Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Infective conjunctivitis မျက်စိကျိန်းခြင်း

$
0
0
ဆရာရှင့် ကျွန်မသမီး ၃ နှစ် ၁ လကျော်နဲ့ သားသား ၂၇ ရက်သားတို့ အခု မျက်ချီးတွေထွက်နေပါတာ။ မျက်လုံးတစ်ခုလုံး ပိတ်နေအောင်ထွက်ပါတယ်။ အခန်းထဲမှာ aircon နဲ့ နေတာ အပူ အအေးမမျှလို့လားမသိဘူးဆရာ။ အခု သားသားကို မိခင်နို့ရည်ကို မျက်စိကို ခပ်ပေးထားပါတယ်။ ဆရာ ကလေးတွေကို ဘာမျက်စဉ်းခပ်ရမလဲ ဘာဆေးတိုက်ရမလဲ ဆိုတာ ညွှန်ကြားပေးပါရှင့်။ကလေးတွေဖြစ်နေလို့ မြန်မြန် အကြောင်းပြန်ပေးပါ ဆရာ။

မျက်စိကျိန်းတယ် ဆိုတာ ပိုးဝင်လို့ဖြစ်တယ်။ တချို့မှာ ဆေးမလိုတတ်ပါ။ သန့်ရှင်းရေးလုပ်ပေးပါ။ ဝါဂွမ်းစလေးကို ရေဆွတ်သုံးနိုင်တယ်။ လက်ကို မကြာမကြာဆေးပေးပါ။ လက်ကိုင်ပုဝါ သီးသန့်သုံးပါ။ မျက်ကပ်မှန်တပ်ရသူဆိုရင် ထုတ်ထားပါ။ lubricant eye drops ချောဆီသဘောပါမျက်စဉ်းခပ်ပါ။

Antibiotics ပိုးသေဆေးကို တခါတလေမှသာလိုတယ်။ အများဆုံးသုံးသင့်တဲ့ ပိုးသေဆေးပါမျက်စဉ်း (၂) မျိုးကတော့ -
1. Chloramphenicol နဲ့
2. Fusidic acid ဖြစ်တယ်။

Chloramphenicol ကလိုရမ်ဖီနီကော်ကို အသုံးများတယ်။ ကော်မျက်စဉ်းအနေနဲ့လာတာများတယ်။ မျက်စဉ်းရည်ဆိုရင် ၂ နာရီ ၁ ကြိမ်၊ ပဌမ ၂ ရက်နဲ့ နောက်ရက်တွေမှာ ၄ နာရီ ၁ ကြိမ်၊ ၄-၅ ရက်ခပ်နိုင်တယ်။

Fusidic acid မျက်စဉ်းလဲကောင်းတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ကြီးသူတွေအတွက်ပိုသင့်တယ်။ တနေ့ ၂ ကြိမ်၊ ၇ ရက်ခပ်ပါ။

မျက်စိနေရာနာတာ၊ အလင်းရောင်ကိုမကြည့်နိုင်တာ၊ မျက်စိမှုံလာတာ နဲ့ နီရဲလွန်းလာတာဆိုရင် မျက်စိဆရာဝန်ကိုပြပါ။ STIs လိင်ကတဆင့် ကူးစက်တာလဲဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၄

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...