ဒိယမှာကတည်းက ခင်မင်ရင်းနှီးတဲ့ ဆရာတော်တပါး တမြန်နှစ်က ကြွလာတယ်။ ဆရာတော်က ပြည်တွင်းမှာ ကလေးတွေကို အင်္ဂလိပ်စာလည်းသင်ပေးနေလို့ ယူအက်စ်အေမှာ ESL ခေါ် အင်္ဂလိပ်စာကို ဒုတိယဘာသာအဖြစ်သင်တဲ့ ကျောင်းတွေမှာ အသုံးပြုတဲ့စာအုပ်လေးနှစ်အုပ်ကို လှူလိုက်ပါတယ်။ စိတ်ထဲကနေ တောင်းတဲ့ဆုကတော့ မြန်မာပြည်သားတွေ စာတတ်တွေ ဖြစ်ကြပါစေ။

ESL = English as a second language
English လူသစ်များသို့ပေးစာ (၃) https://doctortintswe.blogspot.com/2015/12/english.html

ကနေ့ညနေ ကျောင်းအပြင်ဘက်ကပုံ

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...