Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

Bone tuberculosis အရိုး တီဘီ

$
0
0
အရိုးတီဘီ လက္ခဏာက ဘာတွေဖြစ်တတ်လဲဆိုတာ ပြောပြပေးပါ။ ကျွန်တော့် ညီတစ်ယောက် မနှစ်က (2012) cat 2 ပြီးခဲ့တာ အခု body weight ကျ၊ နေ့ခင်း ညနေ/ည တငွေ့ငွေ့အပူချိန်တက် (ရက်ဆက်မဟုတ်)၊ နည်းနည်း ပြင်းပြင်း ထန်ထန်လှုပ်ရှားမှုလုပ်ရင် ချောင်းဆိုးတယ်၊ နည်းနည်းမော၊ ခါးနာ (တခါတရံ)၊ ဆေးခန်းပြတော့ x-ray မှာလည်း နဂို spots ထက် increase ဖြစ်နေတယ်တဲ့ဆရာ။ genexpert နဲ့ သလိပ်စစ်ပြီး အဖြေသိရမှ ဆေးယဉ်ပါး ဟုတ်မဟုတ် သိရမယ်တဲ့။ အခက်ခဲဆုံးဖြစ်နေတာက သူဘယ်လိုကြိုးစားပြီး ထုတ်ထုတ်သလိပ်မထွက်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် သလိပ်အဖြေရမှ ဆေးယဉ်ပါး ဟုတ်မဟုတ်သိရပြီး ဆေးကုရမယ်ဆိုရင် အကယ်၍ သူသလိပ်လုံးဝမထွက်ခဲ့လို့ genexpert နဲ့ စစ်ဆေးလို့မရလို့ ကျိန်းသေတဲ့ result တစ်ခုမရခဲ့ရင်ဘယ်လိုမှ ဆေးကုသခွင့် မရတော့ဘူးလားဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။

ဆရာဝန်ကတော့ သူ့ကို ဆေးကိုဝယ်သောက်နိုင်ရင် ဝယ်သောက်ခိုင်းပါတယ်။ ဆေးဖိုးက ပျှမ်းမျှ တစ်နေ့ (၉ဝဝဝ ကျပ်) ဝန်းကျင် (၂ နှစ်) လောက် (ကုသ) သောက်ရမယ်လို့ ပြောပါတယ်။ (၃ဝဝဝ ကျပ်) ဝန်းကျင်ရှိတဲ့ ဆေးတစ်မျိုးကို ဆေးခန်းက ဆရာဝန်က လှူမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ သာမာန်လူတန်းစားအနေနဲ့ ဝယ်သောက်ဖို့ဆိုတာ နှစ်နဲ့ချီနေတာဖြစ်နေတဲ့အတွက် ဘယ်လိုမှမတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်နေလို့ပါ။ သလိပ်ထွက်ပြီး genexpert နဲ့စစ်ရလို့ ယဉ်ပါးပိုးရှိတဲ့ ဆေးစစ်ချက်အဖြေရမှသာ ထောက်ခံစာ (လွဲစာ) နဲ့အတူ ဒေသန္တရကျန်းမာရေးကနေပြီး (အခမဲ့) ဆေးထုတ်ယူလို့ရမယ်ပြောလို့ပါ။ အခုသူက ဝယ်သောက်လို့လည်း မတတ်နိုင်၊ အခမဲ့ထုတ်ဖို့ကျတော့လည်း genexpert နဲ့စစ်ဖို့ သလိပ်ကမထွက်လို့ ဆေးစစ်ချက်အဖြေမရလို့ (လွဲစာ) ကမရ အဲဒီ့လိုဖြစ်နေလို့ပါ။ တော်တော် စိတ်ဓါတ်ကျနေပါတယ်။ စိတ်ရော လူရော ချုံးနေပါတယ်။ သူမှာ မိန်းမနဲ့ ကလေးငယ်လေးကလည်း ရှိတယ်။ သူ့မှာ ဘာလုပ်ရမှန်းမသိဘဲ ဒီအတိုင်းကြီးကို ငုတ်တုတ်ထိုင်ပြီး ရောဂါပိုဆိုးလာမဲ့အထိ စောင့်နေရသလိုဖြစ်နေလို့ပါ။ သူကတော့ အရမ်းကို ကုသမှုခံယူချင်နေပါတယ်။

