• ‘အီဗိုလာ ဗိုင်းရပ်စ်’ ကူးစက်ခံထားရတဲ့အမေရိကန်ဆရာဝန်ကို လှို့ဝှက် ‘စီရမ်’ နဲ့ကုသပေး
• အများအာဖြင့် အမေရိကန်ဆေးကုပ္မဏီကြီးတွေကနေ ဆင်းရဲတဲ့တိုင်းပြည်က ရောဂါတွေကို ကုသနိုင်တဲ့ ဆေးဝါးမျိုးတွေကို မထုတ်လုပ်ကြလို့ ဝေဖန်ခံရပါတယ်။
• ဒါပေမဲ့ လူသိမများလှတဲ့ အမေရိကန်ဆေးကုပ္မဏီတခုကနေ ထုတ်လုပ်ထားတဲ့ဆေးနဲ့ ‘လိုက်ဘေးရီးယား’ မှာ ‘ဆမာရီတန် ပါ့စ်’ စေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲ့နဲ့အတူလုပ်ပေးနေကြရင်း ‘အီဗိုလာဗိုင်းရပ်စ်’ ပိုးကူးစက်လို့ အမေရိကန်ပြည်ထောင်စု ‘အတ်တလန်တာ’ မြို့ကို ပြန်ခေါ်လာရတဲ့ဆရာဝန်တွေကို ကုသပေးနေတာ ထိရောက်မှုတွေ တွေ့နေရပါပြီ။
• ဒေါက်တာ ‘ကင့် ဘရန်တလေ’ နဲ့ ‘နန်စီ ရိုက်ဘောလ်’ တို့ကိုထိုးပေးတဲ့ အဲဒီဆေးက ထိပ်တန်းလှို့ဝှက်အဆင့် မှာသာ ရှိသေးတာပါ။
• ဆေးနာမည်က ZMapp ဖြစ်ပါတယ်။ ‘စန်ဒီယာဂို’ မှာရှိတဲ့ ‘မက်ပ် ဘိုင်အိုဖါမာစူတီကယ် အိုင်အင်စီ’ ကနေ ထုတ်လုပ်ထားထားတာဖြစ်ပြီး၊ အရင်က လူတွေမစမ်းရသေးတဲ့ဘဲ မျောက် ၄ ကောင်ကိုသာ စမ်းရပါသေးတယ်။
• အမေရိကန် FDA ကအသိအမှတ်မပြုရသေးပါ။ အဲလိုအတန်းအစားဆေးကို Compassionate use regulation စေတနာသုံးလို့ ခေါ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၄