• စမ်းသပ်နေကြနည်းထက် စောပြီး သိမယ်။ • ပိုးကသွေးထဲဝင်လာတာနဲ့ ‘အင်တီဘော်ဒီ’ တွေ စထုတ်မယ်။ ဒါပေမဲ့ ဒီ ‘အင်တီဘော်ဒီ’ တွေက ပိုးကိုခံမချနိုင်ဘူး။ ရောဂါရှာဖွေရေးအတွက်သာ အသုံးဝင်သလိုဖြစ်နေတယ်။ • HIV antibody test ‘အင်တီဘော်ဒီ’ စမ်းနည်းကို ELISA or EIA နည်းလို့ခေါ်တယ်။ စံချိန်ကိုက်စမ်းနည်း ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကို လိုက်ရှာတာ မဟုတ်ပါ။ • DNA test နည်းကို NAAT = Nucleic acid amplification testing လို့ခေါ်တယ်။ ပိုးကိုလိုက်စမ်းတဲ့နည်း ဖြစ်တယ်။ အင်တီဘော်ဒီနည်းထက် စောသိမယ်။ ART ဆေးပေးနေသူတွေကို စောင်ကြည့်ရာမှလုပ်ရတဲ့ Viral load test နည်းနဲ့ ဆင်တယ်။ • အားနည်းချက်တွေရှိတယ်။ သိပ်အထိမခံသလိုဖြစ်လို့ မှားပြီးအပေါင်းပြတတ်တယ်။ ဒါကြောင့် ဒီနည်းမှာ အပေါင်းပြသူတိုင်းကို စံချိန်ကိုက်စမ်းနည်းဆက်လုပ်ရမယ်။ နေရာတိုင်းမှာ DNA test စမ်းနည်းမလုပ်ပါ။ • ပိုးဝင်ပြီး ၆ ရက် ကနေစပြီး စမ်းနိုင်ပြီ။ ၂၁ ရက်မှာစမ်းတာ ပိုသင့်တယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။ • ၁ဝဝ% တိကျတယ်လို့တော့ ပြောမရပါ။ ဒေါက်တာတင့်ဆွေ
↧