5:48am Aug 31
မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ သွေးအကြောင်း Post ကို ဖတ်ရတဲ့အတွက် ကျေးဇူးပါဆရာ။ အအေမေဟာ B သွေးဖြစ်ပြီ။ သားသမီးက O သွေးဖြစ်နိုင်ပါသလားဆိုတာ လေးစားစွာမေးပါရစေရှင်။
လူတယောက်ဟာ ABO အုပ်စုခွဲနည်းထဲက တမျိုး နဲ့ Rh အုပ်စုခွဲနည်းထဲက တမျိုး ရှိလာမယ်။ အများ နားယဉ်တဲ့ (အေ-ဘီ-အို-အေဘီ) (၄) မျိုးစလုံးမှာ အပေါင်းနဲ့ အနုတ်ရှိလို့ ပေါင်း (၈) မျိုးဖြစ်တယ်။ မေးတဲ့သူမှာ ABO အရ (ဘီ) နဲ့ Rh က အပေါင်း။ ဒီနေရာမှာ (ဘီ) (ပေါ့ဇေးတစ်ဖ်) ဆိုတာ အသဲရောင် (ဘီ) ပိုး ရှိတာနဲ့ မှားတတ်တယ်။Rh အုပ်စုခွဲနည်းကို သပ်သပ်ရေးထားပါတယ်။
Paternity Determination by Blood Type သွေးအုပ်စုကိုကြည့်ပြီး မိဘ စစ်-မစစ်၊ ဖြစ်နိုင်ခြေ စမ်းသပ်ရန်ဇယား
ဒီနည်းကိုကြည့်ပြီး ကိုယ့်ဖခင် စစ်-မစစ် တချို့အရှုပ်အရှင်းတွေမှာ အထောက်အထားပြုနိုင်ပါတယ်။ လိုသေးရင် DNA ပါဆက်စစ်ရပါမယ်။
မိဘတွေကရဲ့သွေးအမျိုးအစားတွေကနေ သားသမီးတွေမှာ ဖြစ်လာနိုင်တဲ့ သွေးအမျိုးအစားများ
1. မိဘသွေးအုပ်စု (အေ) + (အေ) = သားသမီး (အေ) နှင့် (အို)
2. မိဘသွေးအုပ်စု (အေ) + (ဘီ) = သားသမီး (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)
3. မိဘသွေးအုပ်စု (အေ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
4. မိဘသွေးအုပ်စု (အေဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
5. မိဘသွေးအုပ်စု (ဘီ) + (ဘီ) = သားသမီး (ဘီ) နှင့် (အို)
6. မိဘသွေးအုပ်စု (ဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
7. မိဘသွေးအုပ်စု (အို) + (အို) = သားသမီး (အို)
8. မိဘသွေးအုပ်စု (အေ) + (အို) = သားသမီး (အေ) နှင့် (အို)
9. မိဘသွေးအုပ်စု (ဘီ) + (အို) = သားသမီး (ဘီ) နှင့် (အို)
10. မိဘသွေးအုပ်စု (အေဘီ) + (အို) = သားသမီး (အေ) နှင့် (ဘီ)
11. မိဘသွေးအုပ်စု (Rh +) + (Rh -) = သားသမီး (Rh +) နှင့် (Rh -)
12. မိဘသွေးအုပ်စု (Rh -) + (Rh -) = သားသမီး (Rh -)
13. မိဘသွေးအုပ်စု (Rh +) + (Rh +) = သားသမီး (Rh +) နှင့် (Rh -)
Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား
သွေးလှူချင်သူများ
• သွေးအုပ်စု A+ သည် A+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု O+ သည် O+, A+, B+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု B+ သည် B+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု AB+ သည် AB+ ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု A- သည် A+, A-, AB+, AB- တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု O- သည် လူတိုင်းကို သွေးလှူနိုင်သည်။
• သွေးအုပ်စု B- သည် B+, B-, AB+, AB- တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု AB- သည် AB+, AB- တို့ကို သွေးလှူနိုင်သည်။
သွေးရယူမည့်သူများ
• သွေးအုပ်စု A+ သည် A+, A-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု O+ သည် O+, O-ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု B+ သည် B+, B-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု AB+ သည် လိုတိုင်းဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု A- သည် A-, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု O- သည် O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု B- သည် B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု AB- သည် AB-, A-, B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• Blood donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/2012/01/blood-donation.html
• Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း http://dts-medicaleducation.blogspot.in/2012/05/rh-blood-group-system.html
Blood Grouping သွေးအုပ်စုခွဲခြင်း http://dts-medicaleducation.blogspot.in/2013/08/blood-grouping.html
DNA testing မျိုးဗီဇစမ်းခြင်း http://dts-medicaleducation.blogspot.com/2011/04/dna-testing.html
ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၃