Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

ဂိုဏ်းကြီးလေးဂိုဏ်း

$
0
0
ပုံကအဖြေကို ကျွန်တော့်ဆီပို့တယ်။ မေးတဲ့နေရာက ဆရာကြီးတွေက ဘယ်ဟာကို အမှန်ပေးသလဲ မသိပါ။

http://www.shwemom.com/how-smart-are-you-for-these-myanmar-words-spelling/

မှန်နေပြီးသားတတွေကို တစ်လုပ်လိုက်တဲ့အတွက် သတ်ပုံဂိုဏ်းကြီးလေးဂိုဏ်း ပေါ်ထွန်းလာပါတယ်။

တခါတလေ
တစ်ခါတစ်လေ
တစ်ခါတလေ
တခါတစ်လေ

တခါတရံ
တစ်ခါတစ်ရံ
တစ်ခါတရံ
တခါတစ်ရံ

တစုံတခု
တစ်စုံတစ်ခု
တစ်စုံတခု
တစုံတစ်ခု

တယောက်တမျိုး
တစ်ယောက်တစ်မျိုး
တစ်ယောက်တမျိုး
တယောက်တစ်မျိုး

တမျိုးပြီးတမျိုး
တစ်မျိုးပြီးတစ်မျိုး
တစ်မျိုးပြီးတမျိုး
တမျိုးပြီးတစ်မျိုး

ကျွန်တော်ကတော့ သူငယ်တန်းက မြန်မာစာဆရာမသင်ပေးခဲ့တာသာ မှန်တယ်ထင်တယ်။ မြန်မာစာပါမောက္ခတွေဆီက ပညာမသင်ယူဘူးပါ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၈

တခါတရံ အင်ယားကန်မှာ

တခါတရံကို ဆရာတင်မိုးက သည်လို့ရေးပါတယ်။

• DW DA AS တစ်ခါတရံ (ဂိုဏ်းသစ် ၃ ခုထဲက တဂိုဏ်း)
• Khin Zaw တစ်ခါတစ်ရံ (ဂိုဏ်းသစ် တခု။)
• DrZaw Min # တခါတရံဝယ် တစ်တွေကိုလည်း ပစ်တန်ပစ်ရမယ်..♪♫ #
• Aung Kyaw San တခါတရံ ပါ
• Mu A Ling တခါတရံပါဆရာ
• ဦးပညာ ဇောတ တခါတရံ
• Ah Noung ဘယ်ဟာအမှန်ပါလိမ့်နော်
• Moe Aye Aye တခါတရံ
• Aye Aye တခါတရံပါဆရာ
• Khin Minn May တခါတရံ
• Tinktin တခါတရံ ကအမှန်
• Naing Naing Yee တခါတရံပါဆရာ
• Demze Snow တခါတရံ
• Kyawt Thwe တခါတရံပါဆရာ
• Xin Zarnio တခါတရံ ချစ်သူထံရည်စူး ခူးပေးချင်သေး ကျေးစေတမန့့်
• Aye Min Tun တဝမ်းပူ စသတ်တွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ ဆရာရေ။ စိတ်ပျက်စရာပါ။
• Zaw Thein တခါတရံ
• Aung Tun တခါတရံ ပါဆရာ

သူငယ်တန်းမြန်မာစာဆရာမက သင်ပေးပါတယ်။ ၈-၉-၁ဝ တန်းမှာ မြန်မာစာကို ဘုတလင်ချစ်လေးက သင်ပေးပါတယ်။ ဆရာ့ရေးဖွဲ့တဲ့ ကချေသည်နှင့် အခြာကဗျာများက အမျိုးသားစာပေဆုရခဲ့ပါတယ်။ ဆရာ့ကဗျာကို စန္ဒရားအောင်ခင်ကနေ သီချင်းဖွဲ့ပြီး၊ ဒေါ်မေစီကဆိုပါတယ်။ https://www.youtube.com/watch?v=Fg6GHf9fK84

တခါတရံဝယ် မုန်းသူကိုလည်း ချစ်ဟန်ဖွဲ့ရတယ်၊ တခါတရံဝယ် ချစ်တဲ့သူလည်း မုန်းမာန်ဖွဲ့ရတယ့့်

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...