Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Cirrhosis Liver အသဲခြောက်ရောဂါ

$
0
0
တနည်းနည်းကြောင့် နာတာရှည် အသဲရောဂါဖြစ်ပြီးနောက် ဆက်ဖြစ်လာတာဖြစ်တယ်။ အသဲရောင် (စီ)၊ အသဲရောင် (ဘီ)၊ အရက်စွဲရောဂါ နဲ့ အရက်ကြောင့်မဟုတ်ဘဲ အသဲအဆီဖုံးသူတွေကနေ ဖြစ်လာနိုင်တယ်။ တခြားအကြောင်းတွေလဲ ရှိပါသေးတယ်။ ဖြစ်လာရင် အဓိက အသဲက လိုသလောက်-လိုသလိုမလုပ်နိုင်တော့ဘူး။ နောက်ဆက်တွဲတွေဖြစ်နိုင်တယ်။ ဖျင်းစွဲမယ်၊ အစာလမ်းကနေ သွေးယိုမယ်၊ အသားဝါမယ်၊ ဦးနှောက်ကို ထိခိုက်မယ်၊ အသဲ၊ ကျောက်ကပ်၊ အဆုပ် ထိခိုက်မယ်၊ အသဲ-ကင်ဆာ ဆက်ဖြစ်မယ်။ ငုသတဲ့အခါ ဒီလိုဖြစ်စတဲ့ အကြောင်းတရားကို ကုသရမယ်။ ဆက်ဖြစ်လာတာတွေကို ကုသရမယ်။ တိုးမလာအောင် ဆင်ခြင်ရမယ်။ အသဲခြောက်နေပြီဆိုတာ ရောဂါရှေ့ရောက်တာ ဖြစ်တယ်။ အသဲမှာ အမာရွတ်တွေနဲ့ အဖုအသီးလေးတွေ ရောဖြစ်နေတယ်။ ပြောင်းသွားတဲ့ အသဲနေရာက သူ့အလုပ်သူ မလုပ်နိုင်တော့ပါ။ အသဲအစားထိုးရမယ်။

ခံစားရမှာတွေက အသဲ (ဆဲလ်) တွေ အလုပ်မလုပ်တော့လို့ဖြစ်ရတဲ့ တိုက်ရိုက်ဖြစ်လာတာတွေနဲ့ အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်တာတွေကို စုပေါင်းပြီး ခံစားရလိမ့်မယ်။

အသဲအလုပ်ပျက်ရင်
• Spider angiomata or spider nevi အရေပြားပေါ်မှာ သွေးကြောလေးတွေက ပင့်ကူးအိမ်လိုဖြစ်တာ၊
• Palmar erythema (အီစထိုဂျင်း) ဟော်မုန်း များလာလို့ လက်ဝါးမှာ နီမြန်းနေတာနဲ့ Gynecomastia ရင်သား ကြီးလာတာ၊
• Hypogonadism လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနည်းလာတာ၊ ပန်းသေ-ပန်းညှိုး၊ လိင်စိတ်နည်း၊ ကျားအစေ့သေးငယ်၊
• အသဲအရွယ်အစား ကြီးနိုင် သေးနိုင်တယ်။
• အသဲခြောက်ရာကနေ ရေဖျင်းဖြစ်လာမယ်။ လူကအရင်ကလို သက်တောင့်သက်သာမနေနိုင်တော့ပါ။ ပိုးဝင်တာလဲ သူများထက်ခံရနိုင်တယ်။
• Fetor hepaticus အသက်ရှူထုတ်တာမှာ dimethyl sulfide (ဆာလ်ဖါနံ့) ထွက်နေမယ်၊
• Jaundice အသားအရေး၊ မျက်လုံး၊ ဆီးဝါလာမယ်။ လူမြင်ရတာသာမက ကိုယ်ထဲမှာလဲ ဝါနေမယ်ဆိုတာ သတိပြုပါ။ သွေးစစ်လို့ bilirubin 2–3 mg/dL or 30 mmol/L ကျော်တာနဲ့ ဝါတာကို မြင်ရပြီ။

အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်မှာတွေ
• ဘေလုံးကြီးလာမယ်၊
• အစာမြိုပြွန်အောက်ဖျားမှာ သွေးပြန်ကြောတွေထုံးနေမယ်။ အဲဒါကနေသွးယိုမယ်။ ယုတ်တရက်ဖြစ်လို့ ဆေးကုချိန်မမီရင် အသက်ဆုံးပါနိုင်တယ်။
• ချက်နားမှာ သွေးပြန်ကြောတွေဖေါင်းလာမယ်၊
• နှလုံးကို နားကြပ်နဲ့နားထောင်ရင် (ရင်ခေါင်းနေရာမှာ) အသံတမျိုးကြားရမယ်။
• တခြားသိနိုင်တာတွေလဲရှိသေးတယ်။
• လက်သည်းခြေသည်းတွေ ပြောင်းမယ်။ Terry's nails ဆိုတာ လက်သည်း အဖျားပိုင်း ၃ ပုံ ၁ ပုံက ဖြူနေတာကိုခေါ်တယ်။ လက်သည်းကို ဘေးတိုက်ရော ထိပ်ကနေပါကြည့်ရင် အလယ်မှာခုံးနေမယ်။
• အရိုးအရှည်စားတွေ ရောင်ပြီး နာမယ်။
• လက်ဝါး ကွေးထားသလို ကောက်နေမယ်။
• အားယုတ်မယ်၊ အစားပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်။

