Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Alcohol withdrawal syndrome အရက်ဖြတ်လိုက်ရင်

$
0
0
အမေး
အရက်ဖြတ်တဲ့အခါ ဖြစ်လာနိုင်တဲ့ပြဿနာတွေကို သိလိုပါတယ်။ ကျနော် အသက်က (၅၁)နှစ်ပါ။ အရက်ကို ရက်ဆက် သောက်ဖြစ်ခဲ့တာ (၆) နှစ်ကျော်လောက်ရှိပါပြီ။ မည်သည့်ပြဿနာမှမရှိအလုပ်ကပြန် ရောက်တဲ့အချိန် အိမ်ကတိုလီမိုလီ အလုပ်ကလေးတွေလုပ်ရင်း တခါတလေစာဖတ်ရင်း ဒါမှမဟုတ် ဝါသနာပါတဲ့ ပန်းချီဆွဲရင်းနဲ့ သောက်တာပါဆရာ။ ဖန်ခွက်ထဲအရက် (ရမ်) လက်နှစ်လုံးလောက်ထဲ့ ရေအပြည့်ရောပြီး ဖြည်းဖြည်းခြင်း သောက်တာပါ။ တနေ့ကိုရေရောပြီး ခွက် (၃/၄) ခွက်လောက်သောက်ဖြစ်တာများပါတယ်။ အဲဒါအရက်ဖြတ်ဘို့စိတ်ကူးမိပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သိချင်တာနဲ့ ကြိုတင်ပြင်ဆင်ထားရအောင် အကူအညီတောင်းရတာပါဆရာ။

စွဲနေတာတခုကို ဖြတ်ဘို့ဆိုရင် ကာယကံရှင်ရဲ့ ဆန္ဒဟာ အထူးကု ဆရာဝန်တွေရဲ့ အစွမ်းထက်ပိုအရေးပါတယ်။ အခုလို မေးလာတာ တအားဝမ်းသာတယ်။ အရက်ဖြတ်ဘို့ ဆွေမျိုးမိဘတွေက ဘယ်လောက် လုပ်ချင်လုပ်ချင်၊ ဆရာဝန် ဘယ်လောက်တော်တော် အရက်သောက်နေသူက မလုပ်ချင်သ၍ ဘာမှမတတ်နိုင်ပါ။ မေးလာတဲ့သူ လူစွမ်းကောင်း ဖြစ်ပါတယ်။ (ကွန်ဂရက်ကျူလေးရှင်း)!

အရက်ဖြတ်လိုက်ရင် ခံစားရမှာတွေဟာ အရက်ကို ဘယ်လောက်ကြာကြာနဲ့ ဘယ်လောက်များများ သောက်ထားသလဲ ဆိုတာအပေါ် မူတည်ပြီး ခံစားရမှာတွေ အနည်း-အများဖြစ်စေမယ်။ နောက်ပြီး ဖြတ်လိုက်ချိန်မှာရှိနေတဲ့ အသက်၊ မျိုးဗီဇနဲ့ ကျန်းမာရေး အခြေအနေအပေါ်မှာလဲ မူတည်ပါသေးတယ်။

အရက်များထားသူတိုင်းမှာ Tolerance ခံနိုင်ရည်သဘောဖြစ်နေတာနဲ့ Physical dependence ရုပ်သဘောအရ အရက်အပေါ် မှီစွဲနေတဲ့အကျင့်လဲ ရှိနေပြီဖြစ်တယ်။ အရက်ဖြတ်ခံစားရမှာရဲ့ ပင်မအကျိုးဆက်တွေဟာ ဗဟိုအာရုံကြောစနစ်မှာ ဖြစ်ပါတယ်။ Hyper-excitable state ဆိုတဲ့ အလွန်တက်ကြွနေတဲ့အခြေအနေကို ရောက်နေပြီလို့ ခေါ်တယ်။ အရက်စွဲသောက်ထားသူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြေစနစ်ဟာ အရက်နဲ့ အံဝင်ဂွင်ကျ ဖြစ်နေသလိုရှိထားလို့ ပြန်ပြင်ဆင်ယူရတော့မယ်။ အာရုံကြောသာမက စိတ်ပိုင်းဆိုင်ရာမှာလဲ သက်ရောက်မှုတွေပါတယ်။ ဒီလိုဖြစ်တာဟာ အဆိုးလေးနဲ့ အဆိုးကြီးကို လဲယူရသလိုပါဘဲ၊ လဲရတာ တန်ပါတယ်။ လဲပါဗျာ့

