ဆရာရှင့် သမီးအမလိုဖြစ်နေတဲ့ အမတစ်ယောက်က Orlistat 120 mg ဆိုတဲ့ဆေးကို သောက်နေပါတယ်။ အဲ့ဒီဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးလေး သိချင်လို့ပါ။ တစ်ချို့ကလည်း အဲ့ဒီဆေးကို ပိန်ဆေးလို့ပြောပါတယ်။ တစ်ချို့ကလည်း မလိုလားအပ်တဲ့အဆီတွေ ကျစေတယ်လို့ပြောပါတယ်။ သမီးက အဲ့ဒီအမအတွက် စိတ်ပူလို့ ဆရာ့ဆီ အကူအညီ တောင်းတာပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
• (အော်လီစတက်) ပိန်ဆေးကိုသုံးသူတွေမှာ သက်ရောက်မှု မတူတာတွေ့ရတယ်။
• တနှစ်တာ လေးလာမှုတခုလုပ်တော့ ၁၆့၎% ကနေ ၂၄့၈% မှာ အဆီ ၁ဝ% ကျတာတွေ့ရတယ်။ ၃၅့၅% ကနေ ၅၄့၈% မှာ ကိုယ်ထုထည် ၅% ကျတယ်။
• ဆေးရပ်ပြီး အလေးချိန်ပြန်တက်ထာလဲ ၃၅% ရှိတယ်။
• အစာမစုပ်ယူနိုင်တဲ့ရောဂါရှိသူ၊ သည်းခြေအိတ်မကောင်းသူ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေကို မပေးရပါ။
• ဘေးထွက်-ဆိုးကျိုးများ = ဝမ်းသွားတဲ့အထဲ အဆီတွေများနေမယ်။ ဝမ်းသွားရအဆင်မပြေ (မထိန်းနိုင်တာ၊ အမြန်သွားချင်တာ) ဖြစ်မယ်။ သက်သာချင်ရင် အဆီမစားပါနဲ့။ သုတေသနတခုအရ ကျောက်ကပ်နဲ့ အသဲကို ထိခိုက်မှုရှိတယ်။
• ဒီဆေးသောက်ရင် အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ A, D, E, K တွေ တည ၁ ပြားကျသောက်သင့်တယ်။
ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၄