Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Herceptin price ဆေးဈေးနှုန်း

$
0
0
တူမတယောက်က ရေးတယ်။ Herceptin ဆေးက အခုဆိုရင် တလုံးကို သိန်း ၂၀ လောက်ရှိပြီဆရာ၊ ကျမတော့ မသွင်းဖြစ်ဘူးဆရာ၊ အခုထိတော့ ပြန်မဖြစ်သေးဘူး၊ ကောင်းနေဆဲဘဲဆရာ။

HER2-positive breast cancer အမျိုးအစား ရင်သားကင်ဆာ
ရင်သားကင်ဆာလူနာ ၅ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ Human epidermal growth factor receptor 2 (HER2) ခေါ် ပရိုတင်းရှိတာကိုခေါ်တယ်။ လူနာမှာ မျိုးဗီဇပြောင်းလဲမှုကြောင့် HER2 protein တွေများနေမယ်။ ဟော်မုန်းပေးတာ သိပ်တုန့်ုပြန်မှုမရပါ။ ပေးသင့်တဲ့လူနာကိုတော့ ဟော်မုန်းဆေးပေးတယ်။

ဆေးနဲ့ကုသတာ ထိရောက်တာ တွေ့ရတယ်။
1.Ado-trastuzumab emtansine (Kadcyla)
2.Lapatinib (Tykerb)
3.Neratinib (Nerlynx)
4.Pertuzumab (Perjeta)
5.Trastuzumab (Herceptin) ဆေးတွေကိုသုံးတယ်။

USA မှာ Herceptin ဆေးဈေး
Genentech ကထုတ်တဲ့ Perjeta $5,900 တလစာ။ $71,000 တနှစ်စာ။

Herceptin တလစာ $4,500 ဒေါ်လာ။ တနှစ်စာ $54,000 ဒေါ်လာ။ စုစုပေါင်း $115,000 ဒေါ်လာ။

မီဒီယာသတင်းတွေအရ စုစုပေါင်း $70,000 နဲ့ရတယ်လို့ သိရတယ်။ Australia သြစတေးလျမှာ $50,000 အထိ ဈေးကျနေပြီ။

India မှာ Herceptin ဆေးဈေး
Roche ကထုတ်တဲ့ Trastuzumab ဆေးက 110,700 rupees ($2,000) ကနေ 75,000 rupees ($1,366) အထိကျလာတယ်။
Rituximab ဆေးက $1,456 a month ကနေ $682 အထိကျလာတယ်။

အင်တာနက်ကရတဲ့ ဆေးဈေးနှုန်းတွေသာဖြစ်ပါတယ်။

Herceptin ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေလည်းရှိတယ်။ ဆောရီး။ ဆေးပေးနည်းသုတေသနတွေလည်း ဆက်လုပ်နေပါတယ်။

မြန်မာပြည်သူတွေ ရင်သားကင်ဆာ ပျောက်ကင်းကြပါစေသတည်း။

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ http://doctortintswe.blogspot.com/2017/07/breast-cancer-her2.html
Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://doctortintswe.blogspot.com/2015/02/breast-cancer-today_5.html
Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2014/10/breast-cancer-treatment-regimes.html
Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2015/02/breast-cancer-treatment-regimes.html
Triple negative breast cancer ရင်သားကင်ဆာတမျိုး http://doctortintswe.blogspot.com/…/triple-negative-breast-…
Types of Brest Cancers ရင်သားကင်ဆာအမျိုးအစားများ http://doctortintswe.blogspot.com/2015/04/types-of-brest-cancers.html

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...