ဆရာ နွေရာသီမှာ အပူကြွပြီး သွားဖုံးနှင့် သွားနာတာ ဘယ်လိုဆေးတွေ သောက်ပြီး ရှောင်ရန် ဆောင်ရန်လေး ပြောပြပါအုံး။
• သွားဖုံးရောင်ခြင်း ဖြစ်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။
• အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။
• ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။
• ခံတွင်းသန့်ရှင်းလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ နေ့တိုင်းသွားတိုက်တာနဲ့ Flossing သွားကြားတွေထဲ ကြိုးစနဲ့ သန့်ရှင်းတာ လုပ်ရမယ်။
• ဗက်တီးရီးယားရန်ကနေ ကာကွယ်ရမယ်။
• Saline ဆားရည်နဲ့ပါးစပ်ဆေးတာ အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။
• Hydrogen peroxide, Chlorhexidine mouth washes ပါးစပ်ဆေးရည် အမျိုးမျိုးကိုလဲ သုံးနိုင်တယ်။
• သွားအထူးကုဆရာဝန်တွေကလဲ ကုသနည်းတွေလုပ်ပေးမယ်။
• NSAID အနာသက်သာဆေးရည်စိမ်ပေးတာလဲ လုပ်တယ်။
• NSAID စားဆေး Ibuprofen ဒါမှမဟုတ် Diclofenac စားဆေးတွေသောက်ရတယ်။ ဆေးတွေရဲ့ဘေးထွက်-ဆိုးကျိုးတွေကိုတော့ သတိထားရမယ်။
• ဆေးမကုဘဲနေရင် Periodontitis ရောဂါဆက်ဖြစ်နိုင်တယ်။
Bleeding gums သွားဖုံးသွေးယိုခြင်း http://dts-medicaleducation.blogspot.in/2011/11/bleeding-gums-2.html
ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