Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Vitamin D ဗီတာမင် (ဒီ)

$
0
0
September 22, 2013
ကျမရဲ့ ညာခြေထောက်ခြေခြင်းဝတ်အထက်ရှိ ခြေသလုံးမှ ကြွက်သားသည် တနှစ်တွင်နှစ်ခါခန့် ဘာမှ ပြင်းပြင်းထန်ထန် မလုပ်ပဲနဲ့ အလိုလိုနေရင်း ရောင်ရောင်လာပါသည်။ ရောင်သည့်နေရာမှာ နီနေပြီးအသားပူနေပြီးတင်းနေပါသည်။ တခါတရံလဲ ယားယံပါသည်၊ ကိုက်ခဲပါသည်။ အဲလိုဖြစ်ပါက အကိုက်အခဲပျောက်ဆေးနှင့် လိမ်းဆေးလိမ်းပြီး တပတ် 10 ရက်ခန့်လာက်ကြာမှ ပျောက်သွားပါသည်။ ဘာကြောင့်ဖြစ်တာလဲဟု သိချင်လို့ပါ။ ခဏခဏလဲ မဖြစ်ပါ။ ဆေးခန်းလဲ သွားပြဖူးပါသည်။ မည်ကဲ့သို့ပြုလုပ်သင့်သည်ကိုလဲ ပြောပြပေးစေလိုပါသည်။ အသက်ကတော့ 39 ပါ။ အဲလိုစဖြစ်တာ (4) နှစ်လောက်တော့ရှိပါပြီ။ ဖြစ်စကတော့ အဆိပ်ရှိသော အကောင်ကိုက်တယ်လို့ ထင်မိ၍ ဆရာဝန်အားပြောမိပါသည်။ ဆေးနှင့်ဓါတ်မှန်မရိုက်ဖူးပါရှင့်။

ဒီအသက်မှာ အမျိုးသမီးတိုင်း Calcium ကယ်လ်စီယမ် + ဗီတာမင် ဒီ ဆေး တနေ့ ၁ လုံးသောက်သင့်ပါတယ်။ အင်းဆက် ကိုက်တာကနေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲလောက်အထိ မကြာတတ်ပါ။ အဲဒါလို့ထင်ရင် Cetrizine စားဆေး ည ၁ လုံးသောက်ပါ။ Antihistamine လိမ်းဆေးနဲ့ ကော်တီဇုန်းလိမ်းဆေး တလှည့်စီ လိမ်းနိုင်ပါတယ်။

ဆရာ ခဏခဏထပ်မေးရလို့ အားတော့နာပါတယ်ဆရာ။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဆေးတွေက ဘယ်တံဆိပ်ကို သောက်ရပါမလဲဆရာ။ တခါမှတော့မသောက်ဖူးလို့ပါ။

Vitamin D ဗီတာမင် ဒီ သည် အဆီတွင်ပျော်ဝင်သော (စတီရွိုက်)ဖြစ်သည်။ နေရောင်ခြည်သည် (ဗီတာမင်အေ) အား အရေပြားတွင် အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးသဖြင့် နေရောင်သင့်တင့်စွာရနေသူများအဖို့ ဗီတာမင် ဒီ သောက်စရာမလိုပါ။

ဗီတာမင် ဒီ တွင် ၁-၂-၃-၄-၅ ဟူ၍ ၅ မျိုးရှိသည်။ ၂ နှင့် ၃ ကပိုအရေးပါသည်။ calciferol ဟုလည်းခေါ်သည်။ ကိုယ်အလေးချိန်နှင့် ဗီတာမင် ဒီ ဆက်စပ်မှု ရှိနိုင်သည်ကို မကြာသေးမီက သိလာရသည်။

အစားအစာထဲပါသည့် (ကယ်လ်စီယံ)နှင့် (ဖေါ့စ်ဖါးရပ်စ်) ဓါတ်ဆားများ ပျော်ဝင်သွားအောင်နှင့် အူမှစုပ်ယူစေရန် ဗီတာမင် ဒီ ကလုပ်ပေးသည်။ ၄င်းတို့သည် အရိုးအတွက်ကောင်းသည်။ နည်းနေပါက ကြွက်တက်ခြင်းဖြစ်စေမည်။ ခုခံအားအတွက်လည်း ပါဝင်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အအေးမိသည်အား ဗီတာမင် ဒီ ရော စီ ကိုပါ ပေးလာကြသည်။ အသက်ကြီးသူများ၏ ဦးနှောက်ကောင်းစေရန်လည်းပေးသည်။ ပန်းနာသည်များ၊ အမျိုးသမီးများ (ရူမတွိုက်) အဆစ်နာ၊ ကင်ဆာကာကွယ်ရေးတို့အတွက်လည်းပေးသည်။

အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစ၍ အသက်ကြီးသူများအား 10 mcg (400 IU) နှင့် ၇ဝ ကျော်များအား 15 mcg (600 IU) ပေးသင့်သည်။ နေရောင်မရသူများအား တနေ့လျင် 25 μg (1000 IU) ပေးသင့်သည်။

ဗီတာမင် ဒီ ကြွယ်ဝသည့်အစားအစာများမှာ ငါးဖြစ်သည်။ သုတေသနလုပ်သည့်နိုင်ငံများစားသုံးလေ့ရှိသည့် ငါးများကိုသာ ဖေါ်ပြသည်ဖြစ်၍ (ဆော်လမုန်)၊ (ကြူနာ)၊ မက်ကရယ်)ငါးများ၏အမည်တို့ကိုသာ တွေ့ရသည်။ ငါးကြီးဆီ၊ အမဲအသဲ၊ ဒိန်ခဲ၊ ကြက်ဥအဝါ တို့တွင်လည်းပေါကြွယ်သည်။

ဗီတာမင် ဒီ နည်းလွန်းပါက ငယ်လွန်းသည့်ကလေးများတွင် အရိုးပြော့ Rickets ရောဂါနမည်။ အရိုးများ ပြော့နေပြီး ကောက်ကွေးနေနိုင်သည်။ လူကြီးများဖြစ်ပါက Osteomalacia နှင့် Osteoporosis တို့ဖြစ်မည်။ အရိုးများ ကျိုးလွယ်မည်။

ဗီတာမင် ဒီ နည်းခြင်းနှင့် သွေးတိုးဆက်စပ်နေသည်။ နှလုံး (နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းနှင့် သွေးအလျောက် နည်းခြင်း၊) ရောဂါများ၊ တီဘီရောဂါ၊ ကင်ဆာ တို့အပြင် ရှားပေါးသော အခြားရောဂါတို့နှင့်လည်း ဆက်စပ်နေသည်။

Cramps ကြွက်တက်ခြင်း http://dts-medicaleducation.blogspot.com/2010/06/cramps_06.html
Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html

ဒေါက်တာတင့်ဆွေ

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...