Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Chicken Skin ကြက်အရေပြားနဲ့တူတဲ့ရောဂါ

$
0
0
အသက် ၂၅ ကျားဖြစ်ပါတယ်ဆရာ ကျွန်တော်သိချင်တာက ဆရာရေးထားတဲ့ ကြက်အရေပြားနဲ့ အဖျားဆွတ်ခေါ်ခြင်း ဆောင်းပါးမှာပြထားတဲ့ အဖုလေးတွေမျိုး ဆီးစပ်မှာဖြစ်နေပါတယ် အဲလိုပုံထဲကလိုပါပဲ ၇ ဖု ၈ဖုလောက်တော့ရှိပါတယ် မယားပါဖူး မနာပါဖူး အဲဒီလိုမျိုးအလားတူ ကျွန်တော့အမျိုးသမီးမှာလဲဖြစ်နေပါတယ် ပေါင်ရင်မှာ ၃ဖု ဆီးစပ်မှာ ၂ဖုပါ အဲဒါ
ဘာကြောင့်ဖြစ်တာလဲ လင်မယားချင်းကူးစပ်တာမျိုးလား ကာလသားရောဂါလား နားမလည်လို့ သိချင်ပါတယ်ဆရာ ဘယ်လို ကုသလို့ရလဲပါသိချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်

ပုံကို အခုမှသာ တွေ့ဖူးတယ်။ ရောဂါအမည်လည်း ကျွန်တော်ပေးတာနဲ့ နည်းနည်းလွဲတယ်။ ကူးစက်လို့ရေးရတယ်။ စပ်ဆိုတာ ငရုတ်သီးစပ်တာ၊ အရောင်စပ်တာ။

ဗီတာမင်အေနည်းသူမှာဖြစ်တဲ့ ကြက်အရေပြားလို့ အလွယ်ခေါ်တာရှိတယ်။ မှန်တော့ မမှန်ပါ။ ဗီတာမင်အေနည်းလို့ ဖြစ်တဲ့မျက်စိအားနည်းတာကို ကြက်မျက်သင့်လို့ခေါ်တယ်။ ဗီတာမင်အေနည်းလို့ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရတွေမှာ ကြာဆူးထွက်မယ်။ ကြမ်းနေမယ်။ ဗီတာမင်အေသောက်ရင် ပျောက်တယ်။

ရောဂါအမည် အင်္ဂလိပ်လိုမှာ Chicken Skin ကြက်အရေပြားလို့ခေါ်တာ အတိအကျရှိတယ်။ အခုရေးတဲ့ရောဂါ။ ဘဲ-ငန်း အရေပြား Goose bumps ဆိုတာ ကြက်သီးထတာ။

Keratosis Pilaris (Chicken Skin) ကရက်တိုးဆစ် ပီလားရစ်
အရေပြားကြမ်းနေမယ်။ အဖုသေးသေးလေးတွေရှိနေမယ်။ အမြင်အရ ကြက်အရေပြားနဲ့တူနေမယ်။ အဖုလေးတွေဆိုတာ ချွေးထွက်အိတ်ကလေးတွေအဝမှာ ပိတ်နေရာကနေဆက်ဖြစ်တာ။ ဘေးနားကအရေပြားထက် အရောင်ရင့် ညိုနေမယ်။

လက်မောင်း၊ ပေါင်၊ ပါးနဲ့ တင်ပါးနေရာတွေမှာ အဖြစ်များတယ်။ ကူးစက်ရောဂါ မဟုတ်ပါ။ ယားနိုင်တယ်။ ဆောင်းရာသီ ပိုဆိုးတယ်။ ကိုယ်ဝန်ဆောင်ချိန် ပိုဆိုးနိုင်တယ်။

စိုးရိမ်စရာ မရှိပါ။ ပျောက်အောင်လုပ်တဲ့ဆေးလည်း မရှိပါ။ ဆောရီး။ နှစ်တွေကြာလာရင် အလိုလို သက်သာလမယ်။ နှစ် ၃ဝ နေမှ ပျောက်တာမျိုးလည်းရှိတယ်။

တခြားအရေပြားရောဂါရှိ မရှိ စစ်သင့်တယ်။ ဥပမာ atopic dermatitis ရောဂါ။ အရေပြားခြောက်သူ၊ နှင်းခုနာရှိသူ၊ ichthyosis အရေပြားနာရှိသူ၊ အလာဂျီရှိသူ၊ melanoma မှည့်ကင်ဆာရှိသူ၊ အဝလွန်သူ၊ အမျိုးသမီး၊ အသက်ငယ်သူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။

Retinol creams ခရင်မ်လိမ်းနိုင်တယ်။ ဆရာဝန်ညွှန်မှသာ သင့်တယ်။ ရေနွေးနဲ့ရေးချိုးတာသက်သာမယ်။ အုန်းဆီစစ်စစ် လိမ်းနိုင်တယ်။ လေမှာရေငွေ့ဓါတ်နည်းမနေအောင် Humidifiers သုံးနိုင်တယ်။

အရေပြားအထူးကုဆရာဝန်တွေက လုပ်ပေးနိုင်တာတွေတော့ ရှိတယ်။ microdermabrasion, an intense exfoliating treatment နဲ့ chemical peels နည်းတွေရှိတယ်။

1.Vitamin A ဗီတာမင်အေ နဲ့ ကြက်အရေပြား https://doctortintswe.blogspot.com/2018/01/vitamin.html
2.Body Acne ကိုယ်မှာပေါက်တဲ့ ဝက်ခြံ https://doctortintswe.blogspot.com/2014/11/thigh-acne.html
3.Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ https://doctortintswe.blogspot.com/2014/11/seborrheic-keratosis-or-keratosis.html

Dr. တင့်ဆွေ


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...