Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Nutrition Facts အမြစ်-အသဲ ခွဲသိရအောင်

$
0
0
ကြက်-ဝက်-အမဲတို့ရဲ့ အသည်း-အမြစ်-နှလုံးတွေ ပရိုတိန်းဓါတ်ပါလား။ အသားစစ်စစ်နဲ့ ကွာဟာမှု အရမ်းများလား။

ဘယ်အသားမဆို (ပရိုတင်း) ပါတယ်။ တိရစ္ဆာန်တွေကရတဲ့ (ပရိုတင်း) ခေါ်ပါတယ်။ အသီးအနှံတွေကလဲရတာမို့ အသားဓါတ်လို့ ခေါ်ရင် မမှန်ပါ။ အသားတွေထဲမှာ သူ့အစိတ်အပိုင်းနဲ့သူ မတူတာတွေ ရှိပါတယ်။ သဘာဝအရ မတူတာရော လူတွေကနေ ပြုပြင် စီမံတာတွေကြောင့်ပါ မတူကြပါ။ အလေးချိန် တိုးအောင်ထိုးတဲ့ ဟော်မုန်းဆေး စုဝေးနေတဲ့နေရာ သပ်သပ်ရှိတယ်။ သဘာဝ အသားထဲမှာ အဆီကတမျိုး၊ အသားကတမျိုး၊ အရိုးကတမျိုး အာဟာရ ဖြစ်တာတွေ မတူပါ။ ထူးခြားတဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရှိတယ်။ ဥပမာ အမြစ်-အသဲ၊ အထီးကောင်တွေရဲ့ ဖိုသတ္တိပါ-အစိ၊ ငါးကြီးဆီ၊ စတာတွေမှာ ထူးခြားတာတွေ ရှိတယ်။

"အသဲစားတာ သွေးအားနည်းရောဂါအတွက် အလွန်ကောင်းတယ်"လို့ နိုဗယ်ဆုရ ပညာရှင် ၃ ဦးကနေ ၁၉၃၄ ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အသဲရဲ့အလုပ်က အဆိပ်အတောက်တွေ ရှင်းပေးပေမဲ့ အဆိပ်အတောက်တွေက သူ့ထဲမှာ စုမနေပါဘူး၊ စားတာ ကောင်းတယ်လို့ ပြောကြပါတယ်။

