Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

တတပ်တအား

$
0
0
ဗိုလ်ချုပ်နေဝင်းခေတ်က မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ တိုင်းပြည်တခုလုံး စဉ်းစားတွေးခေါ်တာကို အတင်းရိုက်သွင်းပေးခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်စာအုပ်တွေသာ ထုတ်ဝေခွင့်ရပြီး လူတိုင်းကို သင်ယူစေ ဖတ်စေခဲ့ပါတယ်။ ၂၆ နှစ်ကြာတယ်။ မျိုးဆက်တခုလို့ ပြောနိုင်တယ်။

အဲဒီခေတ်ဦးမှာ အိုင်ဒီယော်လော်ဂျီစာအုပ်တွေကအစ မြန်မာစာသတ်ပုံကို မူရင်းအတိုင်းသာ ရေးပါတယ်။ ၁၉၈ဝ ကျော်မှသာ ပြင်ခိုင်းတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ ပြင်ထားတဲ့သတ်ပုံကိုသာ အတင်းအဓမ္မ မရေးမနေရ လုပ်ခဲ့တယ်။ ထုတ်သမျှစာအုပ်တွေမှာလည်း အဲတာသာရေးစေတယ်။ မျိုးဆက်တခုကြာတယ်။

မဆလ အိုင်ဒီယော်လောက်ဂျီနဲ့ တတွေကို တစ်လုပ်ခိုင်းတဲ့သတ်ပုံ အတူတူသဘောသာဖြစ်တယ်။

မဆလ ရဲ့ အညမည ကတော့ စာအုပ်တောင် လိုက်ရှာမရတော့ပါ။ တစ်သတ်ပုံကတော့ နေပြည်တော်ထီးနန်းကနေ ဇနပုဒ်တွေအထိ လွှမ်းမိုးနေရာယူထားဆဲဖြစ်တယ်။

အရင်က နိုင်ငံရေးမှားပြီး သတ်ပုံမှန်ခဲ့တယ်။ အခုက နိုင်ငံရေးမှန်စပြုလာပြီး သတ်ပုံမှားနေတယ်။ မြန်မာစာကို ကယ်တင်နိုင်ရေး တတပ်တအားပါဝင်မှသာရမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

ကောင်းသောလက္ခဏာ

နိုင်ငံရေးသမိုင်းရော မြန်မာစာသမိုင်းကိုပါ သိသင့်တယ်။

လွတ်လပ်ရေးရကာစ ကွန်မြူနစ်အင်အားစုတွေ ကွဲပြဲကြတယ်။ တောခိုကြတယ်။ မြေပေါ်နိုင်ငံရေးပါတီတွေ ကွဲပြဲကြတယ်။ အတိုက်အခံပြုကြတယ်။

ဒါပေမဲ့ တိုင်းပြည်တခုလုံးဟာ မြန်မာစာအရေးအသားမှာ စည်းလုံးညီညွတ်ခဲ့ကြပါတယ်။

ကနေ့ နိုင်ငံရေးအင်အားစုတွေ ကွဲကြပေမဲ့ မြန်မာစာပေါ်လစီသတ်ပုံနောက်လိုက်ကြမှာတော့ တူညီနေကြတယ်။

မမှန်တာမှာ လာတူညီနေကြခြင်းသည် ကောင်းသောလက္ခဏာမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...