သမီးတစ်ခုသိချင်လို့ပါ။ ဘာမီတွန်ကိုသောက်ရင် ဘယ်လောက်အကြာမှာ side affect ပြပါသလဲ။ နောက် ကလေး ၃ နှစ်ဆို ဘယ်လောက်တိုက် ရပါသလဲ သိချင်ပါတယ်ရှင်။ မြန်မာပြည်မှာ Burmeton (ဘာမီတွန်) လို့ လူသိများတဲ့ဆေးဟာ Chlorpheniramine Maleate (ကလိုဖင်နရာမင်း) ခေါ်တဲ့ (အင်တီဟစ်တမင်း) အုပ်စုဝင်ဆေး ဖြစ်တယ်။ အအေးမိ၊ နှာစေး ချောင်းဆိုး၊ ဆိုင်းနပ်စ်၊ (အင်းဆက်) ကိုက်၊ (အလာဂျီ) အမျိုးမျိုးနဲ့ အရေပြား ယားတာတွေအတွက် သုံးပါတယ်။၊ ဆေးမှန်သမျှ ပေးပြီးကတည်းကနေ ဆေးအစွမ်းပြလာတယ်။ သွေးထဲကိုဝင်ပြီး တဖြေးဖြေးပြတာပါ။ ဆေးပေးနည်းနဲ့ ဆေးအလေးချိန်အရ နှေးမယ်၊ မြန်မယ်။ သွေးကြောထဲထိုးတာက အမြန်ဆုံး၊ အသားဆေး၊ အရေပြားအောက် ထိုးဆေးတွေလဲ မြန်မယ်။ သောက်ဆေးက အချိန်ယူအုံးမယ်။ ဆေးဘယ်လောက် ပေးမလဲဆိုတာကို ကြည့်ရင် တနေ့ ၂ ခါတိုက်ဆိုတဲ့သဘောက ၁၂ နာရီနေရင် ဆေးအစွမ်းကုန်တယ်လို့ သဘောထားရမယ်။ ဘေးထွက်-ဆိုးကျိုးတွေ ခေါင်းမူး၊ အိပ်ချင်၊ ဝမ်းချုပ်၊ အာခေါင်ခြောက်၊ ဆီးနည်း၊ လူဂနာမငြိမ်ဖြစ်၊ မျက်စိကြည့်မကောင်း၊ ဘယ်လောက်ပေးမလဲ • Allergic Rhinitis နှာခေါင်း (အလာဂျီ) ရခြင်း၊ Cold Symptoms အအေးမိခြင်း၊ Urticaria အရေပြား အင်ပြင်ထွက်ခြင်းတွေအတွက် 4 mg ကို ၄-၆ နာရီတခါ။ တနေ့မှာ 32 mg/day ထက်မပိုစေရ။ • Allergic Reaction (အလာဂျီ) ဖြစ်စဉ် 10 to 20 mg ဆေးတလုံးထိုးပါ။ သွေးကြော၊ အသား၊ အရေပြာအောက်ထိုးနိုင်တယ်။ • Anaphylaxis (ရှော့ခ်) ရခြင်း 10 to 20 mg သွေးကြောထဲ တလုံးထိုးပါ။ ကလေးတွေကို ဘယ်လောက်ပေးမလဲ • ၃-၅ လ 0.5 mg ကို တနေ့ ၂ ကြိမ်၊ • ၆-၈ လ 1 mg ကို တနေ့ ၂ ကြိမ်၊ • ၉-၁၈ လ 1 to 1.5 mg ကို တနေ့ ၂ ကြိမ်၊ • ၁၈ လ ကနေ ၆ နှစ် 2 mg ကို တနေ့ ၂ ကြိမ်၊ • ၆-၁၁ နှစ်ကလေး 2 mg ကို တနေ့ ၄-၆ ခါ၊ တနေ့ကို 16 mg/day ထက်မပိုရ။ • ၁၂ နှစ်အထက် 4 mg ကို တနေ့ ၄-၆ ခါ၊ တနေ့ကို 32 mg/day ထက်မပိုရ။ ဒေါက်တာတင့်ဆွေ ၃-၁-၂ဝ၁၄
↧