ရောဂါရှေ့တိုးလာရင်
• သွေးခြည်ဥတွေထွက်မယ်၊ သွေးယိုတာတွေဖြစ်မယ်။
• ဦးနှောက်ကိုထိခိုက်ပြီး အသိစိတ်ရှုတ်ထွေးတာနဲ့ သတိလစ်တာဆက်ဖြစ်လာမယ်။
• ရောဂါတခုခုဝင်လို့ ပေးရမဲ့ဆေးတွေကို သတိနဲ့ဆင်ခြင်ရပါတော့မယ်။

ဘာလို့ဖြစ်သလဲ
• ၃ဝ% ဟာ (ဘီ) ပိုး၊ ၂၇% ဟာ (စီ) ပိုးကနေဆက်ဖြစ်တယ်။ ၂ဝ% ဟာ အရက်ကနေဆက်ဖြစ်တယ်။
• အရက်-အသဲရောဂါဟာ အရက်သောက်များသူ၊ ကြာသူတွေထဲက ၁ဝ-၂ဝ% မှာဖြစ်တယ်။
• အရက်နဲ့မဆိုင်ဘဲဖြစ်တာလဲရှိတယ်။ အဆီတွေစုလာလို့ပါ။ အဝလွန်သူတွေ ၄ဝ% မှာဖြစ်တယ်။ ဆီးချိုရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာလဲ ဖြစ်နိုင်တယ်။ အရက်မသောက်တဲ့ အမျိုးသမီးတွေမှာဖြစ်ရတာ ဒါမျိုးပါ။

ဓါတ်ခွဲခန်းစစ်ဆေးချက်များ
• Thrombocytopenia သွေးမှုံနည်း၊
• AST နဲ့ ALT တွေက အသင့်အတင့်များခြင်း။
• Alkaline phosphatase အနည်းငယ်များခြင်း။
• Gamma-glutamyl transferase များခြင်း၊
• Bilirubin အစောပိုင်းမှာ ပုံမှန်ပေမဲ့ ကြာရင် များလာမယ်။
• Albumin နည်းခြင်း၊
• Prothrombin time များခြင်း၊
• Globulins များခြင်း၊
• Serum sodium နည်းခြင်း၊
• Leukopenia and neutropenia နည်းခြင်း၊
• တခြားစစ်ဆေးနည်းတွေလုပ်နိုင်တယ်။ Serology for hepatitis viruses, autoantibodies, Ferritin and transferrin saturation, Immunoglobulin levels (IgG, IgM, IgA), Cholesterol and glucose, Alpha 1-antitrypsin, CT of the abdomen, Ultrasound, Endoscopy, Gastroscopy

ဘယ်လိုလုပ်နိုင်သလဲ
• အားမနာတမ်းပြောရရင် အသဲပျက်စီးပြီးသား ရင်းစားပြန်မရတော့ပါ။ ဆက်မတိုးအောင်သာလုပ်ပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်စရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
• ပိုးဝင်နေရင်ပိုးသေဆေးပေးမယ်။ ယားနေရင်၊ ဝမ်းချုပ်နေရင် ဆိုင်တဲ့ဆေးပေးမယ်။
• အရက်ကြောင့်ဖြစ်ရသူက လုံးဝအရက်ဖြတ်လိုက်ပါ။
• (ဘီ) ပိုး၊ (စီ) ပိုရှိသူက ဆိုင်ရာဆေးကုနည်းလုပ်ရပါမယ်။ ဥပမာ Interferon ဆေး။
• Corticosteroids ဆေးကို Autoimmune hepatitis အတွက်ပေးမယ်။
• Wilson's disease ဆိုရင် Chelation therapy (Penicillamine) ဆေးနဲ့ Copper (ကောပါး) တွေကို သက်သာစေမယ်။
• ကိုယ်ရောင်၊ ဖျင်းစွဲနေသူ အငန်ရှောင်ပါ။ ဆီးသွားစေတဲ့ Aldosterone antagonists (Spironolactone) နဲ့ Loop diuretics ဆေးတွေသုံးတယ်။
• လိုအပ်သူကို ဖေါက်ထုတ်ပေးရတယ်။
• အစာမျိုလမ်းသွေးယိုရင် အရေးပေါ်ကုသရမယ်။
• ဦးနှောက်ထိခိုက်တာကို (ပရိုတင်း) လျှော့စားစေရတယ်။

တခြားဆိုးတဲ့ရောဂါမရှိသူတွေက နောက်ဆုံးမှာ အသဲအစားထိုးကုသရတော့ပါမယ်။ အမေရိကားမှာ တနှစ်ကို လူပေါင်း ၂၇ဝဝဝ သေဆုံးနေရတယ်။ ရောဂါနောက်ပိုင်းရောက်နေသူတွေထဲက ၁ဝ နှစ်နေရင် ၃၄-၆၆% သေဆုံးရတယ်။

မြန်မာနိုင်ငံသားအပေါင်း အသဲကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၄

Viewing all articles
Browse latest Browse all 656

Trending Articles


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ဝန်ထမ်းများအတွက် ပုဒ်မ ၄၀၉ ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဆိုင်ရာ...