ကျွန်တော့်အိမ်ကို ၁၉၉ဝ ခုနှစ် နိုဝင်္ဘာလ ၂၇ ရက်နေ့ညမှာ လာဖမ်းပါတယ်။ လွတ်အောင်ရှောင်ပုန်းနေစဉ် တရက်မှာ အိမ်ကနေ သတင်းစာတစောင်ပို့ပေးတယ်။ သတင်းစာကျောဖုံးမှာ အဲလိုတွေ့တယ်။ တရားခံပြေးတဲ့။
အဲဒီ သတင်းစာဖြတ်ပိုင်းကို ရချင်နေတာ။ စာကြည့်တိုက်ကြီးကြီးတွေမှာ သွားရှာရမလား စဉ်းစားထားတာ။ အလွန်တရာ ကျေးဇူးတင်ပါတယ်။
တရားခံပြေးကြေညာခံရတဲ့ ၃ ယောက်ထဲက ဦးစီမောင်ကတော့ ပြည်တွင်းမှာ ပုန်းရှောင်နေစဉ် ငှက်ဖျားရောဂါနဲ့ ကွယ်လွန်တယ်လို့ ကြားရတယ်။ ဦးသန်းကြွယ်ကတော့ ထိုင်းနယ်စပ် မာနယ်ပလောအထိရောက်ရှိပြီး သူနဲ့အတူ တခြား ၂ ယောက် ညွန့်ပေါင်းအစိုးရထဲ ပါပေမဲ့ ရက်ပိုင်းအတွင်း ပြည်တွင်းပြန်ဝင်တယ်။ အဲဒီသတင်းကြောင့် အိန္ဒိယမှာ ရောက်နေတဲ့ ကျွန်တော့်အတွက် ထိုင်းနယ်စပ်ကို အရောက်သွားဖို့ရာ အတော်ကိုနှောင့်နှေးစေခဲ့ပါတယ်။
• လမ်းလျှောက်ရင်းပြေး တရားခံပြေး၊
• မတ်တပ်ရပ်ရင်းပြေး ဒို့အရေး ဒို့အရေး၊
• ထိုင်နေရင်းလည်းပြေး အနာဂတ်ရေး၊
• ပြေးနေရင်းလည်းမပြေး တိုင်းရေးပြည်ရေး၊
• အိပ်နေရင်းလည်းပြေး သံသရာအရေး။
ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၈