Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Khmer Rouge ခမာရု

$
0
0
ခမာရုခေါင်းဆောင်နှစ်ယောက် ထောက်ဒဏ်တသက် ချမှတ်ခံရဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်တိတိကသတင်းပါ။ ကမ္ဘောဒီယားပို့စ်မှာ ထည့်မရေးလိုက်ရပါ။ ပုံအတွက် ကန်တော့ပါ။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ညွန်ချေးနဲ့ ၈၃ နှစ်ရှိသူ ခီယူဆန်ဖန်တို့ဟာ ကွန်မြူနစ်မော်ဝါဒီအစိုးရက အသက်မသေကြသေးတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်တယ်။ ခမာရု မော်ဝါဒီ အစိုးရလက်ထက်မှာ ငတ်မွတ်လို့ရော၊ သေအောင်အလုပ်လုပ်ခိုင်းခံရလိုရောနဲ့ အစိုးရကနေ သတ်ပြစ်လို့ ကမ္ဘောဒီယားပြည်သူပြည်သား စုစုပေါင်း ၂ သန်းသေခဲ့ပါတယ်။ ခမာရုကွန်မြူနစ် အစိုးရက တနိုင်ငံလုံးကို စိုက်ပျိုးရေးတိုင်ပြည်ဖြစ်အောင် အတင်းအဓမ္မ ပုံသွင်းဘို့ ကြိုးစားခဲ့ပါတယ်။ ဆိုရှယ်လစ် တော်လှန်ရေးလုပ်ကြတာ ဖြစ်တယ်။ မြို့တွေမှန်သမျှမှာ လူမနေရ၊ မြို့သူမြို့သားတွေအကုန် တောသွားပြီး ကျေးလက် သမဝါယဆိုတာထဲမှာ ခိုင်းတာ အကုန်လုပ်ကြရတယ်။ ကွန်မြူနစ် အစိုးရဟာ လေးနှစ်တာအတွင်း နိုင်ငံတော်ရန်သူလို့ သမုတ်ခံရသူတွေကို သတ်ပြစ်ပါတယ်။ ပညာတတ်တွေ၊ လူနည်းစုတွေ၊ အစိုးရအရာရှိတွေ မိသားစုအားလုံးပါ အဆုံးစီရင်တယ်။ ညွန်ချေးဟာ အိုင်ဒီယော်လော်ဂျီတာဝန်ယူရတယ်။ ခီယူ ဆန်ဖန်က လူ့ရှေ့ထွက်ရသူ ဖြစ်တယ်။ ဒီအမှုစစ်နေခဲ့တာ ၃ နှစ်ကြာပါတယ်။ စွဲဆိုချက်ကို တနာရီခွဲကြာတင်သွင်းတယ်။ လူသားမျိုးတုံးတဲ့ပြစ်မှုမြောက်တာ တွေ့ရလို့ ထောင်ဒဏ် တသက်ချလိုက်တာ ဖြစ်ပါတယ်။ အဓိကလူဆိုးကြီး ညွန်ချေးဟာ တရားသူကြီးက အမိန့်ဖတ်တော့ တုန်လှုတ်မှုမပြပါ။ ကမ္ဘောဒီယားပြည်သူတွေရဲ့ဒေါသ မပြေကြသေးပါ။

ခမာရုဆိုတာဘာလဲ
၁၉၇၅-၁၉၇၉ အတွင်း ကမ္ဘောဒီယားမှာ Saloth Sar ဆလော့သ် ဆာခေါ်ပြီး Pol Pot ပိုးလ်ပေါ့လို့ နာမည်ဆိုး တွင်ခဲ့သူရဲ့ အစိုးရဖြစ်ပါတယ်။ ဘာသာရေးမှန်သမျှ ဖျက်ပြစ်တယ်။ စာသင်ကျောင်းတွေဖျက်တယ်။ ငွေကြေးဖျက်တယ်။ စိုက်ပျိုးရေးနဲ့ လောကနိဗ္ဗာန် ထူထောင်ဘို့ဆိုပြီး၊ အတင်းအကြပ်လုပ်ခဲ့တယ်။ ၁၉၇၉ မှာ ဗီယက်နမ်က ကျူးကျော် ဝင်ရောက်တဲ့အခါ ပိုးလ်ပေါ့က ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး၊ ၁၉၉၇ မှာ သေသွားတယ်။

Cambodia ကမ္ဘောဒီးယား https://doctortintswe.blogspot.com/2018/08/cambodia.html

ဒေါက်တာတင့်ဆွေ


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...