Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

မြန်မာ့စွယ်စုံကျမ်း

$
0
0
ဆရာ ကျွန်တော်တခုလောက်မေးခွင့်ပြုပါ။ မြန်မာ့စွယ်စုံကျမ်း စတင်ထုတ်ဝေတယ့် ခုနှစ်က ၁၉၄၇ ဦးနုဆိုတာ ဟုတ်ပါသလားခင်ဗျာ။ လေးစားလျက်ပါ။

ဦးနုရေးတာ မဟုတ်ပါ။ ဦးနုဝန်ကြီးချုပ်လုပ်နေစဉ်ကစခဲ့တာဖြစ်တယ်။ မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုတယ်။ အတွဲ (၁) (က မှ ကုံ) ကို ၁၉၄၉ ခုမှာစပြီး ပြုစုခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ဝေခဲ့တယ်။ တခြားနိုင်ငံတွေက စွယ်စုံကျမ်းတွေနဲ့ ယင်ဘောင် (မူရင်းသတ်ပုံ) တန်းနိုင်အောင် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားတယ်လို့ ရေးသားထားတယ်။ ဝိဇ္ဇာ၊ သိပံ္ပဘာသာရပ်တွေအပြင် မြန်မာနိုင်ငံအကြောင်းအရာတွေ ပါတယ်။ ပညာရပ်အလိုက်၊ ပညာရှင်တွေနဲ့ အစိုးရဌာနတွေနဲ့ တင်ပြခဲ့တယ်။ သက်ဆိုင်ရာပညာရှင်တွေကိုယ်တိုင် ရှာဖွေ စုဆောင်းရေးသားတယ်လို့လည်းပါတယ်။

၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆ဝ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆင် ဗိုင်းနေး လီမီတက် ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့တယ်။ ၁၉၅၆ မှာ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) မှာ ထုတ်လုပ်ရေးဌာန ဖွဲ့စည်းခဲ့တယ်။ အတွဲ (၆) ကစပြီး စာပေဗိမာန်ပုံနှိပ်တိုက်မှာရိုက်ခဲ့တယ်။ ဒီကျမ်းဦးစကားကို စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေး ကောင်စီအစိုးရလို့ ပါရှိတာကိုဖတ်ရှုရပါတယ်။

အတွဲ (၆) နောက်ကကျမ်းတွေကို နောက်အစိုးရလက်ထက်မှာထုတ်တယ်။ ဦးနေဝင်းနဲ့ စစ်အစိုးရတွေလက်ထက်မှာ မြန်မာစာသတ်ပုံတွေကိုပြင်တယ်။

နဝတ လက်ထက်မှာ စွယ်စုံကျမ်းတွေ ပြန်ရိုက်တော့ သတ်ပုံအသစ်တွေကို သုံးလာတယ်။ ၂ဝဝ၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်ဆိုတာထုတ်တော့ ပဌမဆုံးစာမျက်နှာမှာ ဒို့တာဝန်အရေးပါး (အရေးသုံးပါးလို့ မဟုတ်ပါ) ထည့်လာပြီ။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်အပါအဝင် မြန်မာ့ရည်ညွှန်းကျမ်းစာအုပ်များ စီစဉ်ရေးအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝဝ ပြည့်နှစ်၊ မေလ (၂) ရက်နေ့မှာ ပြင်ဆင် ဖြည့်စွက် ဖွဲ့စည်းခဲ့တယ်လို့ ရေးထားတယ်။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်တွေဆိုတာ ထုတ်ဝေပြီး မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲရဲ့ အဖြည့်ကျမ်းလို့ ရေးထားတာ တွေ့ရတယ်။ အဲဒီနှစ်ချုပ်တွေဟာ ဝါဒဖြန့်ချိရေးစာအုပ်သာဖြစ်နေတယ်။ ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေးတို့ ဓါတ်ပုံတွေကို ဦးစားပေးထားတယ်။ နိုင်ငံတကာဖြစ်ရပ်များအောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအီးနဲ့ တရုပ်ကကျန်ဇီမင်းပုံတွေ များများတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၄


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...