Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Constipation (2) ဝမ်းချုပ်ခြင်း (၂)

$
0
0
အကောင်းဆုံးနည်းကတော့ ဖိုက်ဘာ ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber ဖိုက်ဘာ ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာများတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။

Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး
Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။

Emollient laxatives ဝမ်းပျော့်ဆေး
Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စိတွေမှာ လာစုနေမယ်။

Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုပ်ဆေး
ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose) လက်ကျုလို့စ်၊ Sorbitol ဆော်ဘီတော နဲ့ Polyethylene glycol (MiraLax) ပေါ်လီအက်သလင်း ဂလိုင်ကောလ် တွေဖြစ်တယ်။ တာရှည်သုံးနိုင်တယ်။ ဗက်တီးရီားးတွေကြောင့် လေပွနိုင်တယ်။

Saline laxatives ဆာရည်ဝမ်းနုပ်ဆေး
Magnesium hydroxide, Sulfate, Sodium phosphate နဲ့ citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။

Stimulant laxatives စတီမျူလင့် ဝမ်းနုပ်ဆေး
အးကကြွက်သားတွေကို ပျော့ပေးတယ်။ ဝမ်းထဲ ရေများစေမယ်။

Cascara (castor oil) ဝကက်ဆးတီ၊ Senna ပွေးကိုင်း၊ Aloe တွေသုံးတယ်။ ပြင်းလို့ ဝမ်းသွားတာများမယ်။ ပိုတက်ဆီယမ် နည်းမှာသတိထားရမယ်။ ရေရှည်မသုံးသင့်ဘူး။ Bisacodyl (Dulcolax, Correctol) ဆေးဖြစ်တယ်။

Enemas ဝမ်းခြူခြင်း
Phosphate enemas (Fleet phosphosoda) ဖေါ့စ်ဖတ်၊ Mineral oil enemas ဆီ နဲ့ Emollient enemas (Colace Microenema) အီမိုးလီယင့်တွေဖြစ်တယ်။ ဝမ်းကမာနေပြီးဆို့နေတာမျိုးသုံးသင့်တယ်။ ခဏခဏမသုံးသင့်ပါ။

Suppositories ဝမ်းခြူတောင့်
Bisacodyl (Dulcolax) နဲ့ Glycerin suppositories တွေသုံးတယ်။

Combination products တွဲဖက်ဆေး
ပွေးကိုင်းနဲ့ရောထားတဲ့ senna and psyllium (Perdiem)၊ senna and docusate (Senokot-S) နဲ့ senna and glycerin (Fletcher's Castoria) တွေဖြစ်တယ်။ Casanthranol, Docusate, and glycerin (Sof-lax Overnight) က ၃ မျိုးရောထားတာဖြစ်တယ်။ ရေရှည်မသုံးသင့်ဘူး။

ဆေးလက်မှတ်နဲ့သာဝယ်ရတာတွေ
• Tegaserod (Zelnorm)
• Lubiprostone (Amitiza)
• Linaclotide (Linzess)

Miscellaneous drugs တခြားဝမ်းနုပ်ဆေးတွေ
• Colchicine
• Misoprostol (Cytotec)
• Orlistat (Xenical)

ဒေါက်တာတင့်ဆွေ

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...