Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Facebook Statistics ဖေ့စ်ဘွတ် စတက်

$
0
0
အသစ်ပေါ်လာတဲ့ အီးမေးလ်၊ တွစ်တာ၊ အင်စတက်ဂရမ်၊ စတဲ့ ဆက်သွယ်နည်းတွေက အမျိုးမျိုးရှိတာ။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်ကို အများဆုံးသုံးကြတယ်။

၂၉-၇-၂ဝ၁၈ နေ့က စာရင်းဇယားတွေအရ
ကမ္ဘာမှာ လူပေါင်း ၂့၂၃ ဘီလီယန် ဖေ့စ်ဘွတ်ကို သုံးနေကြတယ်။ မနှစ်ကထက် ၁၁% တိုးလာတာ။
နေ့စဉ်သုံးစွဲနေသူပေါင်းက ၁့၄၇ ဘီလီယန်ရှိတယ်။ အက်တစ်ဖြစ်သူတွေလို့ ခေါ်တယ်။
နေ့စဉ် Like နဲ့ Share Buttons ကိုသုံးသူပေါင်း ၁ဝ သန်းရှိတယ်။ အဲတာတောင် ၂ဝ၁၄ စာရင်းအရသာရှိသေးတယ်။
စက္ကန့်တိုင်းမှာ ပရိုဖိုင်းအသစ် ၅ ခုတိုးတိုးလာနေတယ်။
နေ့အချိန် ၁ နာရီနဲ့ ၃ နာရီကြားမှာ အများဆုံးသုံးကြတယ်။
ဓါတ်ပုံတင်နေသူပေါင်း နေ့စဉ် သန်း ၃ဝဝ ရှိတယ်။
ပျမ်းမျှ လူတယောက်ဟာ မိနစ် ၂ဝ ကြာသုံးတယ်။
မိနစ်တိုင်းမှာ ကွန်မင့်ရေးတာ ၅ သိန်း ၁ သောင်းရှိတယ်။ စတေးတပ်တင်နေသူပေါင်း ၂ သိန်း ၉ သောင်း ၃ ထောင်။ ဓါတ်ပုံပေါင်း ၁ သိန်း ၃ ယောင်း ၆ ထောင်။
၂ဝ၁၃ စာရင်းအရ သူများတွေတင်ထားတာကို ရှယ်နေတဲ့ အပိုင်းအစပေါင်း ၄့၇၅ သန်းရှိတယ်။
အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အရွယ်တွေ ၅ဝ% က အိပ်ရာထတာနဲ့ ဖေ့စ်ဘွတ်ကိုင်ကြတယ်။
အသက် ၂၅ ကနေ ၃၄ အရွယ်ရှိသူတွေက ၂၉့၇% ပါတယ်။
စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဘသာရေးအကျိုးအတွက် သူတို့ကို ပစ်မှတ်ထားပြီးလုပ်ကြတယ်။ အဲဒီစာရင်းထဲမှာ  အမျိုးသမီးတွေက ၇၆% ရှိတယ်။ ယောက်ျားတွေက ၆၆% ပါဝင်ကြတယ်။
ပရိုဖိုင်းလ်အတုပေါင်းကလည်း ၈၃ သန်းရှိတယ်။

ကျွန်တော့်သုံးသပ်ချက်
ဖေ့စ်ဘွတ်ကို ဖတ်နေ သုံးနေတာ ပေါ်ကာစကတည်းကပါ။ သုတေသနတော့ မလုပ်အားပါ။ ကိုယ်တိုင်စာရေးသူတွေ ကွန်မင့်ရေးသူတွေက ကိုယ့်ဘာသာစကားကိုယ် မကျွမ်းကျင်ကြတာ ရာခိုင်နှုန်းအလွန့်အလွန် များတယ်လို့ ယူဆတယ်။

ကျွန်တော့်ဆီ အများဆုံးက ကျန်းမာရေး မေးကြတာ ၉ဝ% ရှိမယ်။ သတ်ပုံပြင်စရာမလိုတာက ၁ဝ% ထက်နည်းတယ်။

အပျော်အပျက်ရေးကြတာကလည်း ၂ဝ% လောက်ရှိမယ်။ ရီသလိုနောက်သလို ခေတ်ဆန်ဆန်ရေးတာပါလို့ ဘယ်လို ဆင်ခြေပေးပေး သူတို့လည်း မြန်မာစာမှန်အောင်ရေးသူတွေမဟုတ်ပါ။ သူတို့ထဲက မှန်လှ ၁% လောက်သာရှိမယ်။

သူများရေးထားတာကို ရှယ်တာတွေ တဂ်လုပ်တာတွေထဲက အမှားလွတ်တာ အတော်ကိုရှားတယ်။ ဆုတောင်းစာတွေ တရားစာတွေမှာ သတ်ပုံမှားကြတာ ၅ဝ% လောက်ရှိမယ်။

မမှန်တဲ့ မှားတဲ့ လိမ်တဲ့ သတင်းတွေ သတိပေးချက်တွေကို လျှောက်ဝေနေသူတွေလည်း မနည်းပါ။ မိတ်ဆွေပျက်ရခြင်းအကြောင်းပို့ကို ခဏခဏ (ခဏခဏ) တင်ရပေါင်းများလှပြီ။ ဘီလ်ပေးပြီး အလိမ်ခံကြသူတွေ။

ထိုင်နေအကောင်းသားလို့ ဆိုစကားရှိတယ်။ ထိုင်မနေချင်ကြ။ လူပုံအလယ်ထွက်ထွက်ပြကြတယ်။ ကန်တော့ပါ။ ပုဆိုး ဖင်ပေါက်။ ထဘီ စုတ်ပြဲ။ စကပ် မလုံ။ တချို့က့
ကိုယ်ရေးးတာကိုယ် မှားနေမှန်းမသိသူတွေ ရာခိုင်နှုန်းအလွန်များတာသိတယ်။ ကိန်းဂဏန် မသိပါ။ ဆောရီး။

ကောက်ချက်
ဖေ့စ်ဘွတ်သုံးသူတွေ ကိုယ့်ဘာသာစကားတော့ ကြိုးစားသင်ယူသင့်ကြတယ်။ သင်ရင် တတ်တယ်။ အသက်ကြီးမှသင်လည်း တတ်တာပဲ။ ကျွန်တော်ထက် အသက်ကြီးသူ မပါလောက်။ ကျွန်တော်လည်း မှားတတ်တယ်။ သိတာနဲ့ ပြင်တယ်။ ပြင်ပေးလာသူတွေကို ကျေးဇူး။

ငယ်ငယ်က ဆိုကြတယ်။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုလည်။ ဖိနပ်ခိုးတတ်တယ်။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင်။ ဖိနပ်ခိုးတာမြင်။ စာမတတ်တာကို ပြောတာ။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...