အရိုး တီဘီ ကို Pott disease လို့လဲ ခေါ်ကြတယ်။
• X-rays ဓါတ်မှန်နဲ့ ရောဂါနာမည်တပ်ရမယ်။ ဓါတ်မှန်ထဲမှာ အရိုးမဟုတ်တဲ့ တစ်ရှူးတွေ ရောင်နေမယ်။ အဆစ်ကျဉ်းနေမယ်။ အရိုးထဲမှာ အိတ်လေးတွေလိုတွေ့မယ်။ ခါးရိုးဆိုရင် အရိုးအထက်အောက် အတိုင်းတား နည်းနေမယ်။
• Bone scans စကင်လဲလုပ်နိုင်တယ်။ တခါတလေ အဆစ်ထဲကအရည်ကို စုပ်ထုတ်ပြီး စစ်တာလဲ လုပ်နိုင်တယ်။ Biopsy လဲလိုရင်လုပ်မယ်။ သွေးစစ်ရင် ESR မြင့်နေမယ်။ အရိုးတီဘီက သူများကို မကူးစေပါ။
• တီဘီဆေးတွေနဲ့ဘဲကုသရတယ်။ ဈေးလဲ မကြီးပါ။ ဘယ်လောက်ကြာမယ်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ ၆ လကနေ ၁ နှစ်အထိကြာနိုင်တယ်။
• Isoniazid, Rifampin နဲ့ Ethambutolဆေး ၃ မျိုးကို ပေးလေ့ရှိတယ်။ ၆ လကနေ ၉ လ အများဆုံးပေးတယ်။ ဆေးကိုတော့ မှန်မှန်သောက်ရမယ်။
• Painkillers အနာသက်သာဆေးတွေနဲ့ Anti-inflammatory drugs အရေင်ကျဆေးတွေလဲ ပေးမယ်။ ဗီတာမင်လဲ ပေးမယ်။ နာတဲ့နေရာကို အပူကပ်တာ၊ အအေးကပ်တာလုပ်နိုင်တယ်။ အစာဟာရ ပြည့်ဝ-မမျှတအောင် စားသုံးရမယ်။
• ခါးရိုးမှာ ပြည်တည်လို့ ခွဲထုတ်ရတာလဲ ရှိတတ်တယ်။
• Disseminated bone tuberculosis အရိုးတွေတခုမက တီဘီဖြစ်တာရှားတယ်။ ၅% သာရှိတယ်။ HIV ပိုးပါရှိနေရင်တော့ အကုရခက်တယ်။

Multi-drug-resistant tuberculosis (MDR-TB) ဆေးတွေယဉ်တဲ့ တီဘီ
စစ်ဆေးမှုတွေကနေ INH နဲ့ RMP ဆေးတွေကိုယဉ်နေတာသေချာရင်၊ အောက်ကဆေးတွေကို အစဉ်အလိုက် ရွေးပြီး ၅ မျိုးတွဲပေးတယ်။
• Aminoglycoside (Amikacin, Kanamycin) ဒါမှမဟုတ် Polypeptide (Capreomycin)
• Pyrazinamide
• Ethambutol
• Fluoroquinolone (Moxifloxacin)
• Rifabutin
• Cycloserine
• Thioamide (Prothionamide or Ethionamide)
• PAS
• Macrolide (Clarithromycin)
• Linezolid
• INH high-dose
• Interferon-γ
• Thioridazine
• Ampicillin

ဒေါက်တာတင့်ဆွေ

Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...