Signs and symptoms ရောဂါလက္ခဏာများ
အိပ်မပျော်တာ၊ စိုးရိမ်စိတ်ဖြစ်တာဆိုတဲ့ အသင့်အတင့် ဆိုးတာတွေကနေ ဆိုးတဲ့ စိတ်ကယောက်ကယက်ဖြစ်တာအထိဖြစ်မယ်။ မျက်စိထဲမှာ သူများမမြင်တာတွေကို မြင်နေမယ်။ သိပ်ဆိုးတဲ့သူမှာ တက်မယ်။ ခံစားရတာတွေဟာ အိပ်ယာထချိန်မှာ ပိုသိသာတယ်။

စာရင်းချရေးရရင် မနည်းလှပါ။ စိတ်မပျက်ပါနဲ့ စုံအောင်သိစေချင်လို့ ချရေးတာပါ။
အစားအသောက်ပျက်ခြင်း၊ လက်တုန်၊ အားနည်း၊ ဝမ်းပျက်၊ အစာခြေလမ်းမကောင်း၊ ပျို့-အန်၊ ကိုယ်ပူ၊ အိပ်မပျော်၊ ခေါင်းကိုက်၊ မိုက်ဂရင်းခေါင်းမူး-ခေါင်းကိုက်၊ နှလုံးခုန်မြန်၊ ရင်တုန်၊ သွေးတိုး၊ စိတ်တို၊ စိုးရိမ်စိတ်နဲ့ တောက်တည်ရာမရပြုမူခြင်း၊ စိတ်ရှုပ်ထွေး၊ ကိုယ်နှုပ်အမူအယာမတူခြင်း၊ စိတ်ကျ၊ အစစ်အမှန်ကိုမသိခြင်း၊ ကောင်းနေတယ်ဘဲ ထင်မှတ်ခြင်း၊ ကြောက်စိတ်၊ သူများ မမြင်-မကြားတာတွေ မြင်ကြားခြင်း၊ ဂနာမငြိမ်၊ စိတ်ရောဂါ၊ အိပ်ပျော်နေစဉ် မျက်လုံးအမြန်လှုပ်ခြင်း၊ ဆောက်တည်ရာမရ၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ တက်ခြင်း၊ အသက်သေဆုံးခြင်း။ (ဆောရီး)။

ဘယ်လိုကုသသလဲ
• Benzodiazepines ဆေးတွေကိုသုံးတယ်။ Diazepam, Chlordiazepoxide နဲ့ lorazepam တွေဖြစ်တယ်။
• Antipsychotics စိတ်အတွက်ဆေးတွေလဲ ပေးမယ်။ Haloperidol ကိုအသုံးများတယ်။
• Anticonvulsants အတက်သက်သာဆေးတွေလဲ သုံးဘို့လိုရင်သုံးမယ်။ Topiramate, Carbamazepine စတာတွေ သုံးတယ်။
• Baclofen ဆေးကို Diazepam အစားသုံးတာလဲ ထိရောက်တယ်။
• Magnesium, Nitrous oxide, Flumazenil, Trazodone, Clomethiazole (Heminevrin) နဲ့ Barbiturates ဆေးတွေကိုလဲ သုံးတယ်။
• Ethanol (အက်သနော) ဟာအရက်ဖြစ်ပေမဲ့ သွေးကြောထဲကို နည်းနည်း အဆမှန်ထိုးပေးပြီး အရက်ရဲ့ အဆိပ်အတောက် ဖယ်ရှားရေးအတွက် သုံးနိုင်တယ်။
• Caffeine ကေဖင်း (ကော်ဖိ) အကြောင်းတော့ စာတပုဒ်ရေးထားပါတယ်။
• Vitamins ဗီတာမင်တွေကိုလဲသုံးရတယ်။ ဗီတာမင် (ဘီ ၁) ခေါ်တဲ့ Thiamine ကိုသွေးကြောထဲထိုးပေးတယ်။ Folic acid ဖေါလစ်အက်စစ်ကိုလဲ ပေးတယ်။

ဦးနှောက်နဲ့အာရုံကြောအပြင် စိတ်ပိုင်းထိခိုက်-သက်ရောက်-ပျက်စီးမှုတွေဟာ ကြာလေဆိုးလေဖြစ်တဲ့အချက်ကို ကိုယ်တိုင် နားလည်ဆင်ခြင်ပါ။ ကိုယ်တိုင်ရွေးချယ်ထားခဲ့တာကို ကိုယ်တိုင် ပြင်ယူနိုင်ပါစေ။ သူများတွေကိုလဲ ကိုယ့်နမူနာကို ပြသနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၃

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...