Facebook 25-5-2014 6 hours ago: ဆရာ အနာကြီးရောဂါဝေသနာခံစားနေရတဲ့သူနဲ့ အတူတူနေ နေရပါတယ်။ မကူးစက်အောင် ဘယ်လိုကာကွယ် ရမလဲဗျ။ ဘယ်လိုဂရုစိုက်သင့်လဲဗျ။ ပြန်ဖြေကြားစေလိုပါသည်။ • ရောဂါရှိနေမှန် စောစောသိပြီး ဆေးကုသမှု စနစ်တကျခံယူရမယ်။ တချိန်တည်းမှာ သူများကို မကူးစက်အောင်ဆင်ခြင်နေရမယ်။ • လူအများကို ရောဂါအကြောင်း၊ ကူးစက်နည်းတွေကို သိစေအောင် ပညာပေးရမယ်။ • တအိမ်တဲအတူနေရသူတွေကို စောင့်ကြည့်နေရမယ်။ ရောဂါလက္ခဏာတွေကို ကြည့်နေရမယ်။ • Rifampicin ဆေးတမျိုးထဲကို ကာကွယ်တဲ့အနေနဲ့ ပေးရင် ပဌမ ၂ နှစ်အတွင်းမှာ ၅၇% ကူးစက်မှုသက်သာတာ တွေ့ရတယ်။ ဒီနည်းကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသေးပါ။ ကာကွယ်ဆေးလဲ အများသုံးမပေါ်သေးပါ။ • တီဘီကာကွယ်ဆေးဖြစ်တဲ့ BCG vaccine ကိုသုံးတာ လေ့လာမှုတွေမှာ ၂၆-၄၁% ကောင်းတာတွေ့ရတယ်။ ဒေါက်တာတင့်ဆွေ
↧