• အမဲအသဲ
- (ပရိုတင်း) လဲ ကြွယ်ဝတယ်။ ၁ဝဝ ဂရမ်ထဲမှာ ၁၃၅-၁၄၂ (ကလိုရီ) ရပြီး၊ (ကိုလက်စထော) ၂၇၅-၃ဝ၉ မီလီဂရမ် ပါနေတာတော့ မကောင်းပါ။ ဗီတာမင် ဘီ များတယ်၊ အေ များတယ်။ (ဗီတာမင် အေ များလွန်းတာ ကိုယ်ဝန်အတွက် သိပ်မကောင်းပါ။) စီ နဲနဲပါတယ်။ သွေးအားအတွက်လိုတဲ့ ဘီ ၁၂ အတော်များတယ်။ ဓါတ်ဆားတွေလဲ ပါတယ်။ (ဖေါလိတ်)၊ ကြေးနီ၊ (ဖေါ့စဖိတ်)၊ (ဆယ်လင်နီယမ်)၊ သံဓါတ်၊ သွပ်ဓါတ်၊ (မင်ဂနီးစ်) တွေပါတယ်။ နဲနဲ ပါတာတွေက (ပိုတက်ဆီယမ်)၊ (ဆိုဒီယမ်)၊ (ကယ်လ်ဆီယမ်)၊ (မက်ဂနီဆီယမ်)။
- ကောင်းတဲ့ (အိုမီဂါ-၃) အသင့်အတင့်ပါတယ်။ (ကိုလင်း) လဲ အတော်ပါတယ်။ (ကလိုရီ) နည်းလို့ လူကို မဝစေဘူး။
- စားသောက်ဆိုင်တွေရဲ့ (မီနူး) ထဲမှာ Liver pâté, Liver sashimi, Chopped liver, Foie gras, Leberwurst တွေ့ရင် ဒါတွေဟာ အသဲကို အထူးပြုပြင်စီမံထားတဲံ ဟင်းလျာတွေ ဖြစ်တယ်။ ပုံထဲမှာ နွားကလေး-အသဲနဲ့ ကြက်သွန်နီ၊ ပန်းသီး ရောချက်ထားတာပါ။
• ကြက်အသဲ
- (ကလိုရီ) နည်းတယ်။ ၄၇ ကလိုရီ။ (ကိုလက်စထော) များတယ်။ (ပရိုတင်း)၊ ဗီတာမင် အေ၊ စီ၊ ဘီ-၆၊ ဘီ-၁၂၊ သွပ်ဓါတ်၊ သံဓါတ်၊ (နိုင်ယာစင်)၊ (မင်းဂနီးစ်)၊ သွပ်ဓါတ်တွေပါတယ်။
• ဝက်နှလုံး ၁၂၉ ဂရမ်ကနေ
- (ကလိုရီ) ၁၉၁ ရတယ်။ တနေ့တာ လိုအပ်တဲ့ အဆီ ၁ဝ%၊ (ကိုလက်စထော) ၉၅%၊ (ဆိုဒီယမ်) ၂%၊ ဗီတာမင် အေ ၁%၊ စီ ၄%၊ (ကယ်လ်ဆီယမ်) ၁%၊ ဘီ-၁ ၄၈%၊ နိုင်ယာစင် ၂၅%၊ သံဓါတ် ၄၂%၊ ဘီ ၆ ၂၅%၊ (ပရိုတင်း) ၆၁%၊ ဘီ-၂ ၁၂၉%၊ ဘီ-၁၂ ၈၁%၊ (ဖေါ့စ်ဖိုးရပ်စ်) ၂၃%၊ (မက်ဂနီးစ်) ၈%၊ (နိုင်ယာစင်) ၃၉%၊ သွပ်ဓါတ် ၂၇%၊ ဘီ-၆ ၂၅%၊ (ဖေါလိတ်) ၁% တွေရစေတယ်။
• အမဲနှလုံး
- (ဆိုဒီယမ်) နည်းတာ၊ သကြားမပါတာ၊ သံဓါတ်များတာ၊ (နိုင်ယာစင်) များတာ၊ (ဖေါ့စ်ဖိုးရပ်စ်) များတာ၊ (ဆယ်လယ်နီယမ်) များတာ၊ ဘီ-၂ များတာ၊ ဘီ-၁၂ များတာ၊ သွပ်ဓါတ် များတာတွေက ကောင်းတဲ့ အချက်တွေဖြစ်တယ်။
- (ကိုလက်စထော) များတာက မကောင်းတာ ဖြစ်တယ်။
- ကယ်လိုရီ ၄၂၄၊ အဆီ ၁၉% (ထရန့်-ဖက်) မပြောပလောက်အောင်သာ ပါတယ်၊ (ကိုလက်စထော) ၁၈၂%၊ (ဆိုဒီယမ်) ၆%၊ သံဓါတ် ၉၁%၊ (ကယ်လ်စီယမ်) ၁% ရမယ်။ (ထရန့်-ဖက်) ဆိုတာ မကောင်းတဲ့ ဆီအမျိုးအစား ဖြစ်တယ်။
• အသဲဟာ အာဟာရအတွက် ကောင်းတယ်။ ဒါပေမဲ့ Cholesterol (ကိုလက်စထော) ပါတယ်။ (ကိုလက်စထော) က နှလုံးရောဂါအတွက် မကောင်းပါ။ ကြက်အသဲက အမဲအသဲထက် Calories (ကလိုရီ) နည်းပြီး Cholesterol များတယ်။ အမဲအသဲမှာ Protein (ပရိုတင်း) ပိုများပြီး Fat (အဆီ) နည်းတယ်။ အမဲအသဲမှာ Vitamin A ပိုများပြီး၊ ကြက်အသဲမှာ Iron သံဓါတ် နဲ့ Vitamin C ပိုများတယ်။

Dr. တင့်ဆွေ
၂-၃-၂ဝ၁၁

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...