• ဗြိတိန်မှာရှိတဲ့ Royal College of Physicians က နာမည်ကြီးတယ်။ အဲဒီကဘွဲ့ရ ဆရာဝန်တွေကို ‘တော်ဝင်သမားတော်’ လို့ ခေါ်တယ်။
• မြန်မာပြည်မှာ ဒုသမ္မ္မတတဦးက ဆရာဝန်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကိုယှဉ်အရွေးခံခဲ့သူကလဲ ဆရာဝန်။
• စောစောကဘဲ ပြည်ခိုင်ဖြိုးမှာအလုပ်ရနေတဲ့ ဆရာဝန်(မ) တဦးက ရေမသန့်ရှင်းတဲ့ပြဿနာနဲ့ အဲဒီနယ်က အရွေးခံရတဲ့ ပြည်ခိုင်ဖြိုးမဟုတ်တဲ့ အမတ်ဆရာဝန်(မ) တဦးကို ဆက်စပ်ရေးထားတာကို ဖတ်လိုက်ရတယ်။
• ၁၉၉ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာ NLD ကနေနိုင်ခဲ့တဲ့ ဆရာဝန်အရေအတွက် မနည်းပါ။
• ဒီလို ကောက်ချက်ချရမလား မသိပါ။ မြန်မာပြည်က ဆရာဝန်တွေဟာ ရောဂါကိုကုတာတော့ တူချင်တူကြမယ်၊ နိုင်ငံရေးမှာတော့ ပြည်ခိုင်ဖြိုးကဖြစ်မှသာ ‘တော်ဝင်ဘွဲ့’ ရကြတယ်။ ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၄