Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

International Nurses Day နိုင်ငံတကာသူနာပြုနေ့

$
0
0
နှစ်စဉ် မေလ (၁၂) ရက်နေ့ကို နိုင်ငံတကာသူနာပြုနေ့လို့ ၁၉၆၅ ကတည်းက သတ်မှတ်ထားပါတယ်။

၁၉၅၃ ခုနှစ်မှာ အမေရိကန် ကျန်းမာရေး၊ ပညာနေးနဲ့ လူမှုဖူလုံရေးဌာနက Dorothy Sutherland ဒေါ်ရသီ ဆူသာလင်း ကနေ သမတ D D. Eisenhower အိုက်ဆင်ဟောင်ဝါကို Nurses' Day အဆိုပြုခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါ။ ၁၂-၅-၁၉၇၄ မှာ သူနာပြု Florence Nightingale ဖလောရင်စ် နိုက်တင်ဂေး ကိုဂုဏ်ပြုတဲ့အနေနဲ့ International Council of Nurses (ICN) နိုင်ငံတကာ သူနာပြုကောင်စီကနေ နှစ်တိုင်း International Nurses' Day Kit ဆိုတာပြုစုပေးတယ်။ ပညာရေးဆိုင်ရာ၊ လူအများအတွက်သတင်းအချက်အလက်တွေပါတယ်။

၁၉၉၉ မှာ ဗြိတိသျှ UNISON သမဂ္ဂကနေမဲပေးပြီး၊ ICN ကိုပိုပြီး သင့်တော်တဲ့နေ့ ပြောင်းပေးဘို့ တောင်းဆိုခဲ့တယ်။ ၁၉၉၈ မေလ (၈) ရက်နေ့မှာကျင်းပတယ်။ National Student Nurses' Day သူနာပြုကျောင်းသူတွေရဲ့ နှစ်ပတ်လည်နေ့ ဖြစ်တယ်။ ၂ဝဝ၃ မှာ မေလ ၆ ရက်ကနေ ၁၂ ရက်အထိ National Nurses Week သူနာပြုရက်သတ္တပါတ် လို့ ကျင်းပတယ်။

Themes ဆောင်ပုဒ်များ
• 1988 – Safe Motherhood
• 1989 – School Health
• 1990 – Nurses and Environment
• 1991 – Mental Health – Nurses in Action
• 1992 – Healthy Aging
• 1993 – Quality, costs and Nursing
• 1994 – Healthy Families for Healthy Nation
• 1995 – Women's Health: Nurses Pave the Way
• 1996 – Better Health through Nursing Research
• 1997 – Healthy Young People = A Brighter Future
• 1998 – Partnership for Community Health
• 1999 – Celebrating Nursing's Past, claiming the future
• 2000 – Nurses – Always there for you
• 2001 – Nurses, Always There for You: United Against Violence
• 2002 – Nurses Always There for You: Caring for Families
• 2003 – Nurses: Fighting AIDS stigma, working for all
• 2004 – Nurses: Working with the Poor; Against Poverty
• 2005 – Nurses for Patients' Safety: Targeting counterfeit medicines and substandard medication
• 2006 – Safe staffing saves lives
• 2007 – Positive practice environments: Quality workplaces = quality patient care
• 2008 – Delivering Quality, Serving Communities: Nurses Leading Primary Health Care
• 2009 – Delivering Quality, Serving Communities: Nurses Leading Care Innovations
• 2010 – Delivering Quality, Serving Communities: Nurses Leading Chronic Care
• 2011 – Closing The Gap: Increasing Access and Equity
• 2012 – Closing The Gap: From Evidence to Action
• 2013 – Closing The Gap: Millennium Development Goals
• 2014 – Nurses: A Force for Change – A vital resource for health

အမေရိကားမှာတော့ ၁၉၅၄ တုံးက အောက်တိုဘာ ၁၁ ကနေ ၁၆ အထိ နိုက်တင်ဂေး ခရိုင်မီးယားစစ်ပွဲကို သွားရာက် သူနာပြုစုတဲ့ ၁၉၈၂ ရဲ့အနှစ် ၁ဝဝ အထိမ်းအမှတ်အဖြစ် ကျင်းပတယ်။ ၁၉၇၄ မှာ သမတ နစ်ဆင် ကနေ National Nurse Week သူနာပြုရက်သတ္တပါတ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ၁၉၈၂ မှာ သမတ ရီဂင် ကနေ မေလ ၆ ရက်ကို National Recognition Day for Nurses လို့သတ်မှတ်ပြီး အခုအခါ National Nurses Day ဒါမှမဟုတ် National RN Recognition Day လို့ခေါ်လာကြတယ်။

၁၉၉ဝ မှာ အမေရိကန် သူနာပြုအသင်း American Nurses Association (ANA) ကနေ မေလ ၆ ရက်ကနေ ၁၂ ရက်အထိ National Nurses Week သူနာပြုရက်သတ္တပါတ်အဖြစ် သတ်မှတ်လာတယ်။ ၁၉၉၇ မှာ National Student Nurses Association သူနာပြုအသင်းကနေ မေလ (၈) ရက်ကို National Student Nurses Day သူနာပြု ကျောင်းသူများနေ့ လုပ်ဘို့ တောင်းဆိုတယ်။

တချို့နိုင်ငံတွေမှာ မေလ (၅) ရက်ကို သားဖွါးဆရာမများနေ့လို့သတ်မှတ်ပြီး သူနာပြုဆရာမများနေ့ (၁၂) ရက်နဲ့ တွဲပြီး ကျင်းပတယ်။ ၂ဝ၁၄ နှစ်ဆောင်ပုဒ်က A Force for Change: Putting Patient Safety First “ပြောင်းလဲစေတဲ့ မာန်စွမ်းအား၊ လူနာလုံခြုံရေး ပေးဦးစား” လို့ ဖြစ်ပါတယ်။

၂ဝ၁၄ နိုင်ငံတကာသူနာပြုနေ့ ဆောင်ပုဒ်ကတော့ Nurses: A Force for Change – A vital resource for health “ပြောင်းလဲစေရန် စွမ်းအားမာန်၊ ကျန်းမာစေမှု အင်အားစု၊ အဓိကကျတဲ့ သူနာပြု” လို့ဖြစ်ပါတယ်။

“မြန်မာသူနာပြုတွေ အပြောင်းအလဲအစစ်အတွက် အင်အားစုကြီးဖြစ်ကြပါစေ”။

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၄

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...