Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Infrared (IR) light အနီအောက်ရောင်ခြည်

$
0
0
• အလင်းရောင်မှာ သက်တန့်လိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေသိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့ ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့ ခေါ်တယ်။
• အနီအောက်ရောင်ခြည်ဟာ လှိုင်းအလျားရှည်တဲ့ လျှပ်စစ်-သံလိုက်အလင်းဖြစ်တယ်။ ၁၈ဝဝ ကတည်းက စတွေ့ခဲ့ပါတယ်။
• လျှပ်စစ်-သံလိုက်အလင်းစုထဲက လှိုင်းအလျားတိုတာတွေက အန္တရာယ်ပေးတယ်။ ဥပမာ ဂါမာရေးလ်၊ အိတ်စ်ရေးလ် နဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်တယ်။ လှိုင်းရှည်တွေထဲမှာ ရေဒီယိုဝေ့ဖ်၊ မိုက်ခရိုဝေ့ဖ်၊ အင်ဖရာရက် တွေပါတယ်။
• အနီအောက်ရောင်ခြည်ကို စက်မှုလုပ်ငန်းတွေ၊ သိပ္ပံဆိုင်ရာအလုပ်တွေနဲ့ ဆေးပညာ နယ်ပယ်တွေမှာ အသုံးချနိုင်ပါတယ်။ နတ်ခတ္တဗေဒမှာလဲ အဝေးကြည့်မှန်ပြောင်းလုပ်တယ်။ စစ်ရေးမှာလဲ ညကြည့်ကိရိယာ စတာမျိုးအပါအဝင် တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ ဆက်သွယ်ရေးကိရိယာ၊ လမ်းကြောင်းရှာကိရိယာ၊ သာမိုဂရပ်ဖီ၊ ရုပ်ပုံဖေါ်ခြင်း၊ အပူပေးခြင်း၊ မိုးလေဝသ၊ အနုပညာသမိုင်း၊ စတာတွေမှာလဲ သုံးတယ်။
• ကျန်းမာရေးအသုံးမှာ အနည်းအများချိန်ရတယ်။ အနီအောက်ရောင်ခြည်ပြင်းရင် ကျန်းမာရေးကို ထိခိုက်စေတယ်။ မျက်စိထိခိုက်တယ်။
• အနီအောက်ရောင်ခြည်ကို ကင်မရာမှာသုံးပြီး အရေပြားထဲကသွေးလှည့်ပတ်မှုကို သိနိုင်တယ်။
• Infrared saunas အပူပေးရေချိုးတာလဲ သုံးကြတယ်။ ဥပမာ သွေးတိုး၊ နှလုံရောဂါ၊ ရူမတွိုက် အဆစ်နာ၊
• IR spectroscopy image ပုံဖေါ်နည်းနဲ့ အသဲမှာ steatosic liver tissue ကိုသိနိုင်တယ်။
• Optimus H4200 Infrared Heater အခန်းအပူပေးကိရိယာအဖြစ်သုံးတယ်။ မှို (ဖန်းဂတ်စ်) ကိုကာကွယ်တယ်။ လေသန့်တယ်။
• Electric infrared heater လျှပ်စစ်သုံးအနီအောက်မီးလုံကနေ Detoxifying ဖြစ်စေလို့ ခုခံအားကို ကောင်းစေတယ်လို့ ယူဆတယ်။ ကင်ဆာကိုပါ စမ်းသုံးတာလဲရှိတယ်။
• Gout ဂေါက်ရောဂါ၊ Sciatica စိုင်ယာတစ်ကာ (ပေါင်-ခြေတဖက်နာ) ရောဂါအတွက်လဲသုံးတယ်။ ခါးနာတာလဲ သုံးတယ်။ အနာကျယ်တာကိုလဲ အသားနုတက်စေအောင်သုံးတာလဲရှိတယ်။
• အထောက်အကူပြုတဲ့ ကုသချက်တခုသာဖြစ်တာကို သတိပြုရပါမယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၄

Viewing all articles
Browse latest Browse all 656

Trending Articles


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


စာရေးဆရာကြီး အောင်သင်း ကွယ်လွန်ရှာပြီ


Burmese to English Dictionary (Unicode)


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