ဖင်တနိုင်းနှင့် ကိုကိန်းကြောင့် သေဆုံးမှု များလာ
ကနေ့ထွက်လာတဲ့ အင်္ဂလန်ကသတင်းဖြစ်ပါတယ်။ ဖင်တနိုင်းလ်နှင့် ကိုကိန်းကို အနာသက်သာဆေးအဖြစ်သုံးတယ်။ ကင်ဆာလို ဆိုးဆိုးဝါးဝါးနာတာအတွက်ပေးပါတယ်။
အင်္ဂလန်နိုင်ငံမှာ ၂ဝ၁၇ ခုနှစ်အတွင်း အဲလိုသေဆုံးမှု ၂၉% မြင့်တက်ခဲ့တယ်။ Spice ခေါ် Mephedrone စိတ်ကြွဆေးကြောင့်သေရတာက တဝက်သာရှိတယ်။
Heroin ဟီးရိုးအင်း ခေါ် ဘိန်ဖြူနဲ့ Morphine အနာသက်သာဆေး မောဖိန်းကြောင့် သေဆုံးရမှုကတော့ ၂ဝ၁၂ ထက်လျော့နည်းလာတယ်။
တချို့က စွဲနေကြတယ်။ သေဆုံးသူ ၃ ပုံ၂ ပုံက ဆေးတလွဲသုံးကြလို့ဖြစ်တယ်။ တရုပ်ပြည်ကနေ တရားမဝင်သွင်းတယ်။
တချို့က ဟီးရိုးအင်းထဲ ရောထားတယ်။
Carfentanyl ဆေးက အန္တရာယ်အများဆုံးပေးတယ်။ သူတို့ဆီမှာ ဒီနှစ်ထဲ အဲဒီဆေးကြောင့် ၂၇ ယောက်သေခဲ့တယ်။
ကျွန်တော်တို့နိုင်ငံမှာ စာရင်းမရှိအင်းမရှိတာကနေရာတကာ။ ဘယ်လောက်ဆိုးသလဲ မသိနိုင်။ ဖေ့စ်ဘွတ်ကနေ ဘယ်ဟာဖြစ်ဖြစ် တခုနှစ်ခုလောက်သိတာနဲ့ အလွန်များနေပြီပြောတာ မမှန်နိုင်။ နေ့တိုင်းမေးကြတယ်။ ခုတလော နာမည်ကြီးနေတဲ့ဆိုတာတွေ။ အဲတာတွေက အမှားတွေသာ။
ဆေးစွဲ အရက်စွဲတွေ နည်းပါး ပပျောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၈