ကျွန်တော် နေ့စဉ်လိုလိုဖတ်နေတဲ့ ရွှေသွေးဂျာနယ်များစာမျက်နှာမှာ ကွန်မင့်တခုရပါတယ်။ ကျေးဇူး။
ဆရာ မြန်မာစာ တ နဲ့ တစ် ပြောကုန်ပြီ ဆရာရှင်းပြတာ မဖတ်မိကြတာ
ပြောကြတာ ကောင်းတယ်။ ပညာကို ပညာနဲ့သာ သန့်စင်ရမယ်။ ကျွန်တော့်ထက် ပိုသိသူတွေ အများကြီးရှိတယ်။
ပညာ၏တည်ရာ ပြဿနာ
မိလိန္ဒမင်းသည် အသျှင်ဘုရားနာဂသေန ပညာသည် အဘယ်အရပ်၌ ထင်ရှားစွာနေပါသနည်းဟု မေးလျှောက်၏။
မင်းမြတ် ပညာသည် တစုံတခုသောအရပ်၌ ထင်ရှားစွာ မနေဟု မိန့်တော်မူ၏။
အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် ပညာသည် မရှိပါသလောဟု (မေးလျှောက်၏)။
မင်းမြတ် လေသည် အဘယ်အရပ်၌ ထင်ရှားစွာနေပါသနည်းဟု (မိန့်တော်မူ၏)။
အရှင်ဘုရား လေသည် တစုံတခုသောအရပ်၌ ထင်ရှားစွာ မနေဟု (လျှောက်၏)။
မင်းမြတ် သို့ဖြစ်လျှင် လေသည် မရှိသလောဟု (မေးတော်မူ)။
ဒီစာကိုဖတ်ရ၍ ပညာတစုံတခု (တစ်စုံတစ်ခု မဟုတ်) ရကြပါစေသတည်း။
မြန်မာစာဟာ ပညာဖြစ်တယ်။ အမိန်နဲ့ပြင်ခိုင်းတာမသင်ပါ။ အခုအလွဲအမှားတွေဟာ ၁၉၈၁ ခုနောက်ပိုင်းမှာ ဥပဒေကဲသို့အာဏာတည်သောမိန့်နဲ့ ဆင်ဆာအဖွဲ့ကနေ အတင်းအကြပ်ပြင်ခိုင်းထားတာတွေဖြစ်တယ်။ မမီလိုက်သူတွေက အဲလိုထောက်ပြတာကို မဟုတ်လို့ထင်နေကြတယ်။
မင်းမြတ် သို့ဖြစ်လျှင် လေသည် မရှိသလော့
ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၈