Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Unanswered မဖြေတဲ့ မေးခွန်း

$
0
0
(ကန်တော့ပါ)

ဆရာခင်ဗျား အသက် (27) အမျိုးသမီး အိမ်ထောင်ရှိ (အတူနေ)  ယခင် 14 လက Cytotec တမျိုးတည်းနဲ့ ကိုယ်ဝန်ဖျက်တာ အောင်မြင်ပါတယ်။ ယခုကိုယ်ဝန် 6 ပတ်ခန့်ကို မြန်မာဆေးသောက်ထားပါတယ်            သာအိမ်အောင့်နေပါတယ် ဘာမျှမဆင်းပါ စိုးရိမ်ရလားဆရာ cytotec သုံးလို့အန္တရာယ်ရှိနိုင်လားဆရာ

ကိုယ်ဝန်ကို ဖျက်မပေးပါ။ ဖျက်နည်း မပေးပါ။ ဆေးပညာစာတွေတော့ စုံအောင်ရေးတယ်။ ဘလော့မှာတင်ထားတယ်။ စာတင်ထားခြင်းဟာ ကိုယ်ဝန်ဖျက်ပါလို့ ပြောခြင်း မဟုတ်ပါ။ ကိုယ်ဝန်ဖျက်ခြင်းနောက်ဆက်တွဲများစာလည်း ဘလော့မှာရှိတယ်။

အဲလိုမေးတာ နေ့တိုင်းလိုလိုလာတယ်။ နမူနာနည်းနည်းသာ ထည့်ပါမယ်။

၁။ အသက် ၃၁ နှစ် (မ)။ ၃ လဆေးထိုးထားတာ ၂၅-၃-၁၇ မှဆေးပြန်ထိုးရမှာပါ။ ခုဆီးစစ်ကြည့်တာ ၂ ကြောင်း ပေါ်နေလို့ပါဆရာ။ ကလေးယူဖို့အဆင်မပြေသေးလို့ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြု၍ ရှင်းပြပေးပါရှင့်။ ရာသီသွေးပေါ်ထားတာ ၂ လပိုင်းလကုန်ကပါ။

၂။ မင်္ဂလာပါဆရာ သမီးအသက် ၂၁ ပါဆရာ။ ၃ လပိုင်းက သမီး ကိုယ်ဝန်ကို ဆေးသုံးဖြတ်ခဲ့ပါတယ်ဆရာ။ မွေးလမ်းကြောင်းကနေထည့်တာပါဆရာ။ သမီး ကိုယ်ဝန် ၉ ပတ်မှာ ဖျတ်ခဲ့တာပါ။ အခု သွေးဆင်းနေတာ ၁ လ ကျော်နေပါပြီဆရာ။ သွေးဆင်းတာ သွေးခဲတွေပါဆင်းပါတယ်ဆရာ။ ဘာလုပ်သင့်သလည်းရှင့်။ အသက်အန္တရာယ် ဆိုးရိမ်ရပါသလားဆရာ။

ဒုတိယမေးသူ အိမ်ထောင်ရေး မသိပါ။ မလိုတော့ပါ။ သတ်ပုံကို အရင်ပြင်ပါရစေ။ ဆောရီး။
ဆေးသုံးဖြတ်ခဲ့ပါတယ် = ဆေးသုံးဖျက်ခဲ့ပါတယ်
ဖျတ်ခဲ့တာပါ = ဖျက်ခဲ့တာပါ
ဆိုးရိမ်ရပါသလား = စိုးရိမ်ရပါသလား

ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့ ကျင့်ဝတ်လိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဖျက်နည်းလဲမညွှန်ပါ။ ဆေးစာတွေတော့ စုံအောင်ရေးပါတယ်။ ဖျက်ဆေးဘယ်မှာ ဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေ လုပ်ပေးသလဲ မမေးပါနဲ့။

1. Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ
2. Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
3. Abortion drug ဖျက်ဆေး
4. Abortion or not ကိုယ်ဝန်ဖျက်တယ်ဆိုတာ
5. Abortion Pills ဖျက်ဆေးတွေအကြောင်း
6. Abortion Q and A မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ
7. Abortion Risks စပွန်ဆာရောဂါ
8. Abortion with Pills (Misoprostol, Cytotec) ဖျက်ဆေး
9. Abortion မလိုချင်တဲ့ ကိုယ်ဝန်
10. Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ
11. Cytotec (Misoprostol) ဆေးသုံးနည်း
12. Medication Abortion ဆေးနဲ့ဖျက်ချခြင်း

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